"ဇ"ဘယ်လောက်ရှိရှိ "ဇွဲ"ရှိမှ တိုးတက်မှာပါ
=========================
ကံမရှိ ဥာဏ်ရှိတိုင်းမွဲ ဆိုတဲ့ စကားပုံရဲ့ အနှစ်သာရအပေါ်
အမြင်လေး တင်ပြပါရစေ။
ကံဆိုတာ အလုပ်ပါ ။" ကံ" ဆိုတဲ့ အလုပ်ကောင်းမှ ကံကောင်းမှာပါ
ကံဆိုတဲ့ အလုပ်အပေါ်ကို တွေးခေါ်မျှော်မြင်နိုင်မှူ "ဥာဏ် "နှင့်
ကြိုတင်ပြင်ဆင်မှူ ၊ ကြိုးစားမှူ နှင့် လုံ့လ ဆိုသော "ဝီရိယ"တို့ကို
အချိုးကျကျ ရောစပ်တတ်မှ အောင်မြင်မှူ ဆိုသော ဟင်းကောင်း
တစ်ခွက် ဖြစ်ပေါ်လာပါတယ်။
ကံမရှိရင် ဥာဏ်ရှိတိုင်း မွဲဆိုတဲ့ စကား၏ အဓိပ္ပါယ်မှာ ကိုယ်လုပ်နေသော
အလုပ်အပေါ်ကို စေတနာဆိုသော အလုပ်အပေါ် အနစ်နာခံခြင်း
မရှိလျှင် ၊ တန်ဖိုးထားခြင်း မရှိလျှင် ၊ လုံ့လဝီရိယ မပါလျှင်
အတွေးအခေါ်ဆိုသော ဥာဏ် ဘယ်လောက်ကောင်းကောင်း
အောင်မြင်မှူရရှိမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။
အလုပ်တစ်ခု၏ အသက်မှာ လုပ်ငန်းပေါ် စေတနာထားခြင်း ၊
တန်ဖိုးထားခြင်းနှင့် ဝီရိယ ဖြစ်နေပါတယ်။
"ကံ ကိုယုံပီး ဆူးပုံတက်နင်းရင် ဆူး ဆူးမှာ သေချာ"သလို
ကံ မကောင်းရင်ဖြင့် ဝီရိယအား ကောင်းနေခဲ့ရင် ထမင်းမငတ်ဖို့
တော့ သေချာပါတယ်။
လူတစ်ချို့သည် ယခုရေတွင်းတူးပီး ခုပဲ ရေကြည် သောက်ချင်နေကြပါတယ်။မည်သည့် လုပ်ငန်းမျိုးမှာ မဆို ရင်းနှီးမြုပ်နှံ
ရသော အချိန်ကာလ ဆိုတာ ရှိပါတယ်။အဲ့ဒီ အချိျန်ကာလကို
ကြိုးစားတောင့်ခံဖို့ "ဇွဲ "ဆိုတာ လိုအပ်ပါတယ်။
"ဇ "ဆိုသော ထက်မြက်မှူ ဘယ်လောက်ရှိရှိ "ဇွဲ "မရှိရင် အောင်မြင်မှူနဲ့
ဝေးကွာနေရအုံးမှာပါ။"ဇ"ဘယ်ေ လာက်ရှိရှိ "ဇွဲ"ရှိဖို့တော့ လိုမှာပါ။
ကံ ဆိုသော အလုပ်ကို ဥာဏ်ဆိုတဲ့ အတွေးအခေါ် ကောင်းကောင်းဖြင့်
ဆုံးဖြတ်ချက်မှန်ခဲ့ရင် အောင်မြင်လာနိုင်ပေမယ့် အောင်မြင်မှူကို
ဆက်လက်ထိမ်းသိမ်းနိုင်သော အရာသည် ဝီရိယ နှင့် စည်းစနစ်
ဖြစ်ပါတယ်။
အလုပ်တစ်ခု အောင်မြင်ဖို့သည်....
၁)လုပ်ငန်းအပေါ် စေတနာထားပါ
၂)လုပ်ငန်းအပေါ် တန်ဖိုးထားယုံကြည်ပါ
၃)ဇွဲ ဆိုသော ဝီရိယထားပါ
၎)မသင့်တော်သော လောဘ ကို လျော့ချပါ
၅)အမြဲကြိုးစားနေသလို အမြဲ လုပ်ငန်းရဲ့ အားသာချက်
အားနည်း ချက်ကို အချိန်မီ ဖာထေးပြုပြင်ပါ။
လူငယ်တွေကို စေတနာရှိရင်
"ကံ "ကြောင့် ချမ်းသာလာတာလို့ ဘယ်တော့မှ မပြောပါနဲ့
တကယ်စေတနာရှိရင် စေတနာထားပီး ဇွဲရှိရှိ ကြိုးစားရုန်းကန်ပါ
လို့ အကြံပေးထောက်ပြသင့်ပါတယ်။
လူငယ်ဆိုတာ အနာဂတ်ရဲ့ ခေါင်းဆောင်ဖြစ်သလို မျိုးဆက်သစ်တို့ရဲ့
စံပြပုဂ္ဂိုလ် များဖြစ်လာမည့် သူတွေပါ။
လူငယ်တွေသာ အမြင်နှင့် ခံယူချက် တိမ်းစောင်းခဲ့မယ်ဆိုရင်
မျိုးဆက်သစ်တို့အတွက် ရင်လေးစရာ ဖြစ်နေပါလိမ့်မယ်။
လူငယ်တွေ အမြင်မမှားစေဖို့ ဝိုင်းဝန်းတည့်မတ်ပေးကြပါစို့နော်။
လေးစားစွာဖြင့်
♥
♥
♥
ဇင်းနစ် မကွေး
Photo ဆရာ Ye Kyaw Thu
=========================
ကံမရှိ ဥာဏ်ရှိတိုင်းမွဲ ဆိုတဲ့ စကားပုံရဲ့ အနှစ်သာရအပေါ်
အမြင်လေး တင်ပြပါရစေ။
ကံဆိုတာ အလုပ်ပါ ။" ကံ" ဆိုတဲ့ အလုပ်ကောင်းမှ ကံကောင်းမှာပါ
ကံဆိုတဲ့ အလုပ်အပေါ်ကို တွေးခေါ်မျှော်မြင်နိုင်မှူ "ဥာဏ် "နှင့်
ကြိုတင်ပြင်ဆင်မှူ ၊ ကြိုးစားမှူ နှင့် လုံ့လ ဆိုသော "ဝီရိယ"တို့ကို
အချိုးကျကျ ရောစပ်တတ်မှ အောင်မြင်မှူ ဆိုသော ဟင်းကောင်း
တစ်ခွက် ဖြစ်ပေါ်လာပါတယ်။
ကံမရှိရင် ဥာဏ်ရှိတိုင်း မွဲဆိုတဲ့ စကား၏ အဓိပ္ပါယ်မှာ ကိုယ်လုပ်နေသော
အလုပ်အပေါ်ကို စေတနာဆိုသော အလုပ်အပေါ် အနစ်နာခံခြင်း
မရှိလျှင် ၊ တန်ဖိုးထားခြင်း မရှိလျှင် ၊ လုံ့လဝီရိယ မပါလျှင်
အတွေးအခေါ်ဆိုသော ဥာဏ် ဘယ်လောက်ကောင်းကောင်း
အောင်မြင်မှူရရှိမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။
အလုပ်တစ်ခု၏ အသက်မှာ လုပ်ငန်းပေါ် စေတနာထားခြင်း ၊
တန်ဖိုးထားခြင်းနှင့် ဝီရိယ ဖြစ်နေပါတယ်။
"ကံ ကိုယုံပီး ဆူးပုံတက်နင်းရင် ဆူး ဆူးမှာ သေချာ"သလို
ကံ မကောင်းရင်ဖြင့် ဝီရိယအား ကောင်းနေခဲ့ရင် ထမင်းမငတ်ဖို့
တော့ သေချာပါတယ်။
လူတစ်ချို့သည် ယခုရေတွင်းတူးပီး ခုပဲ ရေကြည် သောက်ချင်နေကြပါတယ်။မည်သည့်
ရသော အချိန်ကာလ ဆိုတာ ရှိပါတယ်။အဲ့ဒီ အချိျန်ကာလကို
ကြိုးစားတောင့်ခံဖို့ "ဇွဲ "ဆိုတာ လိုအပ်ပါတယ်။
"ဇ "ဆိုသော ထက်မြက်မှူ ဘယ်လောက်ရှိရှိ "ဇွဲ "မရှိရင် အောင်မြင်မှူနဲ့
ဝေးကွာနေရအုံးမှာပါ။"ဇ"ဘယ်ေ
ကံ ဆိုသော အလုပ်ကို ဥာဏ်ဆိုတဲ့ အတွေးအခေါ် ကောင်းကောင်းဖြင့်
ဆုံးဖြတ်ချက်မှန်ခဲ့ရင် အောင်မြင်လာနိုင်ပေမယ့် အောင်မြင်မှူကို
ဆက်လက်ထိမ်းသိမ်းနိုင်သော အရာသည် ဝီရိယ နှင့် စည်းစနစ်
ဖြစ်ပါတယ်။
အလုပ်တစ်ခု အောင်မြင်ဖို့သည်....
၁)လုပ်ငန်းအပေါ် စေတနာထားပါ
၂)လုပ်ငန်းအပေါ် တန်ဖိုးထားယုံကြည်ပါ
၃)ဇွဲ ဆိုသော ဝီရိယထားပါ
၎)မသင့်တော်သော လောဘ ကို လျော့ချပါ
၅)အမြဲကြိုးစားနေသလို အမြဲ လုပ်ငန်းရဲ့ အားသာချက်
အားနည်း ချက်ကို အချိန်မီ ဖာထေးပြုပြင်ပါ။
လူငယ်တွေကို စေတနာရှိရင်
"ကံ "ကြောင့် ချမ်းသာလာတာလို့ ဘယ်တော့မှ မပြောပါနဲ့
တကယ်စေတနာရှိရင် စေတနာထားပီး ဇွဲရှိရှိ ကြိုးစားရုန်းကန်ပါ
လို့ အကြံပေးထောက်ပြသင့်ပါတယ်။
လူငယ်ဆိုတာ အနာဂတ်ရဲ့ ခေါင်းဆောင်ဖြစ်သလို မျိုးဆက်သစ်တို့ရဲ့
စံပြပုဂ္ဂိုလ် များဖြစ်လာမည့် သူတွေပါ။
လူငယ်တွေသာ အမြင်နှင့် ခံယူချက် တိမ်းစောင်းခဲ့မယ်ဆိုရင်
မျိုးဆက်သစ်တို့အတွက် ရင်လေးစရာ ဖြစ်နေပါလိမ့်မယ်။
လူငယ်တွေ အမြင်မမှားစေဖို့ ဝိုင်းဝန်းတည့်မတ်ပေးကြပါစု
လေးစားစွာဖြင့်
ဇင်းနစ် မကွေး
Photo ဆရာ Ye Kyaw Thu

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။