စာဖတ်ပျင်းသူ၊ စာမတတ်သူများအတွက်စာဖတ်နည်း လမ်း…..
အသိပညာပိုင်းဆိုင်ရာစာအုပ်ေ တွကဘယ်လိုအကြောင်းတွေရေးသလဲ ..။ နိုင်ငံရေး၊လူမှုရေး၊စီးပွား ရေး၊ အတွေးအခေါ်၊လူမှုပြဿနာဖြေရှင်းနည်း၊တက်ကျမ်း၊ဘာသာရေး စတာတွေပဲဖြစ်ပါတယ်။ ဒါတွေအားလုံးကို ချုပ်လိုက်ရင် လူ့အသိုင်းအဝန်းနဲ့ လူတွေဆောင်ရွက်နေတဲ့အကြောင်းတွေရေးထားတာပဲပေါ့။ ဒါဆိုရင်လူတွေ ကိုယ်တိုင်ကရော စာအုပ်တွေမဖြစ်နိုင်ဘူးလား။ သင့်ဘေးနားမှာ စာအုပ်တွေရွေ့လျားသွားလာနြေ ကတာပေါ့။ အချို့သောလူတွေက စာမျက်နှာတစ်မျက်နှာလောက်နဲ့  သူ့အကြောင်းကုန်သွားပါတယ်။ အချို့လူတွေကတော့ ကျမ်းကြီးတစ်စောင်လိုပဲခန့် ငြားလိုက်တာ။ အချို့လူတွေကတော့သူလိုကိုယ် လိုခပ်ပါးပါး၊ အချို့လူတွေကတော့ ခပ်ထူထူဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်ပျင်းတဲ့သူတွေ၊ စာမတတ်တဲ့သူတွေ စာမဖတ်ချင်ရင်လူတွေကိုဖတ်ပါ ။
ဘယ်လိုမျိုးဖတ်မှာလဲ..။ ကိုယ်ဖတ်မယ့်သူရဲ့တစ်နေ့တာလုပ်ကိုင်မှုတွေကိုစောင့်ကြည့် လိုက်ပါ။ ပထမ အကြမ်းဖျဉ်း ထိုသူဟာအောင်မြင်နေလား ကျရှုံးနေလားခွဲခြားကြည့်ပါ ။ ထိုလူဟာတစ်နေ့တာအလုပ်လုပ်ရာ မှာ လူတစ်ယောက်စာပဲလုပ်သလား၊ နှစ်ယောက်သုံးယောက်စာလုပ်သလားခွဲခြားကြည့်ပါ။ ဒီလူကိုအချိန်တန်ဖိုး ထားသလား၊ အချိန်ဖြုန်းတီးနေသလားကြည့် ပါ။ အချိန်နဲ့ပတ်သက်ရာမှာ တန်ဖိုးထားလေးစားမှုကိုသေချာ နား လည်တတ်ဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ အချိန်ခိုးနည်းအမျိုးမျိုးရှိပါတယ်။ အချိန်စောပြီးချိန်းဆိုပါတ ယ်။ အချိန် နောက်ကျပြီးလာတတ်ပါတယ်။ အချိန်နောက်ကျတတ်တဲ့သူကတော့ အချိန်ကိုမလေးစားဘူးဆိုတာေ ပ်ါလွင်ပေ မယ့် တစ်ခါတစ်ရံ အချိန်စောပြီးခိုးတဲ့သူက အချိန်လေးစားတယ်ဆိုတဲ့စကား ကိုယူသုံးချင်ပါတယ်။ ကိုယ်တစ် ယောက်တည်းအတွက်စောပြီးလာခဲ့ တာဟာကိစ္စမရှိပေမယ့် လူအများနဲ့ဆိုရင် သူများအချိန်ကိုဖြုန်းတီးတာပါပဲ။
အချိန်ကွက်တိလာတာဟာ အကောင်းဆုံးပါပဲ။ ဒီထက်ကောင်းတာက တစ်နေကုန်
မိမိရရှိတဲ့အချိန် ၂၄ နာရီ အတွင်းမှာ အကျိုးရှိတဲ့အလုပ်တွေကို
သူ့အချိန်နဲ့သူစီမံခန့်ခွဲေ နနိုင်ရင် အကောင်းဆုံးပါပဲ။ လူမြင်သူမြင်မှာလုပ် ရမယ့် အစည်းအဝေးတွေမှာ အချိန်တန်ဖိုးထားသလိုလိုလေး စားသလိုလိုလုပ်ပြီးစောစောလာ ၊ လူတိုင်းကိုကြို လာခိုင်း၊ နောက်ပြီးလူမြင်ကွင်းကွယ်ရာ ကိုယ်တစ်ယောက်တည်းနေချိန်မှာ ကွန်ပြူတာနဲ့ဂိမ်းကစား၊ အင်တာ နက်ချက်တင်သုံး၊ လူမှု ဝက်ဘ်ဆိုဒ်တွေ အလွန်အကျွံသုံး ကိုယ့်အချိန်တွေဖြုန်းနေတဲ့ ပြယုဂ်အချိန်လေးစားသူ တွေလည်းအများကြီးပါ။ ဒါကြောင့်လူတစ်ယောက်အချိန် တန်ဖိုးထားတယ်ဆိုရာမှာ လူဘယ်နှစ်ယောက်စာ အလုပ်လုပ် နေလဲဆိုတာနဲ့တိုင်းတာကြည့်လို့ရပါတယ်။
အိပ်ချိန်အိပ်၊ နားချိန်နား၊ စားချိန်စား၊ အလုပ်ချိန်လုပ် ခြင်းအတူတူမှာ
အလုပ်ပိုပြီးတဲ့သူသည် အချိန်တန်ဖိုးထားတဲ့သူပါ။ နာမယ်ကောင်းရအောင်ဟန်ရေးပြေ နပြီး အလုပ်မပြီးတဲ့သူဟာ ကိုယ့်အချိန်ကိုဖြုန်းနေသလို အချိန်ပိုဆင်းခိုင်းပြီးသူများကိုပါခိုင်းနေရင်တော့ သူများ အချိန်ကိုပါဖြုန်းတီးနေတဲ့သူလို့နားလည်ရမှာဖြစ်ပါတယ်။
နောက်ကိုယ်ကျင့်တရားကိုဖတ်ပါ။ ရိုးသားမှုကိုဖတ်ပါ။ သတ္တိကိုဖတ်ပါ။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခတရားကျင့်သုံးမှုကိုဖတ် ပါ။ ဒီလူဗဟုသုတဘယ်လောက်ရှိလဲဖတ် ပါ။ လူတွေနဲ့ဆက်ဆံရေးမှာ ကိုယ်ချင်း စာတရားလက်ကိုင်ထားသလားဖတ်ပါ ။ အမှားတွေကနေပညာရှာတတ်တဲ့လူမျိုးလားဖတ်ပါ။ စာအုပ်တွေဖတ် တာက တစ်ခါတစ်ရံမှာစာရေးဆရာရဲ့အေ ရးအသားပေါ်မူတည်ပြီး ပျင်းစရာကောင်းလာတတ်ပေမယ့် လူတွေ ကိုဖတ်ရတာကတော့ပျော်စရာကောင်းပါတယ်။ လူငယ်တွေသမီးရည်းစား ဖူးစာဖက်ရွေးတဲ့အခါမှာလည်း အခု နည်းကိုသုံးနိုင်ပါတယ်။ ဘာသာရေးသမားဆိုရင်လည်းပြယုဂ်သမားလား၊ တကယ့်လက်တွေ့ဘဝမှာကျင့်သုံး နေတဲ့လက်တွေ့သမားလားသေချာဖတ်ပါ။ ဘုရားတည်၊ ကဗျည်းထိုးလှူနေပေမယ့် ကိုယ့်ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးပြီးဝန်ထုတ်ဝန်ပိုးဖြစ်နေရင်၊ လူနဲ့လူ့အသိုင်းအဝိုင်းကိုဖျက်ဆီးနေရင်၊
ကျစ်မယ်၊ ရစ်မယ်၊ ညစ်မယ် အစရှိသဖြင့်လုပ်နေရင် လောဘဒေါသမောဟတွေ
အတောမသတ်နေရင်၊ ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘာဝတဏှာတွေကြီးထွားနေတယ်ဆိုရင် ဒီလူဟာသေချာပေါက် ပြယုဂ်ဘာသာရေးလုပ်နေတာပါ။ ဒီဘဝအ တွက်သူ့နာမယ်ကောင်းစားရေးသည် ပထမ၊ နောင်ဘဝအဆက်ဆက်မှာ အကျိုးခံစားရဖို့မျှော်လင့် တာသည် ဒုတိယပေါ့။ လူနဲ့လူ့ပတ်ဝန်းကျင်ကောင်းစားရေးကိုဦးတည်မှ တရားဓမ္မကျင့်သုံးသူဖြစ်ပါတယ်။
ဒီလူရဲ့စီးပွားရေးလုပ်ကိုင် နေမှုကိုလည်းဖတ်ဖို့မမေ့ပါနဲ့ ။ နည်းနာယူလို့ရအောင်ပါ။ ကိုယ့်အတွက်ငွေ ကြေးရှာနေစဉ်မှာတောင် ဒီလူဟာကိုယ်ကျင့်တရားကိုဘယ် လိုစောင့်သလဲ၊ လူတွေကိုဘယ်လိုဆက်ဆံသလဲ၊ လူရဲ့မျိုးဆက်တွေကိုဘယ်လိုလ က်တွဲခေါ်နေသလဲ၊ ပတ်ဝန်းကျင်ကိုသူ့အလုပ်ကဘယ် လိုအကျိုးပြုပေးနေသ လဲ၊ လောင်းကစားလုပ်သူလား၊ နိုင်ငံတော်ဘဏ္ဍာတွေကိုမှောင် ခိုလုပ်နေသူလား၊ ရာထူးတိုးဖို့ယတြာချေနေ တတ်သူလား၊ ဂါထာတွေရွတ်ဖတ်နေသူလား၊ စီးပွားရေးအတွက်နတ်ကိုးကွယ် နေသူလား၊ Long term predictions ကောင်းတဲ့သူလားအစရှိသဖြင့်န ည်းနာယူလေ့လာရမှာဖြစ်ပါတယ်။
အနှစ်ချုပ်ဖတ်ရမှာကတော့ကိုယ်ကျင့်တရားနဲ့အရည်အချင်းပြဲ ဖစ်ပါတယ်။ ဒါပေမယ့်လူငယ်တွေအနေ နဲ့ကိုယ်ကျင့်တရားဆိုတာဘာလဲ ၊ အရည်အချင်းဆိုတာဘာလဲဆိုတဲ့သ တ်မှတ်ချက်များကို ဝိုင်းဝန်းဆွေးနွေးကြ ဖို့တင်ပြချင်ပါတယ်။ ဒီနေရာမှာ လူငယ်များကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားကိုကွဲပြားဖို့လိုအပ်ပါတယ်။ ဥပမာ- ဗိုလ်ချုပ်အောင်ဆန်း….သူဟာကျင့်ဝတ်များကိုလိုက်နာနေသော ယဉ်ကျေးတဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့်ကိုယ် ကျင့်တရားအရာမှာထောက်ကွက်မရှိလောက်အောင်ပြီးပြည့်စုံပါ တယ်။ စကားလုံးတွေယဉ်ကျေးပြီးအတွေး အခေါ်မိုက်ရိုင်းမနေဖို့လိုပါတယ်။ ကွန်ဖြူးရှပ်ရဲ့အဆိုအမိန့်ေ လးကိုအလျဉ်းသင့်လို့ လူငယ်များကိုတင်ပြချင်ပါ တယ်။ ကောက်ညှင်းကိုမုန်းတယ်..ဆန် နဲ့မှားမှာစိုးလို့..၊ ခရမ်းရောင်ကိုမုန်းတယ်..ဟင်္သာပဒါးနဲ့မှားမှာစိုးလို့..၊ စကားပြောကောင်းသူကိုမုန်းတယ် သစ္စာတရားပြောသူနဲ့မှားမှာစိုးလို့၊ လူတွေကကောင်းတယ်လို့သတ်မှတ် ထားတဲ့ကျင့်ဝတ်ပြည့်စုံသူကိုမုန်းတယ်..ကိုယ်ကျင့်တရားတ ကယ်ကောင်းတဲ့သူနဲ့မှားမှာစိုးလို့….။ ဒီလိုဆိုရင် တော့ဘုရားတုတွေပေါ်မလာနိုင်ပါဘူး။
နောက်ပြီးလူငယ်များကို Knowledge Management ဆိုတဲ့အတွေးအခေါ်ကိုလည်းတင်ြ ပချင်ပါတယ်။
အရင်တုန်းကတော့ Time Management နဲ့ Man Management ဆိုတာခေတ်စားပါတယ်။
အခုကတော့ Knowledge Management ကပိုခေတ်စားလာပါတယ်။ Knowledge Management က
ဘာလဲဆိုတော့ Sharing your knowledge ပါ။ ဟိုအရင် နည်းပညာခေတ်
လူတစ်ယောက်အလုပ်မှာ သြဇာရှိဖို့နေရာရဖို့ ဆိုရင်
သူဘယ်လောက်သိသလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ ဒါကြောင့်လူတွေဟာသိဖို့ကြိုးစားကြပါတယ်။ ပြီးရင် ကိုယ်သိတဲ့ဟာကိုသူများကိုမေ ပြာပြကြပါဘူး။ ပြောလိုက်လို့သူများသိသွားရ င် ကိုယ်နေရာမရမှာကိုပူပန် ပါတယ်။ ကိုယ့်သြဇာကျသွားမှာကိုစိုး ရိမ်ပါတယ်။ ဒါကြောင့်လူတွေဟာကိုယ်သိသမျှကို မပြောပြချင်ကြပါဘူး။ ဒီလိုနဲ့ခေတ်က အိုင်တီခေတ်ကိုပြောင်းလာပါတ ယ်။ လူတွေရဲ့ကိုယ်သိတာကိုမပြောချင်တဲ့စိတ်က အလုပ်မဖြစ် တော့ပါဘူး။ နိုင်ငံတစ်ခုအတွက် ကုမ္ပဏီတစ်ခုအတွက် လူတစ်ယောက်တည်းသိတာကမလုံလော က်တော့ပါ ဘူး။ ဒါကြောင့်လူတွေကို အမြင်ပြောင်းအောင်စည်းရုံြး ကပါတယ်။ သိတာဟာသြဇာမဟုတ်တော့ဘဲ ကိုယ်သိ တာကိုသူများအသုံးချလို့ရအော င်ပြောပြပေးခြင်းသာလျင် သြဇာကြီးမားတဲ့သူဖြစ်စေတယ်ဆိုတဲ့အတွေးကို
ပြောင်းပေးလိုက်ပါတယ်။ ဒါကြောင့် Knowledge Management မှာ You should
share your knowledge ပါ။ ဒါကြောင့် စာမတတ်သူများကို (သို့)
စာဖတ်ပျင်းသူများကို ကိုယ်သိတာ Share လုပ်ပေးရင်နဲ့
သူတို့လျှောက်လှမ်းတဲ့ဘဝမှာ အသိပညာတိုးတက်သူများဖြစ်အော င် ကူညီပေးကြဖို့လူငယ်များကိုတိုက်တွန်း ချင်ပါတယ်…။
- မှတ်စုကြမ်း
#ကိုမင်းမောင်
Photo: credit
အသိပညာပိုင်းဆိုင်ရာစာအုပ်ေ
ဘယ်လိုမျိုးဖတ်မှာလဲ..။ ကိုယ်ဖတ်မယ့်သူရဲ့တစ်နေ့တာလ
နောက်ကိုယ်ကျင့်တရားကိုဖတ်ပ
ဒီလူရဲ့စီးပွားရေးလုပ်ကိုင်
အနှစ်ချုပ်ဖတ်ရမှာကတော့ကိုယ
နောက်ပြီးလူငယ်များကို Knowledge Management ဆိုတဲ့အတွေးအခေါ်ကိုလည်းတင်ြ
- မှတ်စုကြမ်း
#ကိုမင်းမောင်
Photo: credit
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။