Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 4, 2016

ဒါပေမယ့် သူ့ရဲ့ အတိတ်သမိုင်းကြောင်းကို ပြန်ကြည့်ရင်တော့ Jack Ma ဟာ တစ်လကို 12 ဒေါ်လာသာ ရတဲ့ အင်္ဂလိပ်စာပြဆရာအဖြစ် အသက်မွေးခဲ့ဖူးတာကို တွေ့ရမှာဖြစ်ပါတယ်။

လတ်တလောမှာ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင်ဖြစ်တဲ့ Jack Ma ဟာ ဒေါ်လာ 23.3 ဘီလီယံ အထိ ချမ်းသာနေပြီဖြစ်ပြီး သူ့ရဲ့ ကုမ္ပဏီဟာ သမိုင်းမှာ တန်ကြေးအကြီးမားဆုံးအဖြစ် ဒေါ်လာ 150 ဘီလီယံတန်ဖိုးနဲ့ အများပိုင်ကုမ္ပဏီပြောင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အတိတ်သမိုင်းကြောင်းကို ပြန်ကြည့်ရင်တော့ Jack Ma ဟာ တစ်လကို 12 ဒေါ်လာသာ ရတဲ့ အင်္ဂလိပ်စာပြဆရာအဖြစ် အသက်မွေးခဲ့ဖူးတာကို တွေ့ရမှာဖြစ်ပါတယ်။

သူ့ရဲ့ အောင်မြင်မှုတွေဟာ အံ့မခန်းလောက်စရာဖြစ်ပေမယ့် သူဟာ ခင်ဗျားတို့ ကျုပ်တို့ထက် အဆပေါင်းများစွာ ပိုပြီး ကျရှုံးခဲ့ဖူးပါတယ်။ တိတိကျကျဆိုရရင် ဘဝပျက်လောက်တဲ့ အထိ ရခဲ့တဲ့ ဒဏ်ရာတွေဟာ တော်တော်များခဲ့ပါတယ်။ အဲဒီထဲကမှ သာမာန်လူတွေအတွက် နလန်မထူလောက်စရာ ဖြစ်သွားနိုင်ပေမယ့် Jack Ma ကတော့ ကျော်လွှားနိုင်ခဲ့တဲ့ အခက်အခဲ (၇) ခုကို ရွေးချယ်ဖော်ပြရမယ်ဆိုရင်

(1) ကျောင်းသားဘဝမှာ စာမေးပွဲပေါင်းများစွာကို ကျရှုံးခဲ့ပါတယ်။

ကျွန်တော်တို့ မိဘတွေဆိုရင်တော့ ဘယ်လိုပြောမယ်မသိဘူး။ Jack Ma ကတော့ သူငယ်တန်း (၂) ကြိမ်၊ အလယ်တန်း (၃) ကြိမ်၊ တက္ကသိုလ်ဝင်ခွင့် ကို (၂) ကြိမ် ရှုံးခဲ့ပါတယ်။ ဒါပေမယ့် သူစိတ်ဓာတ်မကျခဲ့ဘူး။

(2) တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ သင်္ချာမေးခွန်းမှာ အမှတ် (၁၂၀) ပေးတာ (၁) မှတ်ပဲ ရခဲ့တယ်။

သူ့ရဲ့ Alibaba ကုမ္ပဏီဟာ နည်းပညာကုမ္ပဏီဖြစ်ပေမယ့် Jack Ma ကတော့ အခုချိန်ထိ သင်္ချာညံ့ဆဲပါပဲ။

(3) ဟားဗတ်တက္ကသိုလ်ကို ဝင်ခွင့်လျှောက်လွှာတင်တာ (၁၀) ကြိမ်တိတိ အပယ်ခံခဲ့ရတယ်။

(၁၀) ကြိမ်အပယ်ခံရတာထက် (၁၀) ကြိမ်အထိ လျှောက်လွှာတင်ခဲ့တာက သူ့ရဲ့ မလျှော့တဲ့ ဇွဲကို ပြနေပါတယ်။

(4) တက္ကသိုလ်က ဘွဲ့ရပြီးချိန်မှာ ကုမ္ပဏီအခု (၃၀) ကိုလျှောက်ခဲ့တယ်။ အကုန်လုံးက ပယ်ချတာ ခံခဲ့ရတယ်။

သူလျှောက်ခဲ့တဲ့အလုပ်က မျိုးစုံပါပဲ။ ဘယ်အလုပ်ကမှ သူ့ကိုလက်မခံခဲ့ပါဘူး။ ရဲဝန်ထမ်းလုပ်ဖို့တောင် ဝင်လျှောက်ခဲ့ပါသေးတယ်။ ရဲဝင်လျှောက်တော့ သူ့ကို အင်တာဗျူးတောင် မလုပ်ခဲ့ဘူး။ စကားလေး (၃) လုံးနဲ့ပဲ အငြင်းခံခဲ့ရပါတယ်။ “You’re no good” တဲ့။

(5) KFC မှာ အလုပ်သွားလျှောက်တဲ့သူ (၂၄) ယောက်ထဲမှာ သူတစ်ယောက်ပဲ အငြင်းခံခဲ့ရတယ်။

KFC တရုတ်မှာ စဖွင့်တော့ အလုပ်တွေခေါ်တဲ့အခါ သူလဲသွားလျှောက်ခဲ့ပါတယ်။ သူနဲ့အတူတူ အင်တာဗျူးတဲ့သူ (၂၄) ယောက်ထဲမှာ ကျန်တဲ့ (၂၃) ယောက်ကို ခန့်ပြီး သူ့ကိုတော့ မခန့်ခဲ့ပါဘူး။

(6) Alibaba ကို ငွေကြေးထောက်ပံ့မှု ရှာဖွေတာ အဆင်မပြေခဲ့ဘူး။

သူ့ကို ကမ္ဘာ့အချမ်းသာဆုံးစာရင်း ဝင်စေမယ့် Alibaba ကို စထောင်ခဲ့ပြီး ပထမ (၃) နှစ်မှာ အမြတ်လုံးဝ မရှိခဲ့ဘူး။ dot-com bubble လို့ခေါ်တဲ့ နည်းပညာကုမ္ပဏီတွေ အစုလိုက်အပြုံလိုက် ပြိုလဲကြတဲ့ အချိန်မှာ သူ့ကုမ္ပဏီလဲ ပြိုလဲလုနီးပါးဖြစ်ခဲ့ရတယ်။ တစ်ကြိမ်မှာဆိုရင် Alibaba ဟာ ဒေဝါလီခံရလုနီးပါးအထိ ဖြစ်ခဲ့တယ်။

(7) သူ့ရဲ့ Alibaba ကို စတင်တည်ထောင်စဉ်က ငွေကြေးထည့်ဝင်ခဲ့သူတွေကို ရာထူးတိုးမပေးခဲ့ဘူး။

CEO တစ်ယောက်ရဲ့ အဆိုးဆုံး ဆုံးဖြတ်ချက်လို့ဆိုရမယ့် ဒီဆုံးဖြတ်ချက်ကို သူချခဲ့တုန်းက သူ့ကို ပထမဆုံး ငွေကြေးထောက်ပံ့ခဲ့တဲ့ သူငယ်ချင်း 18 ယောက်ကို သူတစ်ခါတည်းပြောခဲ့တယ်။ ဘယ်သူမှ မန်နေဂျာအဆင့်ကနေ အထက်ကို တိုးပြီး မခန့်တော့ဘူးလို့ သူပြောခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မှားတယ်လို့ နောက်ပိုင်းမှာသူဝန်ခံခဲ့ပါတယ်။

တကယ်လို့များ သင်ဟာ အရှုံးတွေနဲ့ ရင်ဆိုင်နေရပြီဆိုရင်..
Jack Ma ရဲ့ဘဝကို သတိရပါ။ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရတိုင်း နောက်မဆုတ်တမ်းကြိုးစားရင် တစ်နေ့မှာ အောင်မြင်မှုရမယ်ဆိုတာကို တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းဝင်၊ ကမ္ဘာ့အချမ်းသာဆုံး စာရင်း နံပါတ် (၃၃) မှာ ရောက်ရှိနေပြီဖြစ်တဲ့ Alibaba ရဲ့ ပဲ့ကိုင်ရှင် Jack Ma က သက်သေခံနေပါတယ်။

အောင်မွန်ချမ်း (Myanmar Leaders)
-----
ဤဆောင်းပါးကို လုပ်ငန်းရှင်များရောင်းဝယ်ရwww.baganmart.com မှ ပံ့ပိုးကူညီပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။