နိယာမနှစ်ခုရဲ့အားပြိုင်ပွဲ
--------------------
ပုံပြင်လေးတစ်ပုဒ်ရှိတယ်။ လူတစ်ယောက်မှာ ဒိုင်းတစ်လက် ရှိတယ်။ အဲ့သည် ဒိုင်းဟာ သူ့ကို နတ် ဘုရား တစ်ပါးက ပေးထားတာ။ ဖောက်လို့မရနိုင်ခြင်းဆိုတဲ့ 
ဂုဏ် နိယာမနဲ့ ပြည့်စုံသတဲ့။ စကြ်ာဝဠာ တစ်ခုလုံးမှာ ရှိရှိသမျှ ဘယ်ဓါးနဲ့
မဆို ခုတ်လို့ရတယ် ဘယ်တော့မှ ပေါက်ထွက်ရိုး ထုံးစံမရှိရဘူး။
အဲ့သလိုစွမ်းတယ်။
နောက် လူတစ်ယောက် ဆီမှာတော့ ဓါးတစ်လက် ရှိတယ်။ ဒီဓါး ဟာလည်း နတ်ဘုရား တစ်ပါးက ပေး သနား ထားတာဖြစ်ပြီးတော့ သူကျတော့ တားလို့မရနိုင်ခြင်းဆိုတဲ့ ဂုဏ် နိယာမနဲ့ ပြည့်စုံတယ်။ စကြ်ာဝဠာ တစ်ခုလုံးမှာ ရှိရှိသမျှ ဘယ်ဒိုင်းကိုမဆို ဒီဓါးဟာ အလွယ်တကူ ဖောက်ထွက်နိုင်တယ်။
တစ်နေ့တော့ ဒီလူ ၂ ယောက်ဟာ စစ်မြေပြင်မှာ တွေ့ကြတယ်။ ဓါးသမားဟာ သူ့ရဲ့ အကောင်းဆုံး တိုက်စစ်ဖြစ်တဲ့ ဓါးကို ပစ်လွှတ်လိုက်တယ်။ ဒိုင်းသမားဟာလည်း သူ့ရဲ့ အလုံဆုံး ခံတပ် ဖြစ်တဲ့ ဒိုင်းနဲ့ ကာလိုက်တယ်။ ထိသွားတဲ့အခါ ဘာတွေ ဆက် ဖြစ်လာမလဲ။ ပေါက်ဖို့ မဖြစ်နိုင်သော နိယာမနဲ့ တားဖို့မဖြစ်နိုင်သော နိယာမ ၂ ခု ရဲ့ အားပြိုင်ပွဲ။
ဒိုင်းကို ဓါးဟာ မဖောက်နိုင်ခဲ့ရင် တားဖို့မဖြစ်နိုင်တဲ့ နိယာမဟာ ပျက်စီးမယ်။
ဓါးဟာ ဒိုင်းကို ဖောက်ထွက်သွားတာနဲ့ ပေါက်ဖို့မဖြစ်နိုင်သော နိယာမ ပျက်စီးမယ်။
တစ်ခုတော့ ကျန်ရမယ်။ ဒိုင်းလား ဓါးလား။
ကျွန်တော့်ရှေ့မှာ ရပ်ထားတဲ့ ကားတစ်စီးဟာ အဝေးကို ထွက်သွားတယ် ဆိုပါစို့။ အဝေးကို ထွက်သွား တာနဲ့ အမျှ ကားနဲ့ ကျွန်တော့်ကြားမှာ ရှိနေတဲ့ အကွာအဝေးဟာ ပြောင်းလဲလာတယ်။ အမှတ်နှစ်ခု ကြားက အကွာအဝေး ပြောင်းလဲခြင်းဆိုတာ ရွေ့လျားခြင်းသာ ဖြစ်တယ်ဆိုရင် ကားထွက်ရင်လည်း ရွေ့လျားခြင်း ဖြစ်သလို ကျွန်တော်လမ်းလျှောက်လိုက်ရ င်လည်း ရွေ့လျားခြင်း ဖြစ်တာပဲ မဟုတ်လား။
အိုင်းစတိုင်းရဲ့ ရီလေတီဗတီ သီဝရီအရလည်း တကယ်ဆိုရင် အရာအားလုံးဟာ ဗဟိုပြုချက် ဆိုတာ မရှိလို့ ရွှေ့လို့ မရနိုင်သောအရာ (ပုံသေတည်နေရာ) ဆိုတာ မရှိဘူး။ တစ်ဖက်ဖက်က လှုပ်ရှားတာနဲ့ ရွေ့လျားမှု ဖြစ်လာတာပဲ။
ဒါ့ကြောင့် အကယ်၍ ကားဟာ မရွေ့နေဦးတော့။ ကျွန်တော် အခုရပ်နေတဲ့ နေရာကနေ ရှေ့ကို ဆက်လျှောက် လိုက်မယ် ဆိုရင်ကို အကွာအဝေး ပြောင်းလာတယ်။ ဒါဟာ ရီလေတီဗတီအရ ကား ရွေ့သွားခြင်းပဲ ဖြစ်တယ်။ ကားလိုပဲ ငြိမ်နေတဲ့ တောင်တစ်လုံးကို ရွှေ့ပစ်ဖို့ ဘာလိုသလဲ။ လမ်းထ လျှောက် ဖို့ပဲ လိုတယ်။
ဒါဆိုရင် စဉ်းစားစရာ တစ်ခုပဲ ကျန်မယ်။ မရွေ့နိုင်တဲ့အရာဟာ တစ်ချိန်ထဲမှာပဲ မရပ်နိုင်သောအရာများ ဖြစ်နေမလား။ တားဖို့မဖြစ်နိုင်တဲ့ဓါးဆို တာဟာ ရှုထောင့်ပြောင်းကြည့်ရင် ဖောက်ဖို့မရနိုင်တဲ့ဒိုင်းပဲလား။
#kyawnge
--------------------
ပုံပြင်လေးတစ်ပုဒ်ရှိတယ်။ လူတစ်ယောက်မှာ ဒိုင်းတစ်လက် ရှိတယ်။ အဲ့သည် ဒိုင်းဟာ သူ့ကို နတ် ဘုရား တစ်ပါးက ပေးထားတာ။ ဖောက်လို့မရနိုင်ခြင်းဆိုတဲ
နောက် လူတစ်ယောက် ဆီမှာတော့ ဓါးတစ်လက် ရှိတယ်။ ဒီဓါး ဟာလည်း နတ်ဘုရား တစ်ပါးက ပေး သနား ထားတာဖြစ်ပြီးတော့ သူကျတော့ တားလို့မရနိုင်ခြင်းဆိုတဲ့ ဂုဏ် နိယာမနဲ့ ပြည့်စုံတယ်။ စကြ်ာဝဠာ တစ်ခုလုံးမှာ ရှိရှိသမျှ ဘယ်ဒိုင်းကိုမဆို ဒီဓါးဟာ အလွယ်တကူ ဖောက်ထွက်နိုင်တယ်။
တစ်နေ့တော့ ဒီလူ ၂ ယောက်ဟာ စစ်မြေပြင်မှာ တွေ့ကြတယ်။ ဓါးသမားဟာ သူ့ရဲ့ အကောင်းဆုံး တိုက်စစ်ဖြစ်တဲ့ ဓါးကို ပစ်လွှတ်လိုက်တယ်။ ဒိုင်းသမားဟာလည်း သူ့ရဲ့ အလုံဆုံး ခံတပ် ဖြစ်တဲ့ ဒိုင်းနဲ့ ကာလိုက်တယ်။ ထိသွားတဲ့အခါ ဘာတွေ ဆက် ဖြစ်လာမလဲ။ ပေါက်ဖို့ မဖြစ်နိုင်သော နိယာမနဲ့ တားဖို့မဖြစ်နိုင်သော နိယာမ ၂ ခု ရဲ့ အားပြိုင်ပွဲ။
ဒိုင်းကို ဓါးဟာ မဖောက်နိုင်ခဲ့ရင် တားဖို့မဖြစ်နိုင်တဲ့ နိယာမဟာ ပျက်စီးမယ်။
ဓါးဟာ ဒိုင်းကို ဖောက်ထွက်သွားတာနဲ့ ပေါက်ဖို့မဖြစ်နိုင်သော နိယာမ ပျက်စီးမယ်။
တစ်ခုတော့ ကျန်ရမယ်။ ဒိုင်းလား ဓါးလား။
ကျွန်တော့်ရှေ့မှာ ရပ်ထားတဲ့ ကားတစ်စီးဟာ အဝေးကို ထွက်သွားတယ် ဆိုပါစို့။ အဝေးကို ထွက်သွား တာနဲ့ အမျှ ကားနဲ့ ကျွန်တော့်ကြားမှာ ရှိနေတဲ့ အကွာအဝေးဟာ ပြောင်းလဲလာတယ်။ အမှတ်နှစ်ခု ကြားက အကွာအဝေး ပြောင်းလဲခြင်းဆိုတာ ရွေ့လျားခြင်းသာ ဖြစ်တယ်ဆိုရင် ကားထွက်ရင်လည်း ရွေ့လျားခြင်း ဖြစ်သလို ကျွန်တော်လမ်းလျှောက်လိုက်ရ
အိုင်းစတိုင်းရဲ့ ရီလေတီဗတီ သီဝရီအရလည်း တကယ်ဆိုရင် အရာအားလုံးဟာ ဗဟိုပြုချက် ဆိုတာ မရှိလို့ ရွှေ့လို့ မရနိုင်သောအရာ (ပုံသေတည်နေရာ) ဆိုတာ မရှိဘူး။ တစ်ဖက်ဖက်က လှုပ်ရှားတာနဲ့ ရွေ့လျားမှု ဖြစ်လာတာပဲ။
ဒါ့ကြောင့် အကယ်၍ ကားဟာ မရွေ့နေဦးတော့။ ကျွန်တော် အခုရပ်နေတဲ့ နေရာကနေ ရှေ့ကို ဆက်လျှောက် လိုက်မယ် ဆိုရင်ကို အကွာအဝေး ပြောင်းလာတယ်။ ဒါဟာ ရီလေတီဗတီအရ ကား ရွေ့သွားခြင်းပဲ ဖြစ်တယ်။ ကားလိုပဲ ငြိမ်နေတဲ့ တောင်တစ်လုံးကို ရွှေ့ပစ်ဖို့ ဘာလိုသလဲ။ လမ်းထ လျှောက် ဖို့ပဲ လိုတယ်။
ဒါဆိုရင် စဉ်းစားစရာ တစ်ခုပဲ ကျန်မယ်။ မရွေ့နိုင်တဲ့အရာဟာ တစ်ချိန်ထဲမှာပဲ မရပ်နိုင်သောအရာများ ဖြစ်နေမလား။ တားဖို့မဖြစ်နိုင်တဲ့ဓါးဆို
#kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။