Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, April 17, 2016

Johnny Depp ဘဝကောက်ကြောင်း

Johnny Depp ဘဝကောက်ကြောင်း
ယုံကြမလား မသိဘူး . . .
အခု ကျနော်တို့ရဲ့ ကပ္ပတိန်ဂျက်စပဲရိုးတစ်ယောက်ဟာ ဟောလီးဝုဒ်လောကမှာ အောင်မြင်နေတာ ဆယ်စုနှစ်သုံးခုကျော်လွန်ခဲ့ပါပြီ တဲ့။
သူ့ရဲ့ဘိုဟီးမီးယန်းစတိုင်ဖက်ရှင်တွေဟာလည်း ဖက်ရှင်လောက၊ မော်ဒယ်လောကမှာ အောင်မြင်ခဲ့တာပေါ့။
သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ဘိုဟီးမီးယန်းစတိုင်တွေ၊ သူ ရွေးချယ်ခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ ပုံစံတွေကလည်း သူများနဲ့မတူပဲ ထူးခြားခဲ့တာတွေကြောင့် သူ့ကို ပိုမိုအာရုံစိုက်စေခဲ့တာလည်းဖြစ်ပါတယ်။
အခု ကျနော်တို့ရဲ့ အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ Depp အကြောင်း စပ်စုကြည့်ကြရအောင်ပါ ။


 Johnny Depp ရဲ့ နာမည်အရင်းက John Christopher Depp ဖြစ်ပါတယ်။
လာမယ့် ဂျွန်လ ၉ ရက်နေ့ဆိုရင် သူဟာ အသက် ၅၃ နှစ် ရှိပါပြီဖြစ်တဲ့ ဦးလေးကြီးတစ်ယောက်ပါ ။ 

 မြို့ပြအင်ဂျင်နီယာဖြစ်သူ အဖေနဲ့ စားပွဲထိုးတစ်ယောက်ဖြစ်တဲ့ အမေကနေ မွေးဖွားလာသူဖြစ်ပြီး မွေးချင်းလေးယောက်ထဲကမှ အငယ်ဆုံးသား ဖြစ်ပါတယ်။
လူမှုရေးအဆင်မပြေမှုတွေ၊ ငွေကြေးအဆင်မပြေမှုတွေ၊ အလုပ်အဆင်မပြေမှုတွေကြောင့် သူရဲ့ မိသားစုဟာ အမြဲလိုလို အဆင်မပြေခဲ့ပါဘူး။
နေအိမ်တွေလည်း အကြိမ်၂၀ လောက်အထိ ခဏ ပြောင်းရွေ့ခဲ့ရပါတယ်။
သူ့ရဲ့ မိဘတွေဟာ သူ အသက် ၁၅ နှစ်မှာ ကွာရှင်းပြတ်စဲခဲ့ကြတာဖြစ်ပြီး ပြတ်စဲပြီးနောက်ပိုင်းမှာလည်း မိသားစုပြဿနာတွေကို အရွယ်နဲ့မလိုက်အောင် ခံစားခဲ့ရသူ တယောက်ဖြစ်ပါတယ်။
သူရဲ့ ကလေးဘ၀ဟာ သာယာပျော်ရွှင်စရာကောင်းတဲ့ဘ၀တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ Unhappy Child ပေါ့။



 အဲဒီလို နာကျင်မှုတွေရဲ့ ဒဏ်၊ စိတ်ဒဏ်ရာတွေရဲ့ ဒဏ်ကနေ လွတ်မြောက်ဖို့ သူဟာ သူ့ခန္ဓာကိုယ်ကို အမြဲလိုလို ဓါးနဲ့ခြစ်ခဲ့ပါတယ်။
အဲဒီ ဒဏ်ရာတွေကရတဲ့ အမာရွတ်တွေဟာ အခုချိန်ထိ သူ့ခန္ဓာကိုယ်မှာ ရှိနေဆဲပါ။
၁၉၉၃က အင်တာဗျုးတစ်ခုမှာတော့ သူ့ဒဏ်ရာတွေနဲ့ ပတ်သတ်ပြီး "ကျနော့်ခန္ဓာကိုယ်ဟာ ခရီးတစ်ခုရဲ့ လမ်းကြောင်းတစ်ခုဗျ ။ သင်္ဘောသားတွေသုံးတဲ့ လမ်းကြောင်းတစ်ခုလိုပေါ့" ဆိုပြီး ပြောကြားခဲ့ပါတယ်။



 အသက် ၁၅ နှစ်မှာ သူဟာ Rock ဂီတပညာရှင်တစ်ယောက် ဖြစ်ဖို့ မျှော်လင့်ချက်ကြောင့် သူ ကျောင်းထွက်ခဲ့ပါတယ်။
သူ ကျောင်းထွက်ပြီး နှစ်ပတ်အကြာမှာ သူ ကျောင်းပြန်တတ်ဖို့ ထွက်ခဲ့တဲ့ကျောင်းကို သူ ပြန်လာခဲ့တယ်။ ဒါပေမယ့် ကျောင်းအုပ်က သူ့ကို လုံးဝ လက်မခံတော့ပါဘူး။
ကျောင်းအုပ်က သူ့ကို Rock Star တယောက်ဖြစ်အောင်လုပ်ပါဆိုပြီး သူ့ကို ဖျောင်းဖြခဲ့ပါတယ်။
သူဟာ ကျောင်းကထွက်ခဲ့ရပြီး အပြင်လောကမှာ သူ Rock တီးဝိုင်း တွေမှာ ပါဝင်ဖို့ သူစတင် ကြိုးစားလာပါတယ်။ The Kids ၊ Rock City Angels စတဲ့ တီးဝိုင်းတွေမှာပေါ့။
သူဟာ ဂီတ အလုပ်ကိုလုပ်ကိုင်နေပေမယ့် ငွေကြေးအဆင်မပြေတွေအတွက် ဘောပင်ရောင်းတဲ့အလုပ်သမားတစ်ယောက်အဖြစ် တစ်ခါတစ်ရံ လုပ်ကိုင်ခဲ့ရပြီး ငွေရှာခဲ့ပါတယ်။
၁၉၈၃ ခုနှစ်မှာ သူအတွက် ပထမဆုံးအကြိမ်လက်ထပ်မှုအဖြစ် Lori Anne Allison ဆိုတဲ့ သူ့ရဲ့ တီးဝိုင်းက ဘေစ့်ဂစ်တာတီးသူရဲ့ ညီမဖြစ်သူ နဲ့ လက်ထပ်ခဲ့ပါတယ်။ သူမက မိတ်ကပ်ပညာရှင်တစ်ယောက်ပါ။

 အဲဒီလို အဆင်မပြေမှုတွေ၊ ဒုက္ခတွေနဲ့ လူသိပ်မသိတဲ့ တီးဝိုင်းတွေမှာ ပါဝင်တီးခတ်သီဆိုနေတဲ့ သာမာန် Johnny Depp ကို ကမ္ဘာကျော်သရုပ်ဆောင်တစ်ယောက်အဖြစ် လမ်းကြောင်းပြောင်းစေခဲ့တဲ့ အဖြစ်အပျက်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။
အဲဒါကတော့ Depp တစ်ယောက် ကမ္ဘာကျော်မင်းသားတစ်ယောက်ဖြစ်တဲ့ Nicolas Cage နဲ့ ဆုံတွေ့ခဲ့ရခြင်းပါပဲ ။
Depp တယောက် Los Angeles ကို အလည်အပတ်ခရီးထွက်စဉ်မှာ သူ့မိန်းမဖြစ်သူ Lori ရဲ့ မိတ်ဆက်ပေးမှုကြောင့် Nicolas Cage နဲ့ တွေ့ဆုံခဲ့ရပါတယ်။
အဲဒီမှာ Nicolas Cage ကို သူ့ရဲ့ သရုပ်ဆောင်မှုစွမ်းရည်ကို ပြသခဲ့နိုင်ခဲ့ပြီး Nicolas Cage ဟာ သူ့ကို ဂီတဘက်မှာ မနေဘဲ ရုပ်ရှင်ဘက်ကို ကူးပြောင်းလာခဲ့ဖို့ သူ့ကို အကြံဥာဏ်တွေ ပေးခဲ့ပါတယ်။
အဲဒီကနေ စပြီး Johnny Depp ရဲ့ ရုပ်ရှင်လမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းလာနိုင်ခဲ့ခြင်းပါပဲ။

 Depp ရဲ့ အိမ်ထောင်ရေးအဆင်မပြေမှုတွေများစွာ ဖြစ်ခဲ့ရပြီး ၁၉၈၃ မှာ လက်ထပ်ခဲ့တဲ့ Lori Anne Allison နဲ့ နှစ်နှစ်အကြာမှာ ပြတ်စဲခဲ့ပါတယ်။
Depp ခေါင်းဆောင်မင်းသားအဖြစ်ရိုက်ကူးခဲ့တဲ့ ပထမဆုံးဇာတ်ကားဟာ 1984 ခုနှစ်က ထွက်ရှိခဲ့တဲ့ Classic Horror ရုပ်ရှင်တစ်ခုဖြစ်တဲ့ "A Nightmare on Elm Street" ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီကားမှာ Depp တစ်ယောက် ထင်သလောက် အောင်မြင်မှုမရရှိခဲ့ပါဘူး။
သူ မျှော်လင့်ထားသလို မဖြစ်ခဲ့ရတဲ့ Depp ဟာ စိတ်ဓာတ်ကျခဲ့ပါတယ် ။ ဒါပေမယ့် Depp ဟာ သူ့ကိုယ်သူ ပြန်ထူထောင်ပြီး ပြန်လည်ကြိုးစားခဲ့ပါတယ်။
အဲဒီကြိုးစားမှုရဲ့ ရလဒ်အဖြစ် သူ တီဗွီစီးရီးတစ်ခုမှာ ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။
၁၉၈၇က ရိုက်ကူးခဲ့တဲ့ 21 Jump Street ဆိုတဲ့ တီဗွီစီးရီးတစ်ခုမှာ Depp ဟာ သူ ငယ်စဉ်ကတည်းက အရမ်းသဘောကျခဲ့တဲ့ မင်းသား Frederic Forrest နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။
အဲဒီ တီဗွီစီးရီးက ကမ္ဘာနဲ့ချီပြီး အင်မတန်အောင်မြင်ကျော်ကြားခဲ့ပြီး Depp လည်း အောင်မြင်တဲ့ ရုပ်ရှင်မင်းသားတစ်ယောက်အဖြစ်ကို နေ့ချင်းညချင်း ကူးပြောင်းခဲ့ပါတယ်။ Depp ဟာ ၁၉၈၀ ခုနှစ်များ တ၀ိုက်မှာ ဆယ်ကျော်သက် Idol တစ်ယောက်အဖြစ် မြင်လာကြပါတယ်။
အောင်မြင်လာတဲ့ Depp ဟာ သူ့ရဲ့ အင်ပါယာကို တဖြည်းဖြည်းချဲ့ထွင်ရင်း နောက်ထပ် ဇာတ်ကားတွေများစွာ စတင်ရိုက်ကူးလာခဲ့ပါတော့တယ်



 Depp ဟာ သူနဲ့အချိန်အတော်အကြာလက်တွဲခဲ့တဲ့ ဒါရိုက်တာ Tim Burton ရိုက်ကူးတဲ့ Edward Scissorhands (1990) မှာ Depp ဟာ အဓိကဇာတ်ကောင်နေရာမှာ စတင်ပါဝင်ခဲ့ပါတယ်။
Edward Scissorhands မှာ Depp ပါဝင်ခဲ့တဲ့ အတွက် တစ်ကမ္ဘာလုံးက ရုပ်ရှင်ချစ်သူတွေရဲ့ Two Thumbs ကို ရရှိခဲ့ပြီး သူ့ရဲ့ အောင်မြင်တဲ့လမ်းကြောင်းကို စတင်လျှောက်လှမ်းနိုင်ခဲ့ပါတယ်။
Edward Scissorhands မှာ Depp ဟာ သူဟာ သာမာန်မဟုတ်တဲ့ ဇာတ်ရုပ်တွေနဲ့ သူနဲ့ အလိုက်ဖက်ဆုံးဆိုတာကို တွေ့ခဲ့ပြီး အဲဒီကနေစပြီး နောက်ပိုင်းမှာ Depp တယောက် သာမာန်ထက်ထူးခြားတဲ့ ဇာတ်ရုပ်တွေကို ပိုမိုရိုက်ကူးလာခဲ့ပါတယ်။
အဲဒီနှစ်မှာပဲ Edward Scissorhands ထဲမှာ အတူတူသရုပ်ဆောင်ခဲ့တဲ့ Winona Ryder ဆိုသူနဲ့ Depp တယောက် စေ့စပ်ခဲ့ပါတယ်။

 Depp တယောက် Winona Ryder အပေါ်မှာ အတော်ချစ်ပုံရပါတယ်။ သူ့ရဲ့ ညာဘက်လက်မောင်းပေါ်မှာ Winona Forever ဆိုတဲ့စာတမ်းကို တက်တူးထိုးခဲ့ပါတယ်။
ဒါပေမယ့် နှလုံးသားရေးရာ အမြဲကံခေတဲ့ Depp ဟာ Winona Ryder နဲ့ မကြာခင်မှာပဲ သူတို့နှစ်ယောက်ရဲ့ စေ့စပ်ကြောင်းလမ်းမှုဟာ ကွဲပြဲခဲ့ပါတယ်။
ဒါနဲ့ Depp ဟာ သူ တက်တူးထိုးထားတဲ့ Winona Forever ဆိုတဲ့ စာတမ်းထဲက na ကိုဖျက်ပစ်ခဲ့ပြီး Wino Forever အဖြစ်ပြောင်းလဲခဲ့ပါတယ် ။ (wino = အိမ်ခြေရာမဲ့၊ အမြဲတမ်း အရက်မူးနေတဲ့လူ)
၁၉၉၄ ခုနှစ်မှာ ဗြိတိန်စူပါမော်ဒယ်တယောက်ဖြစ်တဲ့ Kate Moss ဆိုသူနဲ့ တွဲခဲ့ပါတယ်။ ဒါကလည်း ကြာရှည်တဲ့ Relationship တစ်ခုမဟုတ်ပါဘူး။ နောက်လေးနှစ်အကြာမှာ ပြတ်စဲခဲ့ပါတယ်။
ဒီကြားထဲမှာလည်း Depp ဟာ စူပါမော်ဒယ်တွေ၊ သရုပ်ဆောင်မင်းသမီးတွေ၊ အဆိုတော်တွေနဲ့ ဇာတ်လမ်းမျိုးစုံရှုပ်ပွေခဲ့ပါတယ်။
၁၉၉၈ ခုနှစ် "The Ninth Gate" ရုပ်ရှင်ရိုက်ကူးနေစဉ်ကာလအတွင်းမှာ Depp ဟာ Vanessa Paradis ဆိုတဲ့ ပြင်သစ်မင်းသမီးတယောက်နဲ့ နောက်ထပ် relationship တခုကို အစပြုခဲ့ပါတယ်။
Depp နဲ့ အော်ပရာဝင်းဖေး တို့ရဲ့ အင်တာဗျုးမှာ Vanessa Paradis နဲ့ တွေ့ဆုံခဲ့ရတဲ့ အကြာင်းကို အခုလိုပြောကြားခဲ့ပါတယ်။
"စစတွေ့ခဲ့တဲ့ အဖြစ်အပျက်က သူ ကျနော့်ဆီကို လမ်းလျှောက်လာခဲ့တယ်ဗျ၊ ကျနော့်ဆီကို တည့်တည့်မတ်မတ်ကြီးပေါ့ဗျာ ၊ ပြီးတော့ "ဟိုင်း"လို့ သူက စနှုတ်ဆက်တယ်၊ အဲဒီမှာ ကျနော် သိလိုက်တယ်၊ ကျနော့်ဘ၀ကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီဆိုတာကိုပေါ့"

 Vanessa Paradis နဲ့ Depp နဲ့ဟာ ရှည်ကြာခဲ့တဲ့ RS တစ်ခုဖြစ်ခဲ့ပေမယ့် နှလုံးသားလမ်းကြောင်းမှာ အမြဲတမ်းကျွန်းခံနေသူ Depp နဲ့ ၂၀၁၂ ခုနှစ်မှာ ကွဲပြဲခဲ့ပါတယ်။ သူနဲ့တော့ လက်မထပ်ခဲ့ဘူးပေါ့။
Vanessa Paradis နဲ့ လက်မထပ်ခဲ့ပေမယ့် ကလေးနှစ်ယောက် Depp ရရှိခဲ့ပါတယ်။ Lily-Rose Melody ဆိုတဲ့ သမီးတစ်ယောက်နဲ့ John "Jack" Christopher သားတစ်ယောက်ရရှိခဲ့ပါတယ်။

 Depp ရဲ့ အောင်မြင်မှုလမ်းကြောင်းကို ပိုပြီးထင်ရှားလာစေခဲ့တာက ၂၀၀၃ ခုနှစ်မှာ သူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Pirates of the Caribbean ဇာတ်ကားနဲ့ပဲ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးက လူတွေက သူ့ရဲ့ သရုပ်ဆောင်မှုအတက်ပညာကို အံ့မခန်းဖြစ်ခဲ့ရပြီး သူဟာ Capatain Jack Sparrow အတွက်နဲ့ ၀င်ငွေအကောင်းဆုံးသရုပ်ဆောင်တစ်ယောက်ဖြစ်သွားခဲ့ပါတယ်။

 ၂၀၀၄ ခုနှစ်မှာ Depp ဟာ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်ဝေရေးကုမ္ပဏီ Infinitum Nihil ကို ထူထောင်ခဲ့ပြီး သူ ရိုက်ချင်တဲ့ကားတွေကိုပဲ ရိုက်ခဲ့ပါတယ်။
သူ့ရဲ့ ကုမ္ပဏီကနေ ၂၀၁၁ မှာ The Rum Diary နဲ့ Hugo ၊ ၂၀၁၂မှာ Dark Shadows ၊ ၂၀၁၃မှာ The Lone Ranger ၂၀၁၅မှာ Mortdecai တို့မှာ Depp ပါဝင်ရိုက်ကူးခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာ Depp ရဲ့ သမီးဖြစ်သူဟာ အီကိုလိုင် ဆိုတဲ့ သေစေနိုင်လောက်တဲ့ ရောဂါပိုး ကူးစက်ခံစားခဲ့ရပြီး ဆေးရုံမှာအသက်လုခဲ့ရပါတယ်။
ဒါပေမယ့် ဆေးရုံက Depp ရဲ့ သမီးကို သေခြင်းတရားမှ ဆွဲယူကယ်တင်နိုင်ခဲ့ပါတယ်။ Depp ဟာ သူ့သမီးအသက်ကို ကယ်တင်ခဲ့တဲ့ အဲဒီ ဆေးရုံကို ကျေးဇူးတင်တဲ့ အနေနဲ့
Captain Jack Sparrow ၀တ်စုံကို အပြည့်အစုံကို ၀တ်ဆင်ပြီး နာမကျန်းဖြစ်နေတဲ့ ကလေးငယ်တွေကို စာဖတ်ပြခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာ အဲဒီဆေးရုံကို ဒေါ်လာ ၂ မီလီယံ လှူဒါန်း ကျေးဇူးဆပ်ခဲ့ပါတယ်။



 Depp မှာ တက်တူးဆယ့်သုံးခုရှိပါတယ်။ အဲဒီထဲက တချို့ဟာ အမေရိကန်အလံပုံစံ ၊ "Lily-Rose" ဆိုတဲ့ သူ့သမီးနာမည်စာတမ်းကို သူ့ နှလုံးအပေါ်တည့်တည့်မှာ ထိုးထားခဲ့ပြီး
သူ့အမေဖြစ်သူရဲ့ နာမည် "Betty Sue" ဆိုတဲ့ စာတမ်းကို ဘယ်ဘက်လက်မောင်းကြွက်သားပေါ်မှာ တစ်ခုနဲ့ ၊
သူ အင်မတန်အောင်မြင်ထင်ရှားခဲ့တဲ့ Pirates of the Caribbean ထဲက သူ့ရဲ့ နာမည် Jack (သူ့သားနာမည်မှာလည်း Jack ဆိုတဲ့ နာမည်ကိုပါအောင်ပေးခဲ့ပါတယ်) ကို ညာဘက်လက်ဖျံပေါ်မှာ ထိုးထားခဲ့ပါတယ်။
"ကျနော့်ခန္ဓာကိုယ်မှာ ရှိတဲ့ အမှတ်အသားတွေက အဓိပ္ပာယ်တစ်ခုစီရှိကြတယ်၊ ကျနော် ဖြတ်သန်းခဲ့ရတဲ့ ဘ၀ရဲ့ ပုံရိပ်တွေပေါ့" ဆိုပြီး အင်တာဗျုးတစ်ခုမှာ ဖြေခဲ့ပါတယ်။



 Depp ဟာ အမျိုးသားဇာတ်ဆောင်ဆုအဖြစ် Oscar nominated မှာ သုံးကြိမ်အရွေးချယ်ခံခဲ့ရပေမယ့် Oscar တစ်ဆုမှ မရှိခဲ့ပါဘူး။
သူ့ကို Nominate ဖြစ်စေခဲ့တဲ့ ဇာတ်ကားသုံးကားကတော့ Sweeney Todd: The Demon Barber of Fleet Street (2007) ၊ Finding Neverland (2004) ၊ Pirates of the Caribbean: The Cuse of the Black Pearl (2003) တို့ပဲဖြစ်ပါတယ်။
အော်စကာဆုကို သူ မရရှိခဲ့ပေမယ့် ရွှေကမ္ဘာလုံးဆုအပါအ၀င် ကျန်တဲ့ ရုပ်ရှင်ထူးချွန်ဆုပေါင်းများစွာကို သူ ရရှိခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာ Sweeney Todd ဇာတ်ကားနဲ့ Depp ဟာ ရွှေကမ္ဘာလုံးဆုကို ရရှိခဲ့ပါတယ်။



 Depp ရဲ့ ကုမ္ပဏီကထုတ်တဲ့ Rum Diary ဇာတ်ကားထဲက US သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Amber Heard နဲ့ ၂၀၁၅ မှာ လက်ထပ်ခဲ့ပြီး ခုထိ တည်မြဲနေဆဲဖြစ်ပါတယ် ။ kiki emoticon
Depp ဟာ ထောင်တွေ ၊ အချုပ်ခန်းတွေနဲ့ စိမ်းသူတစ်ယောက်မဟုတ်ပါဘူး။ သူ့နောက်ကိုလိုက်ခဲ့တဲ့ ပါပါရာဇီတွေကို ထိုးနှက်မှု၊ သူ့ချစ်သူကောင်မလေးကို သူ မူးပြီး ထိုးနှက်မှု စတဲ့ စတဲ့ အပြစ်ဒဏ်တွေကြောင့်
ခဏ ခဏ အချုပ်ခန်းတွေထဲကို ရောက်ခဲ့သူတစ်ယောက်ပါ။

 တစ်ဖက်ကနေ ဟောလီးဝုဒ်မှာ အောင်မြင်ထင်ရှားနေတဲ့ ရုပ်ရှင်သရုပ်ဆောင်ဖြစ်နေတဲ့ Depp ဟာ
သူ ငယ်စဉ်ကတည်းက သူ ၀ါသနာပါခဲ့တဲ့ ရော့ခ်ဂီတဘက်မှာလည်း ခုချိန်အထိ တီးဝိုင်းတွေနဲ့ အတူသီချင်းဆိုဆဲ၊ တီးခတ်သီဆိုနေဆဲပါ။

Depp ဟာ သူ့ရဲ့ ကျေးဇူးရှင် ဖြစ်တဲ့ Nicolas Cage အပေါ်မှာ မေ့လျော့ပျက်ကွက်ခဲ့ခြင်းမရှိပါဘူး။
၂၀၀၇ ခုနှစ်မှာ Nicolas Cage စီးပွားရေးအဆင်မပြေမှုတွေ၊ အကြွေးတွေနဲ့ ၀ိုင်းနေချိန်မှာ အောင်မြင်ကျော်ကြားနေပြီဖြစ်တဲ့ Depp ဟာ Cage ရဲ့ အကြွေးတွေကို အကုန်လျော်ပေးလိုက်ပါတယ်။



 ကျနော့်ရဲ့ တစ်ဦးတည်းအမြင်အရ Depp ကို သုံးသပ်ရရင်
ကမ္ဘာ့ဖက်ရှင်လောကမှာ သြဇာရှိတဲ့ People မဂ္ဂဇင်းက ၂၀၀၃ နဲ့ ၂၀၀၉ ခုနှစ်တွေမှာ "Sexiest Man Alive" အဖြစ်သတ်မှတ်ခဲ့တဲ့ Depp ဟာ
ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာတွေရခဲ့တဲ့ သူတစ်ယောက်၊ ရော့ခ်ဂီတကို ရူးသွပ်မှုကြောင့် ကျောင်းထွက်ခဲ့သူ တစ်ယောက်၊ ဘ၀မှာ အရှုံးတွေနဲ့ချည်းရင်ဆိုင်ခဲ့ရသူတစ်ယောက်၊
လဲကျအားငယ်မနေဘဲ ပြန်အားယူပြီး ကြိုးစားခဲ့သူတစ်ယောက်၊ ကျေးဇူးသိတက်သူ တစ်ယောက်၊ အချစ်ရေးကံခေခဲ့သူတစ်ယောက်၊ မူးရူးလေလွှင့်သူ တစ်ယောက်၊ သားသမီးတွေအပေါ် ချစ်တတ်တဲ့ ဖခင်တစ်ယောက် အဖြစ် တည်ရှိနေပါတယ်။

အကယ်၍ ကျနော်တို့ Los Angeles ကို ရောက်ခဲ့သည်ရှိသော် LA မှာ ရှိတဲ့ Bar တွေ၊ Club တွေရဲ့ စင်တင်တီးဝိုင်းတွေမှာ
Depp တစ်ယောက် မူးရူးကွဲပြဲပြီး သီချင်းတွေ ဆိုနေတာကို တွေ့ရမလားပဲ ။

ရေချမ်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။