ခဲတံလေး၏ အတ္ထုပတ္တိ
--------------------
ခဲတံဘူးထဲ ထည့်မပိတ်ခင် ခဲတံပြုလုပ်သူ အဘိုးအို ဟာ အသစ် စက်စက် ခဲတံလေးကို စေ့စေ့ကြည့်ပြီး ပြောတယ်။
"ငါ့မြေး ခဲတံလေးရေ... အချိန်တန်ပြီဆိုတော့လဲ အဘိုးနဲ့ မင်းနဲ့ ခွဲကြရပြီပေါ့။ ငါ့မြေး လောကကြီးထဲကို ရောက်ရင် ဒီ အချက် (၅) ချက်ကို သေချာ လိုက်နာပါ။ မမေ့မလျော့ ကျင့်သုံးပါ။ ဒါမှ လောကမှာ အကောင်းဆုံး ခဲတံ တစ်ချောင်းအဖြစ် မားမားမတ်မတ် ရပ်တည်နိုင်မယ်ကွယ့်။
နံပါတ် (၁) - ငါ့မြေး... လောကမှာ အများအကျိုးသယ်ပိုးနိုင်လိမ့်မယ်။ သို့သော် သူတစ်ပါးလက် ကို တော့ မှီရ လိမ့်မယ်ကွယ့်။
နံပါတ် (၂) - ငါ့မြေး... တုံးလာတဲ့ အခါ လူတွေက ငါ့မြေးကို ချွန်စက်နဲ့ ချွန်ကြလိမ့်မယ်။ ဒီအခါ မခံမရပ်နိုင်အောင် နာကျင်ကောင်း နာကျင် လိမ့်မယ်။ သို့သော် ဒါတွေက လွန်မြောက်ပြီးရင် ငါ့မြေးရဲ့ အရည်အသွေး တွေ ထက်မြက်လာပါလိမ့်မယ်ကွယ်။
နံပါတ် (၃) - ငါ့မြေး... မှားတဲ့ကိစ္စတိုင်း ငါ့မြေးပြန်ပြင်ခွင့် ရှိတယ်ကွယ့်။ အဲ့ဒါလေးကိုလဲ မှတ်ထား ရမယ်။
နံပါတ် (၄) - နောက်တစ်ခု သေချာ မှတ်ထားရမှာက အပြင်ဘက်မှာ ဘယ်လောက်ပဲ ညစ်ပတ်နေပါစေ၊ ငါ့မြေး... ဘဝရဲ့ အရေးအကြီးဆုံး အနှစ်သာရက အတွင်းမှာကွယ့်။
နံပါတ် (၅) - လျှောက်မယ့် မျက်နှာပြင်တိုင်းကို ငါ့မြေး ပေါ့ပေါ့လေး မဖြတ်သန်းပါနဲ့။ လေးလေးပင်ပင် ကျော်ဖြတ်ပါ။ ခဲရာတွေ အနက်ဆုံး ထင်ကျန်နေခဲ့ပါစေ။ ဘာပဲ ဖြစ်နေ ဖြစ်နေ ငါ့မြေး... ခဲသား ကုန်တဲ့ အထိ ရေးခြစ်ခံရမယ်ကွယ့်။"
အဘိုးအိုရဲ့စကားအဆုံးမှာတော့ 
ခဲတံလေးဟာ သူလိုက်နာ ပါမယ့် အကြောင်း ကတိပေးပြီးတော့ ခဲတံဘူးလေးထဲ
ဝင်သွားတယ်။ အဘိုးအို လဲ ဒီတော့မှ ခဲတံဘူးကို လုံအောင်ပိတ်လို့ ကုန်တင်
သင်္ဘော ပေါ်ကို တင်ပေးလိုက်တယ်။ ခဲတံလေးဟာ နောက်ဆုံး ဗြိတိန်နိုင်ငံက
ကောင်လေး တစ်ယောက် အိမ်ကို ရောက်သွားခဲ့တယ်။
စာရေးစားပွဲခုံလေးပေါ်က ခွက်လေးထဲမှာ အရောင် တလက်လက် ထနေတဲ့ ဖောင်တိန်တွေနဲ့ အတူ ကောင်လေးက ရောထား လိုက် တယ်။ ဖောင်တိန်လေးတွေက တစ်နေ့တစ်နေ့ သူ့ကိုပဲ ကြည့်ပြီးတော့ လှောင်တာပေါ့။
"ကြည့်စမ်းပါဦးကွာ... ဟား ဟား! ဖင်က တို့သခင် ကိုက်လို့ စုတ်ပြတ်သတ်နေပြီ။ ငါတို့လောက်တောင် မလှဘူး။ အဲ့ဒီခဲတံကြီး ဘာလို့များ တို့သခင် လာထားထား ပါလိမ့်။ ငါတို့လောက်တောင် မစွမ်းနိုင် တဲ့ကောင်... လာကထဲက အကျိုးလေး လာရမှာ! ဟား ဟား!"
ခဲတံလေး ဒီလို စကားကြားတိုင်း သူ့ကို မွေးထုတ်ပေးခဲ့တဲ့ အဘိုးအိုကို အရမ်းသတိရလေ့ရှိတယ်။ အရမ်းလဲ အားငယ်မိတယ်။ ဖောင်တိန် လေး တွေ စကားက မှန်နေတာကိုး။ သူရေးတဲ့စာတိုင်းက ဖောင်တိန် တွေ ရဲ့ မင်လို မတောက်ပြောင် မစိုပြေဘူး။ မည်းနက် နေတယ် မဟုတ်လား။
ဒီလိုနဲ့ နှစ်ကာလကြာလာလေလေ... ခဲတံလေးက အချွန်ခံရလိုက် တိုလာလိုက်နဲ့ ရုန်းကန်နေရချိန်မှာ ဖောင်တိန်တွေကတော့ အသစ် အတိုင်းပဲ။ မှင် ကုန်ရင် ဖြည့်ပေးတဲ့ အပြင် သူတို့ သခင်ရဲ့ တိုက်ချွတ် ဆေးကျောမှုကြောင့် အမြဲတစေ ပြောင်လက် နေလေ့ ရှိသေးတယ်။
တစ်နေ့မှာတော့ ဒုတိယကမ္ဘာစစ်မီးက ဗြိတိန်နိုင်ငံကို စတင်ကူးစက် လာတယ်။ ကောင်လေးကလဲ ခုချိန်မှာ အရွယ်ရောက် လူငယ် ဖြစ်လို့ စစ်ထဲပါသွား ခဲ့တယ်။ ဒီလိုနဲ့ပဲ ခဲတံလေးရယ် ဖောင်တိန် တွေ ရယ်ဟာ စားပွဲပေါ်မှာ ဖုန်အလိန်းလိန်းနဲ့ သူတို့သခင်ရဲ့ ခြောက် ကပ်ကပ် အခန်းကျဉ်းလေးထဲမှာ လကနေ နှစ်တိုင်အောင် ဖြတ်သန်း လာကြတယ်။
တစ်နှစ်ကျော်လာတဲ့ ကာလတစ်ခုမှာ သူတို့သခင် ပြန်ရောက် လာ တယ်။ လူငယ်ဟာ စစ်တိုက်ရတဲ့ ဒဏ်ကြောင့် တောင့်တင်း ကျစ်လစ် နေပြီးတော့ ခုချိန်မှာ ဗုံးကြဲလေယာဉ်မောင်းတဲ့ လေသူရဲ တစ်ယောက် ဖြစ်လို့ နေပြီပေါ့။ လူငယ်ပြန်လာတဲ့ ရည်ရွယ်ချက်က နောက်တစ်နေ့ မှာ ရန်သူ့ နယ်မြေ ထဲ ဗုံးသွားကျဲဖို့ တာဝန်ကျတယ်။ ဒီတော့ လိုအပ်တဲ့ ပစ္စည်း လေးတွေလာယူရင်းနဲ့ အကယ်၍ ရန်သူ့ နယ်မြေမှာ သူ တစ်ခုခု ဖြစ်ခဲ့ရင် မိဘတွေကို မနှုတ်ဆက်လိုက် ရမှာစိုးတဲ့ စိတ်နဲ့ ပြန်လာခြင်း ဖြစ်ပါတယ်။
အိမ်ရောက်တဲ့အခါ လုငယ်ဟာ သူ့ စာကြည့်ခန်းထဲကို ဝင်ပြီးတော့ ဗုံးကျဲနေရာ မှတ်သားဖို့အတွက် လိုအပ်မယ့် စာအုပ်တွေ စာရေး ကိရိယာတွေ ဝင်ယူခဲ့တယ်။ ဖောင်တိန်တွေကို ယူသွားမယ်လို့ တွေးပြီးတော့ လူငယ် စမ်းသပ် ရေးခြစ်ကြည့်တဲ့ အခါမှာတော့ တစ်ချောင်းမှ ရေးလို့ မရတော့ဘူး။ အချိန်ကြာလာတဲ့ အပြင် ဆေးကျောခြင်းလဲ မရှိတဲ့အခါ ပျက်စီးရပြီပေါ့။
အဲဒီအချိန်မှာပဲ လူငယ်ရဲ့ အဖေဟာ ခဲတံလေးကို ဆွဲထုတ်လိုက် ပြီးတော့ ပြောတယ်။
"ငါ့သား... မင်း လေသူရဲသင်တန်းတွေ မဆင်းရဘူးလား။ လေထု ထဲမှာ ပျံသန်းရင် ဖောင်တိန် ဆိုတာ မျိုးက လေဖိအား ရုတ်တရက် ပြောင်းလဲမှုမှာ ဖိတ်ကျတတ်တယ် မဟုတ်လား။ ဒီဖောင်တိန်တွေ ကောင်း နေဦးတော့။ အဖေ့ အနေနဲ့ မင်းကို မသေချာတဲ့ ဖောင်တိန် တစ်ချောင်းနဲ့ အရေးကြီး အလုပ် ကို မလုပ်စေချင်ဘူး။ ရော့... ခဲတံလေးကို သုံးပါ။ သားရဲ့ ဗုံးကျဲလေယာဉ် ကြိုက်တဲ့ အမြင့်ကို တဟုန်ထိုး ပျံတက် သွားဦးတော့။ ခဲတံလေးက သားအတွက် အပြုံးမပျက် အလုပ် ဆက်လုပ်နိုင်မှာပါ။"
ဒီလိုနဲ့ ခဲတံလေးဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက ရွပ်ရွပ်ချွံချွံတိုက်ခိုက်
ခဲ့တဲ့ လေသူရဲနဲ့အတူ ဝေဟင် ကို ပျံတက်ဖူးခဲ့တယ်။ အထက်က ညွှန် ကြားတဲ့
တိကျတဲ့ အမိန့်တွေကိုလဲ ခဲတံလေးရဲ့ ခဲချက်တွေနဲ့ အပြည့် ရေးမှတ်ခဲ့တယ်။
ရန်သူ့နယ်နိမိတ်တွေကို သူ့နှလုံးသားနဲ့ မှတ်တမ်း တင်နိုင် ခဲ့တယ်။ စစ်ကြီး
ပြီးတဲ့အချိန်အထိကို ခဲတံလေးဟာ လေသူရဲ နဲ့ အတူ တိုင်းပြည် တာဝန်ကို
ကျေပွန်စွာ ထမ်းဆောင် နိုင် ခဲ့ပါတယ်။
ဒီကနေ့ အိမ်ပြန်ရောက်ပြီ။ သူ့သခင်နဲ့ အတူ အိမ်တံခါးကို ဖွင့်ဝင်လိုက် ချိန်မှာ ရင်းနှီးနွေးထွေးတဲ့ အိမ်ရနံ့ကို နမ်းရှိုက်ခွင့် ရလိုက် တယ်။ စားပွဲပေါ်က သူ့ နေရာဟောင်းလေးထဲမှာ သူ့သခင်ရဲ့ မိဘတွေ အသင့် ဆေးကျောထားတဲ့ ဖောင်တိန်လေးတွေ ရှိနေဆဲ။ တစ်ခုပဲ ပြောင်းလဲ သွားခဲ့တယ်။ ဖောင်တိန် လေးတွေရဲ့ နှိမ့်ချလိုမှု ဟာ ပျောက်ကွယ် သွားခဲ့ပြီ။ ယခင်သူတို့ အပြုအမူကို ရှက်တဲ့စိတ် အချို့နဲ့ အတူ ခဲတံလေးကို သူရဲကောင်း တစ်ဦး အလား လေးစားတဲ့ စိတ် နဲ့ အရေးပေးတဲ့ စိတ် တို့သာ ဖောင်တိန် လေးတွေဆီမှာ အထင်အရှား အစားထိုး လို့နေခဲ့ပါတယ်။
- မှတ်စုကြမ်း #kyawnge
--------------------
ခဲတံဘူးထဲ ထည့်မပိတ်ခင် ခဲတံပြုလုပ်သူ အဘိုးအို ဟာ အသစ် စက်စက် ခဲတံလေးကို စေ့စေ့ကြည့်ပြီး ပြောတယ်။
"ငါ့မြေး ခဲတံလေးရေ... အချိန်တန်ပြီဆိုတော့လဲ အဘိုးနဲ့ မင်းနဲ့ ခွဲကြရပြီပေါ့။ ငါ့မြေး လောကကြီးထဲကို ရောက်ရင် ဒီ အချက် (၅) ချက်ကို သေချာ လိုက်နာပါ။ မမေ့မလျော့ ကျင့်သုံးပါ။ ဒါမှ လောကမှာ အကောင်းဆုံး ခဲတံ တစ်ချောင်းအဖြစ် မားမားမတ်မတ် ရပ်တည်နိုင်မယ်ကွယ့်။
နံပါတ် (၁) - ငါ့မြေး... လောကမှာ အများအကျိုးသယ်ပိုးနိုင်လိမ
နံပါတ် (၂) - ငါ့မြေး... တုံးလာတဲ့ အခါ လူတွေက ငါ့မြေးကို ချွန်စက်နဲ့ ချွန်ကြလိမ့်မယ်။ ဒီအခါ မခံမရပ်နိုင်အောင် နာကျင်ကောင်း နာကျင် လိမ့်မယ်။ သို့သော် ဒါတွေက လွန်မြောက်ပြီးရင် ငါ့မြေးရဲ့ အရည်အသွေး တွေ ထက်မြက်လာပါလိမ့်မယ်ကွယ်။
နံပါတ် (၃) - ငါ့မြေး... မှားတဲ့ကိစ္စတိုင်း ငါ့မြေးပြန်ပြင်ခွင့် ရှိတယ်ကွယ့်။ အဲ့ဒါလေးကိုလဲ မှတ်ထား ရမယ်။
နံပါတ် (၄) - နောက်တစ်ခု သေချာ မှတ်ထားရမှာက အပြင်ဘက်မှာ ဘယ်လောက်ပဲ ညစ်ပတ်နေပါစေ၊ ငါ့မြေး... ဘဝရဲ့ အရေးအကြီးဆုံး အနှစ်သာရက အတွင်းမှာကွယ့်။
နံပါတ် (၅) - လျှောက်မယ့် မျက်နှာပြင်တိုင်းကို ငါ့မြေး ပေါ့ပေါ့လေး မဖြတ်သန်းပါနဲ့။ လေးလေးပင်ပင် ကျော်ဖြတ်ပါ။ ခဲရာတွေ အနက်ဆုံး ထင်ကျန်နေခဲ့ပါစေ။ ဘာပဲ ဖြစ်နေ ဖြစ်နေ ငါ့မြေး... ခဲသား ကုန်တဲ့ အထိ ရေးခြစ်ခံရမယ်ကွယ့်။"
အဘိုးအိုရဲ့စကားအဆုံးမှာတော
စာရေးစားပွဲခုံလေးပေါ်က ခွက်လေးထဲမှာ အရောင် တလက်လက် ထနေတဲ့ ဖောင်တိန်တွေနဲ့ အတူ ကောင်လေးက ရောထား လိုက် တယ်။ ဖောင်တိန်လေးတွေက တစ်နေ့တစ်နေ့ သူ့ကိုပဲ ကြည့်ပြီးတော့ လှောင်တာပေါ့။
"ကြည့်စမ်းပါဦးကွာ... ဟား ဟား! ဖင်က တို့သခင် ကိုက်လို့ စုတ်ပြတ်သတ်နေပြီ။ ငါတို့လောက်တောင် မလှဘူး။ အဲ့ဒီခဲတံကြီး ဘာလို့များ တို့သခင် လာထားထား ပါလိမ့်။ ငါတို့လောက်တောင် မစွမ်းနိုင် တဲ့ကောင်... လာကထဲက အကျိုးလေး လာရမှာ! ဟား ဟား!"
ခဲတံလေး ဒီလို စကားကြားတိုင်း သူ့ကို မွေးထုတ်ပေးခဲ့တဲ့ အဘိုးအိုကို အရမ်းသတိရလေ့ရှိတယ်။ အရမ်းလဲ အားငယ်မိတယ်။ ဖောင်တိန် လေး တွေ စကားက မှန်နေတာကိုး။ သူရေးတဲ့စာတိုင်းက ဖောင်တိန် တွေ ရဲ့ မင်လို မတောက်ပြောင် မစိုပြေဘူး။ မည်းနက် နေတယ် မဟုတ်လား။
ဒီလိုနဲ့ နှစ်ကာလကြာလာလေလေ... ခဲတံလေးက အချွန်ခံရလိုက် တိုလာလိုက်နဲ့ ရုန်းကန်နေရချိန်မှာ ဖောင်တိန်တွေကတော့ အသစ် အတိုင်းပဲ။ မှင် ကုန်ရင် ဖြည့်ပေးတဲ့ အပြင် သူတို့ သခင်ရဲ့ တိုက်ချွတ် ဆေးကျောမှုကြောင့် အမြဲတစေ ပြောင်လက် နေလေ့ ရှိသေးတယ်။
တစ်နေ့မှာတော့ ဒုတိယကမ္ဘာစစ်မီးက ဗြိတိန်နိုင်ငံကို စတင်ကူးစက် လာတယ်။ ကောင်လေးကလဲ ခုချိန်မှာ အရွယ်ရောက် လူငယ် ဖြစ်လို့ စစ်ထဲပါသွား ခဲ့တယ်။ ဒီလိုနဲ့ပဲ ခဲတံလေးရယ် ဖောင်တိန် တွေ ရယ်ဟာ စားပွဲပေါ်မှာ ဖုန်အလိန်းလိန်းနဲ့ သူတို့သခင်ရဲ့ ခြောက် ကပ်ကပ် အခန်းကျဉ်းလေးထဲမှာ လကနေ နှစ်တိုင်အောင် ဖြတ်သန်း လာကြတယ်။
တစ်နှစ်ကျော်လာတဲ့ ကာလတစ်ခုမှာ သူတို့သခင် ပြန်ရောက် လာ တယ်။ လူငယ်ဟာ စစ်တိုက်ရတဲ့ ဒဏ်ကြောင့် တောင့်တင်း ကျစ်လစ် နေပြီးတော့ ခုချိန်မှာ ဗုံးကြဲလေယာဉ်မောင်းတဲ့ လေသူရဲ တစ်ယောက် ဖြစ်လို့ နေပြီပေါ့။ လူငယ်ပြန်လာတဲ့ ရည်ရွယ်ချက်က နောက်တစ်နေ့ မှာ ရန်သူ့ နယ်မြေ ထဲ ဗုံးသွားကျဲဖို့ တာဝန်ကျတယ်။ ဒီတော့ လိုအပ်တဲ့ ပစ္စည်း လေးတွေလာယူရင်းနဲ့ အကယ်၍ ရန်သူ့ နယ်မြေမှာ သူ တစ်ခုခု ဖြစ်ခဲ့ရင် မိဘတွေကို မနှုတ်ဆက်လိုက် ရမှာစိုးတဲ့ စိတ်နဲ့ ပြန်လာခြင်း ဖြစ်ပါတယ်။
အိမ်ရောက်တဲ့အခါ လုငယ်ဟာ သူ့ စာကြည့်ခန်းထဲကို ဝင်ပြီးတော့ ဗုံးကျဲနေရာ မှတ်သားဖို့အတွက် လိုအပ်မယ့် စာအုပ်တွေ စာရေး ကိရိယာတွေ ဝင်ယူခဲ့တယ်။ ဖောင်တိန်တွေကို ယူသွားမယ်လို့ တွေးပြီးတော့ လူငယ် စမ်းသပ် ရေးခြစ်ကြည့်တဲ့ အခါမှာတော့ တစ်ချောင်းမှ ရေးလို့ မရတော့ဘူး။ အချိန်ကြာလာတဲ့ အပြင် ဆေးကျောခြင်းလဲ မရှိတဲ့အခါ ပျက်စီးရပြီပေါ့။
အဲဒီအချိန်မှာပဲ လူငယ်ရဲ့ အဖေဟာ ခဲတံလေးကို ဆွဲထုတ်လိုက် ပြီးတော့ ပြောတယ်။
"ငါ့သား... မင်း လေသူရဲသင်တန်းတွေ မဆင်းရဘူးလား။ လေထု ထဲမှာ ပျံသန်းရင် ဖောင်တိန် ဆိုတာ မျိုးက လေဖိအား ရုတ်တရက် ပြောင်းလဲမှုမှာ ဖိတ်ကျတတ်တယ် မဟုတ်လား။ ဒီဖောင်တိန်တွေ ကောင်း နေဦးတော့။ အဖေ့ အနေနဲ့ မင်းကို မသေချာတဲ့ ဖောင်တိန် တစ်ချောင်းနဲ့ အရေးကြီး အလုပ် ကို မလုပ်စေချင်ဘူး။ ရော့... ခဲတံလေးကို သုံးပါ။ သားရဲ့ ဗုံးကျဲလေယာဉ် ကြိုက်တဲ့ အမြင့်ကို တဟုန်ထိုး ပျံတက် သွားဦးတော့။ ခဲတံလေးက သားအတွက် အပြုံးမပျက် အလုပ် ဆက်လုပ်နိုင်မှာပါ။"
ဒီလိုနဲ့ ခဲတံလေးဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက ရွပ်ရွပ်ချွံချွံတိုက်ခိုက်
ဒီကနေ့ အိမ်ပြန်ရောက်ပြီ။ သူ့သခင်နဲ့ အတူ အိမ်တံခါးကို ဖွင့်ဝင်လိုက် ချိန်မှာ ရင်းနှီးနွေးထွေးတဲ့ အိမ်ရနံ့ကို နမ်းရှိုက်ခွင့် ရလိုက် တယ်။ စားပွဲပေါ်က သူ့ နေရာဟောင်းလေးထဲမှာ သူ့သခင်ရဲ့ မိဘတွေ အသင့် ဆေးကျောထားတဲ့ ဖောင်တိန်လေးတွေ ရှိနေဆဲ။ တစ်ခုပဲ ပြောင်းလဲ သွားခဲ့တယ်။ ဖောင်တိန် လေးတွေရဲ့ နှိမ့်ချလိုမှု ဟာ ပျောက်ကွယ် သွားခဲ့ပြီ။ ယခင်သူတို့ အပြုအမူကို ရှက်တဲ့စိတ် အချို့နဲ့ အတူ ခဲတံလေးကို သူရဲကောင်း တစ်ဦး အလား လေးစားတဲ့ စိတ် နဲ့ အရေးပေးတဲ့ စိတ် တို့သာ ဖောင်တိန် လေးတွေဆီမှာ အထင်အရှား အစားထိုး လို့နေခဲ့ပါတယ်။
- မှတ်စုကြမ်း #kyawnge
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။