Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, July 18, 2016

“ ပြိုင်ဘက်အစစ်က.. ”

 
 
“ ပြိုင်ဘက်အစစ်က.. ”
▬-▬-▬-▬-▬-▬
၁၀ တန်းအောင်ပြီး တက္ကသိုလ်ရွေးမယ့် ကျောင်းသားတွေ
စကားဝိုင်းကို နားထောင်မိပါတယ်။ ထုံးစံ အတိုင်း
အမှတ်မြင့်သူတွေအတွက် အိမ်တွေက သတ်မှတ်ပြီးသား
ဖြစ်တဲ့တက္ကသိုလ်ကိုယ်စီ ရွေးပြီးသား။ အလယ်အလတ်
အမှတ်ပိုင်ရှင်များက ဒီနှစ် ဘယ်တက္ကသိုလ်ကဖြင့် အမှတ်
ဘယ်လောက်။
သာမန် အောင်မှတ်တွေနဲ့ အောင်သူတွေကတော့
“ မှီတဲ့အမှတ်နဲ့ပေါ့ကွာ” စသဖြင့် နှစ်စဉ်တွေ့နေကျ မြင်ကွင်း
တွေပါ။
.
များသောအားဖြင့် သာမန်အောင်သူတွေဟာ “ဘာတက်ရမှန်း
မသိဘူး”လို့သာ ငေးကြောင်ကြောင် ဖြေတတ်ကြပါတယ်။
ပြီးတော့ ဘာတက်ရင်ကောင်းမလဲ အားကိုးတကြီး မေးကြ
ပါတယ်။ အထူးသဖြင့် - B.S.c ၊ B.A တက်ကြမယ့်သူတွေဟာ
မေဂျာခေါ်တဲ့ အဓိက ဘာသာရပ်တွေအကြောင်း ဘာတွေ
သင်ရမယ် ၊ ဘာတွေ တတ်လာမယ်၊သိလာမယ်ဆိုတာ
မသဲကွဲကြသူများပါတယ်။
.
အဲဒီအတွက် ပညာရေးနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ တက္ကသိုလ်
ဘယ်လိုရွေးကြသလဲဆိုတာ နှိုင်းယှဉ် ကြည့်ပါတယ်။ အဲဒီ
နိုင်ငံတွေက တက္ကသိုလ်တွေဟာ တက္ကသိုလ်ဝင်တန်း
စာမေးပွဲ အမှတ်ပေါ် မူတည်ပြီး ရွေးတာ မဟုတ်တော့
ကျောင်းသားတွေအတွက် ရွေးချယ်ခွင့်ရှိတယ်ပဲ ပြောပါတော့။
တက္ကသိုလ်ကြီးများမှာ ယူနီအိုးပင်းဒေး(Uni Open Day )
ဆိုတာရှိပါသတဲ့။ အပြင်ကလူတွေ လာလေ့လာလို့ရအောင်
ဖွင့်ပေး ထားတဲ့နေ့ပါ။
.
သူတို့နိုင်ငံတွေမှာက Year 11 -12 စတဲ့ အထက်တန်း
နောက်ဆုံးနှစ်တွေမှာကတည်းက ကိုယ်ဆက်တက်ချင်တဲ့
အသက်မွေးဝမ်းကျောင်း Institute တွေ၊ တက္ကသိုလ်
တွေကို စိတ်ထဲက ရွေးပြီးသား များပါတယ်။ အခု ယူနီ
အိုးပင်းဒေးမှာက ကျောင်းတခွင်လုံး လှည့်ပြတာကို
ကျောင်းသားတွေက လေ့လာတဲ့ သဘောပါပဲ။ တက္ကသိုလ်
တခုရဲ့အောက်မှာပဲ ဆေးပညာ၊ အင်ဂျင်နီယာပညာ၊
ဝိဇ္ဇာ သိပ္ပံဘာသာရပ်များ၊ ဥပဒေ၊ ဘောဂ ဗေဒဘာသာ
ရပ်များ စသဖြင့် ရှိပြီးသားဆိုတော့ အဲဒီဘာသာများ
အတွက် စာသင်းခန်း၊ လက်တွေ့ စမ်းသပ်ခန်း၊
စာကြည့်တိုက်များကို တခမ်းတနားရှိတယ်ဆိုတာ
ကျောင်းက လိုက်ပြပါတယ်။
.
တက္ကသိုလ်ကြီးများဟာ တခုနှင့်တခု ဗိသုကာပညာအရ
ဖွဲ့စည်းတည်ဆောက်ပုံ၊ ၀န်းကျင် အရိပ် အာဝါသ ဟန်ပန်များ
မတူကြပါ။ အချို့က ခေတ်မီသစ်လွင် ဒီဇိုင်းများဖြင့်
တက်ကြွရွင်လန်းဖွယ်၊ အချို့က တည်ငြိမ်ခန့်ထည် ဗိသုကာ
လက်ရာများနဲ့ အစဉ်အလာ သမ္ဘာကြီးမားမှု စသဖြင့်
ရင်ခုန်စရာရွေးချယ်ခွင့်တွေ များပါတယ်။
.
ဂျပန်နိုင်ငံ အိုဆာကာတက္ကသိုလ်ဆိုရင် နိုင်ငံတ၀ှမ်းမှာ
ရှိသမျှ တက္ကသိုလ်တွေထဲ ထိပ်တန်းလည်းဖြစ်၊ ၀င်ခွင့်လည်း
လွန်စွာခက်ခဲတဲ့ ကျောင်းဖြစ်ပါသတဲ့။ဘာကြောင့်ပါလဲ -
ကမ္ဘာကျော်နိုဘယ် ဆုရှင်များအပါအ၀င် သိပ္ပံပညာရှင်
များစွာ၊ အသိပညာရှင်များစွာမွေးထုတ်ပေးနိုင်ခဲ့တဲ့ အစွမ်း
တွေကြောင့်ပါပဲ။ ကျွန်တော်တို့ဂုဏ်ယူ စရာအနေနဲ့က
မြန်မာနိုင်ငံက သွားတက်တဲ့ကျောင်းသားတယောက်
နာမည်ကိုလည်း သိပ္ပံပညာရှင်တယောက် အနေနဲ့ မွေး
ထုတ်ခဲ့တယ်ဆိုတာ မှတ်တမ်းတင်ခံထားရလို့ပါပဲ။
.
သူ့နာမည်ဟာ ကမ္ဘာကျော် ရူပဗေဒနိုဘယ်ဆုရ ပုဂ္ဂိုလ်
Hideki Yukawa ၊ ဆိုနီကော်ပိုရေးရှင်းရဲ့တည်ထောင်သူ
Akio Morita၊ ဆေးပညာထူးချွန်ဆု(Wolf Prize ) ရ
Osamu Hayaishi ၊ ယနေ့ခေတ်စားနေတဲ့ လက်(ပ်)တော့
(Laptop)နဲ့ စမတ်ဖုန်းများမှာ မရှိမဖြစ် အသုံးပြုရတဲ့
လီသီယမ် ဘတ္ထရီတီထွင်သူ Akira Yoshino တို့နှင့်အတူ
မှတ်တမ်းတင်ခံရလို့ပါပဲ။
.
ဆိုဖီယာတက္ကသိုလ်ဆိုရင် ဂျပန်နိုင်ငံထဲက ပုဂ္ဂလိက
တက္ကသိုလ်တွေထဲမှာ ကျောင်းသား အများဆုံးရွေးချယ်
ကြတဲ့ တက္ကသိုလ်တွေထဲက တခုဖြစ်ပါတယ်။ သူကတော့
နိုင်ငံဝန်ကြီးချုပ်အပါအ၀င်၊ နိုင်ငံရေးခေါင်းဆောင်
အများအပြား မွေးထုတ်ခဲ့သလို ဥပဒေပညာရှင်များ၊
လွတ်တော်အမတ်များ၊ ကုလသမဂ္ဂလိုအဖွဲ့အစည်းမျိုးမှာ
မဟာမင်းကြီးရာထူးနဲ့ထမ်းဆောင်ခဲ့ကြတဲ့ အသိပညာ
များကိုလည်း မွေးထုတ် ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။
.
အဲဒီလိုကျောင်းမျိုးတွေဖြစ်တဲ့ အနောက်နိုင်ငံတက္ကသိုလ်
တွေမှာ လှည့်ပတ်ကြည့်ရှုပြီးတဲ့အခါ မိမိ သင်ယူချင်တဲ့
ဘာသာရပ်အကြောင်း အသေးစိတ်လေ့လာဖို့ သတင်းလွှာ
သိမှတ်စရာတွေကို ဝေငှပေး ပါတယ်။ ဘယ်ဟာကို
ရွေးချယ်မလဲဆိုတာလည်း အတိုင်ပင်ခံများက ဆွေးနွေး
အကြံပေးပါတယ်။ ဥပမာ ကျောင်းပြီးတဲ့အခါ အလုပ်အကိုင်
အခွင့်အလမ်းအပါအ၀င် ဒီဘာသာရပ်သင်ယူပြီးသူများ
ရလဒ်ဟာ ကမ္ဘာပေါ်မှာ နံပါတ် ဘယ်လောက်ရှိတယ်၊
တက္ကသိုလ်ကြီးတခုလုံးကလည်း ကမ္ဘာ့အဆင့် ဘယ်လောက်
ရှိတယ်ဆိုတာကိုပါ သိခွင့်ရမှာပါ။
.
ယူနီအိုးပင်းဒေးပြီးတဲ့အခါ သင်ယူလိုတဲ့ကျောင်းသားတွေနဲ
သီးခြား ချိန်းဆိုကြပြီး အတိုင်ပင်ခံများနဲ့ ဆွေးနွေးခွင့်ရကြ
စမြဲပါ။ မြို့လယ်က ရှော့ပင်းစင်တာတွေထဲ အဲဒီတက္ကသိုလ်
လက်ကမ်း ကြော်ငြာများဝေတဲ့အခါ ကျောင်းသားလူငယ်
တွေရဲ့ မျက်လုံးများ ချက်ချင်းတောက်ပလာကြပြီး စိတ်အား
ထက်သန်မှုတွေ အတိုင်းသားတွေ့ရပါတယ်။ ထိုနိုင်ငံများက
ကျောင်းသားတွေဟာ တက္ကသိုလ်နဲ့ အသက်မွေးမှု ရွေးချယ်
ရာမှာ ယောင်နနဖြစ်နေတာမျိုး မရှိ။ ကိုယ်ပိုင်စဉ်းစားပြီးသား
အပေါ် တက္ကသိုလ်ကြီးတွေက အချက်အလက်ပေး အကြံ
ဥာဏ်ပေးမှုကိုယူပြီး ကိုယ်တိုင်ဆုံးဖြတ်ကြတာပါ။
.
တက္ကသိုလ်ဝင်တန်း အမှတ်နဲ့ စဉ်းစားရတဲ့ စနစ်မျိုး မဟုတ်
ပါဘူး။ အဲဒီလိုနိုင်ငံတခုမှာရောက်နေတဲ့ မြန်မာကျောင်းသား
တယောက်ကို မိဘအသိုင်းအ၀ိုင်းတွေက ကျနော်တို့ နိုင်ငံမှာ
ခေတ်စား မြဲဖြစ်တဲ့ အသက်မွေးမှုပညာရပ်အချို့ ရွေးချယ်
ခိုင်းတဲ့အခါ ခေါင်းရမ်းပါတယ်။ သူ့ရဲ့ပင်ကိုယ်စိတ် သဘာဝနဲ့
အဲဒီအသက်မွေးမှုတွေ မကိုက်ညီကြောင်း အချက်ကျကျ
ရှင်းပြသလို လုပ်ငန်းခွင်ထဲက စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရတဲ့
အခါ အခက်အခဲရှိနိုင်ကြောင်း ပြောပါတယ်။
.
ဒါဖြင့် ဘာလုပ် ချင်လဲ၊ ဘာရွေးမှာလဲဆိုတော့ ကျောင်း
ဆရာမပဲ လုပ်ချင်တယ်တဲ့။ သူ့စိတ်ထဲ ကလေးတွေဆိုတာ
ပျိုးပင်လေး တွေလိုပဲ။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေ
တဖြည်းဖြည်း ကြီးထွားလာတာမြင်ရတာ စိတ်ချမ်းသာ
တယ်ဆိုပဲ။ ထိုနိုင်ငံများမှာ Year 12 ပြီးရင် တက္ကသိုလ်
ရွေးဖို့ ၊ ဥပမာ အင်္ဂလန်မှာဆိုရင် အောက်စဖို့ဒ်တက္ကသိုလ်၊
အမေရိကန်ပြည်ထောင်စုမှာဆိုရင် ဟားဗဒ်တက္ကသိုလ်၊
သြစတေးလျမှာ ဆစ်ဒနီတက္ကသိုလ် စသဖြင့် သွားလေ့လာ
ကြစမြဲပါ။
.
အချို့က ဖွံ့ဖြိုးဆဲနိုင်ငံတွေသွားပြီး NGO တွေမှာ အလုပ်ဝင် ၊
ကမ္ဘာကြီးရဲ့ လိုအပ်ချက်၊ တောင်းဆိုချက်တွေ ဘာများ
ပါလိမ့်ဆိုတာ သဲကွဲအောင်ကြည့်ပြီး ကမ္ဘာကြီးအတွက်
ကွက်လပ်ဖြည့်ဖို့အထိ စဉ်းစားကြပါတယ်။ တချို့များ တက္ကသိုလ်
ရွေးချယ်ဖို့ အချိန်ယူလေ့လာကြတာ နှစ်ပတ်လည်အောင်
ကြာတာမျိုး တွေ့ဖူးပါတယ်။ ကျွန်တော်တိုဆီက မိဘများ
သဘောတူနိုင်ပါ့မလား။ ဟဲ့-ဟိုဘက်အိမ်က ကောင်မလေးက
နင်နဲ့ပြိုင်ဘက်လေ အလကားနေရင်း သူ တတန်း ပိုကျော
သွားမှာပေါ့။ စသဖြင့် အထိတ်တလန့် တုံ့ပြန်ချက် များသာ
ကြားရပါတယ်။
.
၁၉၇၀ လွန်နှစ်များလောက်က ထင်ပါတယ်။ ဆရာသိန်းဖေမြင့်ရဲ့
တက္ကသိုလ်မိတ်ဆက် စာအုပ်ထဲ ရန်ကုန် ၀ိဇ္ဇာ-သိပ္ပံတက္ကသိုလ်က
ရွေးချယ်စရာဘာသာရပ်တွေရဲ့အကြောင်းကို လူပြိန်း
နားလည်အောင်၊ နားလည်ရုံမက စိတ်ဝင်စားနှစ်ခြိုက်အောင်
မိတ်ဆက်ပေးထားတဲ့ စာအုပ်ပါ။ အဲဒီထဲက ရုက္ခဗေဒဆိုရင်
ကျွန်တော်တို့ အထက်တန်းမြန်မာစာမှာ သင်ရိုးအဖြစ် ပြဌာန်း
ခံရလို့ ကောင်းကောင်းမှတ်မိနေပါသေးတယ်။ ဖတ်လို့လည်းကောင်း
ဘာသာရပ်တွေရဲ့တန်ဖိုးတွေကိုလည်း သိခွင့်ရ ၊ လေးစားစိတ်တွေ
ပေါ်ခဲ့ဖူးပါတယ်။
.
ကျွန်တော် ဒုတိယနှစ်သတ္တဗေဒသင်တုန်းက သင်ခန်းစာတခုကို
အမှတ်ရပါတယ်။ မွေးလာတဲ့ ကလေးမျက်လုံးအရောင်ဟာ မိဘ
နှစ်ပါးရဲ့ မျက်လုံးအရောင်နဲ့မတူလို့ ဖခင်က သံသယ၀င် စွပ်စွဲချက်
အပေါ် ဒီကလေးဟာ မျိုးရိုးဗီဇအရ ဒီမိဘနှစ်ပါးက မွေးတာဖြစ်နိုင်
မဖြစ်နိုင်ဆိုတာကို ဆန်းစစ် အဖြေရှာ ရတဲ့ လက်တွေ့သင်ခန်းစာပါ။
ဖြေရှင်းပုံတွေ မမှတ်မိတော့ပေမယ့် ဒီဖခင်ရဲ့ကလေး ဖြစ်နိုင်တယ်
ဆိုတာ အဖြေထုတ်ခဲ့ပြီး ကျနော်တို့ ကျောင်းသားတွေ ပျော်ရွှင်
ခဲ့ရကြောင်းတော့ ကောင်းကောင်းမှတ်မိနေပါတယ်။
.
ဘ၀မှာ ကိုယ့်အတွက် ပြိုင်ဘက်ဆိုတာ အိမ်နားက၊ အတန်း
ထဲက သူငယ်ချင်းမဟုတ်။ ကမ္ဘာကြီးကို စိန်ခေါ်ခြိမ်းခြောက်
နေတဲ့အရာများသာ ကိုယ့်ပြိုင်ဘက်ဖြစ်တယ်လို့ ခံယူတဲ့
မျိုးဆက်သစ်များအတွက် တက္ကသိုလ် မိတ်ဆက် စာအုပ်
ကောင်းများရှိရင် “ ရော့ - အင့် ” ဆိုကာ ညွှန်းချင်စမ်းပါဘိ။
.
- #မင်းကိုနိုင်
[ ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၉၂၊ ဆောင်းပါး ]

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။