Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 4, 2016

ကျောက်စိမ်းအကြောင်း သိကောင်းစရာ

ကျောက်စိမ်းအကြောင်း သိကောင်းစရာ
ကျောက်စိမ်းကို ဘယ်နေရာ တွေမှာ သုံးသလဲ ဆိုရင် ပုတီး၊ လက်ကောက်၊ ဆွဲပြား၊ ဘုရားဆင်းတု၊ ပန်းပု ထုခြင်း၊ ကျောက်စိမ်း ပန်းချီ စသဖြင့် သုံးခဲ့ကြပါတယ်။ ယနေ့ တိုးတက်လာတဲ့ ခေတ်ကြီး မှာ တော့ ပိုက်ဆံ တတ်နိုင်သူများ ဟာ ကျောက်စိမ်းကို ပါကေးပြား အရွယ် ထုတ်လုပ် ပြီး နေအိမ်တွေ မှာ ပါကေးတွေ ခင်းလာ ကြပါတယ်။ အိမ်တွေ မှာ မီးဆိုင်းတွေ ကို ကျောက်စိမ်း တွေ နဲ့ ထုတ်လုပ် လာ တယ်။ ကားတွေထဲ က ဖင်ထိုင်ခုံ အောက်မှာ ကျောက်စိမ်းလုံးလေး တွေ ကို အခင်းသဖွယ် ယက်ပြီး ခင်းကြတယ်။
ကျောက်စိမ်း ရဲ့ သဘောသဘာဝ က အအေးဓါတ်ရှိပါတယ်။ ရေနံသူဌေး နိုင်ငံတွေ ဖြစ်တဲ့ အာရပ် တွေဆီမှာ ဆိုရင် ကျောက်စိမ်းကုတင်၊ ကျောက်စိမ်း ထိုင်ခုံ စသည်ဖြင့် သုံးစွဲ ကြပါတယ်။
သာမန် လမ်းဘေး က ကျောက်တုံး တစ်တုံး နဲ့  ကျောက်စိမ်းတုံး (အရိုင်းတုံး) နဲ့ ဘယ်လို ခွဲခြား သလဲ ဆိုရင် ယမ်း (crystal) ပါမပါ ကို ကြည့်ပြီး ခွဲ နိုင်ပါတယ်။

ကျောက်စိမ်းတုံး အရိုင်းတုံး တွေ ကို နေရောင်အောက် မှာ အနီးကပ် ကြည့်လိုက်မယ် ဆိုရင် လက်လက် လက်လက် နဲ့ လက်နေတဲ့ အမှုန် လေး တွေ ကို မြင်ရပါမယ်။ အဲဒါလေးတွေကို ယမ်း လို့ ခေါ်ပါတယ်။
အနီးစပ်ဆုံး ဥပမာ ပေးရရင် စာရွက် အဖြူ တစ်ရွက်ပေါ်မှာ ဘောပင် နဲ့ အစက်ကလေးတွေ ချလိုက် သလို ပါပဲ။ အစက်လေးတွေ လက်နေပါတယ်။ မှောင်တဲ့ နေရာမှာဆိုရင်တော့ ကျောက်ကြည့် ဓါတ်မီး နဲ့ ထိုးကြည့်ရင် မြင်ရမှာပါ။ ဒီနေရာ မှာ ပြောချင်တာ တစ်ခု ကတော့ ရွှေတို့ ငွေတို့ အစရှိသဖြင့် အခြား သတ္တု များ ပါဝင်တဲ့ ကျောက်ရိုင်းတုံး မှာလည်း လက်လက် လက်လက် တောက်နေပေမယ့် ကျောက်စိမ်း နဲ့တော့ တခြားစီပါ။ ရွှေ တို့ ငွေ တို့ မှာ လက်လက် လက်လက် က သူ့ အရောင် အလိုက် တောက်ပါတယ်။
ကျောက်စိမ်းအရိုင်းတုံးကို ယမ်းပါဝင်မှု ယမ်း ပါရှိမှု ပုံစံ ကို ကြည့်ပြီး ကျောက်စိမ်းအရိုင်းတုံး ကို အခုလို ခွဲခြားလို့ ရပါတယ်။ ယမ်းချောရင် အတွင်းက ကျောက်စိမ်းသား ချောပါမယ်။ (ဆိုလိုချင်တာ ယမ်း က မှုန်မှုန်လေး တွေ နဲ့ စုနေတာပါ။) ယမ်းကြမ်းရင် အတွင်းက အသားကြမ်းပါမယ်။ (လက်လက် လက်လက် ယမ်းတွေ ဟာ ကျဲနေတာပါ။) ယမ်းစိပ် ရင် ကျောက်သား တင်းပါမယ်၊ ကျောက်သား ကောင်းပါမယ်။ (လက်လက်လေးတွေ စုနေတာပေါ့။) ယမ်းကျဲ ရင်တော့ ကျောက်သား မကောင်း ပါဘူး။ (ဒီလိုကျောက်မျိုး ကို ဝယ်ရောင်း မလုပ်သင့်ပါဘူး။)
အဓိက ယမ်း (၃) မျိုး ရှိပါတယ်။ ယမ်းလုံး၊ ယမ်းရှည် နဲ့ ယမ်းပြား ပါ။
ယမ်းလုံး ဆိုတာ က ကျောက်ရိုင်းတုံး ရဲ့ အခွံ၊ မျက်နှာပြင်မှာ လက်လက် လက်လက်လေး တွေ က သကြားပွင့် ဆားပွင့်လေးတွေ လို ဖြစ်နေတာပါ။ အဲဒီ ကျောက်ဟာ အရည် ကောင်း ပါတယ်။
ယမ်းရှည် ဆိုတာကတော့ ကျောက်ရဲ့ မျက်နှာပြင် မှာ အပ်ချောင်းလေးတွေ လို ဟင်းချိုမှုန့် ရှည်ရှည် လေးတွေလို မြင်ရတာပါ။ အဲဒါမျိုး တွေ့ ရရင်တော့ အဲဒီကျောက် ဟာ အသား ကောင်းပါတယ်။
ယမ်းပြား ဆိုတာ ကတော့ လက်လက် လက်လက် လေးတွေ ဟာ အရမ်းကြီး အရွယ်ကြီးနေမယ်။ (ဆားပွင့်၊ သကြားပွင့် အရွယ်ထက် ပိုမယ်) ဒါဆိုရင် အရည်ရော အသားရော မကောင်းနိုင်ပါဘူး။
ယမ်းပြား မှာ ကို ၃ မျိုး ထပ်ခွဲ နိုင်ပါသေးတယ်။
(၁) ယင်ထောင်ယမ်း
(၂) မာယားယမ်း
(၃) ခွေးရိုးထိုး ဆိုပြီးတော့ပဲ ဖြစ်ပါတယ်။

ယင်ထောင်ယမ်း ဆိုတာ က လက်လက် လက်လက် တောက်နေတဲ့ ယမ်းပေါ့။ ယင်ကောင် တစ် ကောင် အရွယ်ခန့် ရှိပါတယ်။ သူပါရင် အရည်အသား မကောင်းဘူး။ ဈေးအများကြီး မပေးသင့်ပါဘူး။
မာယား ဆိုတာက ယင်ကောင် အရွယ်ထက် ပိုကြီးမယ်။ ရှောင်ရပါမယ်။
ခွေးရိုးထိုး ဆိုတာက တော့ မာယားထက် အရွယ်ပိုကြီးတယ်။ သူ့ ကို တွေ့ ရင် အဲဒီကျောက် ကို ရှောင်ရပါမယ်။
ယမ်း ဆိုတဲ့ သဘာဝ ဟာ ကျောက်စိမ်း အရိုင်းတုံး (မဖြတ်မီ) ရဲ့အခွံ မှာ မြင်ရတဲ့ အတိုင်း ကျောက် သား အတွင်းမှာ ရှိတတ်ပါတယ်။
ဒါ့ကြောင့် ယမ်းကို ကျွမ်းကျင် ပိုင်နိုင် မယ် ဆိုရင် ကျောက် ကို မခွဲ မဖြတ် မီ ပြင်ပက ကြည့်ရုံ နဲ့ အထဲ က ကျောက်သား ကောင်းမကောင်း ဖောက်ထွင်း သိမြင် နိုင်မှာ ဖြစ်ပါတယ်။
ကျောက်စိမ်းအရိုင်းတုံး ဝယ်မယ် ဆိုရင် ကျောက်စိမ်း အခွံ အကြောင်းတွေ ကိုသိဖို့ လိုအပ်ပါ သေးတယ်။
ကျောက်စိမ်း အခွံ ဟာ အဓိက အားဖြင့် ရေခွံ နဲ့ ကုန်းခွံ ဆိုပြီး (၂) မျိုး ရှိပါတယ်။
ရေခွံဆိုတာတော့ ကျောက်စိမ်းထွက်ရှိရာ ဒေသရှိ မြစ်ချောင်း အင်းအိုင် များ မှ ထွက်ရှိတဲ့ ကျောက်ရဲ့ အခွံ ပါ။ များသောအားဖြင့် ရေခွံ ပါတဲ့ ကျောက်ဟာ အသားကောင်းပါတယ်။ အရွယ်အစား အမျိုးမျိုး ရှိပါတယ်။ ပြောင်ချော နေပါတယ်။
ကုန်းခွံကတော့ တောင်တွေ၊ မြေကြီးတွေ အောက် က တူးလို့ရတဲ့ ကျောက်ရဲ့အခွံ ဖြစ်ပါတယ်။
ကုန်းခွံ မှာမှာ ၂ မျိုး ထပ်မံ ကွဲထွက် သွားပါသေးတယ်။ (၁) မြေမှန် နဲ့ (၂) ကုဋေကျောက် ဆိုပြီးတော့ ပဲ ဖြစ်ပါတယ်။
မြေမှန် အခွံမျိုးတွေကို ကျောက်စိမ်း ထွက်ရာ ဒေသရှိ ကုန်းမြေ များမှာ တူးဖော် ရရှိပါတယ်။ အခွံ အမျိုးမျိုး ရှိပါတယ်။ ကုဋေကျောက်ရဲ့ အခွံက အခွံ မဲ ဖြစ်ပါတယ်။ ချော်ကပ်နေတတ်ပါတယ်။ ချော်ကပ် တယ် ဆိုတာ ကပ်တရာစေး ကပ်နေသလို အခွံပေါ်မှာ မဲမဲပြောင်ပြောင်လေးတွေ ပါတာ ကို ချော်ကပ်တယ် လို့ ခေါ်တာပါ။ မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ မော်မောင်းကုန်း တို့ မှ အဓိက ထွက်ပါတယ်။
ရေခွံကုန်းခွံ တွေကိုမှ ပုံသဏ္ဍာန်မျိုးစုံ ရှိနိုင်ပါသေးတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။
သံချေးခွံ = သံထည် ပစ္စည်း များ သံချေး တက်နေတဲ့ ပုံသဏ္ဌာန် မျိုး ဖြစ်နေတာပါ။ ဒီလို အခွံ ရှိရင် ကျောက် က မျိုးရင့်တတ်ပါတယ်။ အခွံ ကို ဖြတ်ကြည့်ရင် အခွံ ၂ ထပ် ဖြစ်တတ် တယ်လို့ သိရပါတယ်။
သစ်တော်ခွံ (ခ) အာလူးခွံ = သစ်တော်သီး /အာလူးသီး အခွံ အရောင်ပါ။ သူလည်း မျိုးကောင်း တတ်ပါတယ်။
အင်္ဂတေခွံ = နာမည် အတိုင်း အင်္ဂတေ အရောင် ရှိပါတယ်။ ကျောက်သား ပျက်တတ်ပါတယ်။ မျိုးမကောင်းတတ်ပါ။
ဝါးဖတ်ခွံ = ဝါးဖတ် အရောင် အဆင်း နဲ့တူပါတယ်။ ကျောက်မျိုး ကောင်းတတ်ပါတယ်။
ဖွဲနုခွံ = စပါးခွံ ဖွဲ အရောင်မျိုး ဖြစ်ပါတယ်။ အခွံက နုပါတယ်။ အခွံ ကို လက်ချောင်းထိပ်လေး တွေ နဲ့ ပွတ်ကြည့် ရင် နုပါတယ်။
ဖွဲလတ်ခွံ = စပါးခွံ ဖွဲ အရောင် ပါပဲ ။ အခွံ ကို စမ်းကြည့်ရင် အခွံ က ကြမ်းပါတယ်။
ဖွဲကြမ်းခွံ = အခွံ အကြမ်းဆုံးပါ။
(ဝါးဖတ်ခွံ၊ ဖွဲနုခွံ နဲ့ ဖွဲလတ်ခွံ၊ ဖွဲကြမ်းခွံ၊ မုံထုခွံ တို့ရဲ့အရောင်တွေ ဟာ စာထဲ မှာ အရ တူညီ နိုင်တာ ကို မြင်ရမှာပါ။ ဒါပေမယ့် အပြင်မှာ တစ်ကယ်လက်တွေ့ ကျောက်ကို မျက်မြင် ကြည့်ရင် အခွံအရောင် မတူညီကြပါဘူး။ အခွံ ရဲ့ မျက်နှာပြင် ကို လက်ချောင်းလေး တွေ နဲ့ ပွတ်သပ် စမ်းကြည့်မှ ကွဲပြား သိနိုင်ပါတယ်။ ဒီ ၃ မျိုးလုံး ဟာ မျိုးရင့်ရင် ကျောက် အရည်ကောင်း အသားကောင်း ဖြစ်တတ်ပါတယ်။ မျိုးနု လျှင်တော့ အသားမရ တတ်ပါ။)
ဖယောင်းခွံ = ဖယောင်းရည် သုတ်ထားသလို ပြောင်ချောချော ဖြစ်ပါတယ်။
မုံထုခွံ = သနပ်ခါး အရောင် ရှိပါတယ်။ မျိုးကောင်းတတ်ပါတယ်။
မုံထု ခွံကြွေ= လက်နဲ့ ကိုင်ကြည့် လိုက် ရင် အခွံ အစအန လေး တွေ ပါလာမယ်။ မျိုးကောင်း တတ်ပါတယ်။
ခွံကြမ်း = ကိုင်ကြည့်ရင် အလွန်ကြမ်းတမ်းပါတယ်။
ခွံထူ = အခွံမှာ သိသိသာသာ ထူနေတတ်ပါတယ်။ အရည်အသား ကောင်းမကောင်း နဲ့တော့ မသက်ဆိုင် ပါ။
ခွံကျစ် = အခွံ မှာ ကျစ်လစ် သိပ်သည်းလွန်းတတ်ပါတယ်။ အသား ပျက်တတ်ပါတယ်။
ခွံပျက် = ကျောက်တစ်တုံးထဲ ရဲ့ တစ်နေရာ မှာ အခွံ တစ်မျိုး၊ အခြား နေရာ မှာ အခွံ တစ်မျိုး ဖြစ်တာ ကို ခွံပျက် လို့ ခေါ်ပါတယ်။ အသားပျက်တတ်ပါတယ်။
ဒါကတော့ အခွံ များရဲ့ သဘော သဘာဝ အကြောင်းပါ။ ဗဟုသုတအနေနဲ့ ပြောပြလိုတာက ရေမဆေး ကျောက် ဆိုတာ မျိုး ကို ဝယ်တော့မယ် ဆိုရင် သူ့ရဲ့အခွံလေး ကို နဲနဲပွတ်သပ်ကြည့်ပြီး မှ သေချာ လေ့လာ ဝယ်ယူရပါတယ်။
ဓာတ်ပုံများကို ကျောက်စိမ်းပေ့ဂ်ျတစ်ခုမှ ယူထားမိပါသည်။ ပေ့ဂ်ျနာမည် မေ့သွားပါ၍ သိသူများ လာရောက် ခရက်ဒစ်တောင်းပေးကြပါ။
- မှတ်စုကြမ်း ‪#‎kyawnge‬

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။