Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 5, 2017

အောင်မြင်တဲ့ကလေး ပြုစုမွေးရအောင်

 
 
အောင်မြင်တဲ့ကလေး ပြုစုမွေးရအောင်
_________________________

ချီးမွမ်းပေးပါ

ကလေးဆိုတာ အားပေးဖို့လိုတယ်။ လေးဘက်သွားတဲ့အရွယ်၊ မတ်တပ်ရပ်တဲ့အရွယ် ဘောလုံးပဲပစ်ပစ်၊ မြေပေါ်မှာ စက်ဝိုင်းလေးတစ်ဝိုင်းပဲ ရေးရေး “တော်လိုက်တာ” ဆိုတဲ့ စကားလေးဟာ သူတို့အတွက် အားဆေး လေးပဲ။ သူတို့ကို အားပေးကြည့်လိုက် မဖြစ်နိုင်ဘူး၊ မလုပ်နိုင်တော့ဘူးလို့ ထင်တာတွေဟာ အလိုလို ပြီးသွား တာတွေ့ရလိမ့်မယ်။

ကလေးကို ချီးမွမ်းတာလည်း မဆိုင်ပဲ ချီးမွမ်းတာတွေ မဖြစ်အောင် လူကြီးက ဂရုစိုက်ရတယ်။ ချွတ်ထားတဲ့ အဝတ်ကို ခြင်းထဲ သွားထည့်တာမျိုးကို “တော်လိုက်တာ” လို့ ချီးကျူးမယ် အစား “ကျေးဇူးပဲ” ဆိုတဲ့ စကားလုံး လောက်သုံးရင်ရပြီ။ ဘာကြောင့်လဲဆိုတော့ ဒါက မိခင်ကို အကူအညီပေးတဲ့သဘောဆိုတာ နားလည် စေချင်လို့ပါ။ ကလေးက ပုံဆွဲတာတော်တယ်။ ပုံကလည်း အရမ်းကောင်းနေတယ်။ “တော်လိုက်တာ” လို့ ပြော သင့်သလို “သားရေ ပန်းရောင်အစား အနီရောင်လေး ခြယ်ကြည့်ပါလား” လို့လည်း ပြောပေးကြည့်သင့်တယ်။

မကယ်တင်ပါနဲ့

ဒီစကားက ရက်စက်ရာရောက်တယ်။ ကလေးဆိုတာ မိဘက အကာအကွယ် ပေးရမှာ မှန်ပေမယ့် နေရာတကာ လိုက်ပြီးတော့ “မသွားနဲ့” “မလုပ်နဲ့” “မစားနဲ့” “မကိုင်နဲ့” ဆိုပြီးတော့ လိုက်တားမြစ်နေဖို့တော့ မဟုတ်ဘူး။ သာမန်လောက် လဲကျတာကို ကိုယ်က သည်းသည်းလှုပ်ပြနေဖို့မဟုတ်ဘူး။ “လာ ဒီကိုလာ ဖေဖေ ထူပေးမယ်” ဆိုတာလောက်တော့ ပြောကြည့်သင့်တယ်။

ကလေးကို ဆုံးရှုံးတတ်တယ်ဆိုတဲ့ သဘောတရားတွေကို အတွေ့အကြုံရအောင် လုပ်ပေးစေချင်တယ်။ ဝမ်းနည်းမှုတွေ၊ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်လာနိုင်တာ ကလေး သဘာဝပဲ။ ဝမ်းနည်းလို့ ကြောက်လို့ ငိုလည်း ငိုပါစေ။ အန္တရာယ်ဆိုတာ လူကြီးက လိုက်လုပ်ပေးနေလို့ ဘေးကင်းနေတာထက် သူတို့ ကိုယ်တိုင် ရှောင်ဖယ်သွားနိုင်အောင် လုပ်ပေးသင့်တယ်။ နေရာတကာ မိဘက လိုက်လုပ်မပေးဘူးဆိုတဲ့ အသိက သူတို့ဘာသာသူတို့ အားထုတ်ရမယ်ဆိုတာမျိုးကို ဖြစ်လာလိမ့်မယ်။

ကိုယ်ပိုင်ဆုံးဖြတ်ပါစေ

ကလေးတွေကို သူတို့ကိုယ်ပိုင် ဆုံးဖြတ်မှုလေးတွေနဲ့ တွေးဆပြီး တီထွင်လုပ်ဆောင်ဖို့ အခွင့်အရေး ပေးသင့် တယ်။ ကလေးဆိုတာ ပြေးချင်တယ်။ ခုန်ချင်တယ်။ အဲဒါကို မပြေးနဲ့၊ မခုန်နဲ့ လုပ်လိုက်ရင် သူတို့ စိတ်ရှုပ် တတ်တယ်။ ဒါကြောင့် ဘေးဖြစ်မှာ လုပ်တော့မယ်ဆိုရင်တောင် သူတို့ကို ရွေးချယ်ခွင့်ပေးရမယ်။ ဥပမာ သုံးနှစ် သား သားငယ်ကို နေ့လည်စာကျွေးမယ်ဆိုပါတော့။ ကိုယ်ကြိုက်တာချည်းမဖြစ်အောင် သူကြိုက်တာ သူစား နိုင်အောင် အစားအစာဆိုရင်လည်း သုံးမျိုးလောက် ရွေးချယ်ဖို့ အခွင့်ပေးထားမယ်။ ၈ နှစ် သမီးလောက်ဆိုရင် လည်း ငါဝတ်ခိုင်းတာဝတ်ဆိုတာထက် သမီးရေ ဒီသုံးစုံထဲက ကြိုက်တာရွေးဆိုတာလေးနဲ့ လေ့ကျင့်ပေးသင့် တယ်။

ရေတဝက်ကြီးများတောင်ဆိုတဲ့ အတွေးမျိုးကို ခံယူတတ်ပါစေ

ကလေးဆိုတာမျိုးက ရှုံးရင်စိတ်ပျက်တတ်တယ်။ သူတို့ကို ဆုံးရှုံးမှုတစ်ခုခုဆိုတာ ရှိနိုင်တယ်။ အကောင်းမြင် ပေးဖို့ လိုတယ်ဆိုတာကို လေ့ကျင့်ပေးနိုင်တယ်။ ခဲတံက ထက်ပိုင်းကျိုးသွားလို့ ငိုလာတဲ့ကလေးကို “သမီးလေး နှစ်ပိုင်းကျိုးသွားတော့ နှစ်ချောင်းဖြစ်သွားတာပေါ့” ဆိုတာမျိုးနဲ့ ဖြေသိမ့်ပေးနိုင်အောင် ကြိုးစားရမယ်။ စိတ်အားငယ်နေတဲ့ ကလေးကို ရိုက်မောင်းပုတ်မောင်းလုပ်ပြီး ဆုံးမတာထက် “ဘာဖြစ်သေးလဲ နောက်ထပ် ကြိုးစားလို့ ရတာပဲ” “ဒါစိတ်ဓာတ်ကျစရာမဟုတ်ဘူး ထပ်ကြိုးစားရမှာ” ဆိုတာမျိုးတွေကို ကလေး နားလည် အောင် ပြောဆို သုံးနှုန်းသင့်ပါတယ်။

သူတို့စိတ်ဝင်စားတာ နားလည်ပေးပါ

ကလေးဆိုတာ စိတ်ကစားတတ်တယ်။ သူစိတ်ထဲမှာ မြင်မြင်သမျှကိုလည်း စိတ်ဝင်စားနိုင်တယ်။ ပန်းချီဆွဲဖို့ စိတ်ဝင်စားနေတဲ့ကလေးကို ဘောလုံးအတင်း မကန်ခိုင်းပါနဲ့။ သူတို့ဘာကို စိတ်အားအထက်သန်ဆုံးလည်း ဆိုတာ စောင့်ကြည့်အကဲခတ်ပြီး မြေတောင်မြှောက်ပေးထားနိုင်ရင် ကျောင်းသွားတဲ့အခါ အများကြီး အထောက်အကူဖြစ်စေနိုင်ပါတယ်။ သူတို့ ဝါသနာမပါဘဲ ကိုယ်ဝါသနာပါတာနဲ့ အတင်း မြေတောင်မြှောက် ပေးတာ ခံရတဲ့ကလေးဟာ ဘာတစ်ခုမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်မှာ စိုးရိမ်ရတယ်။

ပြဿနာကို ဖြေရှင်းနိုင်အောင် လမ်းကြောင်းပေးပါ

ကလေးဆိုတာ သူတို့ဖြစ်ချင်တာတွေ လုပ်ချင်တာတွေကို လူကြီးတွေနဲ့ ညှိနှိုင်းရမယ်ဆိုတဲ့ အသိမျိုးတွေ ဖြစ်ပေါ်လာအောင် လုပ်ပေးသင့်တယ်။ ဥပမာ ကလေးက အတူကစားနေတဲ့ ကစားဖော်တစ်ယောက်က သူ့ ကားလေးကို ယူသွားတယ်လို့ လာပြောမယ်။ ဒါကို အတင်းပြန်လုခိုင်းမလား၊ လူကြီးက ရန်လိုက်တွေပြီး ဆွဲလု လာမလား စဉ်းစားရမယ်။ လူကြီးက သွားပြန်လုခဲ့လို့ ခိုင်းတာထက် ကောင်းတဲ့ အဖြေကို ရှာပြနိုင်ရမယ်။ လုသွားတဲ့ ကလေးကို နောက်ထပ်တစ်ရုပ်ပေးပြီး စည်းရုံးမလား၊ သူတို့ကို အတူတူပြန်ခေါ်ပြီး နောက်ထပ်ကား တစ်စီး ထပ်ပေးပြီး ကစားခိုင်းမလား။ တစ်ခုခုကို လူကြီးက တွေးပေးရမယ်။ ဒါမှမဟုတ် သူ့ကို တစ်ယောက် တည်းကစားနိုင်တဲ့ နည်းလမ်းတွေ ဖန်တီးပေးနိုင်ရမယ်။

သူတစ်ပါးကို ကူညီစေလို

ကလေးကို အိမ်မှာကတည်းက မိဘကို ကူညီတာမျိုးလေးတွေနဲ့ လေ့ကျင့်ပျိုးထောင်ပေးသင့်တယ်။ ပန်းကန်လေး မေမေ့ကို ယူပေးပါဦး။ ကျေးဇူးတင်လိုက်တာ သမီးလေး။ သားရေ ဖေဖေ့ကို သတင်းစာ သွားပေး စတဲ့ ကူညီခိုင်းမှုလေးတွေနဲ့ သူတို့ကို စသင်ထားသင့်တယ်။ ကျောင်းသွားတက်ရင်လည်း သူတို့ ကူညီနိုင်သမျှ ကူညီနိုင်အောင် ဖော်ဆောင်ပေးသင့်တယ်။ ကျောင်းကို ပန်းတွေ ယူသွားပေးပါလား။ ဟိုမှာ သူငယ်ချင်းကို သွားကူလိုက်ဦးစတဲ့ ဖော်ဆောင်ခိုင်းတာလေးတွေက သူတို့ရဲ့ ပရဟိတစိတ်တွေကို နှိုးဆွပေးရာ ရောက်စေ နိုင်ပါတယ်။

သူတို့နဲ့ အချိန်များများ နေနိုင်အောင် ကြိုးစားပေးပါ

ကလေးဆိုတာ မိဘက ခင်တွယ်စရာ မှီတွယ်စရာ မကောင်းရင် သူငယ်ချင်းအပေါင်းအသင်းအပေါ်မှာ မှီခို တွယ်တာ အားထားသွားတတ်တယ်။ ကျောင်းကို မပို့မီစပ်ကြားမှာ လက်ဦးဆရာဆိုတာ မိဘက ပိုအရေးကြီးပါ တယ်။ မေတ္တာနဲ့ နွေးထွေးမှုတွေဟာ သူတို့ဘဝအတွက် ထာဝရလုံခြုံစေပါလိမ့်မယ်။ ကလေးတွေကို အိမ်ဖော် တွေ၊ ဦးလေးတွေ၊ အဒေါ်တွေနဲ့ ပစ်ထားတာထက်၊ မိဘကိုယ်တိုင် ရင်ခွင့်ပိုက်ကြီးထွားစေတာ ကွာခြားမှုတွေ အများကြီး ရှိနိုင်ပါတယ်။ ကလေးဆိုတာ သူတို့ မိဘတွေလောက် ဘယ်သူ့ကိုမှ အထင်ကြီးလေးစားလောက် စရာတွေလို့ မမြင်တတ်ပါဘူး။ မိဘတွေက သူတို့အတွက် နေရာမပေးနိုင်ရင်တော့ မပြောတတ်ဘူးပေါ့။

စိတ်ကူးတွေ ယဉ်စမ်းပါစေ

ကလေးဆိုတာ စိတ်ကူးတွေ ယဉ်ပြီးတော့ ကြီးပြင်းလာကြရတယ်။ ဆရာဝန်ကြီး ဖြစ်ရမယ်၊ စစ်ဗိုလ်ကြီးဖြစ် ရမယ်၊ အင်ဂျင်နီယာကြီးဖြစ်ရမယ်လို့ လိုက်ပြီးတော့ လမ်းကြောင်းပေးနေစရာ မလိုပါဘူး။ သူတို့ အဆိုကျော် ကြီးလည်း ဖြစ်နိုင်တာပဲ။ အာကာသသူရဲကောင်းကြီးလည်း ဖြစ်နိုင်တာပဲ။ သူတို့ကို ပုံစံခွက်ထဲ မထည့် လိုက်ပါနဲ့။ သူတို့ ဖြစ်ချင်တာတွေကို လွတ်လပ်စွာ ဖြစ်ခွင့်ပေးဖို့ သဘောထားကြီးပေးစေချင်ပါတယ်။ ကလေးတိုင်းမှာ အိပ်မက်လေးတွေ ရှိတတ်ပါတယ်။ သူတို့အိပ်မက်ကို အတင်းလိုက်ပြီး နှိုးဖို့ မကြိုးစားပါနဲ့။

Credit : Maukkha
(Ref : Secrets of Confident Kids, Alina Tugend)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။