စစ်တပ်နှင်.ဒီမိုကရေစီဝါဒ
သရ၀ဏ်(ပြည်)
ပြီးခဲ.သောရက်ပိုင်းက ပြည်သူ.လွှတ်တော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကြမ်းကို တပိုဒ်ခြင်း မဲခွဲဆုံးဖြတ်ရာ၌ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် မဲမပေးပဲ အဖွဲ.လိုက်ဆန္ဒပြသလိုပြုမူခဲ .သည် ။ နောက်ဆုံးဥပဒေကြမ်းတစ်ခုလုံးကို အတည်ပြုရန်သဘောတူမတူ မေးမြန်းရာ၌လည်း သဘောမတူကြောင်းအားလုံးမတ်တပ်ရပ်၍ ကန်.ကွက်ခဲ.ကြသည် ။ ဤဖြစ်စဉ်တွင် ဒီမိုကရေစီ၏သဘောသကန်ကိုတွေ. မြင်ရမည်ဖြစ်သလို ၊ဒီမိုကရေစီမဆန်သောအပြုအမူများကိုလည်းတွေ.မြင်ရမည်ဖြစစ်သည် ။ ဒီမိုကရေစီ၌ အဆိုတစ်ခုကိုဆုံးဖြတ်ချက်ချ ရာတွင်
ထောက်ခံခြင်း ၊ ကန်.ကွက်ခြင်း ၊ ကြားနေခြင်း တို.ရှိသည် ။ ကြားနေခြင်းသည်
မဲမပေးခြင်းနှင်.မတူပဲ ထိုဆုံးဖြတ်ချက်တွင် ဘယ်ဘက်မှမပါလိုသည်.အနက်အဓိပါယ်ဖြစ်သည် ။ ကုလသမဂ္ဂဆုံးဖြတ်ချက်များတွင် ကြားနေမဲ ၊ကန်.ကွက်မဲ ၊ ထောက်ခံမဲများကိုမကြာခနတွေ. နိုင်၏ ။ သို.သော်မဲမပေးခြင်းမှာအဓိပါယ်တစ်မျိုးဖြစ်သည် ။ မဲခွဲဆုံးဖြတ်သည်.အကြောင်းအ ရာကိုလုံးဝသဘောမတူအပြင်းအထန်ဆန်.ကျင်ကန်.ကွက် သည်.သဘော ၊ဆန္ဒပြသပိတ်မှောက်သည်.သဘော ကိုဆောင်သည် ။ ကုလသမဂ္ဂတွင်ပါလက်စတိုင်းနို င်ငံတော်အားအချုပ်အခြားအာဏာ ပိုင်နိုင်ငံအဖြစ်အသိအမှတ်ြ ပုရေးဆွေးနွေးပွဲမှန်သမျှတွ င် အစ္စရေးအစိုးရ ကိုယ်စားလှယ်သည် ညီလာခံခန်းမအတွင်းမှ သပိတ်မှောက်ထွက်ခွာဆန္ဒပြမည် ဖြစ်သည် ။ ထိုင်ဝမ်လွတ်လပ်ရေး၊တိဘက်လွ တ်လပ်ရေးတို.ကိုဆွေးနွေးလျှ င်တရုတ်အစိုးရသည် အစည်းအဝေးမှထွက်ခွာခြင်း (သို.မဟုတ်) သူတို.ပိုင်ဆိုင်သော တချက်လွှတ်ဗီတိုအာဏာအသုံးပြု၍ပယ်ချခြင်းတို.ကိုပြုလုပ် မည်ဖြစ်သည် ။ ထိုအပြုအမူသည် ဒီမကရေစီဆန်သောအပြုအမူများမ ဟုတ်ပါ
။ ဒီမိုကရေစီတွင် လူများစု၏ဆုံးဖြတ်ချက်ကို လူနည်းစုကလိုက်နာရသလို ၊
လူနည်းစု၏ ဆန္ဒကိုလည်း လူများစုကလေးစားရပါသည် ။နှစ်ဦးနှစ်ဘက်သဘောထားကြီး မှုသည် ဒီမိုကရေစီဖြစ်ပါသည် ။
တကယ်တော. ဒီမိုကရေစီနိုင်ငံကြီးများတွင် တပ်မတော်သည် ပြည်သူလူထုကရွေးကောက်တင်မြှောက်သောအရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင်နေရစြ မဲဖြစ်သည် ။ လွှတ်တော်တွင် ဥပဒေပြုခြင်းသည် လွှတ်တော်အမတ်များ၏ကိစ္စသာဖြ စ်ပြီး တိုင်းပြည်ကာကွယ်ရေးနှင်.ပါ တ်သက်လာလျှင်သာစစ်တပ်၏တာဝန် ဖြစ်သည် ။ တိုင်းပြည်ကာကွယ်ရာတွင်ပင် စစ်ပွဲတစ်ပွဲကိုတိုက်သင်.သည် (သို.မဟုတ်)စစ်ပြေငြိမ်းသင် .သည်ဆိုခြင်းကို သမ္မတနှင်.လွှတ်တော်မှသာဆုံး ဖြတ်ချက်ချခွင်.ရှိပြီး စစ်တပ်သည်ထိုဆုံဖြတ်ချက်ကို လက်တွေ.အကောင်အထည်ဖော်ရရုံသာတာဝန်ရှိလေသည် ။ ထို.ကြောင်. အမေရိကန်များအကျအရှုံးများလှသော ဗီယက်နမ်စစ်ပွဲအတွင်းက အမေရိကန်တပ်မတော်သည် အရပ်သားအစိုးရ၏ဆုံးဖြတ်ချက် ကိုသာလိုက်နာ၍ ပရော်ဖက်ရှင်နယ်လ်ပီပီ စစ်တိုက်သောတာဝန်ကိုသာ မမှိတ်မသုံထမ်းရွက်ခဲ.ပါသည် ။ တိုင်းပြည်၏ဖိအားကြောင်. သမ္မတကစစ်ရပ်စဲရန်ကြေငြာသောအ ခါမှ တပ်မတော်သည် စစ်တပ်ကိုပြန်ဆုတ်ခဲ.ပါသည် ။ဆိုလိုသည်မှာ တပ်မတော်သည် အစိုးရနှင်.လွှတ်တော်ကိုတာဝ န်ခံရမည်ဖြစ်သည် ။ မိမိဆုံးဖြတ်ချက် ၊မိမိထင်မြင်ချက်များကိုရှေ .တန်းမတင်ရဟူသည်.အချက်သည် ဒီမိုကရေစီတွင်အရေးကြီးသောအ ချက်ဖြစ်သည် ။
စင်စစ် စစ်တပ်၏သဘောသဘာဝကိုက ဒီမိုကရေစီကိုကျင်.သုံး၍ မရသောလုပ်ငန်းသဘာဝဖြစ်သည် ။ တောင်ကုန်းတစ်ခုကိုတက်သိမ်း ရန်
ရဲဘော်တို.တက်ဟု ဗိုလ်ကအမိန်.ပေးသည်.အခါ ဖြစ်ပါ.မလားဗိုလ်ကြီး သူတို.က
အင်အားများတယ်နော် ဟူ၍တစ်မျိုး ၊ ကျွန်တော်ကခြေထောက်နာနေလို. မလိုက်နိုင်ဘူးဟူတစ်ဖုံအကြောင်းပြညှိနှိုင်းခြင်း ၊ မဲခွဲဆုံးဖြတ်ခြင်းများလုပ် နေ၍မရ ၊အမိန်.ပေးသည်.အခါဘာမှစောဒက တက်မနေပဲ အထက်အရာရှိ၏စကားကို မှားမှားမှန်မှန် လိုက်နာဆောင်ရွက်ရန်တာဝန်ရှိလေသည် ။ထိုသို.မဟုတ်ပါက မည်သို.မျှစစ်တိုက်၍ရမည်မဟု တ်ပေ ။ အထက်အမိန်.မနာခံပါကလည်းနောက်တန်းပြန်ရောက်သောအခါ Court Martial ခေါ်စစ်ခုံရုံးအတင်ခံရပေဦးမည် ။ ထို.ကြောင်. စစ်တပ်၏သဘောသဘာဝအရ ဒီမိုကရေစီခေါ်အများဆန္ဒဖြင်.ဆုံးဖြတ်ခြင်းကို ကျင်.သုံး၍မရပေ ။တနည်းဆိုရလျှင် တပ်မတော်သားများသည် ဒီမိုကရေစီနှင်.အလှမ်းဝေးသူ များဖြစ်သည် ။ ဆိုလိုရင်းမှာတပ်မတော်ကိုအြ ပစ်ပြောလိုရင်းမဟုတ် ၊လုပ်ငန်းသဘာဝအရ မအပ်စပ်ပုံကိုသာထောက်ပြလြို ခင်းဖြစ်သည် ။ ဤသို.ဒီမိုကရေစီအလေ.အထများနှင်. မအပ်စပ်သောသူများ လွှတ်တော်အတွင်းဝင်ရောက်၍ ဥပဒေပြုရေးလုပ်ငန်းများဆောင်ရွက်သောအခါ ဘုန်းကြီးနှင်.ဘီးလိုမအပ်စပ်သောကိစ္စများဖြစ်ပေါ်လာရချေသည် ။ အမိန်.ပေး ၊အမိန်.ခံစနစ်ဖြင်.အသားကျနေ သူများသည် ဒီမိုကရေစီဟုဆိုအပ်သော မိမိမကြိုက်သော်လည်းအများစု က လိုလားနှစ်ခြိုက်နေလျှင် သည်းခံလိုက်လျောသောဓလေ.ကို အသားကျဖို.အတော်ကိုကြိုးစား ရဦးမည်ဖြစ်သည် ။ ဖွဲ.စည်းပုံအခြေခံဥပဒေနှင်. မညီဘူးဟုယူဆပါကလည်း အခြားသောဒီမိုကရေစီလုပ်ထုံး များဖြစ်သည်. ကန်.ကွက်မဲပေးခြင်း ၊ ဥပဒေပြဌာန်းပြီးသွားသောအခါ ဖွဲ.စည်းပုံအခြေခံဥပဒေခုံရုံးသို. ပို.ကာ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေနှင်. ညီမညီ စိစစ်ခံယူစေခြင်းတို.ကိုဆော င်ရွက်၍ရပေသည် ။ စစ်တိုက်သလို တဖွဲ.လုံးဆင်း ၊တဖွဲ.လုံးတက် ဆိုသလို အစုအဖွဲ.အင်အားပြခြင်းများကား လွှတ်တော်အတွင်းဆောင်ရွက်၍ေ ကာင်းသောလုပ်ငန်းများမဟုတ်ေ ပ ။ လူများစုအသာစီးရနေသောပါတီကလ ည်း ငါတို.လူများတာပဲ ဒီကောင်တွေကိုဘာဂရုစိုက်ရမှာလည်းဟူသော မထီမဲ.မြင်သဘောမျိုးမထားပဲ စိတ်ရှည်လက်ရှည်နှင်.အချိန် ပေးညှိနှုင်းကာ လေးလေးစားစားဖြင်. ရှင်းပြနိုင်လျှင်အကောင်းဆုံးဖြစ်သည် ။ လူနည်းစု၏သဘောသဘာဝ ၊စိုးရိမ်ကြောင်.ကြမှုကို လူများစုအသာစီးရထားသူများကလ ည်းစာနာနားလည်ရမည်ဖြစ်သည် ။
မည်သို.ပင်ရှိစေ စစ်တပ်နှင်.ဒီမိုကရေစီဝါဒသည် နဂိုကတည်းက ပြဒါးတစ်လမ်း ၊သံတစ်လမ်းသဖွယ် ပြောင်းပြန်ဇောက်ထိုးတည်ရှိ နေသည်ဖြစ်ရာ အကောင်းဆုံးနည်းလမ်းမှာ ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်၍လွှတ် တော်အတွင်းမှ တပ်မတော်သားများအောင်မြင်စွာဆုတ်ခွာသွားခြင်းကသာ တပ်မတော်၊နိုင်ငံရေးပါတီများနှင်.တိုင်းသူပြည်သားများအ တွက် အကောင်းဆုံးလမ်းစဉ်ဖြစ်ပြါေ ကာင်းတင်ပြလိုက်ရပေသည် ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၁၇.၄.၂၀၁၆
သရ၀ဏ်(ပြည်)
ပြီးခဲ.သောရက်ပိုင်းက ပြည်သူ.လွှတ်တော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ
တကယ်တော. ဒီမိုကရေစီနိုင်ငံကြီးများတ
စင်စစ် စစ်တပ်၏သဘောသဘာဝကိုက ဒီမိုကရေစီကိုကျင်.သုံး၍ မရသောလုပ်ငန်းသဘာဝဖြစ်သည် ။ တောင်ကုန်းတစ်ခုကိုတက်သိမ်း
မည်သို.ပင်ရှိစေ စစ်တပ်နှင်.ဒီမိုကရေစီဝါဒသည
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၁၇.၄.၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။