Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 2, 2016

ရာထူးအမျိုးမျိုးနဲ့ စင်္ကာပူကို ခေါင်းဆောင်သွားတဲ့ လီကွမ်ယု။

ရာထူးအမျိုးမျိုးနဲ့ စင်္ကာပူကို ခေါင်းဆောင်သွားတဲ့ လီကွမ်ယု။

စင်္ကာပူနိုင်ငံက လီကွမ်ယုကို ဝန်ကြီးချုပ်လို့ လူသိများပါတယ်။ ဒါပေမဲ့ သူဟာ ဝန်ကြီးချုပ်ရာထူးက အနားယူသွားခဲ့ပေမဲ့ နိုင်ငံ့အဓိပတိခေါ်မလား၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လို့ ခေါ်မလား၊ ဘယ်လိုပဲ ခေါ်ခေါ်ပါ၊ သူဟာ အာဏာရဝန်ကြီးချုပ်ကို ကြိုးကိုင်အုပ်ချုပ်ခဲ့တယ်ဆိုတာ စင်္ကာပူနိုင်ငံသားတိုင်းသိကြပါတယ်။

လီကွမ်ယုရဲ့နိုင်ငံရေးသက်တမ်းတလျှောက်ကို ကြည့်ရင် -

Prime Minister ဝန်ကြီးချုပ် (၁၉၅၉ ဇွန်လ ၃ ရက် - ၁၉၉၀ နိုဝင်ဘာလ ၂၈ ရက်)

Senior Minister ( ၁၉၉၀ နိုဝင်ဘာလ ၂၈ ရက် - ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၂ ရက်) - ဒီအချိန်မှာ ဂိုချောက်တောင်က ဝန်ကြီးချုပ် ဖြစ်နေခဲ့တယ်။

Minister Mentor ( ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၂ ရက် - ၂၀၁၁ ခုနှစ်လမေလ ၁၁ ရက်) - ဒီအချိန်မှာ သူ့သား လီရှန်လွန်းက ဝန်ကြီးချုပ် ဖြစ်နေခဲ့တယ်။

၂၀၁၁ ခုနှစ် မေလ၁၁ ရက်နေ့ကနေ ကွယ်လွန်ချိန် ၂၀၁၅ ခုနှစ် မတ်လ ၂၃ ရက်အထိ အစိုးရအဖွဲ့မှာ မပါဝင်တော့ပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ပဲ နေသွားခဲ့တယ်။

သူဟာ ၁၉၉၀ ပြည့်နှစ်မှာ ဝန်ကြီးချုပ်က ဆင်းပေးလိုက်ပြီး နောက်တက်လာတဲ့ ဂိုချောက်တောင်ကို နည်းပေးလမ်းပြဖို့ Senior Minister (SM) ရာထူးကို ကိုင်ထားပါတယ်။

၂၀၀၄ ခုနှစ်မှာ ဂိုချောက်တောင် ဝန်ကြီးချုပ်က ဆင်းတော့ သူ့သား လီရှန်လွန်း ဝန်ကြီးချုပ် ဖြစ်လာတယ်။ အစိုးရက အရင်က မရှိသေးတဲ့ Minister Mentor (MM) ရာထူးတခုထွင်ပြီး လီကွမ်ယုကို အပ်နှင်းတယ်။ Mentor ကို "ကောင်းရာ ညွှန်ပြသူ၊ ဆရာ၊ ဂုရု" လို့ မြန်မာစာအဖွဲ့က ထုတ်တဲ့ အင်္ဂလိပ် - မြန်မာအဘိဓါန်မှာ အဓိပ္ပါယ် ဖွင့်ဆိုထားတယ်။ ဒီတော့ MM ဆိုတာ ဝန်ကြီးချုပ်ရဲ့ ဆရာ၊ ဂုရုလို့ ပြောရမှာပေါ့။

အခုမေးစရာမေးခွန်း ၂ ခုရှိတယ်။ (၁) လီကွမ်ယုဟာ ဝန်ကြီးချုပ်ရာထူးက ဆင်းပေးလိုက်ပေမဲ့ ဘာလို့နောက်တက်တဲ့ ဝန်ကြီးချုပ်အထက်မှာ နေနေရတာလဲ။ (၂) လူတွေက အဲဒီလို ဝန်ကြီးချုပ်အထက်က ပေါ်တင်နေနေတာကို မကန့်ကွက်ပဲ လက်ခံကြတာလဲ။

ပထမမေးခွန်းရဲ့အဖြေက လီကွမ်ယုဟာ နောက်လူငယ်တွေကို နေရာပေးဖို့ ဝန်ကြီးချုပ်ရာထူးက ဆင်းပေးလိုက်တာပါ။ ဒုတိယမေးခွန်းရဲ့ အဖြေက လူတွေ မကန့်ကွက်ကြဘူး။ တတ်နိုင်ရင် လီကွမ်ယုကို တသက်လုံး ဝန်ကြီးချုပ်နေရာမှာ နေစေချင်တယ်။ စင်္ကာပူလို တံငါရွာ ကျွန်းသေးသေးလေးကနေ ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်လာအောင် လုပ်ခဲ့တဲ့သူ မရှိရင် စင်္ကာပူနိုင်ငံ ပြိုလဲ ပျက်စီးသွားမှာ စိုးရိမ်ကြတယ်။ လီကွမ်ယုကလဲ လူတွေအားကိုးသလို ဝန်ကြီးချုပ် ၂ ယောက်ကို လမ်းညွှန်ပြသရင်း စိတ်ချရပြီဆိုတဲ့ ၂၀၁၁ ခုနှစ်ကျမှ အစိုးရအဖွဲ့က အနားယူလိုက်ပါတယ်။

အနှစ် ၅၀ ကျော် ပြိုလဲပျက်စီးယိုယွင်းနေတဲ့ ကျနော်တို့ မြန်မာနိုင်ငံတော်ကြီးကို ပြန်လည်ပြုပြင်တည်ဆောက်ရာမှာ အမြင့်ဆုံးရာထူးဖြစ်တဲ့ သမ္မတရဲ့ ဆရာ၊ ဂုရုတယောက်လို၊ မလိုဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့။ ဝန်ကြီးချုပ်ကို လမ်းညွှန်အကြံပေးမဲ့ ဂုရုဆရာရှိတဲ့ စင်္ကာပူနိုင်ငံကတော့ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်သွားလေပြီ။

ဗန်းမော်သိန်းဖေ
၂၀၁၆ ဧပြီလ ၂ ရက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။