Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 18, 2017

လောကကြီးမှာ_မဖြစ်နိုင်တာ_ဘာမှမရှိပါ



ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ added 11 new photos.

ကြီးပွားအောင်မြင်ရေးအကျင့် (၉)။
#လောကကြီးမှာ_မဖြစ်နိုင်တာ_ဘာမှမရှိပါ
အမေရိကန်နိုင်ငံက တောမြို့လေးတစ်ခုရဲ့ မူလတန်းကျောင်းလေးတစ်ခုမှာ ဆရာမက ကျောင်းသားလေးတွေကို သူတို့ကြီးလာရင် ဘာဖြစ်ချင်ကြသလဲဆိုတာကို စာရွက်ပေါ်မှာ ရေးပြီး စာရွက်တွေကို သူ့ဆီမှာ လာတင်ခိုင်းလိုက်တယ်။ ကျောင်းသားလေးတွေက ဆရာမပြောတဲ့အတိုင်း လုပ်ကြတယ်။ ဆရာမက ကျောင်းသားလေးတစ်ယောက်ကို ခေါ်လိုက်ပြီး မဖြစ်နိုင်တာတွေ ရေးထားတယ်။ ဖြစ်နိုင်တာကိုပဲ ရေးပြီး စာရွက်အသစ်ကို နောက်နေ့မှာ ပြန်လာတင်ခိုင်းလိုက်တယ်။

ကျောင်းသားလေးဟာ အိမ်ပြန်ရောက်တော့ သူ့အဖေကို အဲဒီအကြောင်း ပြောပြတယ်။ အဖေက သူ့ကို စာရွက်ပေါ်မှာ ဘာများရေးလိုက်လို့လဲလို့ ပြန်မေးတော့ ကလေးက သူရေးထားတဲ့ စာရွက်ကို ပြလိုက်တယ်။ စာရွက်ပေါ်မှာ ရေးထားတာက “ကျနော် ကြီးလာရင် ပြိုင်မြင်းတွေ မွေးထားတဲ့ ဧက ၁၀၀ ကျယ်တဲ့ ခြံကြီးတစ်ခြံကို ပိုင်ဆိုင်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်” တဲ့။ အဖေက "မင်း စာရွက်ပေါ်မှာ ဆရာဝန်ဖြစ်ချင်တယ်၊ အင်ဂျင်နီယာဖြစ်ချင်တယ်၊ အဆိုတော်ဖြစ်ချင်တယ်ဆိုတာတွေထဲက တစ်ခုခုကို ရေးပြီး မနက်ဖြန်ကျရင် ဆရာမကို ပြန်ပေးလိုက်။ ဒါပေမဲ့ စောစောက ဆရာမ ပြန်ပေးလိုက်တဲ့ စာရွက်ကို မင်းခေါင်းအုံးအောက်မှာ သိမ်းထားလိုက်ကွာ။ ပြီးရင် ညအိပ်ခါနီးတိုင်း အဲဒီစာရွက်ကို ဖတ်ပြီး ဖြစ်ကိုဖြစ်ရမယ်လို့ မင်းစိတ်ထဲမှာ အကြိမ်ကြိမ် ရွတ်ဆိုပေးလိုက်” လို့ ပြောလိုက်တယ်။ အနှစ် ၄၀ ကြာပြီးတဲ့အခါမှာ ကျောင်းသားလေးဟာ ဈေးအလွန်ကြီးတဲ့ ပြိုင်မြင်းအကောင် ၁၀၀ မွေးထားတဲ့ ဧက ၁၀၀ ကျယ် ခြံကြီးကို ပိုင်ဆိုင်တဲ့ သူဋ္ဌေးကြီတစ်ယောက် ဖြစ်သွားပါတယ်။
ဒီအဖြစ်အပျက်က ကျနော်တို့ကို ဘာအသိပေးလိုက်သလဲ။ လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ တကယ်ဖြစ်ချင်ရင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်ဆိုတဲ့ စိတ်ရှိဖို့ပါ။
အမေရိကန်နိင်ငံက ဂျက်စီကာကော့စ်ဆိုတဲ့ အမျိုးသမီးဟာ မွေးကတဲက လက်နှစ်ဖက်စလုံး လက်မောင်းရင်းကနေ ပြတ်နေခဲ့တယ်။ သူဟာ စိတ်ဓါတ်မကျဘဲ ဂျွမ်းဘားကစားတယ်။ ရေကူးတယ်။ တိုက်ကွမ်ဒို ကစားတယ်။ အသက် ၁၄ နှစ်မှာ အမျိုးသားတွေကို ခြေထောက်နဲ့ တိုက်ခိုက် အနိုင်ယူရင်း အမေရိကန်နိုင်ငံရဲ့ တိုင်ကွမ်ဒိုချန်ပီယံ ဖြစ်လာခဲ့တယ်။ တက္ကသိုလ်က ဘွဲ့လည်း ရပြီးပြီ။ ဒါပေမဲ့ သူဟာ ခြေထောက်နဲ့ လေယဉ်မောင်းနှင်ချင်နေတယ်။ လူတွေက ပြောကြတယ်။ မိန်းမတစ်ယောက်ဖြစ်တယ်။ နောက်ပြီး လက်နှစ်ဖက်စလုံး မရှိလို့ လေယဉ်မောင်းဖို့ဆိုတာလည်း လုံးဝမဖြစ်နိုင်ဘူးတဲ့။ သူဟာ ခြေထောက်နဲ့ မောင်းလို့ရမယ့် လေယဉ်အမျိုးအစားရဖို့ အချိန် တစ်နှစ်ကြာသွားခဲ့တယ်။ ကိုယ်ပိုင်လေယဉ်ပျံ အသေးလေး မောင်းနှင်ခွင့် ပိုင်းလော့လိုင်စင်ရဖို့ ပုံမှနိ ၆ လပဲ ကြာတတ်ပါတယ်။ ဒါပေမဲ့ သူဟာ ခြေထောက်နဲ့ မောင်းနှင်ရတာမို့ ပိုင်းလော့လိုင်စင်ရဖို့ ၃ နှစ်ကြာခဲ့တယိ။ အမေရိကန်ရဲ့ ပြည်နယ် ၃ ခုကို ပြောင်းပြီး လေ့ကျင့်ရတယ်။ နည်းပြတွေက စိတ်မရှည်ကြလို့ နည်းပြ ၃ ယောက် ပြောင်းခဲ့ရတယ်။
ဂျက်စီကာဟာ အသက် ၂၅ နှစ်မှာ ကိုယ်ပိုင်လေယဉ်မောင်း ပိုင်လော့လိုင်စင်ကို ရလိုက်တယ်။ လိုင်စင်ရပြီး မကြာခင်မှာ သူဟာ အမေရိကန် ပြည်နယ်တစ်ခုကနေ နောက်တစ်ခုကို တစ်ယောက်ထဲ လေယဉ်မောင်းသွားလို့ နာမည်ကြီးသွားသလို ကမ္ဘာစံချိန်မှတ်တမ်းဖြစ်တဲ့ ဂီးနစ်စာအုပ်မှာလည်း ခြေထောက်နဲ့ လေယဉ်မောင်းသော ပထမဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ သူ့ရဲ့ အဖြစ်အပျက်ဟာ လောကမှာ မဖြစ်နိုင်တာ ဘာမှ မရှိဘူး။ တကယ်ဖြစ်ချင်စိတ်ရှိပြီး ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတဲ့ စကား မှန်ကန်ကြောင်း သက်သေပြခဲ့တာပါ။
တကယ်လို့ စိတ်ကူးတစ်ခုကို မဖြစ်နိုင်ဘူးလို့ စိတ်ထဲမှာ ယုံကြည်မှတ်ယူလိုက်တာနဲ့ သင့်ခန္ဓာကိုယ်မှာ ဘာဖြစ်သွားသလဲ။ မဖြစ်နိုင်ဘူးလို့ ယုံကြည်မှုကို သူ့ရဲ့ဦးနှောက်က လက်ခံလိုက်ပြီး သူ့ရဲ့ ခန္ဓာကိုယ် အကြောအခြင်အားးလုံးကို ခုလို သတင်းပို့လိုက်ပြန်တယ်။ “လုပ်မနေနဲ့၊ မဖြစ်နိုင်ဘူး” “မဖြစ်နိုင်တာတွေကို စိတ်ကူးမယဉ်စမ်းပါနဲ့” “ရတာလေးနဲ့ပဲ တင်းတိမ်နေစမ်းပါ၊ မဖြစ်နိုင်တာတွေကို တွေးမနေပါနဲ့” စတာတွေပါ။ ခန္ဓာကိုယ်ဆိုတာကလည်း ဦးနှောက်က ခိုင်းစေတာကို လိုက်လုပ်ရသူမို့ သူပြောတဲ့အတိုင်း ဆက်မလုပ်တော့ဘဲ လက်လျှော့လိုက်ပါလိမ့်မယ်။
ဒါကြောင့် သင့်အိပ်မက်၊ ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ရာမှာ “ဖြစ်မှ ဖြစ်ပါ့မလား”ဆိုတဲ့ ဒွိဟစိတ်၊ “မဖြစ်နိုင်ပါဘူး” ဆိုတဲ့ အဆိုးမြင်စိတ်တွေကို ခေါင်းထဲပေါ်လာရင် “လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး၊ ငါ ဇွဲရှိရှိ အရှုံးမပေးဘဲ ကြိုးစားရင် သေချာပေါက် အောင်မြင်မယ်” ဆိုတဲ့ စိတ်နဲ့ အစားထိုးလဲလှယ်လိုက်ပါ။ အဲဒီလိုလုပ်ခြင်းဟာ အောင်မြင်ကြီးပွားသူတွေရဲ့ အလေ့အကျင့်တစ်ခုပါ။
ဗန်းမော်သိန်းဖေ
၁၉-၀၁-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။