အောင်မြင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့ဆိုရင်…
၁။ အတင်းမပြောပါနဲ့။
အောင်မြင်တဲ့လူ အများစုဟာ အလွန် ယုံကြည်စိတ်ချရသူတွေ ဖြစ်ကြပါတယ်။ သူတို့နားထဲမှာ ကြားလာတဲ့ စကားတိုင်းကို ဟိုသယ်၊ဒီသယ် မလုပ်တတ်ကြပါဘူး။ အတင်းမပြောဘူးဆိုရင် လုပ်ဖော်ကိုင်ဖက်တွေကြားမှာ စိတ်ဝမ်းကွဲမှုတွေ ပေါ်မလာနိုင်တော့ပါဘူး။
ဘဝမှာ ရေရှည်အောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ရိုးသားပြီး မှန်ကန်ဖို့ လိုအပ်ပါတယ်။
၂။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သက်သက်စီ ခွဲထားပါ။
လူတိုင်းက သင့်ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို စိတ်ဝင်စားနေမှာမဟုတ်ပါဘူး။ သင်က အလုပ်ခွင်မှာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုပဲ ရှေ့တန်းတင်နေမယ်ဆိုရင် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ကို မလေးစားရာ ရောက်ပါတယ်။
၃။ အရမ်းမကြွားဝါဘဲ ရိုးရှင်းစွာ စကားပြောဆိုပါ။
ကိုယ့်ကိုကိုယ် အမြဲအမွှန်းတင်နေခြင်းဟာ အထက်စီးဆန်တဲ့ပုံစံ ဖြစ်စေတာကြောင့်၊လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အဆင်မပြေ ဖြစ်စေပါတယ်။ လုပ်ငန်းခွင်မှာ ရိုးရှင်းစွာ ပြောဆိုဆက်ဆံခြင်းက အောင်မြင်မှုတွေဆီကို ဦးတည်စေပါတယ်။
၎။ တချို့အကြောင်းအရာတွေကို စိတ်ထဲမှာပဲ ထားပါ။
ဘယ်သူမဆို အကောင်းအဆိုး ဒွန်တွဲနေတာကြောင့် ဝန်ထမ်းတွေနဲ့ ပက်သက်တဲ့ တချို့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို လွယ်လွယ်မပြောဘဲ စိတ်ထဲမှာပဲ ထားသင့်ပါတယ်။ သတင်းအချက်အလက် မှန်သမျှကို သေချာစီစစ် ဆုံးဖြတ်ပြီးမှသာ ထုတ်ဖော်ပြောဆိုသင့်ပါတယ်။ အပျက်သဘောဆောင်တဲ့ စကားတွေ မပြောမိအောင် အမြဲရှောင်သင့်ပါတယ်။
၅။ စိတ်တည်ငြိမ်အောင် ကြိုးစားပါ။
အခက်အခဲတွေ ကြုံတွေ့လာရင် ခေါင်းဆောင်က စပြီး ကြောက်ရွံ့မနေဖို့ လိုအပ်ပါတယ်။ ခေါင်းဆောင်ကပါ စိတ်မတည်ငြိမ်ဘူးဆိုရင် ဝန်ထမ်းတွေအတွက် ဖိအားပိုများစေပါတယ်။ ဒါကြောင့် ပြဿနာတွေ ကြုံလာရင် အတည်ငြိမ်ဆုံးပုံစံနဲ့ ဖြေရှင်းနိုင်အောင် လေ့ကျင့်ထားပါ။
Linn Linn Maung (Myanmar Leaders)
Ref: Entrepreneur
#linnlinnmaung
www.myanmarleaders.com
Credit. To. Myanmar Leaders
၁။ အတင်းမပြောပါနဲ့။
အောင်မြင်တဲ့လူ အများစုဟာ အလွန် ယုံကြည်စိတ်ချရသူတွေ ဖြစ်ကြပါတယ်။ သူတို့နားထဲမှာ ကြားလာတဲ့ စကားတိုင်းကို ဟိုသယ်၊ဒီသယ် မလုပ်တတ်ကြပါဘူး။ အတင်းမပြောဘူးဆိုရင် လုပ်ဖော်ကိုင်ဖက်တွေကြားမှာ
ဘဝမှာ ရေရှည်အောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ရိုးသားပြီး မှန်ကန်ဖို့ လိုအပ်ပါတယ်။
၂။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သက်သက်စီ ခွဲထားပါ။
လူတိုင်းက သင့်ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို စိတ်ဝင်စားနေမှာမဟုတ်ပါဘူး။
၃။ အရမ်းမကြွားဝါဘဲ ရိုးရှင်းစွာ စကားပြောဆိုပါ။
ကိုယ့်ကိုကိုယ် အမြဲအမွှန်းတင်နေခြင်းဟာ အထက်စီးဆန်တဲ့ပုံစံ ဖြစ်စေတာကြောင့်၊လုပ်ဖော်ကိ
၎။ တချို့အကြောင်းအရာတွေကို စိတ်ထဲမှာပဲ ထားပါ။
ဘယ်သူမဆို အကောင်းအဆိုး ဒွန်တွဲနေတာကြောင့် ဝန်ထမ်းတွေနဲ့ ပက်သက်တဲ့ တချို့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို လွယ်လွယ်မပြောဘဲ စိတ်ထဲမှာပဲ ထားသင့်ပါတယ်။ သတင်းအချက်အလက် မှန်သမျှကို သေချာစီစစ် ဆုံးဖြတ်ပြီးမှသာ ထုတ်ဖော်ပြောဆိုသင့်ပါတယ်။ အပျက်သဘောဆောင်တဲ့ စကားတွေ မပြောမိအောင် အမြဲရှောင်သင့်ပါတယ်။
၅။ စိတ်တည်ငြိမ်အောင် ကြိုးစားပါ။
အခက်အခဲတွေ ကြုံတွေ့လာရင် ခေါင်းဆောင်က စပြီး ကြောက်ရွံ့မနေဖို့ လိုအပ်ပါတယ်။ ခေါင်းဆောင်ကပါ စိတ်မတည်ငြိမ်ဘူးဆိုရင် ဝန်ထမ်းတွေအတွက် ဖိအားပိုများစေပါတယ်။ ဒါကြောင့် ပြဿနာတွေ ကြုံလာရင် အတည်ငြိမ်ဆုံးပုံစံနဲ့ ဖြေရှင်းနိုင်အောင် လေ့ကျင့်ထားပါ။
Linn Linn Maung (Myanmar Leaders)
Ref: Entrepreneur
#linnlinnmaung
www.myanmarleaders.com
Credit. To. Myanmar Leaders

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။