*** မြန်မာ့သင်္ကြန်၏ သမိုင်း ***
Myo Ko 31/3/2016
သင်္ကြန်သည် သင်္ကန္တဟူသော ပါဠိပုဒ်မှလာသည့် သက္ကတရရစ်သံနှင့်သင်္ကြန်ဟူသော မြန်မာစကားဖြစ်ပေါ်လာခြင်းဖြ စ်သည်။
သင်္ကန္တ၏အနက်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့
ရောက်ရှိခြင်းဟူ၍ဖြစ်သည်။ တပေါင်းလတွင် မြန်မာနှစ် တစ်နှစ်ကုန်ဆုံးကာ
နှစ်ဟောင်းကုန်၍ တန်ခူးလတွင်နှစ်သစ်ကြုံရသော ကာလနှစ်သစ်ကူးပြောင်းသောကာလ ဟု ဆိုလိုရင်း ဖြစ်ပါတယ်။ နွေရာသီ၏အပူဒဏ်ကိုသင်္ကြန်ရြေ ဖင့် အေးမြစေသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ရေဖြင့်ဆေးကြောတောက်ပ သန့်စင်လာစေပါတယ်။ မြန်မာလူမျိုးတို့၏ကျင်းပမြဲဖြစ်သော ဆယ့်နှစ်ရာသီ ပွဲတော်များတွင် သင်္ကြန်ရေသဘင်ပွဲတော်သည် အလွန်ကြီးကျယ်စည်ကားသော အမျိုးသားပွဲတော်တစ်ခုဖြစ်သ ည်။ သို့သော်ကမ္ဘာပေါ်ရှိ လူမျိုးတို့သည် မိမိတို့ဓလေ့ထုံးတမ်း အစဉ်အလာများအရ နှစ်ဆန်းရက်များ သတ်မှတ်ရပေမည်။
သိုးဆောင်းလူမျိုးများနှင့်
ယင်းတို့၏ အယူဝါဒကိုကျင့်သုံးသော လူမျိုးအပေါင်းတို့သည် ဇန်နဝါရီလ တစ်ရက်
နှစ်ဆန်းရက်ဖြစ်၍ ဒီဇင်ဘာလ (၃၁) ရက် ညဥ့်သန်းခေါင်မတိုင်မီ
အခါကနှစ်သစ်ကူးရက်ကြို ပျော်ရွှင်ပွဲများကျင်းပကြ၏။ အချို့လည်း ဘုရားကျောင်းများတွင် နှစ်ကူးအချိန်အခါ၌ ဆုတောင်းမေတ္တာများပို့သကြ၏။ ဤသည်လည်း သိုးဆောင်းနှစ်ကူးသင်္ကြန်ဟု ခေါ်ဆိုနိုင်သည်။
တရုတ်လူမျိုးများလည်း နှစ်သစ်ကူးပွဲတော်ကို ဖေဖေါ်ဝါရီလအတွင်း အကြီးအကျယ် ကျင်းပသကဲ့သို့ ဟိန္ဒူ-ဗင်္ဂါလီ လူမျိုးတို့လည်း မတ်လအတွင်း မိမိတို့လူမျိုးအချင်းချင်း
ဆေးနီရေများဖြင့် မေတ္တာရေစင်များ လောင်းပက်ကစားကြ၍
နှစ်ကူးသင်္ကြန်ပွဲတော်များ ပျော်ရွှင်စွာကျင်းပကြ၏။ နှစ်ဆန်းတစ်ရက်နေ့
မြန်မာလူမျိုးတို့၏ နှစ်ကူးသင်္ကြန်ပွဲသည်လည်း ဟိန္ဒူအယူဝါဒမှ ဆင်းသက်သော
ဓလေ့အတိုင်း ရှေးယခင်ကာလများ၌ မိဘဆရာသမားများနှင့် သက်ကြီးဝါကြီးများကို
သနပ်ခါးနံ့သာရေများ၊ သပြေခက်ကလေးများဖြင့် ကန်တော့ကြသည့်
အလေ့အထရှိခဲ့ကြသည်။ သို့ရာတွင် ယခုခေတ်၌ တစ်ဦးနှင့်တစ်ဦး
၊တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ အလွန်အကျူးအပြန်အလှန် ရေကစားမှုများ၊ အားကစားစိတ်ဓာတ်
သဘောမျိုးဖြင့် အပြိုင်အဆိုင် စကားနိုင်သံချပ်များနှင့်ပျော်ရွှင်ပွဲ သဖွယ်ဆင်နွှဲမှုများဖြစ်ခဲ့လေ သည်။
ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက် မိဘုရားစောလုံ အား ရေပက်ကစားရာအကျီစားလွန်သဖြင့် စောလုံစိတ်ဆိုးကာ ဘုရင့်အပေါ်သေကြောင်းကြံသောေ ကြာင့် နောက်ဆုံး စောလုံအသတ်ခံရ သည်ဟူသော ဖြစ်ရပ်အရ သင်္ကြန်ရေကစားသည့်အလေ့သည် ပုဂံခေတ်ကပင် ရှိခဲ့ပြီဟု မှတ်ယူခဲ့ရသည်။
သင်္ကြန်နှင့်ပတ်သက်သော သမိုင်းအချက်အလက်များ ကွဲပြားစေကာမူ လက်ရှိအချိန်တွင် ပိတောက်ပန်းများပွင့်သည့် တန်ခူးလတွင်ကျင်းပသည့် အတာသင်္ကြန်ရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံတွင် အစည်ကားဆုံးနှင့် အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး မြန်မာနှစ်သစ်ကူးပွဲတော်တစ် ခု
အဖြစ် နှစ်စဉ်ကျင်းပလျှက်ရှိသည်။ မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းများဖြင့်
လှပျိုဖြူများ စည်းဝါးညီကာ လှပစွာ ကပြဖျော်ဖြေကြသည်။ မုန့်လုံးရေပေါ်
များကျွေးခြင်းအလေ့အထမှာ ကျေးလက်မြို့ပြမကျန် ကျင့်သုံးလျှက်ရှိသည်။
မုန့်လုံးရေပေါ်ထဲတွင် အစာသွတ်ထည့်ထားသော ထန်းလျှက်ခဲအစား
ငရုတ်သီးတောင့်များ ထည့်သွင်းကာ စားချင့်စဖွယ် မုန့်လုံးရေပေါ်များ ထဲတွင်
ရောနှောကျွေးတတ်သည့် ဓလေ့မှာလည်း ချစ်စရာအလေ့အထ တစ်ခုဖြစ်သည်။ရှေးယခင်ကာလများတွင်
သပြေခက်နှင့် ငွေဖလားကို အသုံးပြုကာ ရေကစားကြသည်ဟု အဆိုရှိခဲ့သော်လည်း
ယနေ့အခါ တွင်မူ ရေသေနတ်များနှင့် ရေပိုက်များအသုံးပြုကာ အတာရေဘသင်
ပွဲတော်ကို ခေတ်နဲ့အညီ မဏ္ဍပ်များတည်ဆောက်၍ ကြီးကျယ်ခမ်းနားစွာ
ကျင်းပဆင်နွဲလျှက်ရှိကြသည်။
သင်္ကြန်ကာလတွင် တောရောမြို့ပါမကျန် ဝုန်းဒိုင်းကြဲကာပျော်ရွှင်ြ ကသည့်
ပွဲတစ်ခုလည်း ဖြစ်သည်။ တစ်ချို့မြို့များတွင် အိုးမည်းသုတ်ခြင်း မှာလည်း
ပျော်ရွှင်ဖွယ် ချစ်စရာကောင်းသည့် အလေ့အထတစ်ခု ဖြစ်သည်။ တောရွာများနှင့်
တချို့မြို့များတွင် မိန်းကလေး အားရေလောင်းခွင့်တောင်းကာ ရေလောင်း
ရေပက်သည့် မြန်မာ့ဟန်ကိုလည်း တွေ့ရသည်။
သင်္ကြန်ကာလတွင်း ဥပုတ်သီလစောင့်တည် တရားဘာဝနာပွားများသူများ ရှိသကဲ့သို့ ရေကစားသူများ တွင်လည်းရေပက်ခံသူနှင့် ရလောင်းရေပက်မည့် သူများနှင့်စည်ကားလျှက် ရှိသည်။ ကိုယ်ဝန်ရှိသူများ၊ တာဝန်ထမ်းဆောင်နေ သည့် ဝန်ထမ်းများနှင့် ဘာသာရေးပုဂ္ဂိုလ်များ (ဘုန်းကြီး၊ ရဟန်း၊ သီလရှင်၊ ဥပုသ်စောင့်သူ)ကို ရေပက်ခြင်းမှ ရှောင်ကြဉ်ကြသည်မှာချစ်စရာ ကောင်းသည့် လက်ရှိအချိန် အတာသင်္ကြန်ကာလ ကျင်းပပုံဖြစ်သည်။ တချို့သော မြို့ကြီးများမှာ မဏ္ဍပ်များ တည်ဆောက်၍ ရေကစားကြရာတွင် ယခင်က သင်္ကြန်ယိမ်းအကအလှများအစား ခေတ်ပေါ်တေးဂီတ များဖြင့် အတိုအပြတ်၊ အကွဲအပြဲများ ဝတ်ဆင်ကာ အဖော်အချွတ် ကပြဖျော်ဖြေသည် ကိုလည်း တွင်တွင်ကျယ်တွေ့မြင်နေရပါတ ယ်။
ခေတ်ဟောင်းငွေဖလားနှင့် သပြေခက်ယဉ်ကျေးမှုများ၊ ခေတ်သစ် ဂီတအကအလှယဉ်ကျေးမှုများဖြင့်
ရောထွေးလျှက်ရှိသော်လည်း သင်္ကြန်သည် မြန်မာတိုင်း မြန်မာတိုင်း
ပျော်ရွှင်သည့် အကြီးကျယ် အခမ်းနားဆုံး မြန်မာ့နှစ်သစ်ကူးပွဲတော်
တစ်ခုပင်ဖြစ်သည်။ ဆက်လက်ကြိုးစားပါဦးမည်။
အပတ်စဉ် ကြာသပတေးနေ့ ညနေ(၇) နာရီတိုင်းမှာ အလားတူ အတုယူနိုင်ဖွယ် ကိုယ်ရေးမှတ်တမ်းများကို ပုံမှန်တင်ဆက်ပေးသွားပါမယ်။
EMG Marketing Groupရဲ့ Facebook စာမျက်နှာကို Like လုပ်ထားခြင်းအားဖြင့်
အပတ်စဉ်စိတ်ဝင်စားစရာ ကိုယ်ရေးရာဇ၀င်များကို သိရှိလေ့လာနိုင်မှာဖြစ်ပါတယ်။ပရိတ်သတ်များမှ လေ့လာသိရှိလိုပါက Comment နှင့်ဖြစ်စေ မက်ဆေ့ပို့ပြီးဖြစ်စေ အကြုံပြုတောင်းဆိုနိုင်ပါတယ်။ အခုလိုအားပေးကြည့်ရှု့ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
[REFERENCE & CREDITS]
Article Translated & Adjusted By,
Myo Ko
Digital Social Media Team
EMG Marketing Group
Reference: Internet
Myo Ko 31/3/2016
သင်္ကြန်သည် သင်္ကန္တဟူသော ပါဠိပုဒ်မှလာသည့် သက္ကတရရစ်သံနှင့်သင်္ကြန်ဟူသော
သိုးဆောင်းလူမျိုးများနှင့်
တရုတ်လူမျိုးများလည်း နှစ်သစ်ကူးပွဲတော်ကို ဖေဖေါ်ဝါရီလအတွင်း အကြီးအကျယ် ကျင်းပသကဲ့သို့ ဟိန္ဒူ-ဗင်္ဂါလီ လူမျိုးတို့လည်း မတ်လအတွင်း မိမိတို့လူမျိုးအချင်းချင်း
ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက် မိဘုရားစောလုံ အား ရေပက်ကစားရာအကျီစားလွန်သဖြင
သင်္ကြန်နှင့်ပတ်သက်သော သမိုင်းအချက်အလက်များ ကွဲပြားစေကာမူ လက်ရှိအချိန်တွင် ပိတောက်ပန်းများပွင့်သည့် တန်ခူးလတွင်ကျင်းပသည့် အတာသင်္ကြန်ရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံတွင် အစည်ကားဆုံးနှင့် အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး မြန်မာနှစ်သစ်ကူးပွဲတော်တစ်
သင်္ကြန်ကာလတွင် တောရောမြို့ပါမကျန် ဝုန်းဒိုင်းကြဲကာပျော်ရွှင်ြ
သင်္ကြန်ကာလတွင်း ဥပုတ်သီလစောင့်တည် တရားဘာဝနာပွားများသူများ ရှိသကဲ့သို့ ရေကစားသူများ တွင်လည်းရေပက်ခံသူနှင့် ရလောင်းရေပက်မည့် သူများနှင့်စည်ကားလျှက် ရှိသည်။ ကိုယ်ဝန်ရှိသူများ၊ တာဝန်ထမ်းဆောင်နေ သည့် ဝန်ထမ်းများနှင့် ဘာသာရေးပုဂ္ဂိုလ်များ (ဘုန်းကြီး၊ ရဟန်း၊ သီလရှင်၊ ဥပုသ်စောင့်သူ)ကို ရေပက်ခြင်းမှ ရှောင်ကြဉ်ကြသည်မှာချစ်စရာ ကောင်းသည့် လက်ရှိအချိန် အတာသင်္ကြန်ကာလ ကျင်းပပုံဖြစ်သည်။ တချို့သော မြို့ကြီးများမှာ မဏ္ဍပ်များ တည်ဆောက်၍ ရေကစားကြရာတွင် ယခင်က သင်္ကြန်ယိမ်းအကအလှများအစား ခေတ်ပေါ်တေးဂီတ များဖြင့် အတိုအပြတ်၊ အကွဲအပြဲများ ဝတ်ဆင်ကာ အဖော်အချွတ် ကပြဖျော်ဖြေသည် ကိုလည်း တွင်တွင်ကျယ်တွေ့မြင်နေရပါတ
ခေတ်ဟောင်းငွေဖလားနှင့် သပြေခက်ယဉ်ကျေးမှုများ၊ ခေတ်သစ် ဂီတအကအလှယဉ်ကျေးမှုများဖြင့
အပတ်စဉ် ကြာသပတေးနေ့ ညနေ(၇) နာရီတိုင်းမှာ အလားတူ အတုယူနိုင်ဖွယ် ကိုယ်ရေးမှတ်တမ်းများကို ပုံမှန်တင်ဆက်ပေးသွားပါမယ်။
[REFERENCE & CREDITS]
Article Translated & Adjusted By,
Myo Ko
Digital Social Media Team
EMG Marketing Group
Reference: Internet

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။