Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, March 8, 2017

သင့်ရဲ့ဘ၀ကို သိသိသာသာ တိုးတက်စေမယ့် အလေ့အကျင့်(၇)ခု

သင့်ရဲ့ဘ၀ကို သိသိသာသာ တိုးတက်စေမယ့် အလေ့အကျင့်(၇)ခု
= = = = = = = = = = = = = = = = = =

နေ့စဉ်ဆောင်ရွက်နေတဲ့ ကျွန်တော်တို့ရဲ့အမူအကျင့်တွေကို သေချာလေ့လာဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့ဆိုလဲတော့ များသောအားဖြင့် ကျွန်တော်တို့ရဲ့ အလေ့အကျင့်တွေဟာ ကျွန်တော်တို့ဘ၀ကို ပုံဖော်သွားတတ်လို့ပါပဲ။ အလေ့အကျင့်ကောင်းတွေ ပြုစုပျိုးထောင်ခြင်းက သင့်ကို မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ အဲ့ဒီအလေ့အကျင့်ကောင်းတွေက သင့်ကို ပိုမိုပြီးပြည့်စုံတဲ့ဘ၀တွေကိုရရှိဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်က အလေ့အကျင့်ကောင်း (၇)ခုကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။

၁။ သင့်ရဲ့ဘ၀ကို ဆုတ်ယုတ်စေမယ့် သူတွေနဲ့ ဝေးဝေးမှာနေပါ။
= = = = = = = = =
အမြဲတမ်း စိတ်ညစ်စရာတွေတွေးပြီး၊ မပျော်မရွှင်နှင့် သူတစ်ပါးကို ဘယ်တော့မှ အကောင်းမမြင်နိုင်တဲ့သူတွေနဲ့ နီးနီးမှာနေခြင်းဟာ သင့်ကို အဆိပ်အတောက်ဖြစ်စေတဲ့ လူတစ်ယောက် ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့်ဝေးဝေးမှာနေပါ။ သင့်ဘ၀ကို အမှန်တကယ် လမ်းပြပေးနိုင်မည့် အပေါင်းအသင်းကို ရှာဖွေပေါင်းသင်းပါ။ သူတို့ဟာ သင့်ကိုအနှောင့်အယှက်ပေးမယ့်သူ တော်တော်များများရဲ့ရန်ကနေ အကာကွယ်ပေးနိုင်ပါလိမ့်မယ်။

၂။ အိပ်ယာဝင်ချိန်တွင် ကွန်ပျူတာတွေ၊ ဖုန်းတွေကို သင့်ရဲ့အိပ်ယာဘေးမှာမထားပါနှင့်။
= = = = = = = = =
ဒါဟာအရေးကြီးပါတယ်။ ဖုန်းတွေ၊ ကွန်ပျူတာတွေကို အိပ်ယာဘေးမှာ ထားအိပ်ခြင်းဟာ သင့်ကို အိပ်ရေးပျက်စေပြီး၊ အလုပ်မဖြစ်ဘူးဆိုတာ လူတော်တော်များ သတိမထားမိကြပါဘူး။ လိုင်းအလျားတိုတဲ့ အပြာရောင် အလင်းတန်းငယ်လေးတွေဟာ သင့်ကို စိတ်ခြောက်ခြားစေခြင်း၊ စွမ်းအင် Level တွေကျဆင်းစေခြင်းနှင့် နှစ်ခြိုက်စွာ အိပ်မပျော်စေခြင်းတွေကို ဖြစ်စေတတ်လို့ပါ။ (ကျွန်တော်ကိုယ်တိုင်လည်း ပြင်မှရတော့မယ် 😃 =D)

၃။ အခုပဲကျေးဇူးတင်စကားဆိုလိုက်ပါ။
= = = = = = = = =
ကျေးဇူးတင်စကားပြောခြင်းဟာ ပျော်ရွှင်ငြိမ်းချမ်းခြင်းရဲ့ အခြေခံပဲဖြစ်ပါတယ်။ ချမ်းသာမှု၊ လိုချင်တပ်မက်စရာေ ကာင်းမှု တွေတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် သင့်ရဲ့ရရှိမှုတွေအတွက် ရိုးရိုးလေးပဲ ကျေးဇူးတင်စကား ဆိုလိုက်ပါ။ အဲ့အချက်ကလည်း သင့်အတွက် အထောက်အကူဖြစ်စေမှာပါ။

၎။ ပြဿ နာတွေဟာ သင်တစ်ယောက်တည်း ကြုံနေရတာမဟုတ်ဘူးဆိုတာ သင်သိထားသင့်ပါတယ်။
= = = = = = = = =
တစ်ခြားသူတွေဟာ အပေါ်ယံ ပြည့်စုံမှု၊ အောင်မြင်တွေကိုပဲ မြင်ကြပါလိမ့်မယ်။ ထိုအရာတွေရဲ့နောက်ကွယ်က ပြဿ နာပေါင်းသောင်းခြောက်ထောင်ကို ဖြေရှင်းနေရတာတွေ သူတို့မသိပါဘူး။ ပြည့်စုံခြင်းဆိုတာ တံလျှပ်တစ်ခုလို ဖြစ်နေနိုင်ပါတယ်။ သင်ဟာ အရာအားလုံးကိုကြိုသိနေတဲ့ သူမဟုတ်သလို့ အကြားအမြင်ဆရာတစ်ယောက် လည်းမဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်လာနိုင်တဲ့ ပြဿ နာတိုင်းကို အံ့သြမသွားပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပြဿ နာတွေကို ရင်ဆိုင်နေရတာဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။

၅။ သင်ဟာ ရှုံးနိမ့်မှုတွေကြားမှာလဲကျနေလျှင်တောင်မှ ချက်ချင်းပြန်ထပါ။
= = = = = = = = =
ဝတ္ထုရေးဆရာတော်တော်များများဟာ သူတို့ကိုယ်တိုင် ဇာတ်လမ်းထဲမပါရင်တောင်မှ စာမျက်နှာတစ်ရွက်ပြီး တစ်ရွက် သူတို့ရဲ့ ဇာတ်ကောင်ဇာတ်ကွက်တွေပေါ်မှာပဲ နာရီပေါင်းများစွာ အချိန်ပေးကြပါတယ်။ Idea တစ်ခုကို အကောင် အထည်ဖော်ဖို့အတွက် အချိန်တွေလိုအပ်တယ်ဆို သူတို့သိကြပါတယ်။ ကျွန်တော်တို့ရဲ့ idea ဟာ မပြည့်စုံနိုင်ဘူး ပြီးတော့ ကျွန်တော်တို့ဘာတွေပဲ လုပ်လုပ် မကောင်းနိုင်ဘူးဆိုတဲ့ အတွေးတွေကြောင့် ကျွန်တော်တို့ဟာ စတင်ဖို့ အချိန်တန် နေရင်တောင်မှ သွေးအေးအေးနဲ့ ရှိနေတတ်ပါတယ်။ သင့်ဟာ ဘာမှမလုပ်ပဲနဲ့ အကောင်းဆုံးအရာတွေ ရရှိအောင် ဘယ်လိုလုပ်နိုင်မလဲ? ဒါကြောင့် သင့်ရဲ့ idea တွေကို အကောင်အထည်ဖော်ဖို့အတွက် အချိန်ပေး လိုက်ပါ။ အရေးကြီးတဲ့အကြံပြုစကားတစ်ခုကို စာရေးဆရာ Jodi Picoult က ယခုလိုအကျဉ်းချုပ်ဖော်ပြထားပါတယ်။ “သင်ဟာ ဖတ်လို့မကောင်းတဲ့ စာမျက်နှာကို ဖတ်လို့ကောင်းအောင် ပြန်လည်ပြင်ဆင်နိုင်ပါတယ်။ ဒါပေမယ့် ဘာမှမရှိတဲ့ စာမျက်နှာကို တော့ ဘာမှပြန်လည်ပြင်ဆင်လို့မရပါဘူး” ဆိုပြီးရေးသားထားပါတယ်ခင်ဗျာ ။

၆။ No လို့ပြောပါ။ (မိမိ မလုပ်နိုင်လျှင်မလုပ်နိုင်ကြောင်းပြောပါ။)
= = = = = = = = =
ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ လေ့လာမှု စစ်တမ်းတွေအရ Noလို့ပြောရမှာ ခက်ခဲနေတဲ့သူတွေဟာ တခြားလူတွေထက် စိတ်ဖိစီးမှုတွေ၊ စိတ်အလိုမကျမှုနှင့် စိတ်ဓါတ်ကျမှုတွေ အပြင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းတွေ လျော့နည်းလာတာကိုတွေ့ရှိရပါတယ်။ No ဆိုတဲ့စကားလုံးဟာ တကယ် စွမ်းအားရှိတဲ့ စကားလုံးတစ်ခုပါ သုံးစွဲဖို့မကြောက်ရွံ့ပါနှင့်။ No ကိုပြောဖို့ လိုအပ်လာတဲ့အချိန်မှာ၊ အကြံပြုတဲ့ စကားစု အသုံးအနှုန်းလေးတွေကတော့။ “ကျွန်တော်လုပ်နိုင်မယ်လို့ မထင်ပါဘူးခင်ဗျာ” ဒါမှမဟုတ် “ကျွန်တော့်အနေနှင့်မသေချာပါဘူးခင်ဗျာ” လို့သုံးစွဲသင့်ပါတယ်။ No လို့ပြောခြင်းဟာ self-control ကို တိုးတက်စေသော လုပ်ရပ်တစ်ရပ်တစ်ခုဖြစ်ကြောင်း မိမိကိုယ်ကို သတိပေးပါ။ No ကို သုံးစွဲခြင်းအားဖြင့် သင့်ရဲ့အနာဂါတ်မှာ negative effects တွေ ၀င်ရောက်ခြင်းကနေ ပိုမိုကာကွယ်နိုင်ပါလိမ့်မယ်။

၇။ လက်တွေ့ကျတဲ့ ရည်ရွယ်တွေကို ဖော်ဆောင်ပါ။
= = = = = = = = =
လူဘယ်လောက်များများက ဇန်န၀ါရီလ ကနေ စမယ် ဘာမှမလုပ်ပဲ မတ်လ ကျရင် အလေးချိန်ပေါင် ၃၀ လောက်ကျသွားမယ်လို့ ပြောဖူးပါသလား? ကြီးမားတဲ့၊ ကြောက်စရာကောင်းတဲ့၊ လက်တွေ့မှာ ဖြစ်နိုင်ချေ နည်းတဲ့ ရူးကြောင်ကြောင်အတွေးတွေဟာ အစပိုင်းမှာတော့ အရမ်းကို စိတ်ဓါတ်ကိုတက်ကြွစေ ပါလိမ့်မယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ကြာလာတဲ့ စိတ်တက်ကြွမှုတွေအစား အပြစ်မြင်ခြင်းတွေ စိတ်ပျက်ခြင်းတွေသာ တိုးပွားလာပါလိမ့်မယ်ခင်ဗျာ။ အဲ့လို ရည်ရွယ်ချက်တွေကို ရပ်ပစ်လိုက်ပါလို့တော့ ကျွန်တော် မုချကြီးတော့ အကြံမပြုချင်ပါဘူး ဒါပေမယ့် ဖြစ်နိုင်ချေရှိတဲ့ လက်တွေ့ကျတဲ့ ရည်ရွယ်ချက်တွေကိုတော့ ဖော်ထုတ်ပါလို့အကြံပြုချင်ပါတယ်ခင်ဗျာ။

Bringing It All Together
= = = = = = = = = ငြိမ်းချမ်းပျော်ရွှင်ခြင်းတွေဟာ လုပ်ယူဖန်တီးလို့မရပါဘူးခင်ဗျာ။ သင့်ရဲ့ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုတွေ ဆိုတာ သင့်အပေါ်မှာပဲ လုံးဝ မူတည်နေပါတယ်လို့ပြောရင်း နိဂုံးချုပ်အပ်ပါသည်ခင်ဗျာ။

Translated by Kaung Thit, Myat Min Lu

Credit: Entrepreneur

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။