" စာဖတ်ခြင်းက လူတစ်ယောက်ရဲ့ အတွေးအခေါ်ဖွံ့ဖြိုးမှုကို အများကြီးပံ့ပိုးပေးတယ်ဆိုတဲ့ ပါမောက္ခခင်မောင်ဝင်း(အသည်း) "
Q. စာပေဟာ ဆရာ့ဘ၀အတွက် ဘယ်လောက်အထိ အရေးပါပါသလဲ။
A. စာပေဟာ ဆရာ့ဘ၀အတွက် အလွန်အရေးကြီးပါတယ်။ စာပေရဲ့ကျေးဇူးကြောင့်သာ အခုလို ဘ၀မျိုးနဲ့နေနိုင်တယ်လို့ ဆရာ ယူဆတယ်။
Q. ဆရာ့အနေနဲ့ ကျောင်းစာမဟုတ်တဲ့ ပြင်ပစာပေတွေကို ဘယ်အသက်အရွယ်လောက်ကတည်းက စဖတ်ဖြစ်ခဲ့ပါသလဲ။
A. လေးတန်းကတည်းက စုန်း၊ ကေ၀၀တ္ထုတွေကို စဖတ်ခဲ့တယ်။ တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ သူ့ကျွန်မခံပြီဝတ္ထုကိုဖတ်ပြီးတော့ သူရေးတဲ့စာအုပ်တွေအကုန်လုံး ကို
ဆရာဖတ်ခဲ့တယ်။ ဂျာနယ်ကျော်မမလေး၊ သခင်နုစသဖြင့် တခြားစာရေးဆရာတွေရဲ့
စာအုပ်တော်တော်များများကို ဖတ်ခဲ့တယ်။ ဆရာဆယ်တန်းရောက်တဲ့အချိန်မှာ မြန်မာဝတ္ထုတွေတင်မကဘဲ အင်္ဂလိပ်ဝတ္ထုတွေကိုလည်း ဖတ်ခဲ့တယ်။ စာအုပ်တွေအထပ်လိုက် ဖတ်ခဲ့တယ်။ ဆရာက စာဖတ်ရတာကို တအားဝါသနာပါတယ်။
Q. စာဖတ်ခြင်းက လူတစ်ယောက်ရဲ့ အတွေးအခေါ်ဖွံ့ဖြိုးမှုကို ဘယ်လောက်အထိ ပံ့ပိုးပေးနိုင်သလဲ ဆရာ။
A. စာဖတ်ခြင်းက လူတစ်ယောက်ရဲ့အတွေးအခေါ်ဖွံ့ ဖြိုးမှုကို
အများကြီးပံ့ပိုးပေးတယ်။ ပညာရေးနဲ့ စာပေဟာ အတူတူပဲ။ ပညာရေးအခြေခံရှိမှ၊
စာပေအခြေခံရှိမှ လူတစ်ယောက်ရဲ့အတွေးအခေါ်ဟာ မှန်ကန်နိုင်မယ်။
ပညာရပ်ဆိုင်ရာမြင့်လာလေလေ၊ စာပေမြင့်လာလေလေ လူတစ်ယောက်ရဲ့စဉ်းစားကြံစည် ပြုမူမှုတွေကလည်း မြင့်လာလေလေပဲ။
Q. အောင်မြင်တဲ့ဘ၀ကို လျှောက်လှမ်းနိုင်ဖို့အတွက် စာပေက ဘယ်လောက်အထိ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ဆရာထင်ပါသလဲ။
A. အများကြီးအထောက်အကူပြုပါတယ် ။ စာတွေဖတ်မှ ကိုယ့်ဘ၀အတွက် တိုးတက်ရာတိုးတက်ကြောင်းကို လုပ်ဖို့ အတွေးအခေါ်တွေ ပေါ်လာမယ်။ စာမဖတ်တဲ့သူကတော့ ဘ၀ရဲ့တိုးတက်ရာတိုးတက်ကြောင်းကို မရှာဖွေဘဲ ရတဲ့အလုပ်လေးနဲ့ပဲ ကျေနပ်နေတယ်။ စာဖတ်တဲ့သူကတော့ ဘ၀ရဲ့တိုးတက်ရာတိုးတက်ကြောင်းကို အမြဲရှာဖွေနေပြီး လုပ်ကိုင်တယ်။
Eternal Light မဂ္ဂဇင်း၊ ဇန်န၀ါရီလထုတ်မှ ကောက်နုတ်ဖော်ပြသည်။
#စာပေတန်ဖိုး
➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Eternal Light မဂ္ဂဇင်းကို City Mart, Orange နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင်လည်းကော င်း၊
Mobile Phone ဖြင့် စာဖတ်သူများအတွက် Wun Zinn application
တွင်လည်းကောင်း၊ နယ်မှ အိမ်တိုင်ရာရောက်စနစ်ဖြင့် တစ်အုပ်ချင်း
မှာယူလိုသူများအတွက် WE Distribution ဖုန်း ၀၉ ၂၅၀၀၉၁၉၁၃ တွင်လည်းကောင်း
အားပေးဝယ်ယူဖတ်ရှုနိုင်ပါသည် ။ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များမှ Message ပို့ပြီး ဆက်သွယ်အလှူခံနိုင်ပါသည်။
Q. စာပေဟာ ဆရာ့ဘ၀အတွက် ဘယ်လောက်အထိ အရေးပါပါသလဲ။
A. စာပေဟာ ဆရာ့ဘ၀အတွက် အလွန်အရေးကြီးပါတယ်။ စာပေရဲ့ကျေးဇူးကြောင့်သာ အခုလို ဘ၀မျိုးနဲ့နေနိုင်တယ်လို့ ဆရာ ယူဆတယ်။
Q. ဆရာ့အနေနဲ့ ကျောင်းစာမဟုတ်တဲ့ ပြင်ပစာပေတွေကို ဘယ်အသက်အရွယ်လောက်ကတည်းက စဖတ်ဖြစ်ခဲ့ပါသလဲ။
A. လေးတန်းကတည်းက စုန်း၊ ကေ၀၀တ္ထုတွေကို စဖတ်ခဲ့တယ်။ တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ သူ့ကျွန်မခံပြီဝတ္ထုကိုဖတ်ပြ
Q. စာဖတ်ခြင်းက လူတစ်ယောက်ရဲ့ အတွေးအခေါ်ဖွံ့ဖြိုးမှုကို ဘယ်လောက်အထိ ပံ့ပိုးပေးနိုင်သလဲ ဆရာ။
A. စာဖတ်ခြင်းက လူတစ်ယောက်ရဲ့အတွေးအခေါ်ဖွံ့
Q. အောင်မြင်တဲ့ဘ၀ကို လျှောက်လှမ်းနိုင်ဖို့အတွက်
A. အများကြီးအထောက်အကူပြုပါတယ်
Eternal Light မဂ္ဂဇင်း၊ ဇန်န၀ါရီလထုတ်မှ ကောက်နုတ်ဖော်ပြသည်။
#စာပေတန်ဖိုး
➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Eternal Light မဂ္ဂဇင်းကို City Mart, Orange နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင်လည်းကော

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။