Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, April 18, 2016

Vaginal itching မိန်းမကိုယ် ယားခြင်း

 
Vaginal itching မိန်းမကိုယ် ယားခြင်း

(ဒီစာတင်ရလို့ ကန်တော့ပါ။ မှတ်ချက်ပေးရင်လည်း စည်းကမ်းထားကြစေလိုပါတယ်။ ယဉ်ကျေးမှုမရှိရင်တော့ ဘလော့ပါမယ်။ ဆောရီး။)

• ဆရာရှင့် သမီးအသက်က ၂၃ ပါ။ အဖြူဆင်းနေတာနဲ့ ပက်သက်ပြီး မေးချင်လို့ပါ။ အဖြူဆင်းတာက ယားတယ်။ အနံ့တော့မရှိဘူး။ အဖြူရောင်ပျစ်ပျစ် တွေလိုမျိုးဆင်းတာပါ။ အရင် ၁ လလောက်က ဆေးခန်းပြတာ Danzen နဲ့ Vaginal Tablet ၆ ညထည့်ခိုင်းပါတယ်ဆရာ။ အဲအချိန်ကတော့ သက်သာသလိုလိုနဲ့ ခုပိုဆိုးလာလို့ပါဆရာ။ သမီး ဘာဆေးသုံးရပါမလဲဆရာ။
• ရာသီ၊ အိမ်ထောင်ရေး (အတွေ့အကြုံ) မသိပါ။ ဆောရီး။ မပြောလိုရင်လည်း ဘလော့မှာဖတ်နိုင်ပါတယ်။
• ရာသီ ပုံမှန် လာပါတယ် ဆရာ။အိမ်ထောင်တော့ မရှိပါဘူး။ living together တော့ရှိပါတယ်ဆရာ။ ဆရာ့ဘလော့မှာ မတွေ့လို့ပါ။ ရာသီလာပီးတဲ့ရက်ဆို အဖြူပြန်ဆင်းပါတယ်ဆရာ။

Vagina (ဗဂျိုင်းနား) ကို မြန်မာလို မွေးလမ်းကြောင်းဖြစ်ပေမဲ့ အပျိုတွေအတွက်အားနာရတယ်။ မိန်းမကိုယ်ဆိုတာကို Vulva ကိုပြောတာ ဖြစ်ပါတယ်။ ဒီရောဂါအဖြစ်မနည်းပါ။ တချို့မှာ တခါတလေသာဖြစ်ပြီး တချို့ တာရှည်ဖြစ်တယ်။ တာရှည်နဲ့ ခဏခဏဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ ရှားလွန်းပါတယ်။ အောက်ခံရောဂါ တခုခုရှိနေလို့ဖြစ်တာ များတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလဲ ဖြစ်စေနိုင်တယ်။ အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာ နဲနဲပေကျန်တာ၊ ချွေးထွက်များတာ။ အစားအသောက်ထဲမှာ ကိုယ်နဲ့ အဆင်မပြေတာ ဥပမာ ကေဖင်း၊ ခရမ်းချဉ်သီးနဲ့ မြေပဲပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။

ဗဂျိုင်းနားကနေ တခုခုဆင်းနေတာ၊ (ဗဂျိုင်းနား) ပိုးဝင်တာ၊ မိန်းမကိုယ်ရောင်တာ၊ လိင်လမ်းကြွက်နို့၊ သားအိမ် ကင်ဆာတွေနဲ့ ပတ်သက်တယ်။ ဝမ်းမလုံတဲ့ရောဂါ၊ Bowen's disease (ဘိုဝင်) ရောဂါ၊ ပိုးသေဆေး သောက်နေရရင်လဲ မွေးလမ်းမှာ မှိုပိုး ဝင်လာစေနိုင်တယ်။ ဆီးချို နဲ့ HIV ရှိနေသူတွေမှာလဲ မှိုပိုးဝင်လွယ်တယ်။ ဆီးချိုကိုယ်၌ကနေလဲ ယားတတ်တယ်။ မှို၊ သန်ကောင်၊ ဝဲ နဲ့ လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်နိုင်တယ်။ Eczema, Psoriasis, Lichen simplex, Lichen planus, Lichen sclerosus အရေပြားနာ အမျိုးမျိုးကနေ ဖြစ်နိုင်တယ်။ ကြည့်ရင် သိသာပါတယ်။ တော်တော်နဲ့ မပျောက်နိုင်ဘဲ၊ ဖြစ်တဲ့နေရာမှာ သိသာတဲ့ အရောင်၊ အထူအပါး မတူတာ၊ အနာလို ဖြစ်တာတွေ ရှိနေမယ်။ ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေး၊ (ကွန်ဒွမ်)၊ အဝတ်အထည်ဆိုးဆေး၊ ဆပ်ပြာမှုံ့၊ အဝတ်အထည် (ကွန်ဒီရှင်နာ)၊ အတွင်းခံစတဲ့ သန့်ရှင်းရေးနဲ့ အလှအပ အမွှေးအကြိုင်တွေနဲ့ ကိုယ်နဲ့ မတည့်သူတွေမှာလဲ ယားနိုင်တယ်။ သွေးဆုံးသူတွေမှာလဲ အဖြစ်မနည်းကြပါ။ ကိုယ်ဝန်ဆောင်နေချိန်၊ ကလေးနို့တိုက်ချိန်တွေမှာလဲ တချို့ မိန်းမကိုယ် ယားတယ်။ Cancer of the vulval skin ကင်ဆာကိုလဲ စာရင်းထဲထည့်ရတယ်။ အဖြစ်အလွန်နည်းပါတယ်။

၁။ Yeast infection (Candidiasis) (Monilia, Thrush) (ရိစ်) ပိုးဝင်ရင် အဖြူရောင် ပျစ်တဲ့ (ချိစ်) လို ဆင်းတယ်။ အလွန်ယားပြီး၊ မိန်းမကိုယ် နီနေမယ်။ နာမယ်။ ဆီးအောင့်မယ်။ Diflucan (Fluconazole) 150 mg တခါတည်း သောက်ပါ။ လိုအပ်ရင် ရက်ပိုပေးပါတယ်။ (သို့) Nystatin, Mycostatin စားဆေး၊ (400,000 to 600,000 units) တနေ့ ၄ ကြိမ်သောက်ပါ။ (သို့) Clotrimazole vaginal tablet မွေးလမ်းထဲ 100 mg ၆ ညထည့်ပါ။ 200 mg ၃ ညထည့်ပါ။ (သို့) Monistat cream, Mycelex, Lotrimin, Terazol, Femstat, Gentian violet, Nystatin 100,000 IU pessary, Nystatin Ointment လိမ်းဆေး၊ ထည့်ဆေးတွေကိုလည်း သုံးတယ်။

၂။ Bacterial Vaginosis ဗက်တီးရီးယားကြောင့် မွေးလမ်းကြောင်းရောင်ခြင်း ခပ်ကျဲကျဲ၊ ကြည်တဲ့ ဖြူဝါတဲ့ အနံ့ဆိုးတဲ့ အရည်ဆင်းတယ်၊ ယားမယ်၊ လိင်ဆက်ဆံ ပြီးရင် ပိုဆိုးတယ်။ နောက်ဆက်တွဲ အဖြစ် (PID) တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်တာဖြစ်နိုင်တယ်။ ကိုယ်ဝန်ရှိရင် ရေမြွှာအိတ်ရောင်တာ၊ သားအိမ်ရောင်တာ ဖြစ်စေမယ်။ ၃ ပုံ ၁ ပုံလောက်က ဆေးမလိုဘဲပျောက်နိုင်တယ်။ Metronidazole 2 Gm တခါတည်းသောက်။ တချို့က ဆေးမခံနိုင်ဘူး။ ပျို့-အန် တတ်တယ်။ အစားပျက်တယ်။ (သို့) Metronidazole 500 mg တနေ့ ၂-၃ ကြိမ်၊ ၇ ရက်၊ လိင်ဆက်ဆံဘက်ကပါ သောက်သင့်တယ်။ (ကွန်ဒွမ်) သုံးပါ။ စားဆေးနဲ့အတူ Metronidazole vaginal gel (Metrogel) မွေးလမ်းကြောင်းထဲ ထည့်ဆေး၊ (သို့) Clindamycin cream 2% မွေးလမ်းကြောင်းထဲထည့်ဆေး၊ ညအချိန်၊ ၆-၇ ရက်ထည့်ပါ။ (သို့) Clindamycin 300 mg တနေ့ ၂ ကြိမ် ၇ ရက်သောက်ပါ။

၃။ Chancroid (ရှိန်ကာရွိုက်) သားအိမ်အဝမှာအနာဆိုတာ လိင်ကတဆင့်ကူးစက်ရောဂါအနာဖြစ်တယ်။ အနာရဲ့ နုတ်ခမ်းသား မညီမညာဖြစ်မယ်။ အခြေက ခပ်မွဲမွဲ အရောင်ရှိမယ်။ ထိရင်နာမယ်။ လိင်အင်္ဂါမှာ အနာ-အကြိတ် ပေါ်မယ်။ ပေါင်ခြံကအကျိတ်တွေရောင်လာတယ်။ Azithromycin 1 gm တခါတည်းသောက်ပါ။ (သို့) Ceftriaxone, Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃ ရက် သောက်ပါ။ (သို့) Erythromycin 500 mg တနေ့ ၄ ကြိမ် ၇ ရက်သောက်ပါ။

၎။ Chlamydial infection (ကလင်ဒါမိုင်ဒီးယား) ဟာ လိင်ကတဆင့်ကူးစက်ရောဂါတွေထဲမှာ အဖြစ်အများဆုံးပါ။ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ သားအိမ်အဝမှာ အဖြစ်များတယ်။ တချို့ အဖြူဆင်းမယ်။ လိင်ဆက်ဆံပြီးချိန် သွေးနဲနဲဆင်းမယ်။ တချို့မှာ ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်း အရောင်လဲ ဖြစ်နိုင်တယ်။ အမြှုပ်လိုလဲ ရှိတတ်တယ်။ ယားမယ်။ အနံ့ဆိုးတယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။ ပိုးရှိနေပေမဲ့ လက္ခဏာမပြသူတွေ ရှိတယ်။ အသက် ၃ဝ အောက် အဖြစ်များတယ်။ အထူးသဖြင့် လိင်ဆက်ဆံဖက်များသူတွေမှာ ဖြစ်တယ်။ Azithromycin 1 Gm သောက်ပါ။ (သို့) Doxycycline 100 mg တနေ့ ၂ ကြိမ် ၇-၁၄ ရက်။ (သို့) Erythromycin 250-500-800 mg တနေ့ ၄ ကြိမ်၊ ၇-၁၄ ရက်။ (သို့) Ofloxacin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်၊ (သို့) Ofloxacin = 400 mg တခါတည်းသောက်ပါ။ (သို့) Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။

၅။ Gonorrhea ဂနိုးရီးယား ဒုတိယအများဆုံး လိင်ကတဆင့် ကူးစက်ရောဂါဖြစ်တယ်။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။ ပြည်လိုဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ်ဘေးကအင်္ဂါမှန်သမျှ ရောင်နိုင်တယ်။ ဆေးမကုရင် ယောက်ျားရော မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ်တယ်။ ဆေးယဉ်တာရှိတယ်။ Cefixime 400 mg တခါတည်းသောက်ပါ။ (သို့) Ceftriaxone 125 mg IM ထိုးပါ။ (သို့) Ciprofloxacin 500 mg သောက်ပါ။ (သို့) Ofloxacin 400 mg + Azithromycin 1 g (သို့) Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက်တွဲပါ။

၆။ မှိုပိုးဝင်တာကို Gynazle, Lotrimin, Monistat, and Terazol လိမ်းဆေး (ထည့်ဆေး) တွေ ၁-၂-၃ ရက်နဲ့ ပျောက်တယ်။ Fluconazole (Diflucan) တပြားသောက်တာနဲ့ပျောက်မယ်။ဆိုးတာဆိုရင် ထည့်ဆေးနည်း Azole ဆေး ၁၄ ရက် ထည့်ရမယ်။ Vaginal cream, ointment, tablet or suppository အနေနဲ့ လာတယ်။ Clotrimazole (Gyne-Lotrimin), miconazole (Monistat 3), and terconazole (Terazol 3) တွေဖြစ်တယ်။ တချို့ဆေးတွေက ဆေးညွှန်မှာ ၅-၆ ည ထည့်ခိုင်းတယ်။ ဆေးညွှန်အတိုင်းသုံးပါ။ - စားဆေးနည်း Fluconazole (Diflucan) စားဆေးကို ၂-၃ ရက်သောက်ဖို့ ထည့်ဆေးအစားပေးတယ်။ ကိုယ်ဝန်ရှိရင် မပေးရပါ။ ထိန်းထားဘို့လိုသူကို Fluconazole tablets စားဆေး တပါတ် ၁ ပြား၊ ၆ လကြာ။ Clotrimazole vaginal suppository ထည့်ဆေးကို တပါတ် ၁ ခါလည်းပေးနိုင်တယ်။ လိင်ကတဆင့် ကူးစက်တာဆိုရင် အဖေါ်ကိုလည်းဆေးကုသပါ။

ယားလို့ကုပ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံး မကုပ်မိအောင်ထိန်းပါ။ Antihistamine = Benzodiazepines (အင်တီ-ဟစ်တမင်း) ဆေး ညအချိန်သောက်နိုင်တယ်။ Hormones ointments သွေးဆုံးသူတွေအတွက် ပေးမယ်။ Steroid creams or lotions ရောင်ရမ်းတာ သက်သာအောင်ပေးမယ်။ (စတီရွိုက်) လိမ်းဆေး သတိထားသုံးပါ။ တချို့အခြေအနေတွေကို ပိုဆိုးစေနိုင်တယ်။ Moisturisers (Emollients) ဆေးကို (ခရင်) လိမ်းဆေးအနေနဲ့ လာတယ်။ ဘာလို့ယားတာဖြစ်ဖြစ် သက်သာစေမယ်။ ဆေးများသွားလို့လဲ ကိစ္စမရှိဘူး။

လက်အိတ်သုံးပါ။ လက်သည်း အတိုဖြတ်ပါ။ လက်သည်းနီဆိုးတာ သတိထားပါ။(ကော်တွန်) ခပ်ချောင်ချောင်ကိုသာ ဝတ်ဆင်ပါ။ အတွင်းခံကို နေ့တိုင်းလဲလှယ်ပါ။ စိုထိုင်းတာများရင် တနေ့တခါမက လဲပါ။ နေလို့ရတဲ့ နေရာ-အချိန်တွေမှာ အတွင်းခံ မဝတ်ဘဲနေပါ။ လေသလပ်ခံပါ။ ရေနဲ့နေ့တိုင်း မိန်းမကိုယ်ကို အသာအယာဆေးကြောပါ။ Feminine hygiene sprays and douches ကရိယာတွေ၊ အသုံးအဆောင်တွေ မသုံးဘဲသာဆေးပါ။ ရေကို အပေါ်ကနေလောင်းချနည်းက စည်ပိုင်းထဲ စိမ်ချိုးတာထက် ကောင်းတယ်။ ရေမခြောက်သေးခင် အတွင်းခံမဝတ်ပါနဲ့။ ခေါင်းလျှော်တာကို သီးသန့်လုပ်ပါ။ တချို့ ခေါင်းလျှော်ရည်က ကိုယ်နဲ့မသင့်တာဖြစ်နိုင်တယ်။ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့ သင့်-မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲ နေလို့ရရင် မသုံးပါနဲ့။

(ကွန်ဒွမ်) မှာ သုက်ပိုးသတ်ဆေးလဲ တွဲထားတာဆိုရင် ကိုယ်နဲ့ သင့်-မသင့် ကြည့်ပါ။ ဆီးစပ်မွှေး မရိတ်ပါနဲ့။ စိတ်ဖိအား များနေရင် လျှော့ချပါ။ သန့်ရှင်းရေးလုပ်တာမှာ (ထိုင်နေတဲ့ အနေအထားမှာ) လက်ကို ရှေ့ကနေ နောက်ဖက်ဆီသာ တလမ်းသွား လှုတ်ရှားပါ။ Yogurt (ရောဂတ်) ဒိန်ချဉ် စားပါ။ ကိုယ်အလေးချိန် များနေရင် ပိန်အောင်လုပ်ပါ။

- Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://doctortintswe.blogspot.com/2014/11/vaginal-itching.htm
- Vaginal itching မိန်းမကိုယ် ယားခြင်း http://doctortintswe.blogspot.com/2014/11/vulvovaginitis.html
- Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ခြင်း http://doctortintswe.blogspot.com/2014/11/vaginal-itching.html

Dr. တင့်ဆွေ
၁၈-၄-၂ဝ၁၆

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။