လှည်းဘီးကို အစကနေ ပြန်ပြီး ဖန်တီးစရာ မလိုဘူး ဆိုတဲ့ စကားရှိပါတယ်။
ဒီလိုပါပဲ သင်ဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်ချင်တယ်ဆိုရင် အစအဆုံးကို အသစ်ပြန်စဉ်းစားတာထက် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များ ကို အတုယူပြီး လိုအပ်သလို ပြန်လည် ပြင်ဆင်ခြင်းဖြင့် သင်ဖြစ်ချင်တဲ့ အခြေအနေကို ရရှိလာဖို့ ပိုမို နီးစပ်လာမှာ သေချာပါတယ်။
အောင်မြင်သော စီးပွားရေးခေါင်းဆောင်များ၏ စရိုက်လက္ခဏာ (၁၀)ချက်
သင်ဖြစ်ချင်တဲ့ဘ၀အခြေအနေကို
ပိုင်ဆိုင်ဖို့ ဆိုတာ သင်ဟာ freelancer တစ်ယောက် ၊ အသေးစားစီးပွားရေး
လုပ်ငန်းရှင်တစ်ယောက် ဒါမှမဟုတ် အချိန်ပြည့် ဝန်ထမ်းတစ်ယောက် ဖြစ်နေပါစေ၊
ကိုယ့်အဖွဲ့ အစည်းထဲမှာ ဘယ်လိုဦးဆောင်ရမလဲ ဆိုတာကို
နားလည်သဘောပေါက်ရပါမယ်။ သင်ဟာ အောင်မြင်သောလုပ်ငန်းရှင်တစ်ဦး သို့ မဟုတ် သြဇာညောင်းသူတစ်ဦးဖြစ်ဖို့ ရည်ရွယ်ထားပါသလား? အောင်မြင်နေတဲ့ စီးပွားရေးခေါင်းဆောင်များ၏ စရိုက်လက္ခဏာ (၁၀) ချက်ကို လေ့လာကြည့်ပါ။
၁။ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ခြင်း
၁၈၉၀နှစ်များအတွင်းက Henry Ford ဆိုသူသည် Ford Quadricycle ဆိုပြီးသူ့ နာမည်နဲ့ ပဲ လေးဘီးတပ်စက်ဘီးကို ပထမဆုံးစတင် တီထွင်ခဲ့ပါတယ်။ ဒီစက်ဘီးလေးဟာ ကြီးမားတဲ့ဘီးလေးခုကို frame တစ်ခုနဲ့ ခိုင်ခံ့ အောင်ဖန်တီးထားပြီး ethanol-powered အင်ဂျင်တပ်ဆင်ထားပါတယ်။
ဒါဟာ Ford အတွက်အောင်မြင်မှုကြီး တစ်ခုမဟုတ်ပါဘူး။ နောက်ပိုင်းမှာ Ford Motor တံဆိပ်နဲ့ ကားတွေတီထွင်လာနိုင်ခဲ့တယ်။
သူဟာ ကမ္ဘာ့ အချမ်းသာဆုံး သူဌေးစာရင်းဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သင်ရော
ကြိုးစားနေလား ၊ လဲကျသေးလား ၊ ကိုယ့်ကိုယ်ကိုယ် ပြန်ထနိုင်ခဲ့လား ? Bingo!
၂။ ကြံ့တစ်ကောင်ကဲ့သို့အရည်ထူပါ
Walt Disney က ပြောဖူးတယ်။ သူဟာတစ်ချိန်က အကြံကောင်းတွေ ၊ စိတ်ကူးစိတ်သန်းကောင်းတွေ ဘာမှမရှိခဲ့ပါဘူးတဲ့။ သူဟာအောင်မြင်မှာမဟုတ်ဘူးဆိုပြီး သူ့ရဲ့ဖန်တီးနိုင်မှုစွမ်းအားကို
ရပ်တန့်လိုက်ဖို့ သူ့နှလုံးသားကို ရက်စက်စွာခိုင်းစေ ခဲ့ဖူးတယ်။ ဒါပေမယ့်
သူဟာအလျှော့မပေးဘဲ အအောင်မြင်ဆုံး ကာတွန်းကားဖန်တီးသူ (animator)
ဖြစ်လာဖို့ ဆက်ကြိုးစားခဲ့ပြီး အကယ်ဒမီဆုပေါင်း ၂၂ဆုကို ရရှိခဲ့ပါတယ်။
Mickey Mouse လို ဇာတ်ကောင်မျိုး ဖန်တီးနိုင်ခဲ့ပြီး ကိုယ်ပိုင် theme နဲ့
ကစားကွင်း၊ အပန်းဖြေစခန်းနဲ့ ပန်းခြံ များဖွင့်နိုင်တဲ့အထိ
အောင်မြင်ခဲ့ပါတယ်။ အခုဆိုရင် Walt Disney ဟာ ကမ္ဘာပေါ်မှာလူတိုင်းသိတဲ့
brand တစ်ခုဖြစ်လာခဲ့ပြီး သူ့ရဲ့ဖန်တီးမှုတွေဟာ လူတွေရဲ့စိတ်ကို
ညို့ယူဖမ်းစားနိုင်လိုက်ပြါ ပီ။
၃။ အစွမ်းအစများကိုမြင်နိုင်ခြ င်း
မြေတောင်မြှောက်ပေးခြင်းဖြင့် မယုံနိုင်စရာကောင်းတဲ့ အောင်မြင်မှုတွေဖြစ်လာနိုင်ပါတယ်။
အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းတွေဟာ ကောင်းမွန်တဲ့စိတ်တွေ၊
အတွေးအကြံတွေနဲ့ပဲ ဝန်းရံထားကြတယ်။ Steve Jobs ဟာ လူတွေမှာရှိတဲ့ talent
ကို ထိုးဖောက်မြင်နိုင်တဲ့ ထူးခြားတဲ့နည်းလမ်းတွေကို သိရှိထားပါတယ်။ သူဟာ
တက္ကသိုလ်မှာ သင်တန်းပို့ချဖို့ ဖိတ်ခေါ်တဲ့အခါ သဘောတူလက်ခံလေ့ရှိပြီး
ထိုသင်တန်းများမှ အလားအလာရှိတဲ့ ဝန်ထမ်းတွေကို ရှာဖွေနိုင်ပါတယ်။ Jobs ဟာ
သူ့ဘဝတလျှောက်လုံးအတွင်း အရည်အချင်းရှိတဲ့ အလုပ်လျှောက်ထားသူပေါင်း
၅၀၀၀ကျော်ကို personal interview လုပ်ခဲ့ပြီးနောက် သူတို့တွေနဲ့အတူ
အောင်မြင်စွာ လက်တွဲလုပ်ကိုင်နိုင်ခဲ့ပါတ ယ်။
၎။ မရောင့်ရဲပါနဲ့
Google ၊ Yahoo ၊ Facebook တို့ကို တည်ထောင်ခဲ့သူတွေရဲ့ တူညီတဲ့အချက်ကဘာလဲသိပါသလား ? သူတို့တွေဟာ တက္ကသိုလ်အဆောင်အခန်းထဲကနေ စတင်ပြီး အားလုံးဟာအခုချိန်မှာ dollar billion ချီတဲ့ ကုမ္ပဏီကြီးတွေဖြစ်နေပါပြီ။ အောင်မြင်တဲ့စီးပွားရေးခေါင်းဆောင်တွေဟာ သူတို့ရဲ့အောင်မြင်မှု အတွက် ဘယ်တော့မှ ကျေနပ်ရောင့်ရဲမနေပါဘူး။ သူတို့စီးပွားရေး level ကို မြင့်သထက်မြင့်နိုင်ဖို့ကို ဆက်လက်ကြိုးစားနေကြပါတယ်။ IKEA တည်ထောင်သူ Ingvar Kamprad က ပြောဖူးပါတယ်။ “အောင်မြင်မှုရရှိသွားပြီလို့  ခံယူလိုက်ပြီဆိုရင် အဲ့ဒါဟာအန္တရာယ်အရှိဆုံး အနေအထားကို ရောက်နေပါပြီ။ မနက်ဖြန်တိုင်းမှာ ပိုကောင်းအောင်လုပ်နိုင်ဖို့  ညတိုင်းပြန်လည်စဉ်းစားသုံးသ ပ်ခြင်းဖြင့် ကြိုတင်ကာကွယ်ပါ” တဲ့။
၅။ အကြောက်တရား ကင်းမဲ့ခြင်း
Richard Branson ငယ်ငယ်တုန်းက မိသားစု ခရီးစဉ်အတွင်း သူရေကူးနိုင်၊ မကူးနိုင်ကို သူ့အဒေါ်နဲ့ လောင်းကြေးထပ်ခဲ့တယ်။ Richard ဟာ မိမိကိုယ်ကို ယုံကြည်ထားတဲ့ ဘယ်အရာကိုမဆို လွယ်ကူလျင်မြန်စွာ သင်ယူနိုင်တယ်ဆိုတဲ့ အရည်အချင်းကို ကံမကောင်းစွာနဲ့ မပြသနိုင်ခဲ့ဘူး။ ဒါကိုလက်မခံချင်တဲ့ Richard ဟာ အပြန်လမ်းမှာ သူ့အဖေကို ကားရပ်ခိုင်းပြီး အနီးမှာရှိတဲ့ မြစ်ထဲကို ခုန်ချပြီး လောင်းကြေးကိုပါ အနိုင်ယူပြ နိုင်ခဲ့တယ်။ အခုချိန်မှာတော့ Richard Branson ဟာ ကုမ္မဏီပေါင်း (၄၀၀) ကျော်နဲ့ ဖွဲ့စည်းထားတဲ့ Virgin Group ကိုတည်ထောင်ထားတဲ့ ဘီလီယံနာတစ်ယောက် ဖြစ်နေပါပြီ။ သူဟာ စွန့်စားနိုင်ရမယ်ပြီးတော့ Comfort Zone ထဲကနေ ရုန်းထွက်နိုင်ရမယ်ဆိုတဲ့ သဘောတရားကို လက်ခံယုံကြည်သူတစ်ယောက် ဖြစ်တယ်။ Richard Branson ပြောခဲ့တာကတော့ “သင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းဖြင့် သင်ယူရမှာ မဟုတ်ပါဘူး” “ကိုယ်တိုင် လုပ်ကြည့်ပြီး လွှဲချော်ကျရှုံးခြင်း တွေကသာ သင်ယူရမှာပါ”
၆။ မိမိရဲ့အမှားကို ဝန်ခံတတ်ခြင်း
အမေဇုံ (Amazon) ကုမ္မဏီဟာ Animal Farm နဲ့ 1984 (from Users’ Kindles) ဆိုတဲ့ စာအုပ်တွေရဲ့ လက်ခံမူကြမ်း (Soft Copy) တွေကို ဖျက်ခဲ့မိတယ် (deleted). ထိုကိစ္စကြောင့် Amazon ကုမ္ပဏီဟာ ဆိုးဆိုးရွားရွား ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရသည့်အပြင် Amazon ကုမ္မဏီဟာ သူတို့ရဲ့ အမှားအတွက် အရေးယူခြင်းခံရတဲ့ သတင်းကို တရားဝင် သတင်းစာမျက်နှာများမှာပါ ထုတ်လွှင့်ပြသခြင်း ကိုခံခဲ့ရပါတယ်။ ထိုထုတ်လွှင့်သည့် သတင်းစာမျက်နှာတို့တွင် Amazon ကုမ္ပဏီရဲ့ CEO Jeff Bezos ကိုယ်တိုင် ဝန်ချတောင်းပန်ခဲ့ပါတယ်။ သူက “ကျွန်တော်တို့ရဲ့လုပ်ရပ်ဟာ တစ်ကယ်ကို မိုက်မဲစွာနဲ့ အမြော်အမြင်နည်းပါးခဲ့ပါတယ်
ပြီးတော့ ကျွန်တော်တို့ လက်ကိုင်ကျင့်သုံးတဲ့ မူဝါဒတွေကိုလည်း
သွေဖယ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ Customer တွေကိုလည်း တစ်ကယ်ကို အလေးအနက်
တောင်းပန်ပါတယ်” လို့ ထပ်မံ ဝန်ချတောင်းပန်ခဲ့ပါတယ်။
၇။ ကြမ်းတမ်း မာကျောမှု ရှိခြင်း
စီးပွားရေးလောကထဲကို ဦးတည်လိုက်ပြီဆိုရင် ကိုယ့်အတွက်ပဲကိုယ် ရပ်တည်ရပါလိမ့်မယ်။ “တစ်ယောက်ယောက်က မင်းကိုစိန်ခေါ်လိုက်ပြီဆိုရ င်
ပြန်လည်တုံ့ပြန်ရမယ်၊ ရက်စက်ရမယ်၊ ကြမ်းတမ်းရမယ်” လို့ Donald Trump က
အကြံပြုထားပါတယ်။ Michael Bloomberg က အခမ်းအနားစ,စ ခြင်းမှာပဲ
“စီးပွားရေးလောကမှာ အားလုံးဟာ ဇာတ်တူသားကို စားနေကြတာပါပဲ၊ တစ်ခါတရံမှာ
ကိုယ်ဖက်ကအရင် ချကျွေးပေးရတာမျိုးလည်း ရှိတာပေါ့” လို့ ပြောခဲ့ပါတယ်။
(ဒီနေရာမှာ ကျင့်ဝတ်ကို ထည့်စဉ်းစားပါ)
၈။ သူငယ်ချင်းတွေ မိတ်ဆွေတွေအပေါ် သြဇာရှိခြင်း
မိတ်ဆွေ သူငယ်ချင်းတွေအပေါ် သြဇာရှိတဲ့ လူတွေဟာ များသောအားဖြင့် အတင်းအကြပ် တွန်းအားပေး စေခိုင်းတာမျိုး လုပ်လေ့မရှိပါဘူး။ လူတွေဟာ သူတို့သဘောကျတဲ့ သူတွေအတွက်ပဲ အလုပ်ကို ပိုကောင်းအောင် လုပ်ပေးကြတယ်။ John.D.Rockefeller ကပြောတယ် လူတွေကို သြဇာညောင်းတဲ့ စွမ်းရည်ဆိုတာ သကြားတို့ coffee တို့ စတဲ့ ကုန်ကြမ်းတွေ ဝယ်ယူရသလိုပါပဲတဲ့။ ဒီစွမ်းရည်ရဖို့အတွက်ဆိုရင် ဘာပဲပေးဆပ်ရရ ၊ ဘယ်လောက်ပဲ ကုန်ကုန် အကုန်အကျခံနိုင်ပါတယ်။ (လူတွေကို ဦးဆောင်နိုင်တဲ့ /
သြဇာညောင်းစေနိုင်တဲ့ စွမ်းရည်ရရှိဖို့အတွက် ဆိုရင် လေ့လာသင်ယူမှု
များများလုပ်ရင် ဖြစ်နိုင်ကြောင်းကို တင်စားပြောဆိုခြင်း ဖြစ်ပါတယ်) Mark
Cuban က ထပ်မံဖြည့်စွပ်လိုက်တာကတော့ “လူတွေဟာ လူ့ဂွစာလိုလူ (အရူးလိုလူ)
နဲ့ဆက်ဆံရမှာကို အလွန်မုန်းတီးကြတယ်။ လူ့ဂွစာဖြစ်ဖို့ထက်
လူကောင်းတစ်ယောက်ဖြစ်ဖို့က ပိုတောင်လွယ်ပါသေးတယ်။ လူ့ဂွစာတော့
မဖြစ်ပါစေနဲ့။”ဆိုတာပါပဲ။
၉။ တစ်ခုတည်းသောရည်မှန်းချက်
အရာအားလုံးဟာ idea တစ်ခုကနေ စတင်လိုက်တာပါပဲ။ Howard Schultz ဟာ single brand တစ်ခုနဲ့ ကမ္ဘာတဝန်းလုံးကို ထိုးဖောက်နိုင်မယ့် Coffee House တွေ ဖွင့်ဖို့စိတ်ကူးရခဲ့တယ်။ သူဟာ သူ့စိတ်ကူးအိပ်မက်တွေကို တကယ်ပဲ လက်တွေ့အကောင်အထည်ဖော်နိုင် ခဲ့တယ်။
Starbucks ဆိုတဲ့ brand နဲ့ အောင်မြင်လာခဲ့တယ်။ သူကပြောတယ် “သင်ဟာ
စွန့်ဦးတီထွင်သူ entrepreneur တစ်ဦးဆိုရင်တော့ အိပ်မက်ကြီးကြီးမက်ဖို့
လိုပါတယ်။ အိမ်မက်ကိုကြီးသထက်ကြီးအောင်မက်ပါ။ ဒါမှ ကိုယ့်စိတ်ကူးအိပ်မက်တွေကို တခြားသူတွေ ဘယ်လိုမှမမြင်နိုင် ၊ အတုမခိုးနိုင်တော့ဘူးပေါ့”။
၁၀။ ပြင်းထန်သောစိတ်ခွန်အား
စစ်မှန်တဲ့ခေါင်းဆောင် တစ်ယောက်ဟာ ဘယ်လောက်ပဲခက်ခက်ခဲခဲ စွန့်စားရမယ့်အရာ (ကိစ္စ) ဖြစ်နေပါစေ သူလုပ်မယ်လို့ ဆုံးဖြတ်ပြီးသွားရင် စိတ်အားထက်သန်မှု အပြည့်နဲ့ လုပ်ပါတယ်။ Jobs ပြောသလိုပဲ “ပြသနာတွေ ၊ မှားနေတဲ့အရာတွေ ၊ မမှန်ဘူးလို့ထင်နေတဲ့ အရာတွေကို အမှန်ဖြစ်ချင်ရင် ထင်မြင်ချက်တွေကို ဖျက်ဆီးပစ်ရပါမယ်။ အစပိုင်းမှာကတည်းက စိတ်အားထက်သန်မှုအားနည်းနေမယ်ဆိုရင်
(လုံလောက်တဲ့ စိတ်အားထက်သန်မှု မရှိခဲ့ဘူးဆိုရင်) သင်ဟာဘယ်လိုမှ
ရှေ့ဆက်တိုးနိုင်မှာ မဟုတ်ပါဘူး။” ဒီကိစ္စနဲ့ပတ်သတ်ပြီး Oprah Winfrey ကလည်း
“Passion is energy.” “ စိတ်အားထက်သန်မှုဟာ ခွန်အားပါပဲ။”
“သင့်ကိုလှုံ့ဆော်လာတဲ့ အရာတွေကို စိတ်ရဲ့စွမ်းအားနဲ့ လုပ်ဆောင်လိုက်ပါ။”
လို့ ပြောဆိုခဲ့ပါတယ်။
အထက်ပါအချက်တွေထဲက ဘယ်အချက်တွေက သင့်အတွက် အကျိုးရှိစေလဲ။ ဘယ်အချက်တွေကို သင့်အနေနဲ့ ပြုပြင်ဖို့လိုလဲ။ ချရေးကြည့်ပါ။
Naing Win Aung
Executive Coach
26.2.2017
#KoNaingGyiNotes
#naingwinaungexecutivecoac h
#BreakthroughCoachingMyanm ar
➡️
သင့်ရဲ့ စီးပွားရေးလုပ်ငန်း ပိုမိုတိုးတက်လာဖို့ပဲ ဖြစ်ဖြစ်၊
လုပ်ငန်းခွင်အတွင်း ခေါင်းဆောင်မှု စီမံခန့်ခွဲမှု အခက်အခဲများ အကြောင်း
ဆွေးနွေးဖို့ပဲ ဖြစ်ဖြစ် အကောင်းဆုံးဖြစ်တဲ့ One on One Executive
Coaching ကို ရယူရန် သော်လည်းကောင်း၊
➡️
သင်၏ စိတ်ဖိစီးမှုများကို ဖယ်ရှားပြီး စီးပွားရေးလုပ်ငန်းအတွက် ဖြစ်စေ၊
ဘ၀အောင်မြင်မှုအတွက်ဖြစ်စေ၊ မည်သည့်အခက်အခဲကိုမဆို
အကောင်းဆုံကျော်လွှားနိုင်စေ ရေးအတွက်ဖြစ်စေ
အကောင်းဆုံး အထောက်အပံ့ဖြစ်စေနိုင်သော တစ်ဦးချင်း 12 Hours Personal
Breakthrough Coaching ကို ရယူရန် သော်လည်းကောင်း၊
➡️ သင့်အဖွဲ့ ၏ Objective များကို ရရှိစေရန် အထောက်အပံ့ပေးနိုင်သော Team Coaching ကို ရယူရန် သော်လည်းကောင်း၊
➡️ ခေါင်းဆောင်မှုအရည်အချင်းများ
ဖွံ့ဖြိုးတိုးတက်မှုအတွက် John Maxwell Team ရဲ့ သင်ရိုးများအတိုင်း
ပြုလုပ်ပေးမယ့် Leadership Development 2 Days Program များကို
တက်ရောက်ရန်သော်လည်းကောင်း၊
➡️ သင်၏ ရုံးမှ ၀န်ထမ်းများ၊ မန်နေဂျာများ တာဝန်ယူမှု ပိုမိုရှိလာစေရန်၊ စိတ်ဓါတ်ရေးရာပိုမိုကောင်းမွန်လာစေရန်၊ ပိုမိုကြိုးစားလိုမှုများ ရှိလာစေရန် ပြုလုပ်ပေးမည့် Corporate Leadership Program များကို စိတ်ဝင်စားလျှင်သော်လည်းကောင်း၊၊
➡️ Professional Coaching Career ကို စတင်လိုသူများ၊ လုပ်ငန်းခွင်မှာ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုပိုမိုတိုးတက် လိုသူများနဲ့
ဘ၀မှာ အောင်မြင်မှု၊ ပျော်ရွှင်မှုများ ရရှိလိုသူများ အားလုံးအတွက်
ကနေဒါနိုင်ငံသား NLP Master Trainer ကိုယ်တိုင် လာရောက် သင်ကြားပေးမည့်
American Board of NLP မှ အသိအမှတ်ပြု NLP Practitioner & Coaching
Certification သင်တန်းများကို စိတ်ဝင်စားလျှင်သော်လည်းကောင်း၊
အစရှိသည့် အစီအစဉ်များအတွက် ဆက်သွယ်လိုပါက
Breakthrough Company Limited အမှတ် ၅၃၊ ပထမထပ်၊ ဇလွန်လမ်း (စမ်းချောင်းမြို့နယ်)၊ ဂွဈေးအနီး၊ လင်းလွန်းတောင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ 09254712530, 095506539 တို့ကို ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်။
Reference: Forbes
Photo: under30ceo
ဒီလိုပါပဲ သင်ဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်ချင်တယ်ဆိုရင် အစအဆုံးကို အသစ်ပြန်စဉ်းစားတာထက် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များ
အောင်မြင်သော စီးပွားရေးခေါင်းဆောင်များ၏
သင်ဖြစ်ချင်တဲ့ဘ၀အခြေအနေကို
၁။ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ခြင်း
၁၈၉၀နှစ်များအတွင်းက Henry Ford ဆိုသူသည် Ford Quadricycle ဆိုပြီးသူ့ နာမည်နဲ့ ပဲ လေးဘီးတပ်စက်ဘီးကို ပထမဆုံးစတင် တီထွင်ခဲ့ပါတယ်။ ဒီစက်ဘီးလေးဟာ ကြီးမားတဲ့ဘီးလေးခုကို frame တစ်ခုနဲ့ ခိုင်ခံ့ အောင်ဖန်တီးထားပြီး ethanol-powered အင်ဂျင်တပ်ဆင်ထားပါတယ်။
ဒါဟာ Ford အတွက်အောင်မြင်မှုကြီး တစ်ခုမဟုတ်ပါဘူး။ နောက်ပိုင်းမှာ Ford Motor တံဆိပ်နဲ့ ကားတွေတီထွင်လာနိုင်ခဲ့တယ်။
၂။ ကြံ့တစ်ကောင်ကဲ့သို့အရည်ထူပ
Walt Disney က ပြောဖူးတယ်။ သူဟာတစ်ချိန်က အကြံကောင်းတွေ ၊ စိတ်ကူးစိတ်သန်းကောင်းတွေ ဘာမှမရှိခဲ့ပါဘူးတဲ့။ သူဟာအောင်မြင်မှာမဟုတ်ဘူးဆိ
၃။ အစွမ်းအစများကိုမြင်နိုင်ခြ
မြေတောင်မြှောက်ပေးခြင်းဖြင
၎။ မရောင့်ရဲပါနဲ့
Google ၊ Yahoo ၊ Facebook တို့ကို တည်ထောင်ခဲ့သူတွေရဲ့ တူညီတဲ့အချက်ကဘာလဲသိပါသလား ? သူတို့တွေဟာ တက္ကသိုလ်အဆောင်အခန်းထဲကနေ စတင်ပြီး အားလုံးဟာအခုချိန်မှာ dollar billion ချီတဲ့ ကုမ္ပဏီကြီးတွေဖြစ်နေပါပြီ။ အောင်မြင်တဲ့စီးပွားရေးခေါင
၅။ အကြောက်တရား ကင်းမဲ့ခြင်း
Richard Branson ငယ်ငယ်တုန်းက မိသားစု ခရီးစဉ်အတွင်း သူရေကူးနိုင်၊ မကူးနိုင်ကို သူ့အဒေါ်နဲ့ လောင်းကြေးထပ်ခဲ့တယ်။ Richard ဟာ မိမိကိုယ်ကို ယုံကြည်ထားတဲ့ ဘယ်အရာကိုမဆို လွယ်ကူလျင်မြန်စွာ သင်ယူနိုင်တယ်ဆိုတဲ့ အရည်အချင်းကို ကံမကောင်းစွာနဲ့ မပြသနိုင်ခဲ့ဘူး။ ဒါကိုလက်မခံချင်တဲ့ Richard ဟာ အပြန်လမ်းမှာ သူ့အဖေကို ကားရပ်ခိုင်းပြီး အနီးမှာရှိတဲ့ မြစ်ထဲကို ခုန်ချပြီး လောင်းကြေးကိုပါ အနိုင်ယူပြ နိုင်ခဲ့တယ်။ အခုချိန်မှာတော့ Richard Branson ဟာ ကုမ္မဏီပေါင်း (၄၀၀) ကျော်နဲ့ ဖွဲ့စည်းထားတဲ့ Virgin Group ကိုတည်ထောင်ထားတဲ့ ဘီလီယံနာတစ်ယောက် ဖြစ်နေပါပြီ။ သူဟာ စွန့်စားနိုင်ရမယ်ပြီးတော့ Comfort Zone ထဲကနေ ရုန်းထွက်နိုင်ရမယ်ဆိုတဲ့ သဘောတရားကို လက်ခံယုံကြည်သူတစ်ယောက် ဖြစ်တယ်။ Richard Branson ပြောခဲ့တာကတော့ “သင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းဖြင့် သင်ယူရမှာ မဟုတ်ပါဘူး” “ကိုယ်တိုင် လုပ်ကြည့်ပြီး လွှဲချော်ကျရှုံးခြင်း တွေကသာ သင်ယူရမှာပါ”
၆။ မိမိရဲ့အမှားကို ဝန်ခံတတ်ခြင်း
အမေဇုံ (Amazon) ကုမ္မဏီဟာ Animal Farm နဲ့ 1984 (from Users’ Kindles) ဆိုတဲ့ စာအုပ်တွေရဲ့ လက်ခံမူကြမ်း (Soft Copy) တွေကို ဖျက်ခဲ့မိတယ် (deleted). ထိုကိစ္စကြောင့် Amazon ကုမ္ပဏီဟာ ဆိုးဆိုးရွားရွား ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရသည့်အပြင် Amazon ကုမ္မဏီဟာ သူတို့ရဲ့ အမှားအတွက် အရေးယူခြင်းခံရတဲ့ သတင်းကို တရားဝင် သတင်းစာမျက်နှာများမှာပါ ထုတ်လွှင့်ပြသခြင်း ကိုခံခဲ့ရပါတယ်။ ထိုထုတ်လွှင့်သည့် သတင်းစာမျက်နှာတို့တွင် Amazon ကုမ္ပဏီရဲ့ CEO Jeff Bezos ကိုယ်တိုင် ဝန်ချတောင်းပန်ခဲ့ပါတယ်။ သူက “ကျွန်တော်တို့ရဲ့လုပ်ရပ်ဟာ
၇။ ကြမ်းတမ်း မာကျောမှု ရှိခြင်း
စီးပွားရေးလောကထဲကို ဦးတည်လိုက်ပြီဆိုရင် ကိုယ့်အတွက်ပဲကိုယ် ရပ်တည်ရပါလိမ့်မယ်။ “တစ်ယောက်ယောက်က မင်းကိုစိန်ခေါ်လိုက်ပြီဆိုရ
(ဒီနေရာမှာ ကျင့်ဝတ်ကို ထည့်စဉ်းစားပါ)
၈။ သူငယ်ချင်းတွေ မိတ်ဆွေတွေအပေါ် သြဇာရှိခြင်း
မိတ်ဆွေ သူငယ်ချင်းတွေအပေါ် သြဇာရှိတဲ့ လူတွေဟာ များသောအားဖြင့် အတင်းအကြပ် တွန်းအားပေး စေခိုင်းတာမျိုး လုပ်လေ့မရှိပါဘူး။ လူတွေဟာ သူတို့သဘောကျတဲ့ သူတွေအတွက်ပဲ အလုပ်ကို ပိုကောင်းအောင် လုပ်ပေးကြတယ်။ John.D.Rockefeller ကပြောတယ် လူတွေကို သြဇာညောင်းတဲ့ စွမ်းရည်ဆိုတာ သကြားတို့ coffee တို့ စတဲ့ ကုန်ကြမ်းတွေ ဝယ်ယူရသလိုပါပဲတဲ့။ ဒီစွမ်းရည်ရဖို့အတွက်ဆိုရင်
၉။ တစ်ခုတည်းသောရည်မှန်းချက်
အရာအားလုံးဟာ idea တစ်ခုကနေ စတင်လိုက်တာပါပဲ။ Howard Schultz ဟာ single brand တစ်ခုနဲ့ ကမ္ဘာတဝန်းလုံးကို ထိုးဖောက်နိုင်မယ့် Coffee House တွေ ဖွင့်ဖို့စိတ်ကူးရခဲ့တယ်။ သူဟာ သူ့စိတ်ကူးအိပ်မက်တွေကို တကယ်ပဲ လက်တွေ့အကောင်အထည်ဖော်နိုင်
၁၀။ ပြင်းထန်သောစိတ်ခွန်အား
စစ်မှန်တဲ့ခေါင်းဆောင် တစ်ယောက်ဟာ ဘယ်လောက်ပဲခက်ခက်ခဲခဲ စွန့်စားရမယ့်အရာ (ကိစ္စ) ဖြစ်နေပါစေ သူလုပ်မယ်လို့ ဆုံးဖြတ်ပြီးသွားရင် စိတ်အားထက်သန်မှု အပြည့်နဲ့ လုပ်ပါတယ်။ Jobs ပြောသလိုပဲ “ပြသနာတွေ ၊ မှားနေတဲ့အရာတွေ ၊ မမှန်ဘူးလို့ထင်နေတဲ့ အရာတွေကို အမှန်ဖြစ်ချင်ရင် ထင်မြင်ချက်တွေကို ဖျက်ဆီးပစ်ရပါမယ်။ အစပိုင်းမှာကတည်းက စိတ်အားထက်သန်မှုအားနည်းနေမယ
အထက်ပါအချက်တွေထဲက ဘယ်အချက်တွေက သင့်အတွက် အကျိုးရှိစေလဲ။ ဘယ်အချက်တွေကို သင့်အနေနဲ့ ပြုပြင်ဖို့လိုလဲ။ ချရေးကြည့်ပါ။
Naing Win Aung
Executive Coach
26.2.2017
#KoNaingGyiNotes
#naingwinaungexecutivecoac
#BreakthroughCoachingMyanm
အစရှိသည့် အစီအစဉ်များအတွက် ဆက်သွယ်လိုပါက
Breakthrough Company Limited အမှတ် ၅၃၊ ပထမထပ်၊ ဇလွန်လမ်း (စမ်းချောင်းမြို့နယ်)၊ ဂွဈေးအနီး၊ လင်းလွန်းတောင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ 09254712530, 095506539 တို့ကို ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်။
Reference: Forbes
Photo: under30ceo

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။