Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, April 11, 2016

Three word expressions

Three word expressions
……………………………….
သုံးလုံးတွဲ စကားလုံးလေးတွေကလည်း ကျနော်တို့ တွေ့နေမြင်နေကျ စကားလုံး လွယ်လွယ်လေးတွေနဲ့ ပေါင်းစပ်ထားကြတာပါ ၊ ဒါပေမယ့် အဓိပ္ပါယ် တွေကတော့ ကျယ်ဝန်းလာပါတယ် ၊ သုံးရတာလည်း အခက်ကြီးတွေတော့ မဟုတ်ပါဘူး ၊ ဘာသာရပ်ဆိုင်ရာ ဆရာတွေကတော့ ဒီစကားလုံးလေးတွေဟာ ပေးတဲ့ အဓိပ္ပါယ်ရဲ့ သဘာဝကို ပိုပြီး ပေါ်လွင်စေတယ်လို့ ပြောကြပါတယ် ..
.
black and white = အဖြူအမဲ သဲကွဲစွာ ၊ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား ၊ တိတိကျကျ
"He told her in black and white that she couldn't leave the house while he was out."
သူက ၊ သူမရှိတဲ့အခိုက်မှာ အိမ်ကို ပစ်ပြီး အပြင်ကိုထွက်မသွားဖို့ သူမကို ပြတ်ပြတ်သားသား ပြောတယ် ။
.
1) dos and don'ts = ဆောင်ရန်ရှောင်ရန် စည်းကမ်းချက်တွေ
"There are various do's and don'ts about driving in Korea"
ကိုရီးယားမှာ ကားမောင်းဖို့ရာ ဆောင်ရန်ရှောင်ရန် စည်းကမ်းချက်တွေ အမျိုးမျိုး ရှိတယ် ။
.
2) haves and have nots = ပိုက်ဆံရှိတဲ့သူတွေနဲ့ မရှိတဲ့သူတွေ
"In Myanmar you can find the haves and have nots of the population."
မြန်မာမှာ ပိုက်ဆံရှိတဲ့သူတွေနဲ့ မရှိတဲ့သူတွေကို တွေ့နိုင်တယ် ။
.
3) ins and outs = အသေးစိတ် အချက်အလက်များ
"I don't know the ins and outs of the situation, so I can't really advise you."
အဖြစ်အပျက်ရဲ့ အသေးစိတ်အချက်အလက်တွေကို ကျနော်မသိပါဘူး ၊ ဒါကြောင့် ကျနော် အကြံမပေးနိုင်ပါဘူး ။
.
4) odds and ends = အမျိုးမျိုးသော အတိုအစလေးတွေ
"She made a dish with the odds and ends she found in the fridge."
သူက ရေခဲ သေတ္တာထဲမှာ တွေ့တဲ့ အတိုအစလေးတွေ နဲ့ ဟင်းလျာတစ်ခွက် လုပ်လိုက်တယ် ။
.
5) P's and Q's = ယဉ်ကျေးဖွယ်ရာ အပြုအမူလေးတွေ ၊ အပြောအဆိုလေးတွေ
"Mind your P's and Q's when you visit them!"
မင်းသူတို့ဆီကို အလည်သွားတဲ့ အခါ ယဉ်ကျေးဖွယ်ရာ အပြုအမူလေးတွေကို ဂရုစိုက်ပါ (သတိထားပါ ) ။
.
6) pros and cons = ကောင်းချက်နဲ့ ဆိုးကွက်တွေ ၊ အကျိုးနဲ့ အပြစ်
"There are a few pros and cons that we should consider before buying a new car"
ကောင်းကွက်နဲ့ ဆိုးကွက်တွေ နဲနဲစီ ရှိတဲ့အတွက်ကြောင့် ကားသစ်တစ်စီး မ၀ယ်ခင်မှာ ကျနော်တို့ စဉ်းစားသင့်တယ် ။
.
7) rights and wrongs = အမှားတွေ အမှန်တွေ ၊
"Regardless of the rights and wrongs of company policy, you need to give a month's notice."
ကုမ္ပဏီရဲ့ ပေါ်လစီ ( မူဝါဒ ) အမှန်တွေ အမှားတွေ ထည့်တွက်မနေပဲနဲ့ တစ်လကြိုတင်ပြီး သတိပေးချက်ထုတ်ဖို့လိုအပ်တယ် ။
.
8) tried and tested = ကောင်းကောင်း စမ်းထားကြည့်ပြီးတဲ့ ၊ စိတ်ချရတဲ့
ဆားကို သုံးခြင်းဟာ ကော်ဇောမှာစွန်းနေတဲ့ ၀ိုင်အနီတွေကို ချွတ်တဲ့ ကောင်းကောင်း စမ်းသပ်ထားပြီးသား နည်းလမ်းတစ်ခုပါ ။
"Using salt is a tried and tested way of getting red wine out of a carpet."
.
9) ups and downs = အတက်အကျတွေ ၊ ဘ၀မှာ ကောင်းတဲ့အချိန်တွေနဲ့ ဆိုးတဲ့အချိန်တွေ
"They have a lot of ups and downs in their relationship."
သူတို့ရဲ့ ဆက်ဆံရေးမှာ အတက်အကျတွေ အများကြီး ရှိခဲ့တယ် ။
Life is full of ups and downs.
ဘ၀ဆိုတာ အတက်တွေ အကျတွေနဲ့ ပြည့်နေတယ် ။
.
10) come and go = နေရာတစ်ခုကို လွပ်လွပ်လပ်လပ် သွားဖို့လာဖို့ ခွင့်ပြုတယ်
"Feel free to come and go as you please!"
ခင်ဗျား စိတ်ကျေနပ်သလို လွပ်လွပ် လပ်လပ် လာချင်လာ ၊ သွားချင်သွား လုပ်ပါ (လုပ်နိုင်ပါတယ်) ။
.
11) cat and mouse = တစ်စုံတစ်ခုကို ကြောင်နဲ့ကြွက် ကစားသလို ကစားတယ် ၊ ထင်သလိုခြယ်လှယ်လုပ်ကိုင်နေတယ် ၊
play (a) cat and mouse ( game ), play a cat and mouse စသည်ဖြင့်လည်း သုံးပါတယ်
"Our football team can play a cat and mouse game with the Korean team"
ကျနော်တို့ ဘောလုံးအသင်းက ကိုရီးယားအသင်းကို ကောင်းကောင်း ခြယ်လှယ် ကစားနိုင်တယ် ( ပညာပြ ကစားနိုင်တယ် )
She is playing a cat and mouth with me .
သူမက ကျနော့်ကို ကြောင်က ကြွက်ကို ကစားသလို လုပ်နေတယ် ။
.
12) by and large = ယေဘူယျအားဖြင့်
"By and large, our customers prefer good service to low prices."
ယေဘူယျအားဖြင့်တော့ ကျနော်တို့ ဖေါက်သည်တွေက ဈေးနှုန်းနိမ့်တာထက် ၀န်ဆောင်မှု ပိုကောင်းတာကို နှစ်ခြိုက် ကြတယ် ။
.
13) flesh and blood = အသွေးအသား ၊ မိသားစုဝင် ၊ ဆွေမျိုးရင်းချာ
own flesh and blood လည်းသုံးပါတယ်
"I have to help him if I can – he's my flesh and blood."
ကျနော်ကူညီနိင်လျင် သူ့ကို ကူညီရမယ် ၊ သူက ကျနော့်ရဲ့ ဆွေမျိုးရင်းချာလေ ။
I couldn't send him away - he's my own flesh and blood.
ကျနော်သူ့ကို အဝေး မပို့နိုင်ဘူး ၊ သူက ကျနော်ရဲ့ သွေးသားရင်းချာပါ ။
.
14) down and out = ပိုက်ဆံမရှိလို့ လမ်းပေါ်မှာပဲ နေရသူ
"There are too many young down and outs in Yangon."
ပိုက်ဆံမရှိလို့ လမ်းပေါ်မှာပဲ နေကြရတဲ့ လူငယ်လေးတွေ ရန်ကုန်မှာ အများကြီးပဲ ။
.
15) Dead and buried = သေဆုံးမြှုပ်နှံလိုက်ပြီ ၊ ပြီးဆုံးသွားလို့ ပြန်မပေါ်လာနိုင်တော့တဲ့ အရာ
My dreams are all dead and buried .
ကျနော့် အိပ်မက်တွေ အားလုံး ပြီးဆုံးပျောက်ကွယ်သွားပါပြီ ။
.
16) Spick and span = သိပ်ကို သန့်ရှင်းသပ်ရပ်တယ်
"Her house is spick and span at all times."
သူ့ရဲ့ အိမ်က အချိန်တိုင်းပဲ သန့်ရှင်းသပ်ရပ်နေတယ် ။
.
17) To and fro = အသွားအပြန် ၊ သွားလိုက်ပြန်လိုက်
( To and from လည်းသုံးနိုင်သလို ၊ back and forth လည်းသုံးနိုင်ပါတယ် )
"I'm exhausted – I've been going to and fro all week!"
တစ်ပတ်လုံးသွားလိုက်ပြန်လိုက် လုပ်နေရလို့ ကျနော်မောရတယ် ။
Taungyi Airways fly to and from Korea.
တောင်ကြီးလေကြောင်းလိုင်းက ကိုရီးယားနဲ့ အသွားအပြန် ရှိတယ် (ပျံသန်းတယ်) ။
You can go back and forth as much as you please.
မင်းစိတ်တိုင်းကျ သွားလိုက်ပြန်လိုက် ကြိုက်သလောက် လုပ်နိုင်တယ် ။
.
18) Around and about = ဟိုနား ဒီနား ( ဘယ်နေရာဆိုတာ တိတိကျကျ မပြောလိုတဲ့အခါ )
"Where have you been – I've been worried!"
မင်းဘယ်နေရာရောက်နေတာလဲ ၊ ဒီမှာ စိတ်ပူနေတယ်
"Oh, around and about, you know."
အိုး! သိတယ်မဟုတ်လား ၊ ဟိုနားဒီနားလေးပါ ။
.
19) Hide and seek = တူတူပုန်းတမ်းကစားတာ ၊ ပစ္စည်းဖွက်တမ်းကစားတာ
"Let’s play hide and seek with the TV remote control! "
TV remote ကို ဖွက်တမ်းရှာတမ်း ကစားရအောင် !
If you wanna play hide and seek with love, let me remind you.
မင်းက အချစ်နဲ့ တူတူပုန်တမ်းကစားချင်တယ် ဆိုရင် ငါမင်းကိုသတိပေးပါရစေ ..
.
20) Wine and dine = ညစာ ၊ ၀ိုင်အရက်စတဲ့ တန်ဘိုးကြီး အစားအသောက်တွေနဲ့ ဧည့်ခံကျွေးမွေးတာ ( ၀ိုင်မပါလည်း သုံးတာပါပဲ )
"He's well-known for wining and dining his business partners."
သူက စီပွားရေးမိတ်ဆွေတွေကို ကျွေးမွေးဧည့်ခံတတ်တာမှာ လူသိများတယ် ။
.
21) Bread and butter = ပင်မအလုပ် ၊ အသက်မွေးဝမ်းကျောင်းအလုပ် ၊ ထမင်းရှင် ၊
Teaching at the college is his bread and butter.
ကောလိပ်မှာ စာသင်ပေးတာက သူ့ရဲ့ ပင်မ အလုပ်ပါ ။
Our customers are our bread and butter, so treat them with respect.
ကျနော်တို့ ဖေါက်သည်တွေက ကျနော်တို့ရဲ့ ထမင်းရှင်တွေပါ ၊ ဒါကြောင့် သူတို့ကို လေးလေးစားစား ဆက်ဆံပါ ။
.
22) trial and error = တစ်ခုခု ပြီးမြောက်အောင်မြင်မှုအတွက် စမ်းသပ်လုပ်ဆောင်မှုတွေကို ထပ်ခါထပ်ခါ အမှားခံပြီး ၊ အမှားတွေကနေ အဖြေရှာပြီး လုပ်ဆောင်တာ
I finally found the right key for Windows Vista after lots of trial and error.
အမှားခံပြီး စမ်းသပ်လုပ်ဆောင်မှုတွေ အများကြီးလုပ်ပြီးတဲ့အခါ နောက်ဆုံးမှာ Windows Vista အတွက် key နံပါတ် အမှန်ကို တွေ့ခဲ့တယ် ။
Sometimes trial and error is the only way to get something done.
တခါတလေမှာတော့ မှားလည်းမှားပါစေဆိုပြီး စမ်းသပ်လုပ်ဆောင်မှုဟာ တစ်ခုခုကို ပြီးစီးဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပါပဲ ။
.
23) Up and running = တက်တက်ကြွကြွ ကောင်းကောင်းမွန်မွန်နဲ့ လုပ်ဆောင်နေတာ ၊ သက်ဝင်လှုပ်ရှားတာ
"The new company is now up and running."
ကုမ္ပဏီ အသစ်က အခု တက်တက်ကြွကြွနဲ့ လုပ်ဆောင်နေတယ်
It took several years to get the law practice up and running.
ဥပဒေနဲ့ကျင့်သားရပြီး သက်ဝင်လှုပ်ရှားလာဖို့ နှစ်တော်တော်ကြာခဲ့ပါတယ် ။
..
24) Done and dusted = အောင်မြင်စွာလုပ်ဆောင်ပြီးဆုံးသွားတာ
We expect the deal to be done and dusted before the end of next week.
နောက်တစ်ပတ် မကုန်ဆုံးခင်မှာ ဆွေးနွေးညှိနှိုင်းမှု အောင်မြင်စွာပြီးဆုံးသွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ် ။
...............
မေတ္တာဖြင့်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။