"ဆယ်လ်မွန်ငါးတို့ အပြန်"
○●○●○●○●○●○●○●○●
ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာ မွေးဖွားပြီး ရေငံ(ပင်လယ်)မှာ ကြီးပြင်းတဲ့ငါးမျိုးဖြစ်တယ်... မိခင်ဆယ်လ်မွန်ငါးဥမှ (၃)လကြာမှာ ငါးသားလောင်းတွေအဖြစ် ထွက်လာပါတယ်..
ရေချိုမှာ ပျမ်းမျှ(၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီ ထွက်လာပါတယ်.. ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကို ပြန်ကြပါတယ်.. တချို့ဆယ်လ်မွန်တွေကတော့ ကြင်ဖေါ်မတွေ့နိုင်ဘဲ ပင်လယ်သမုဒ္ဓရာထဲ (၅)နှစ်အထိ ကြာတတ်ပါတယ်.. ဒီကြားထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီးခြင်းခံရ တာမျိုးရှိပြီး
မွေးရပ်ပြန် မျိုးဆက်မပွားနိုင်တာလည်း များတယ်.. သုတေသီတို့တွေ့ရှိချက်အရ
(၁၀)%သာ မွေးရပ်ပြန် မျိုးပွားနိုင်ကြောင်း တွေ့ရှိရပါတယ်။
ဆယ်လ်မွန်ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း(၂၀၀၀)လောက် ရှိကြတယ်တဲ့.. ချစ်ဖေါ်နဲ့လက်တွဲမျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီးစတင်ပြီဆိုတာနဲ့ ဆယ်လ်မွန်စုံတွဲဟာ လုံးဝအစာမစားတော့ပါ.....
အဲလိုနဲ့ မိမိတို့မွေးဖွားရာအရပ်ရောက်ရင် ဆယ်လ်မွန်ငါးတို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီးနဲ့ ကျောက်စရစ်သားကိုတူးဆွပြီး တွင်းချိုင့်ဖြစ်အောင်လုပ်တ ယ်.. ဆယ်လ်မွန်ငါးတွေဥချမွေးဖွား ရာအရပ်ဟာ ကျောက်စရစ်မြေခံရေကြည်ရာအရပ်ဖြစ်တယ်..။
တစ်ခါဥရင် အကောင်ရေ(၂၀၀၀) မှ (၁၀၀၀၀) အထိရှိတတ်တယ်တဲ့.... ဆယ်လ်မွန်ငါးအမ ဥတွေချနေချိန်မှာ ငါးအထီးဟာ ဘေးနားမှာ ငါးမအန္တရယ် မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါတယ်...ငါး အမဥတွေအကုန်ချပြီးမှာ အထီးဖြစ်သူက ဖိုမျိုးစေ့ Spam တွေ ဥပ်ါချလိုက်တယ်.. အထီးဖြစ်သူဥပေါ်မှထွက်ပြီးမှာ အမဖြစ်သူက မျိုးဆက်သစ်ဖြစ်မယ့် ဥတွေ ရေစီးနဲ့ပါမသွားအောင် အပေါ်ကဝပ်ပေးပြီးဘယ်မှမသွားေ တာ့ပါ ဒီလိုနဲ့ (၃)ရက်မှ (၇)ရက်အတွင်း အမဖြစ်သူဟာ ၎င်းရဲ့ ဥအသိုက်ပေါ်မှာပဲ သေဆုံးသွားပါတယ်..အထီးဖြစ်သူကတော့ အနီးနားပတ်ဝန်းကျင်မှာပဲ့ သေဆုံးသွားပါတယ်..။
အဲလိုနဲ့ ဆယ်လ်မွန်ငါးသားပေါက်လေးတွေ ဟာ
(၃)လမှာ ဥမှ ထွက်လာပါတယ်။ အဲဒီအခါမှာ ဆယ်လ်မွန်ငါးမိခင်ဟာ သေဆုံးပြီး
ရုပ်ကြွင်းမှ အသားမျှင်လေးတွေအဖြစ် အနီးနားမှာ ပြန့်ကြဲနေပါပြီ။
ဥမှထွက်ထွက်ခြင်း ငါးပေါက်လေးများဟာ ရေမကူးနိုင်သေးပါ.. တွားသွားပြီး
အစာအဖြစ် မိခင်ရုပ်ကြွင်းအသားမျှင်လေးများကို စားကြရပါတယ်။
အဲဒီမှာ ဆယ်လ်မွန်ငါးတို့ဟာ မျိုးဆက်သစ်မွေးဖွားတော့မယ် ဆိုတာနဲ့ အစာမစားတော့တာဟာ မိမိအသက်အသေခံဖို့ တခြားအစာ(ရေညှိရေမှော်ကအစ) ဘာမှမရှိတဲ့ကျောက်စရစ်ရေအော က်မြေသားမှာ မိမိအသွေးသားကို မိမိမျိုးဆက် စားသောက်ပြီး အသက်ဆက်ဖို့အတွက်ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါးအထီးကတော့ အနီးနားမှာ သေဆုံးပြီး ကြီးပြင်းလာတဲ့မိမိမျိုးဆက် အပြင် တခြားသောဆယ်လ်မွန်ငါးတွေအတွ က် အစာအဖြစ်ပေးဆပ်ပါတယ်။
ဆယ်လ်မွန်ငါးတွေရဲ့ အလွန်ထူးခြားသော မျိုးဆက်သစ်အတွက်ပေးဆပ်မှုက အလွန်ချီးကျူးအံ့သြဖွယ်ရာပါ ။
ထို့ကြောင့် ဂျပန်လူမျိုးတွေတို့မှာ ဆယ်လ်မွန်ငါးရဲ့သဘာဝကိုစံထားပြီး မိမိတို့မျိုးဆက်သစ်အတွက် ပေးဆပ်ဖို့ ပညာပေးကြပါတယ်။
ရေချိုမြစ်ချောင်းတွေထဲမှာ ဥ ဥပြီး အကောင်ပေါက်တော့ ရေငန်ပင်လယ်ထဲကို ဆင်းသွားကြတယ်... ရေငန်ပင်လယ်ထဲမှာ မျိုးစိတ်အဆင့်အတန်းအလိုက် တစ်နှစ် ကနေ ငါးနှစ်လောက် အထိနေပြီးလို့ သူတို့ရဲ့ မျိုးပွားအင်္ဂါတွေ ကောင်းစွာဖွံ့ဖြိုးလာတဲ့အခါ မှာ ရေငန်ပင်လယ်ထဲကနေ သူတို့ ပေါက်ဖွားခဲ့တဲ့ မူလနေရာ ရေချိုမြစ်ချောင်းတွေရဲ့ အစနေရာကို ပြန်သွားကြတယ်တဲ့...
ဒီအကြောင်းတွေကတော့ ကြားဖူးပြီးသားဖြစ်မှာပါ... ဆယ်လ်မွန်ငါးတို့ အပြန်ဆိုတဲ့ နိုင်ငံကျော်သီချင်းတောင် ရှိနေသေးတာဘဲ...
တကယ်ဆို ဆယ်လ်မွန်ငါးတွေရဲ့ ဇာတိစွဲက ဘယ်လောက် ချစ်စရာကောင်းသလဲ...
ဘယ်နေရာပဲ ရောက်နေနေ သူတို့ရဲ့ဇာတိကို မေ့မသွားဘူးလေ...ရောက်အောင် ပြန်ကြတယ်...
ပင်လယ်ကနေ မူလဇာတိ မြစ်ချောင်းတွေဆီကို ပြန်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ...
မြစ်ချောင်းတွေဟာ အမြင့်မှာ.. ပင်လယ်က ဟိုးအနိမ့်ဆုံးမှာ...
အနိမ့်ဆုံးနေရာကနေ အမြင့်ဆုံးနေရာဆီကို ဆန်တက်ကူးခတ်ပြီး ပြန်ကြရတာလေ...
သူတို့တွေရဲ့ လမ်းကြောင်းကို သိထားတဲ့ ရွာသူရွာသားတွေက အပြန်လမ်းကို စောင့်ပြီး ဖမ်းကြသေးတယ်.. ပိုက်တွေထဲ တိုးဝင်ပြီး ပါသွားလိုက်တာ အများအပြား...
ပိုဆိုးတာတစ်ခုက မြစ်ချောင်းတွေဆီကနေ ပင်လယ်ဆီကို လာတုန်းက အဆင်းလမ်းကို လာခဲ့ကြတယ်... ရေစီးနဲ့ မျှောလိုက်ပြီးလာခဲ့ကြတယ်.. .အခု ပင်လယ်ကနေ မြစ်ချောင်းတွေဆီကို ပြန်မယ်ဆိုတော့ ရေဆန်ကို ကူးခတ်ကြရပြီ...
ရေဆန်မို့လို့ ပင်ပန်းနေပါတယ်ဆိုမှ လမ်းခရီးက ပုံစံတွေ ပြောင်းနေတတ်သေးတယ်...ဆည်တွေ ဖို့လိုက်တာမျိုး.. မြောင်းတွေ ပိတ်ပစ်လိုက်တာမျိုးတွေပေါ့ .. အဲ့လိုနေရာတွေကို ရောက်တဲ့အခါမှာ ငါးလေးတွေဟာ လမ်းပျောက်သလိုဖြစ်ပြီး သေလိုက်ကြတာမှ အတုံးအရုံး...
ဒါကို ကြိုသိနေတဲ့ ရွာသူရွာသားတွေက ပျော်ရွှင်စွာ သွားကောက်ကြတယ်တဲ့... ကြည့်သာ ကြည့်နေရတယ် ကိုယ့်မှာ ၀မ်းနည်းပူဆွေးမှုတွေနဲ့...
အိမ်ပြန်ရတာ အဲ့သလောက်ပဲ ခက်ခဲသလား... အိမ်အပြန်လမ်းဟာ အဲ့သလောက်ပဲ ကြမ်းတမ်းသလား...
အိမ်ပြန်ရောက်ချင်တဲ့စိတ်ဟာ ကျိန်စာတစ်ခုလို အသက်ကိုပါ နှုတ်ယူပစ်တတ်တာမျိုးလား...
အိမ်နဲ့ ဝေးနေသူတွေရဲ့ အိမ်ပြန်ချင်တဲ့စိတ်ဟာ တပါးသူရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံယူကြဖို့လား...
အိမ်ပြန်ချင်စိတ် သိပ်နှိပ်စက်တဲ့အခါ သေရမှာကိုတောင် မကြောက်တော့တဲ့ ဆယ်လ်မွန်ငါး လေးတွေရဲ့ သတ္တိကိုတော့ အလေးပြုမိပါရဲ့...။
ဆယ်လ်မွန်ငါးတို့ရဲ့ သဘာဝကို အတုယူပြီး မိမိတို့မျိုးဆက်အတွက် ပေးဆပ်တဲ့ အကျင့်လေးများရှိဖို့ အကြံပေးပါရစေ..။
Credit>>>မူရင်း
·
အင်း.. ဒီပို့စ်က fbပေါ်မှာ ပြဿနာတက်နေတဲ့ပို့စ်..
ကိုယ်ကလည်းဒီပို့စ်ကို သဘောကျတယ်..
ဘယ်သူ့ကို credit ပေးရမှန်းလည်းမသိဘူး
သိမ်းထားချင်လို့ မယ်ပိုးဆီက copyယူလာတာ
အကောင့်လော့ကျသွားတော့ ဘာမှမသိလိုက်ဘူး..
သိမ်းထားချင်လို့ မူရင်းရေးသူကိုလေးစားစွာ credit ပေးပါတယ်...
============
Khant Naing
=========
○●○●○●○●○●○●○●○●
ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာ မွေးဖွားပြီး ရေငံ(ပင်လယ်)မှာ ကြီးပြင်းတဲ့ငါးမျိုးဖြစ်တယ
ရေချိုမှာ ပျမ်းမျှ(၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီ ထွက်လာပါတယ်.. ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကို ပြန်ကြပါတယ်.. တချို့ဆယ်လ်မွန်တွေကတော့ ကြင်ဖေါ်မတွေ့နိုင်ဘဲ ပင်လယ်သမုဒ္ဓရာထဲ (၅)နှစ်အထိ ကြာတတ်ပါတယ်.. ဒီကြားထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီးခြင်းခံရ
ဆယ်လ်မွန်ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း(၂၀၀၀)လောက် ရှိကြတယ်တဲ့.. ချစ်ဖေါ်နဲ့လက်တွဲမျိုးဆက်သစ
အဲလိုနဲ့ မိမိတို့မွေးဖွားရာအရပ်ရောက
တစ်ခါဥရင် အကောင်ရေ(၂၀၀၀) မှ (၁၀၀၀၀) အထိရှိတတ်တယ်တဲ့.... ဆယ်လ်မွန်ငါးအမ ဥတွေချနေချိန်မှာ ငါးအထီးဟာ ဘေးနားမှာ ငါးမအန္တရယ် မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါတယ်...ငါး
အဲလိုနဲ့ ဆယ်လ်မွန်ငါးသားပေါက်လေးတွေ
အဲဒီမှာ ဆယ်လ်မွန်ငါးတို့ဟာ မျိုးဆက်သစ်မွေးဖွားတော့မယ်
ဆယ်လ်မွန်ငါးတွေရဲ့ အလွန်ထူးခြားသော မျိုးဆက်သစ်အတွက်ပေးဆပ်မှုက အလွန်ချီးကျူးအံ့သြဖွယ်ရာပါ
ထို့ကြောင့် ဂျပန်လူမျိုးတွေတို့မှာ ဆယ်လ်မွန်ငါးရဲ့သဘာဝကိုစံထာ
ရေချိုမြစ်ချောင်းတွေထဲမှာ ဥ ဥပြီး အကောင်ပေါက်တော့ ရေငန်ပင်လယ်ထဲကို ဆင်းသွားကြတယ်... ရေငန်ပင်လယ်ထဲမှာ မျိုးစိတ်အဆင့်အတန်းအလိုက် တစ်နှစ် ကနေ ငါးနှစ်လောက် အထိနေပြီးလို့ သူတို့ရဲ့ မျိုးပွားအင်္ဂါတွေ ကောင်းစွာဖွံ့ဖြိုးလာတဲ့အခါ
ဒီအကြောင်းတွေကတော့ ကြားဖူးပြီးသားဖြစ်မှာပါ...
တကယ်ဆို ဆယ်လ်မွန်ငါးတွေရဲ့ ဇာတိစွဲက ဘယ်လောက် ချစ်စရာကောင်းသလဲ...
ဘယ်နေရာပဲ ရောက်နေနေ သူတို့ရဲ့ဇာတိကို မေ့မသွားဘူးလေ...ရောက်အောင်
ပင်လယ်ကနေ မူလဇာတိ မြစ်ချောင်းတွေဆီကို ပြန်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ...
မြစ်ချောင်းတွေဟာ အမြင့်မှာ.. ပင်လယ်က ဟိုးအနိမ့်ဆုံးမှာ...
အနိမ့်ဆုံးနေရာကနေ အမြင့်ဆုံးနေရာဆီကို ဆန်တက်ကူးခတ်ပြီး ပြန်ကြရတာလေ...
သူတို့တွေရဲ့ လမ်းကြောင်းကို သိထားတဲ့ ရွာသူရွာသားတွေက အပြန်လမ်းကို စောင့်ပြီး ဖမ်းကြသေးတယ်.. ပိုက်တွေထဲ တိုးဝင်ပြီး ပါသွားလိုက်တာ အများအပြား...
ပိုဆိုးတာတစ်ခုက မြစ်ချောင်းတွေဆီကနေ ပင်လယ်ဆီကို လာတုန်းက အဆင်းလမ်းကို လာခဲ့ကြတယ်... ရေစီးနဲ့ မျှောလိုက်ပြီးလာခဲ့ကြတယ်..
ရေဆန်မို့လို့ ပင်ပန်းနေပါတယ်ဆိုမှ လမ်းခရီးက ပုံစံတွေ ပြောင်းနေတတ်သေးတယ်...ဆည်တေ
ဒါကို ကြိုသိနေတဲ့ ရွာသူရွာသားတွေက ပျော်ရွှင်စွာ သွားကောက်ကြတယ်တဲ့... ကြည့်သာ ကြည့်နေရတယ် ကိုယ့်မှာ ၀မ်းနည်းပူဆွေးမှုတွေနဲ့...
အိမ်ပြန်ရတာ အဲ့သလောက်ပဲ ခက်ခဲသလား... အိမ်အပြန်လမ်းဟာ အဲ့သလောက်ပဲ ကြမ်းတမ်းသလား...
အိမ်ပြန်ရောက်ချင်တဲ့စိတ်ဟာ
အိမ်နဲ့ ဝေးနေသူတွေရဲ့ အိမ်ပြန်ချင်တဲ့စိတ်ဟာ တပါးသူရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံယူကြဖို့လား...
အိမ်ပြန်ချင်စိတ် သိပ်နှိပ်စက်တဲ့အခါ သေရမှာကိုတောင် မကြောက်တော့တဲ့ ဆယ်လ်မွန်ငါး လေးတွေရဲ့ သတ္တိကိုတော့ အလေးပြုမိပါရဲ့...။
ဆယ်လ်မွန်ငါးတို့ရဲ့ သဘာဝကို အတုယူပြီး မိမိတို့မျိုးဆက်အတွက် ပေးဆပ်တဲ့ အကျင့်လေးများရှိဖို့ အကြံပေးပါရစေ..။
Credit>>>မူရင်း
·
အင်း.. ဒီပို့စ်က fbပေါ်မှာ ပြဿနာတက်နေတဲ့ပို့စ်..
ကိုယ်ကလည်းဒီပို့စ်ကို သဘောကျတယ်..
ဘယ်သူ့ကို credit ပေးရမှန်းလည်းမသိဘူး
သိမ်းထားချင်လို့ မယ်ပိုးဆီက copyယူလာတာ
အကောင့်လော့ကျသွားတော့ ဘာမှမသိလိုက်ဘူး..
သိမ်းထားချင်လို့ မူရင်းရေးသူကိုလေးစားစွာ credit ပေးပါတယ်...
============
Khant Naing
=========

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။