Apple company အကြောင်း သိသင့်တဲ့ အချက်များ
Apple ဟာ ကမ္ဘာ့ တန်ဖိုးအရှိဆုံး Company တစ်ခုဆိုတာ အားလုံး သိထားပြီးသားဖြစ်မှာပါ။ ပြီးခဲ့ ဧပြီလ ၁ရက်နေ့ဟာ Apple ရဲ့ နှစ် ၄၀ ပြည့် နှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ် ။ Apple ဟာ iPhone ကို ၂၀၀၇ ခုနှစ်မှာ စတင်မထုတ်လုပ်ခင်ကတည်းက သမိုင်းဝင် အကြောင်းအရာတွေအများကြီးရှိ နေတဲ့ Company တစ်ခုဖြစ်ပါတယ်။ Microsoft ပိုင်ရှင် Bill Gates နဲ့ ဘဏ္ဍာရေးအရ ပဋိပက္ခ မဖြစ်ခင် အချိန်က Apple ရဲ့ သိထားသင့်တဲ့အကြောင်းအရာ၁၇ခုကိုဖော်ပြလိုက်ပါတယ်။
၁။ Apple ကို ၁၉၇၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ April Foo’s Day မှာစတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်က ပို့စ်မောက်တွင် ဟောပြောခဲ့တဲ့ Steve Job ရဲ့ ဟောပြောပွဲမှာ Steve Job ဟာ ပန်းသီးကို တကယ် ကြိုက်နှစ်သက်တဲ့ လူတစ်ယောက်ဖြစ်တာကြောင့် Apple ဆိုတဲ့နာမည်ကိုပေးခဲ့ခြင်ြး ဖစ်ပါတယ်။
၂။ Apple ဟာ သုံးယောက်မြောက် Co Founder ရှိခဲ့ပါတယ်။ သူ့ရဲ့ နာမည်ကတော့ Ronal Wayne လို့ခေါ်ပါတယ်။ သူဟာ Apple ကို တည်ထောင်ပြီး တစ်နှစ်အကြာဖြစ်တဲ့ ၁၉၇၇ မှာ နှုတ်ထွက်ခဲ့ပါတယ်။ Apple ရဲ့ ပထမဦးဆုံး အမှတ်တံဆိပ်ကိုလည်း Wayne ကဆွဲပေးထားခဲ့ခြင်းဖြစ်ပြီး Apple အပေါ်သူ့ရဲ့ ရင်းနှီးမြှပ်နှံငွေကိုလည်း ဒေါ်လာ ၈၀၀ နဲ့ Steve Job နဲ့ Wozniak တို့ထံရောင်းချသွားခဲ့ပါတယ် ။
၃။ Apple ရဲ့ ပထမဦးဆုံး ကွန်ပျူတာဖြစ်တဲ့ Apple 1 ဟာ အသုံးပြုသူတို့ကိုယ်တိုင် တပ်ဆင် အသုံးပြုရတဲ့ ကွန်ပျူတာ တစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ ဆောင်ပုဒ်ကတော့ “do-it-yourself” ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ ဒါ့အပြင် Apple 1 Computer တစ်လုံးကို လက်လီရောင်းဈေး ၆၆၆.၆၆ ဒေါ်လာနဲ့ရောင်းချခဲ့ပါတယ်။
၎။ ၁၉၈၀ ခုနှစ်က Apple ရဲ့ ရှယ်ရာတွေရဲ့ ၁ရာခိုင်နှုန်းက၂၂ဒေါ်လာပဲရှိ ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့ဒေါ်လာ၆သိန်းခန့်ဖြစ်ေ နပါပြီ။
၅။ ၁၉၈၀ ခုနှစ်အစောပိုင်းက Steve Jobs ဟာ Apple Lisa ရဲ့ ဒီဇိုင်းရေးဆွဲမှုအပိုင်းကို ဦးဆောင် တာဝန်ယူတဲ့လူတစ်ယောက်ဖြစ်ပါ တယ်။
Steve Jobs တာဝန်ယူဆောင်ရွက်စဉ်က Apple Lisa ကို Graphical User Interface
နဲ့ အသုံးပြုသူတို့ လွယ်ကူအောင် ဖန်တီးထားပေမဲ့ နောက်ပိုင်းမှာတော့
ကုန်ကျငွေ အရမ်းများလွန်းတဲ့အတွက်ကြော င့် အသုံးမပြုတော့ပါဘူး။
၆။ Apple ရဲ့ ပထမဦးဆုံး Macintosh ကွန်ပျူတာကို ၁၉၈၄ ခုနှစ် January မှာ စတင်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ြ ပီး
အဆိုပါ ကြော်ငြာကို ရိုက်ကူးခဲ့တဲ့ Ridley Scott ဟာ Alien, Blade Runner
နဲ့ The Martian လို့ခေါ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးခဲ့ပါတယ်။
Apple ရဲ့ Macintosh ကြော်ငြာကို ထုတ်လွှင့်ပြသနေတဲ့အချိန်ဟာ
အမေရိကန်နိုင်ငံမှာ Super Bowl XVIII လို့ခေါ်တဲ့အားကစားပွဲကျင်းပ နေတဲ့အချိန်ဖြစ်ပါတယ်။
၇။ Steve Jobs နဲ့ Bill Gates တို့ရဲ့ အားပြိုင်မှုဟာ ၁၉၈၃ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး Microsoft ရဲ့ Window Operation System ဟာ Macintosh နဲ့ အပြိုင်ထွက်လာပြီးတဲ့ အချိန်ကနေ စတင်ပြီး Microsoft ဟာ Apple ရဲ့ တိုက်ရိုက်ယှဉ်ပြိုင်သူတစ်ေ ယာက်ဖြစ်သွားခဲ့ပါတယ်။
၈။ Steve Jobs ဟာ Apple ဘုတ်အဖွဲ့ရဲ့ CEO ဖြစ်သူ John Sculley ကို ထုတ်ပယ်ဖို့အတွက် ၁၉၈၅ ခုနှစ်မှာ ကြိုးစားခဲ့ပေမဲ့ Apple ဘုတ်အဖွဲ့ရဲ့ မဲပေးမှုအရ Jobs ကို တာဝန်မှ ရပ်စဲထုတ်ပယ်လိုက်ပါတယ်။ အဲ့ဒီအချိန်ကနေစပြီး Steve Job ဟာ သူ့ရဲ့ ကိုယ်ပိုင် Company တစ်ခုဖြစ်တဲ့ NeXT ကိုစတင်တည်ထောင်ခဲ့ပါတယ်။
၉။ ၁၉၈၀ ခုနှစ်နဲ့ ၁၉၉၀ ခုနှစ်အတွင်းမှာတော့ Apple ရဲ့ Mac ရောင်းချမှု နှုန်းဟာ အရမ်းနည်းသွားပြီး Apple ဟာ Apple Quick Take လို့ခေါ်တဲ့ ဒီဂျစ်တယ်ကင်မရာကိုလည်း ထုတ်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် Apple Pippin လို့ခေါ်တဲ့ Video Game တွေကိုလည်းဖန်တီးခဲ့ရုံမကပဲ အဝတ်အစားတွေကိုလည်းထုတ်လုပ် ခဲ့ပါတယ်။
၁၀။ ၁၉၉၇ ခုနှစ်မှာ Steve Jobs ဟာ Apple ကို CEO အနေနဲ့ ပြန်ရောက်လာတဲ့ နောက်ပိုင်းမှာတော့ Microsoft မှ Apple Company သို့ ရင်းနှီမြှပ်နှံငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကိုရင်းနှီးမြှပ်နှံထားတယ်ဆိုတဲ့ သတင်းကို Steve Jobs ရဲ့ ပထမဦးဆုံး Keynote ဖြစ်တဲ့ Macworld Keynote မှာထည့်သွင်းပြောကြားသွားပါ တယ်။
၁၁။ ၁၉၉၇ နှစ်မှာ Apple ရဲ့ ဘဏ္ဍာရေး အခြေအနေဟာ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပြီး Microsoft ရဲ့ အကြီးမားဆုံး လုပ်ဖော်ကိုင်ဖက်များဖြစ်တဲ့ 
Dell ရဲ့ CEO နဲ့ Dell ကို တည်ထောင်သူ Michael Dell တို့က Steve Job ရဲ့
နေရာမှာသာဆိုရင် Shareholder တွေအကုန်လုံးကို ငွေပြန်ပေးပြီး Apple
ကိုပိတ်သိမ်းလိုက်တော့မယ်လို့ပြောခဲ့ကြပါတယ်။
၁၂။ ၁၉၉၈ အစောပိုင်းမှာတော့ ဆန်ဖရန် စစ္စကိုမှာ ကျင်းပတဲ့ Macworld Expo Keynote ပွဲမှာ Soon-to-be ဆိုတဲ့ project ကို ရပ်တန့်လိုက်ပြီး နေရာတိုင်းမှာ တွေ့ရနိုင်တဲ့ “One More Thing” ဆိုတဲ့ project ကို ကြော်ငြာခဲ့ပါတယ်။ အဲ့ဒီအချိန်မှ စတင်ပြီး Steve Jobs ရဲ့ အားထုတ်မှုနဲ့အတူ Microsoft ရဲ့ ကူညီမှုတွေကြောင့် Apple ရဲ့ ဘဏ္ဍာရေးအခြေအနေဟာပြန်လည်ဦးမော့လာခဲ့ပါတယ်။
၁၃။ Apple ရဲ့ CEO ဖြစ်သူ Steve Job ဟာ Apple Campus အတွင်းမှာဝန်ထမ်းတွေရဲ့အိမ် မွေးတိရိစ္ဆာန်ခေါ်ယူခွင့်ကို ပိတ်ပင်တားမြစ်ခဲ့ပါတယ်။
၁၄။ ၁၉၉၈ ခုနှစ်မှာ Apple ဟာ “i” ဆိုတဲ့ စာလုံးကို သူတို့ရဲ့ ထုတ်ကုန်တွေရဲ့ အရှေ့မှာ ထည့်သွင်းခဲ့ပါတယ်။ အဲ့ဒီအချိန်က Mac ကိုသာ အသုံးပြုနေခြင်းဖြစ်တဲ့အတွက်ကြောင့် “iMac” အတွက် ရည်ရွယ်ပြီး နာမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။ “i” ရဲ့ အဓိပ္ပါယ် ကတော့ internet ကို ကိုယ်စားပြုခြင်းဖြစ်ပါတယ်။ iMac နဲ့ Website တွေကို အသုံးပြုကာ Internet နဲ့ချိတ်ဆက်နိုင်တယ်ဆိုပြီး လည်း
ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဆိုပါ “i” ဆိုတဲ့ အဓိပ္ပါယ်ဟာ Apple
တစ်ဦးတည်းသုံးတဲ့ အမည်ဖြစ်လာပြီး Apple မှ တီထွင်လိုက်တဲ့
အမည်အဖြစ်တည်ရှိနေပါတော့တယ် ။ နောက်ပိုင်းမှာတော့ iPhone နဲ့ iPad တို့အဖြစ် ဖြစ်ပေါ်လာပါတယ်။
၁၅။ ၂၀၁၁ ခုနှစ်အရောက်မှာတော့ Apple ရဲ့ ဘဏ္ဍာရေး အခြေအနေဟာ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ ဘဏ္ဍာရေး အခြေအနေထက် သာလွန်လာခဲ့ပါတယ်။
Ref: Business Insider
Aung Ko Htet (M.D.K)
Apple ဟာ ကမ္ဘာ့ တန်ဖိုးအရှိဆုံး Company တစ်ခုဆိုတာ အားလုံး သိထားပြီးသားဖြစ်မှာပါ။ ပြီးခဲ့ ဧပြီလ ၁ရက်နေ့ဟာ Apple ရဲ့ နှစ် ၄၀ ပြည့် နှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ်
၁။ Apple ကို ၁၉၇၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ April Foo’s Day မှာစတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်က ပို့စ်မောက်တွင် ဟောပြောခဲ့တဲ့ Steve Job ရဲ့ ဟောပြောပွဲမှာ Steve Job ဟာ ပန်းသီးကို တကယ် ကြိုက်နှစ်သက်တဲ့ လူတစ်ယောက်ဖြစ်တာကြောင့် Apple ဆိုတဲ့နာမည်ကိုပေးခဲ့ခြင်ြး
၂။ Apple ဟာ သုံးယောက်မြောက် Co Founder ရှိခဲ့ပါတယ်။ သူ့ရဲ့ နာမည်ကတော့ Ronal Wayne လို့ခေါ်ပါတယ်။ သူဟာ Apple ကို တည်ထောင်ပြီး တစ်နှစ်အကြာဖြစ်တဲ့ ၁၉၇၇ မှာ နှုတ်ထွက်ခဲ့ပါတယ်။ Apple ရဲ့ ပထမဦးဆုံး အမှတ်တံဆိပ်ကိုလည်း Wayne ကဆွဲပေးထားခဲ့ခြင်းဖြစ်ပြီး
၃။ Apple ရဲ့ ပထမဦးဆုံး ကွန်ပျူတာဖြစ်တဲ့ Apple 1 ဟာ အသုံးပြုသူတို့ကိုယ်တိုင် တပ်ဆင် အသုံးပြုရတဲ့ ကွန်ပျူတာ တစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ ဆောင်ပုဒ်ကတော့ “do-it-yourself” ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ ဒါ့အပြင် Apple 1 Computer တစ်လုံးကို လက်လီရောင်းဈေး ၆၆၆.၆၆ ဒေါ်လာနဲ့ရောင်းချခဲ့ပါတယ်။
၎။ ၁၉၈၀ ခုနှစ်က Apple ရဲ့ ရှယ်ရာတွေရဲ့ ၁ရာခိုင်နှုန်းက၂၂ဒေါ်လာပဲရှိ
၅။ ၁၉၈၀ ခုနှစ်အစောပိုင်းက Steve Jobs ဟာ Apple Lisa ရဲ့ ဒီဇိုင်းရေးဆွဲမှုအပိုင်းကို
၆။ Apple ရဲ့ ပထမဦးဆုံး Macintosh ကွန်ပျူတာကို ၁၉၈၄ ခုနှစ် January မှာ စတင်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ြ
၇။ Steve Jobs နဲ့ Bill Gates တို့ရဲ့ အားပြိုင်မှုဟာ ၁၉၈၃ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး Microsoft ရဲ့ Window Operation System ဟာ Macintosh နဲ့ အပြိုင်ထွက်လာပြီးတဲ့ အချိန်ကနေ စတင်ပြီး Microsoft ဟာ Apple ရဲ့ တိုက်ရိုက်ယှဉ်ပြိုင်သူတစ်ေ
၈။ Steve Jobs ဟာ Apple ဘုတ်အဖွဲ့ရဲ့ CEO ဖြစ်သူ John Sculley ကို ထုတ်ပယ်ဖို့အတွက် ၁၉၈၅ ခုနှစ်မှာ ကြိုးစားခဲ့ပေမဲ့ Apple ဘုတ်အဖွဲ့ရဲ့ မဲပေးမှုအရ Jobs ကို တာဝန်မှ ရပ်စဲထုတ်ပယ်လိုက်ပါတယ်။ အဲ့ဒီအချိန်ကနေစပြီး Steve Job ဟာ သူ့ရဲ့ ကိုယ်ပိုင် Company တစ်ခုဖြစ်တဲ့ NeXT ကိုစတင်တည်ထောင်ခဲ့ပါတယ်။
၉။ ၁၉၈၀ ခုနှစ်နဲ့ ၁၉၉၀ ခုနှစ်အတွင်းမှာတော့ Apple ရဲ့ Mac ရောင်းချမှု နှုန်းဟာ အရမ်းနည်းသွားပြီး Apple ဟာ Apple Quick Take လို့ခေါ်တဲ့ ဒီဂျစ်တယ်ကင်မရာကိုလည်း ထုတ်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် Apple Pippin လို့ခေါ်တဲ့ Video Game တွေကိုလည်းဖန်တီးခဲ့ရုံမကပဲ
၁၀။ ၁၉၉၇ ခုနှစ်မှာ Steve Jobs ဟာ Apple ကို CEO အနေနဲ့ ပြန်ရောက်လာတဲ့ နောက်ပိုင်းမှာတော့ Microsoft မှ Apple Company သို့ ရင်းနှီမြှပ်နှံငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကိုရင်းနှီးမြှပ်နှံထားတယ်ဆ
၁၁။ ၁၉၉၇ နှစ်မှာ Apple ရဲ့ ဘဏ္ဍာရေး အခြေအနေဟာ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပြီး Microsoft ရဲ့ အကြီးမားဆုံး လုပ်ဖော်ကိုင်ဖက်များဖြစ်တဲ
၁၂။ ၁၉၉၈ အစောပိုင်းမှာတော့ ဆန်ဖရန် စစ္စကိုမှာ ကျင်းပတဲ့ Macworld Expo Keynote ပွဲမှာ Soon-to-be ဆိုတဲ့ project ကို ရပ်တန့်လိုက်ပြီး နေရာတိုင်းမှာ တွေ့ရနိုင်တဲ့ “One More Thing” ဆိုတဲ့ project ကို ကြော်ငြာခဲ့ပါတယ်။ အဲ့ဒီအချိန်မှ စတင်ပြီး Steve Jobs ရဲ့ အားထုတ်မှုနဲ့အတူ Microsoft ရဲ့ ကူညီမှုတွေကြောင့် Apple ရဲ့ ဘဏ္ဍာရေးအခြေအနေဟာပြန်လည်ဦးမေ
၁၃။ Apple ရဲ့ CEO ဖြစ်သူ Steve Job ဟာ Apple Campus အတွင်းမှာဝန်ထမ်းတွေရဲ့အိမ်
၁၄။ ၁၉၉၈ ခုနှစ်မှာ Apple ဟာ “i” ဆိုတဲ့ စာလုံးကို သူတို့ရဲ့ ထုတ်ကုန်တွေရဲ့ အရှေ့မှာ ထည့်သွင်းခဲ့ပါတယ်။ အဲ့ဒီအချိန်က Mac ကိုသာ အသုံးပြုနေခြင်းဖြစ်တဲ့အတွက
၁၅။ ၂၀၁၁ ခုနှစ်အရောက်မှာတော့ Apple ရဲ့ ဘဏ္ဍာရေး အခြေအနေဟာ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ ဘဏ္ဍာရေး အခြေအနေထက် သာလွန်လာခဲ့ပါတယ်။
Ref: Business Insider
Aung Ko Htet (M.D.K)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။