Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 16, 2017

#ဦးနှောက်ကို_သုံးပါ


Bamaw Thein Pe

#ဦးနှောက်ကို_သုံးပါ
တစ်ခါက အမေရိကန်နိုင်ငံရဲ့ တက်ဆက်ပြည်နယ်က မြို့သေးလေးတစ်ခုမှာနေတဲ့ အင်ဒီးယန်းလူနီအဖိုးကြီးတစ်ယောက်ရဲ့ အိမ်ခြံဝင်းထဲက မြေအောက်မှာ ရေနံတွေ အများကြီးရှာတွေ့တယ်။ ရေနံတူးတဲ့ ကုမ္ပဏီကြီးတစ်ခုက အဖိုးကြီးဆီကနေ အိမ်ခြံဝင်းကို ဒေါ်လာဆယ်သန်းပေးပြီး ဝယ်ယူလိုက်တယ်။ အဖိုးကြီးဟာ ရတဲ့ပိုက်ဆံတွေထဲက မြို့ပြင်တစ်နေရာမှာ ခြံလေးတစ်ခု ဝယ်ပြီး နေလိုက်တယ်။
သူဟာ တခြားအဖိုးတန်ပစ္စည်းတွေကို မဝယ်ပေမယ့်လည်း သူ တစ်သက်လုံး လိုချင်တမ်းတနေခဲ့တဲ့ အဲဒီခေတ်က ဈေးအကြီးဆုံး ကားဒီးလက်ဇိမ်ခံကားအနက်ကြီး တစ်စီးကိုတော့ ဝယ်လိုက်တယ်။သူဟာ မနက်တိုင်း အဲဒီဇိမ်ခံကားကြီးကို မောင်းပြီး ဈေးကို သွားတတ်တယ်။ လမ်းတလျှောက်မှာ ဈေးသွားဈေးပြန်တွေကို ကားပေါ်ကနေ လက်ပြနူတ်ဆက်တတ်တယ်။ အဖိုးကြီး မနက်တိုင်း လုပ်နေကျ အလုပ်တစ်ခုပါ။ လပေါင်းအတန်ကြာတဲ့အထိ ဈေးသွားဈေးပြန်တွေနဲ့ ပြည့်ကျပ်နေတဲ့ လမ်းမပေါ်မှာ သူ့ကားကြီးနဲ့ လူတိုက်မိတယ်ဆိုတာ တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ ဘယ်တိုက်မိပါ့မလဲ။ စက်မနိုးထားတဲ့ သူ့ကားကြီးကို ရှေ့ကနေ မြင်းကြီး (၂) ကောင်က ကြိုးနဲ့ဆွဲသွားနေတာကိုး။ သူ့ကားကြီးရဲ့ အင်ဂျင်ပါဝါဟာ မြင်းကောင်ရေ (၁၀၀) အား ရှိပါတယ်။ ဒါပေမဲ့ သူဟာ စွမ်းအားကြီးတဲ့ အင်ဂျင်ကို မသုံးဘဲ မြင်း (၂) ကောင်အားကိုပဲ သုံးပါတယ်။
ပုံပြင်လေးဟာ ရယ်စရာကောင်းတယ်လို့ ထင်ရပေမယ့် တကယ်တော့ လူတွေရဲ့သဘာဝကို ဖေါ်ကျူးထင်ဟတ်ပြလိုက်တာပါ။ လူတွေမှာ ဦးနှောက်ရှိတယ်။ ဦးနှောက်မှာ စဉ်းစားဉာဏ်ရှိတယ်။ ဦနှောက်က တီထွင်တတ်တယ်။ စိတ်ကူးစိတ်သန်းကောင်းတွေ တွေးတတ်တယ်။ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နိုင်တဲ့ အစွမ်းလည်းရှိတယ်။ ဒါပေမဲ့ လူတွေဟာ ဦးနှောက်ရဲ့ စွမ်းရည်ကို အပြည့်အဝ မသုံးချကြဘဲ နည်းနည်းလေးပဲ သုံးကြတယ်။ ဘယ်လောက်နည်းနည်းပဲ သုံးကြသလဲဆိုရင် စိတ်ပညာရှင်တွေရဲ့ သုတေသနစမ်းသပ်ချက်တွေအရ လူအတော်များများဟာ သူတို့ဦးနှောက်စွမ်းရည်ရဲ့ (၂) ရာခိုင်နူန်းကနေ (၅) ရာခိုင်နူန်းကိုပဲ အသုံးပြုကြတယ်တဲ့။ ကျန်တဲ့ စွမ်းရည်ရာခိုင်နူန်း ၉၀ ကျော်ကို ဘာလို့ မသုံးကြတာလဲ။ ပျင်းလို့ ဒါမှမဟုတ် ဘယ်လိုသုံးရမလဲဆိုတဲ့ နည်းကို မသိကြလို့ပါ။
ဒါဆိုရင် ဒီလောက်စွမ်းအားကြီးတဲ့ ဦးနှောက်ရဲ့ စွမ်းရည်ကို အပြည့်အဝ (၁၀၀) ရာခိုင်နူန်း မဟုတ်ရင်တောင် ရာခိုင်နူန်းအတော်များများကို သုံးနိုင်အောင် လုပ်လို့ရတဲ့ နည်းမရှိဘူးလား။ လေ့ကျင့်ပေးလို့ မရဘူးလားဆိုတာ မေးစရာဖြစ်လာပါတယ်။ လေ့ကျင့်ပေးလို့ ရပါတယ်။ ဘယ်လို လေ့ကျင့်ပေးရမလဲ။
ပထမဆုံးအနေနဲ့ မနေ့က ရေးပြခဲ့သလို အကောင်းမြင်စိတ်ကို ဦးနှောက်ထဲရောက်အောင် နေ့စဉ်သွင်းပေးပါ။ ဘယ်လို သွင်းပေးရမလဲ။ အကောင်းမြင်စကားလေးတွေကို မနက်အိပ်ယာထစမှာ နေ့စဉ်ရေရွတ်ပေးပါ။ ဒီနေ့ဟာ သာယာတဲ့ နေ့တနေ့ပါ။ အလုပ်ထဲမှာ အစစအရာရာ အဆင်ပြေမှာပါ။ ပြဿနာမှန်သမျှကို ငါဖြေရှင်းပေးနိုင်မှာပါ။ တနေ့လုံး အကောင်းမြင်စိတ် ဖုံးလွှမ်းနေတဲ့ ဦးနှောက်ဟာ အောင်မြင်မှုရအောင် သင့်ကို စိတ်ခွန်အားတွေ ပေးနေပါလိမ့်မယ်။
ဒုတိယအနေနဲ့ မိမိအလုပ်အတွက် လမ်းညွှန်ပြသပေးမယ့် ဆရာတစ်ယောက်ကို ရှာပါ။ ငှားပါ။ တချို့လူတွေဟာ အရမ်းကြိုးစားကြပေမယ့် အောင်မြင်မှု မရကြဘူး။ ဘာကြောင့်လဲဆိုတော့ နည်းစနစ် မှားနေလို့ပါ။ နည်းစနစ်မှားနေတာကို သူတို့ကိုယ်တိုင် မသိကြပါဘူး။ တတ်သိနားလည်တဲ့ ဆရာတွေကသာ အမှားတွေကို မြင်တတ်ပြီး ပြင်ပေးပါလိမ့်မယ်။ အမှားတွေ ထပ်မလုပ်မိအောင် ညွှန်ကြားပြသပေးကြလိမ့်မယ်။ နှစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်တဲ့ ပြိုင်ပွဲတွေမှာ တချို့အားကစားသမားတွေဟာ သူ့တို့ထက် ခန္ဓာကိုယ် ပိုမိုတောင့်တင်းကြံ့ခိုင်တဲ့ ပြိုင်ဖက်ကို အနိုင်ယူခဲ့တာ နည်းစနစ်ကြောင့်ပါ။ နာမည်ကျော်ကစားသမား တစ်ယောက်မှ မပါတဲ့ ဘောလုံးသင်းတစ်သင်းဟာ နာမည်ကျော်ဘောလုံးသမားတွေ အများကြီးပါတဲ့ အသင်းကို အနိုင်ယူခဲ့တာ နည်းပြဆရာရဲ့ နည်းစနစ်ကြောင့်ပါ။
တတိယအနေနဲ့ ဝါသနာပါတဲ့ အလုပ်ကို လုပ်ပါ။ လူတွေဟာ သူတို့ ဝါသနာမပါတဲ့ အလုပ်ကို လုပ်နေရရင် သူတို့ရဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းကို အစွမ်းကုန် ထုတ်မသုံးတတ်ကြပါဘူး။ ဘာလို့ မသုံးကြတာလဲ။ စိတ်မပါကြလို့ပါ။ လူတွေဟာ ဝါသနာပါတဲ့ အလုပ်ကိုများ လုပ်နေရရင် ထမင်းမေ့ဟင်းမေ့ နေ့မနားညမနား မရပ်မနား လုပ်တတ်ကြတယ်။ အဲဒီလို လုပ်နေရင်းနဲ့လည်း သူတို့ခေါင်းထဲမှာ အတွေးသစ် ဉာဏ်သစ်တွေ ပေါ်လာတတ်ကြတယ်။
ဒါကြောင့် လူတိုင်းဟာ ဦးနှောက်ကို တန်ဖိုးထားရမယ်။ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ရမယ်။ ဦးနှောက်ထဲကို အမှိုက်တွေ မထည့်ရဘူး။ မဟုတ်တရုတ် စာတွေ ဖတ်ခြင်း၊ အတင်းအဖျင်းစကားတွေ နားထောင်ခြင်း၊ ညစ်ညမ်းခွေတွေ ကြည့်ခြင်းစတာတွေ မလုပ်ရဘူး။ ဒါတွေဟာ ဦးနှောက်ထဲကို အမှိုက်တွေ သွန်ထည့်နေတာနဲ့ တူပါတယ်။
သံချေးတက်နေတဲ့ စက်ဟာ စွမ်းအားပြည့် မလည်ပတ်နိုင်တော့သလို ဦးနှောက်ဟာ အမှိုက်တွေနဲ့ ပြည့်နှက်နေရင် ဘယ်လိုမှ စွမ်းအားပြည့် အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဦးနှောက်ထဲကို အမှိုက်တွေ ဝင်မလာအောင် ကာကွယ်ရမယ်။ ဘယ်လိုကာကွယ်မလဲ။ ဦးနှောက်ကို ခွန်အားရစေဖို့ အဟာရ ရရှိဖို့ အကျိုးရှိမယ့် စာအုပ်စာပေများကို ဖတ်ရှုပါ။ ဗဟုသုတတိုးပွားစေမယ့် ရုပ်ရှင်၊ တီဗီအစီအစဉ်တွေကို ကြည့်ပါ။ အောင်မြင်သူတွေရဲ့ ဟောပြောပွဲတွေကို တက်ရောက်နားထောင်ခြင်း၊ သူတို့ဟောပြောထားတာတွေကို ရိုက်ကူးထားတဲ့ ဒီဗီဒီအခွေတွေ ကြည့်ရှုခြင်း၊ သူတို့ဟောပြောချက်တွေကို အသံဖမ်းထားတဲ့ စီဒီခွေတွေကို နားထောင်ခြင်းများ လုပ်ပါ။
အဲဒီလို မှန်မှန်လုပ်ပေးရင် သင့်ရဲ့ဦးနှောက်စွမ်းရည်တက်လာပါလိမ့်မယ်။ ဦးနှောက်ကို နည်းနည်းပဲ သုံးသူတွေထက် အမြဲခေါင်းတစ်လုံးသာနေလိမ့်မယ်။ အခုခေတ်ဟာ လက်ရုံးရည်နဲ့ သူများကို နိုင်တဲ့ ခေတ်မဟုတ်တော့ပါ။ ဦးနှောက်သုံးသူက အနိုင်ရတဲ့ ခေတ်ဖြစ်နေပါပြီ။
ဗန်းမော်သိန်းဖေ
၁၆-၀၁-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။