ပျက်သွားပြီးသပိတ်ကို ပြန်ဆက်ဘို့မကြိုးစားပါနဲ့
************************** **************
မနေနိုင်တော့လို့ဝင်ရေးလိုက်တယ်၊ မောင်မင်းသူရိန်ကရေးတယ်
"နားမလည်ဘဲစွတ်ပြောမနေကြနဲ့ တဲ့………………သပိတ်ဆိုတာ မှောက်ချင်တိုင်းမှောက်ပြီး လှန်ချင်တိုင်းလှန်လို့ရတာမ ဟုတ်ဘူး………………"တဲ့
နောက်ရေးထားတာတစ်ခုက"သပိတ်ေ မှာက်တယ်ဆိုတိုင်းလမ်းပေါ်ထွ က် တယ်ထင်တာခပ်တုန်းတုန်း အတွေးအခေါ်ဘဲ" ဆိုပြီးရေးထားတယ်၊
မောင်ရင့်ရဲ့ရေးသားချက်တွေက တော်တော်ကို မှတ်သားလောက်တာတွေဘဲကိုး၊
ကဲ အပိုတွေမပြောဘဲ လိုရင်းကိုသွားကြရအောင်။
အခုမောင်ရင်တို့ ကိုလွှတ်လိုက်တာ မောင်ရင်တို့ လုပ်ရပ်တွေ ရာနှုန်းပြည့်မှန်နေလို့ မောင်ရင်တို့ရဲ့ လုပ်ရပ်ကိုထောက်ခံသော အားဖြင့် လွှတ်ပေးတာမဟုတ်ဘူး၊
ဖမ်းဆီးထားမှုသည် အပြည့်အဝ မှန်ကန်မှု မရှိဘူးလို့ခံယူလို့၊ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မကိုက်ညီဘူးလို့ သတ်မှတ်လို့ အခုတက်လာတဲ့ ဒီမိုကရေစီအစိုးရက သမ္မတလုပ်ပိုင်ခွင့်နဲ့ ပြစ်မှုဆိုင်ရာ(Criminal)တို့ ယှဉ်တွဲ ချိန်ထိုးပြီးလွှတ်ပေးခဲ့တာလို့မြင်မိတယ်။
(လူထုခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ ဧပြီ ၇ ရက်နေ့ ကြေညာချက်မှာ
"………ယင်းနည်းလမ်းများကိုအသုံးပြု၍ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်။" ဟုဖေါ်ပြထားချက်ကိုဖတ်ရှုကြည့် ပါ)
ဒီမိုကရေစီကျင့်သုံးတဲ့စနစ် မှာ လွတ်လပ်စွာပြော၊ ရေး၊ ဆိုခွင့်၊ ဆန္ဒထုတ်ဖေါ်ခွင့်ရှိတယ်၊
ငါတို့မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာလည်း အဲဒီစစ်မှန်တဲ့အခွင့်အရေးတွေရမယ်ယုံလို့
အခုလက်ရှိအာဏာရပါတီ NLDကို မဲပေးရွေးချယ်ခဲ့ကြတာ၊ တစ်ခုတော့
သိထားစေချင်တာက ကိုယ်နဲ့သဘောမကိုက်ညီလို့ ဆန္ဒထုတ်ဖေါ်တိုင်း ရရမယ်ထင်ရင်တော့
မှားလိမ့်မယ်၊ မိမိဆန္ဒရှိသည်ကို ရရမည်ဟု သတ်မှတ်စိတ်ဓာတ်ဟာ
အာဏာရှင်စိတ်ဓာတ်ဘဲ၊ ဒီမိုကရေစီမှာလွတ်လပ်စွာဆန္ဒ ထုတ်ဖေါ်ခွင့်ရှိတယ် ဆိုတဲ့အတွက် မောင်ရင်တို့ ဆန္ဒကို ထုတ်ဖေါ်ပြောကြတာ မတားပါဘူး၊
ဒါပေမဲ့Procedure ကိုမဖေါက်ပါနဲ့၊ ကိစ္စတစ်ခုကို လုပ်သည်ဆိုသည့်အခါ ယဉ်ကျေး လိမ္မာ ပါးနပ် သူတွေသည် "ကာလံ ဒေသံ" ကြည့်တတ်တယ်၊ ကြည်တတ်ဘို့လည်းလိုတယ် ဒါမှလည်း အောင်မြင်လိမ့်မယ်။ (စကားပုံတစ်ခုတော့ရှိတယ်၊ "လူလိမ္မာသားယဉ်ပါး၊ လူမိုက်သားရမ်းကား)
အခုကိစ္စမှာမောင်ရင်တို့ အချို့သော လွတ်မြှောက်လာသူတွေထဲက သပိတ်မလှန်သေးဘူး ကျန်ခဲ့တဲ့အစိုးရလက်ထက်က တောင်းဆိုထားတဲ့ အချက်တွေ မရမခြင်း သပိတ်မလှန်ဘူးလို့ ရေးပြောထားတာ ဖတ်ရတယ်၊
ကောင်းပါပြီ... မသိလို့မေးပရစေ
ကျန်ခဲ့တဲ့အစိုးရကို ပညာရေးနဲ့ပတ်သက်လို့ တောင်းဆိုတဲ့အချက်တွေကို အခုအစိုးရသစ်ကို တောင်းဆိုပြီးပြီလား?
အခုအစိုးရသစ်ကကော ဘာအကြောင်း ပြန်ထားပြီလဲ?
မောင်ရင်တို့ ကျန်ခဲ့တဲ့အစိုးရအုပ်ချုပ်စ ဉ်က
တောင်းဆိုချက်များကို မရမခြင်းသပိတ်မလှန်ဟု ပြင်းထန်စွာ ခံယူထားပါက
မောင်ရင်တို့ လုပ်သင့်သည်မှာ သပိတ်မလှန်ကြောင်း သက်သေပြသည့်အနေနှင့်
အစိုးရသစ်က ယခုပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်ကို လက်မခံဘဲ၊ လွတ်မည်ဟု
သိသည်နှင့်အစိုးရသစ်အား
"မောင်ရင်တို့ တောင်းဆိုထားသော အချက်များမရပါက လွတ်ငြိမ်းချမ်းသာခွင့်ကို လက်မခံနိုင်"ဟု သတ္တိရှိရှိ တင်ပြပြီး ထိုတောင်းဆိုချက်များ မရမချင်း ထောင် သို့မဟုတ် အချုပ်ထဲမှာ ပင်နေသင့်သည်။
သပိတ်မလှန်သေးဘူးပြောရအောင် မောင်ရင်တို့ ကျန်ခဲ့တဲ့"သပိတ်က လှန်ဘို့တောင်မရှိဘူးလေ" "အဖြိုခွဲခံလိုက်ရပြီးပြီ"မ ဟုတ်လား၊
ရှင်းအောင်ပြောရင် ကျန်ခဲ့တဲ့အစိုးရဟောင်းရဲ့ ပညာရေးစနစ်ကို မောင်ရင်တို့ ဆန္ဒပြတာလေ၊ အခုအစိုးရသစ်ရဲ့ ပညာရေးစနစ်ကို ပြတာမဟုတ်ဘူး၊
အခုအစိုးရသစ်ရဲ့ ပညာရေးစနစ်က ဘယ်လိုလဲဆိုတာ မေးမြန်းပြီးပြီလား?
ကျန်ခဲ့တဲ့အစိုးရဟောင်း (ပထမအစိုးရ) ရေးဆွဲထားတဲ့ ပညာရေးစနစ်ကို တက်လာတဲ့အစိုးရက သူအစိုးရဖြစ်လာတာနဲ့ ချက်ချင်းဆွဲစုတ်ပြီး ချက်ချင်းအသစ် ပြန်ဆွဲပေးရမှာလား?
ကူးပြောင်းရေးကာလဆိုတာကို မသိလောက်အောင် မောင်ရင်တို့ဘာဖြစ်နေ တာလဲ?
ကျောင်းသား၊ ကျောင်းသူများဖြစ်ကြတဲ့ မောင်တို့ မယ်တို့ကို ဒေါ်အောင်ဆန်းစုကြည်ဟာ အမောင်တို့ အမယ်တို့ရဲ့ဘဝခရီးအတွက် တုံ့ဆိုင်းမှုမရှိဘဲ နှစ်သစ်ကူးရုံးပိတ်ရက် အမိမခံဘဲ လွှတ်ပေးခဲ့တယ်ဆိုတဲ့ လုပ်ရပ်နဲ့ စေတနာကိုကော မြင်ပါရဲ့လား?
ဒို့ပြည်သူ ပြည်သားတွေဟာ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲအလွန် ကာလ အစိုးရအောင်မြင်စွာ ဖွဲ့မပြီးခင်အထိ အင်မတန်မှ ထိလွယ် ရှလွယ်အချိန်တွေကို သတိကြီးစွာ ဖြတ်သန်းခဲ့ရတယ်၊
ဒို့ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကို တိုက်ခိုက်နေတဲ့ Lobby များကို တည်ငြိမ်စွာကြံကြံခံခဲ့လို့ အဲဒီ Lobby တွေ ဂွင်ပျောက်ခဲ့ကြတယ်၊
အခုမောင်ရင်တို့က သူတို့အတွက် ဂွင်တစ်ဖန် ပြန်လည်ဖန်တီးပေးတဲ့သူတွေအြ ဖစ် သမိုင်းအရေးခံရအောင် ကိုယ့်သမိုင်း အရိုင်းမခံပါနဲ့ကွာ။
ဒို့နိုင်ငံပညာရေးစနစ်နဲ့ ပတ်သက်တဲ့ ပြုပြင်လိုတဲ့ မောင်ရင်တို့လိုချင်တဲ့ အချက်တွေကို အေးဆေးစွာဆွေးနွေး၊ အများလက်ခံတဲ့ Resultတစ်ခုကို ထုတ်နှုတ်ပြီး လက်ရှိအစိုးရကို တင်ပြတောင်းဆိုခြင်းသည်သာ မှန်ကန်သော Procedure ဖြစ်တယ်လို့ ပြောဆိုအကြံပြုချင်ပါတယ်၊
အဲဒီတော့... အခုမောင်မင်းသူရိန်အပါအဝင် သပိတ်မလှန်သေးဘူး ပြောနေကြတဲ့ သူများကို ပြောပရစေ၊
မောင်ရင်တို့ မှောက်သောသပိတ်သည် ကျန်ခဲ့သည် အစိုးရလက်ထက်ကထဲက"လန်"သွာြး ပီးပါပြီ၊ သူတို့နှင့်အတူ ပါသွားပြီးဖြစ်ပါ၍ မောင်ရင်တို့ လှန်ပေးဘို့ မလိုတော့ပါလို့သာ ထပ်ပြောချင်ပါတယ်၊
အတ္တနှင့်ပရမျှတစွာတွေးဆနိုင်ပါစေ
#ဦးဝင်းဗိုလ်(မြို့မ)
**************************
မနေနိုင်တော့လို့ဝင်ရေးလိုက
"နားမလည်ဘဲစွတ်ပြောမနေကြနဲ့
နောက်ရေးထားတာတစ်ခုက"သပိတ်ေ
မောင်ရင့်ရဲ့ရေးသားချက်တွေက
ကဲ အပိုတွေမပြောဘဲ လိုရင်းကိုသွားကြရအောင်။
အခုမောင်ရင်တို့ ကိုလွှတ်လိုက်တာ မောင်ရင်တို့ လုပ်ရပ်တွေ ရာနှုန်းပြည့်မှန်နေလို့ မောင်ရင်တို့ရဲ့ လုပ်ရပ်ကိုထောက်ခံသော အားဖြင့် လွှတ်ပေးတာမဟုတ်ဘူး၊
ဖမ်းဆီးထားမှုသည် အပြည့်အဝ မှန်ကန်မှု မရှိဘူးလို့ခံယူလို့၊ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မကိုက်ညီဘူးလို့ သတ်မှတ်လို့ အခုတက်လာတဲ့ ဒီမိုကရေစီအစိုးရက သမ္မတလုပ်ပိုင်ခွင့်နဲ့ ပြစ်မှုဆိုင်ရာ(Criminal)တို
(လူထုခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂ
"………ယင်းနည်းလမ်းများကိုအသံ
ဒီမိုကရေစီကျင့်သုံးတဲ့စနစ်
ငါတို့မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာလည်း အဲဒီစစ်မှန်တဲ့အခွင့်အရေးတေ
ဒါပေမဲ့Procedure ကိုမဖေါက်ပါနဲ့၊ ကိစ္စတစ်ခုကို လုပ်သည်ဆိုသည့်အခါ ယဉ်ကျေး လိမ္မာ ပါးနပ် သူတွေသည် "ကာလံ ဒေသံ" ကြည့်တတ်တယ်၊ ကြည်တတ်ဘို့လည်းလိုတယ် ဒါမှလည်း အောင်မြင်လိမ့်မယ်။ (စကားပုံတစ်ခုတော့ရှိတယ်၊ "လူလိမ္မာသားယဉ်ပါး၊ လူမိုက်သားရမ်းကား)
အခုကိစ္စမှာမောင်ရင်တို့ အချို့သော လွတ်မြှောက်လာသူတွေထဲက သပိတ်မလှန်သေးဘူး ကျန်ခဲ့တဲ့အစိုးရလက်ထက်က တောင်းဆိုထားတဲ့ အချက်တွေ မရမခြင်း သပိတ်မလှန်ဘူးလို့ ရေးပြောထားတာ ဖတ်ရတယ်၊
ကောင်းပါပြီ... မသိလို့မေးပရစေ
ကျန်ခဲ့တဲ့အစိုးရကို ပညာရေးနဲ့ပတ်သက်လို့ တောင်းဆိုတဲ့အချက်တွေကို အခုအစိုးရသစ်ကို တောင်းဆိုပြီးပြီလား?
အခုအစိုးရသစ်ကကော ဘာအကြောင်း ပြန်ထားပြီလဲ?
မောင်ရင်တို့ ကျန်ခဲ့တဲ့အစိုးရအုပ်ချုပ်စ
"မောင်ရင်တို့ တောင်းဆိုထားသော အချက်များမရပါက လွတ်ငြိမ်းချမ်းသာခွင့်ကို လက်မခံနိုင်"ဟု သတ္တိရှိရှိ တင်ပြပြီး ထိုတောင်းဆိုချက်များ မရမချင်း ထောင် သို့မဟုတ် အချုပ်ထဲမှာ ပင်နေသင့်သည်။
သပိတ်မလှန်သေးဘူးပြောရအောင်
ရှင်းအောင်ပြောရင် ကျန်ခဲ့တဲ့အစိုးရဟောင်းရဲ့ ပညာရေးစနစ်ကို မောင်ရင်တို့ ဆန္ဒပြတာလေ၊ အခုအစိုးရသစ်ရဲ့ ပညာရေးစနစ်ကို ပြတာမဟုတ်ဘူး၊
အခုအစိုးရသစ်ရဲ့ ပညာရေးစနစ်က ဘယ်လိုလဲဆိုတာ မေးမြန်းပြီးပြီလား?
ကျန်ခဲ့တဲ့အစိုးရဟောင်း (ပထမအစိုးရ) ရေးဆွဲထားတဲ့ ပညာရေးစနစ်ကို တက်လာတဲ့အစိုးရက သူအစိုးရဖြစ်လာတာနဲ့ ချက်ချင်းဆွဲစုတ်ပြီး ချက်ချင်းအသစ် ပြန်ဆွဲပေးရမှာလား?
ကူးပြောင်းရေးကာလဆိုတာကို မသိလောက်အောင် မောင်ရင်တို့ဘာဖြစ်နေ တာလဲ?
ကျောင်းသား၊ ကျောင်းသူများဖြစ်ကြတဲ့ မောင်တို့ မယ်တို့ကို ဒေါ်အောင်ဆန်းစုကြည်ဟာ အမောင်တို့ အမယ်တို့ရဲ့ဘဝခရီးအတွက် တုံ့ဆိုင်းမှုမရှိဘဲ နှစ်သစ်ကူးရုံးပိတ်ရက် အမိမခံဘဲ လွှတ်ပေးခဲ့တယ်ဆိုတဲ့ လုပ်ရပ်နဲ့ စေတနာကိုကော မြင်ပါရဲ့လား?
ဒို့ပြည်သူ ပြည်သားတွေဟာ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲအလွန် ကာလ အစိုးရအောင်မြင်စွာ ဖွဲ့မပြီးခင်အထိ အင်မတန်မှ ထိလွယ် ရှလွယ်အချိန်တွေကို သတိကြီးစွာ ဖြတ်သန်းခဲ့ရတယ်၊
ဒို့ရွေးချယ်တင်မြှောက်ထားတ
အခုမောင်ရင်တို့က သူတို့အတွက် ဂွင်တစ်ဖန် ပြန်လည်ဖန်တီးပေးတဲ့သူတွေအြ
ဒို့နိုင်ငံပညာရေးစနစ်နဲ့ ပတ်သက်တဲ့ ပြုပြင်လိုတဲ့ မောင်ရင်တို့လိုချင်တဲ့ အချက်တွေကို အေးဆေးစွာဆွေးနွေး၊ အများလက်ခံတဲ့ Resultတစ်ခုကို ထုတ်နှုတ်ပြီး လက်ရှိအစိုးရကို တင်ပြတောင်းဆိုခြင်းသည်သာ မှန်ကန်သော Procedure ဖြစ်တယ်လို့ ပြောဆိုအကြံပြုချင်ပါတယ်၊
အဲဒီတော့... အခုမောင်မင်းသူရိန်အပါအဝင် သပိတ်မလှန်သေးဘူး ပြောနေကြတဲ့ သူများကို ပြောပရစေ၊
မောင်ရင်တို့ မှောက်သောသပိတ်သည် ကျန်ခဲ့သည် အစိုးရလက်ထက်ကထဲက"လန်"သွာြး
အတ္တနှင့်ပရမျှတစွာတွေးဆနိုင
#ဦးဝင်းဗိုလ်(မြို့မ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။