အနိုင်ကျင့်ခံရတဲ့ အခါ....ဘယ်လိုတုန့်ပြန်ကြမလဲ
အနိုင်ကျင့်မခံရဘူးတဲ့ သူ ရှိသလား။ ကျွန်မအတွေ့အကြုံအရ ပြောရရင်တော့ မရှိပါဘူး။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့ အနိုင်ကျင့်ခံရတာမျိုးနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ပိုင်ဆိုင်မှုတွေ ပျက်ဆီးသွားအောင် အနိုင်ကျင့်ခံရတာမျိုး တစ်မျိုးမဟုတ်တစ်မျိုး ကြုံကြရတာပါပဲ။ အဲဒီနှစ်မျိုးစလုံးကို လူတိုင်းတွေ့ကြုံရတတ်ပါတယ်။
ကိုယ်ချစ်တဲ့ ယုံကြည်တဲ့ မိဘကနေ သားသမီးအပေါ်မှာ နိုင်ထက်စီးနင်းပြောဆိုတာကလ ည်း အနိုင်ကျင့်တာပဲ။ ကိုယ်ချစ်တဲ့ အကိုတွေ မောင်တွေက ညီ၊ ညီမ စတဲ့ သွေးသားဆွေမျိုးတွေက ကိုယ့်ကို ဗိုလ်ကျတာကလည်း အနိုင်ကျင့်တာပါပဲ။
ကျွန်မတို့ တိုင်းပြည်မှာတော့ မိဘမို့၊ ဆွေမျိုးသားချင်းမို့ ဆိုပြီး ဗိုလ်ကျတာ၊ နိုင်ထက်စီးနင်းပြောဆိုတာကို ခေါင်းငုံ့ခံဖို့ မွေးလာကတည်းက မိဘတွေက သင်ပေးလိုက်ကြတယ်။
`ဟဲ့...ကိုယ့်အထက်အကြီးပြော ရင် ပြန်မပြောနဲ့ မှားမှားမှန်မှန် သူပြောချင်တာ ပြောပါစေ၊ ဘာပြောပြော ငုံခံရမှာပဲ ၊ အဲလိုခံလိုက်လို့ နင့်အသားပဲ့ပါမသွားဘူး`ဆြို ပီးတော့
အနိုင်ကျင့်တာကိုလည်း ငုံ့ခံဖို့ ငယ်စဉ်ကလေးဘ၀ကတည်းက သင်ပေးလိုက်ကြတာ။
အသားတော့ ပဲ့ပါမသွားပါဘူး၊ စိတ်ထဲမှာ ဒဏ်ရာ ရသွားတာက တစ်သက်လုံးပဲ။
ငယ်စဉ်ကတည်းက မိသားစုဝင်တွေက အနိုင်ကျင့်လွန်းလို့ ကြီးလာချိန်မှာလူတောမတိုးတော့တဲ့ သူတွေ အများကြီးရှိတယ်လို့ တောင် ဆိုချင်ပါသေးတယ်။
နောက်တစ်ချက်ကတော့ အားကြီးတဲ့သူတွေက အားနည်းတဲ့ သူတွေကို အနိုင်ကျင့်တဲ့ ကိစ္စပါ။ ကျေးဇူးရှင်မို့၊ လုပ်ငန်းရှင်မို့ ကိုယ့်ထက်အကြီးမို့ အနိုင်ကျင့်ကြတာလည်း ထုံးစံလို ဖြစ်နေတယ်။
ဒါ့အပြင် လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဘက်တွေထဲမှာလည်း နိုင်ကျင့်တာမျိုးရှိတတ်သလို၊ သူငယ်ချင်းမိတ်ဆွေအပေါင်းအသ င်းကနေ ကိုယ့်ကိုအနိုင်ကျင့်တာမျိုး ရှိပါတယ်။
ကျွန်မကတော့ ကိုယ်ချစ်တဲ့ သူတွေက ကိုယ့်ကို အနိုင်ကျင့်တာလို့ သိလိုက်ရတိုင်း ၀မ်းနည်းနာကျင်ရတယ်။ တစ်သက်လုံး မမေ့နိုင်တဲ့ စိတ်ဒဏ်ရာတွေ ဖြစ်ကုန်တယ်။ ဒါပေမဲ့ ဘယ်လိုတုန့်ပြန်ရမလဲ ဆိုတာကိုလည်း ကောင်းကောင်းမသိခဲ့ပါဘူး။ အဲဒါကြောင့် အနိုင်ကျင့်ခံရတဲ့အခါ အကောင်းဆုံးတုန့်ပြန်နည်းက ဘာလဲ ဆိုတာကို သေချာ ဂရုတစိုက်နဲ့ ရှာဖွေမိခဲ့ပါတယ်။
လူအများစုကတော့ အနိုင်ကျင့်ခံရတာကို အမြဲတမ်း ငုံ့ခံတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်တာ ကိုလည်း ငုံ့ခံတယ်။ ကိုယ့်ရဲ့ ထိခိုက်ပျက်ဆီးမှုတွေကြုံလာတဲ့အထိ ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတာကိုလည်း ငုံ့ခံပါတယ်။
နောက်တစ်မျိုးကတော့ အနိုင်ကျင့် မခံချင်ဘူး ဒါပေမဲ့ သူတို့နဲ့ဆိုရင်တော့ ကိုယ့်ကို အနိုင်ကျင့်မှာပဲ အရင်ကလည်း အနိုင်ကျင့်ခဲ့ဖူးတယ်ဆိုတဲ့ အတွေ့အကြုံလည်း ရှိထားတော့ သူတို့ကိုယ့်ကို အနိုင်ကျင့်လို့မရအောင် ပရိယာယ်နဲ့ ပညာသားပါပါရှောင်တတ်ကြပါတယ် ။
နောက်တစ်မျိုးကတော့ အနိုင်ကျင့်တာကို လုံးဝ မခံပါဘူး။ နိုင့်ထက်စီးနင်းပြောတာ...အ နိုင်ကျင့်သလို
ပြုမူတာတွေအတွက် ချက်ခြင်းပဲတုန့် ပြန်တိုက်လေ့ရှိပါတယ်။ အဲလို
လုပ်တဲ့သူတွေကတော့ ပတ်ဝန်းကျင်မှာတော့ ဆတ်ဆတ်ထိမခံပြန်ပြော
ပြန်တိုက်တဲ့သူဖြစ်လာခဲ့တယ် ။ လုပ်ငန်းခွင်မှာလည်း သည်းမခံနိုင်တဲ့သူ၊ ဒေါသကြီးတဲ့သူ တိုက်ခိုက်တတ်သူ အဖြစ်မြင်လာကြတယ်။
တကယ်တော့ အနိုင်ကျင့်ခံရပြီဆိုတာနဲ့အဲဒါကို ခေါင်းငုံ့ခံမလား၊ ပြန်တိုက်မလား၊ အနိုင်ကျင့်မခံရအောင် ရှောင်နေမလား။ အဲလို တုန့်ပြန်နည်းတွေ ရှိပါတယ်။
ကျွန်မအနေနဲ့ကတော့ ခေါင်းငုံ့ခံတာကို မကြိုက်တဲ့သူပါ။
ပရိယာယ်နဲ့ ရှောင်တိမ်းတဲ့ နည်းလမ်းကို ကောင်းတယ်လို့ ဆိုနိုင်ပေမဲ့ အမြဲတမ်း ရှောင်တိမ်းနေဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။
တကယ်လို့ ရှောင်တိမ်းလို့မရခဲ့ရင်လည်း
တန်ပြန်တိုက်ခိုက်တာမျိုး လုပ်မလား။ ဒါဆိုရင်တော့ သူနဲ့ကိုယ်ရဲ့
ဆက်ဆံရေးကို ထိခိုက်သွားနိုင်တယ်။အဲဒီ နည်းလမ်းတွေက သိပ်အကောင်းကြီး
မဟုတ်ဘူးလို့ နားလည်မိတယ်။
ကျွန်မအနေနဲ့ကတော့ အနိုင်ကျင့်ခံရပြီိဆိုရင် ကိုယ်ဘယ်လို ခံစားနေရသလဲ ဆိုတာကို တစ်ဖက်လူကို သိအောင် ပြောတာမျိုး ပြုလုပ်သင့်တယ်လို့ ယူဆပါတယ်။ ပြန်တိုက်ဖို့ဆိုတာထက် သူရဲ့ အနိုင်ကျင့်မှုကို လက်မခံဘူး၊ ဒါပေမဲ့ သူနဲ့ကိုယ်ရဲ့ ဆက်ဆံရေးကိုလည်း မပျက်ဆီးစေချင်တဲ့ သဘောတရားမျိုးပါ။
အဲလိုမှ မဟုတ်ဘဲနဲ့ သူနိုင်ထက်စီးနင်းပြောတာကို ခေါင်းငုံ့ခံနေမယ်ဆိုရင်တော့  အမြဲတမ်း ဘာပြောပြော ခေါင်းငုံ့သာခံပေတော့၊ ပြန်ဖြေရှင်းဖို့ အခွင့်အရေးဘယ်တော့မှ ရမှာ မဟုတ်တော့ဘူး။
တစ်ဖက်လူရဲ့ လုပ်ရပ်က ကိုယ့်ကို ထိခိုက်စေတယ်ဆိုတာကို တစ်နည်းနည်းနဲကတော့ သူ့ကို သိအောင် ပြောမယ်၊ ဒေါသနဲ့ တုန့်ပြန်တာမျိုး မဖြစ်စေဘဲနဲ့...ဒီလိုပြန်လည်ပြောဆိုရတာဟာ ကိုယ့်ကိုယ်ကို အရေးထားတဲ့ လေးစားမှု ဆိုတာကို သူ့ကို သိစေဖို့ပါ။
တစ်ယောက်ယောက်က ဘယ်နေရာမှာမဆို ဟိန်းဟောက်ခြိမ်းခြောက်တာမျိုးကိုလည်း
ငြိမ်ခံစရာမလိုဘူးလို့ မြင်မိတယ်။ အဲလို ဟိန်းဟောက်တတ်တဲ့သူတွေက
သူတို့လိုချင်တာကို အရယူဖို့အတွက် အသုံးပြုတဲ့နည်းလမ်းတစ်ခုပါ ။
အဲလိုကြုံရပြီဆိုရင်တော့ ကိုယ့်ဘက်ကလည်း သူ့ရဲ့ ဟိန်းဟောက်မှုကို လက်မခံနိုင်ဘူးဆိုတာကို ယဉ်ကျေးစွာ သိစေနိုင်မဲ့ နည်းလမ်းမျိုးကို သုံးသင့်ပါတယ်။ ဥပမာ `စိတ်မတိုပါနဲ့ ကျွန်မစကားကို ရှင်ကောင်းကောင်း မကြားလိုက်ဘူးထင်တယ်၊ ကျွန်မတို့ ဘာတွေလုပ်နိုင်မလဲ ဆိုတာ စဉ်းစားရအောင်`လို့ တည်ငြိမ်ယဉ်ကျေးစွာပြောပါ။ ဒါဟာ ကိုယ်က ငုံ့ခံမှာ မဟုတ်ကြောင်း ပြသရာရောက်သလို ကိုယ့်စကားကလည်း သူနဲ့ကိုယ်ရဲ့ အငြင်းပွားမှုတွေကို လျော့နည်းသွားစေနိုင်ပါတယ်။
ကိုယ်က အနိုင်ကျင့်တာမျိုးကို လက်မခံနိုင်တဲ့ သူဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း သူများကို ဘာကြောင့်မှ နိုင်ထက်စီးနင်းပြောဆိုတာ၊ ဗိုလ်ကျတာ အနိုင်ကျင့်မှု ဆန်တဲ့ အပြုအမူအပြောအဆိုမမျိုးက မပြုလုပ်မိဖို့ အရေးကြီးပါတယ်။
ကျွန်မအနေနဲ့ တိုက်တွန်းချင်တာကတော့ ဘယ်သူရဲ့ အနိုင်ကျင့်မှုကိုမှ မခံပါနဲ့။ အနိုင်ကျင့်တတ်တဲ့ သူက သူတို့အနိုင်ကျင့်လို့ရတဲ့ သူတွေကို အမြဲတမ်း အနိုင်ကျင့်တတ်ပါတယ်။ အဲဒါကြောင့် ဘယ်သူ့ရဲ့ သားကောင်မှ အဖြစ်မခံဖို့ အကြံပြုလိုပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)
https://www.facebook.com/ MayThingyanHein/ မှရယူဖော်ပြအပ်ပါသည်။
အနိုင်ကျင့်မခံရဘူးတဲ့ သူ ရှိသလား။ ကျွန်မအတွေ့အကြုံအရ ပြောရရင်တော့ မရှိပါဘူး။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့ အနိုင်ကျင့်ခံရတာမျိုးနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ပိုင်ဆိုင်မှုတွေ ပျက်ဆီးသွားအောင် အနိုင်ကျင့်ခံရတာမျိုး တစ်မျိုးမဟုတ်တစ်မျိုး ကြုံကြရတာပါပဲ။ အဲဒီနှစ်မျိုးစလုံးကို လူတိုင်းတွေ့ကြုံရတတ်ပါတယ်။
ကိုယ်ချစ်တဲ့ ယုံကြည်တဲ့ မိဘကနေ သားသမီးအပေါ်မှာ နိုင်ထက်စီးနင်းပြောဆိုတာကလ
ကျွန်မတို့ တိုင်းပြည်မှာတော့ မိဘမို့၊ ဆွေမျိုးသားချင်းမို့ ဆိုပြီး ဗိုလ်ကျတာ၊ နိုင်ထက်စီးနင်းပြောဆိုတာကိ
`ဟဲ့...ကိုယ့်အထက်အကြီးပြော
ငယ်စဉ်ကတည်းက မိသားစုဝင်တွေက အနိုင်ကျင့်လွန်းလို့ ကြီးလာချိန်မှာလူတောမတိုးတေ
နောက်တစ်ချက်ကတော့ အားကြီးတဲ့သူတွေက အားနည်းတဲ့ သူတွေကို အနိုင်ကျင့်တဲ့ ကိစ္စပါ။ ကျေးဇူးရှင်မို့၊ လုပ်ငန်းရှင်မို့ ကိုယ့်ထက်အကြီးမို့ အနိုင်ကျင့်ကြတာလည်း ထုံးစံလို ဖြစ်နေတယ်။
ဒါ့အပြင် လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဘက်တွေထဲမှာလည
ကျွန်မကတော့ ကိုယ်ချစ်တဲ့ သူတွေက ကိုယ့်ကို အနိုင်ကျင့်တာလို့ သိလိုက်ရတိုင်း ၀မ်းနည်းနာကျင်ရတယ်။ တစ်သက်လုံး မမေ့နိုင်တဲ့ စိတ်ဒဏ်ရာတွေ ဖြစ်ကုန်တယ်။ ဒါပေမဲ့ ဘယ်လိုတုန့်ပြန်ရမလဲ ဆိုတာကိုလည်း ကောင်းကောင်းမသိခဲ့ပါဘူး။ အဲဒါကြောင့် အနိုင်ကျင့်ခံရတဲ့အခါ အကောင်းဆုံးတုန့်ပြန်နည်းက ဘာလဲ ဆိုတာကို သေချာ ဂရုတစိုက်နဲ့ ရှာဖွေမိခဲ့ပါတယ်။
လူအများစုကတော့ အနိုင်ကျင့်ခံရတာကို အမြဲတမ်း ငုံ့ခံတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်တာ
နောက်တစ်မျိုးကတော့ အနိုင်ကျင့် မခံချင်ဘူး ဒါပေမဲ့ သူတို့နဲ့ဆိုရင်တော့ ကိုယ့်ကို အနိုင်ကျင့်မှာပဲ အရင်ကလည်း အနိုင်ကျင့်ခဲ့ဖူးတယ်ဆိုတဲ့
နောက်တစ်မျိုးကတော့ အနိုင်ကျင့်တာကို လုံးဝ မခံပါဘူး။ နိုင့်ထက်စီးနင်းပြောတာ...အ
တကယ်တော့ အနိုင်ကျင့်ခံရပြီဆိုတာနဲ့အ
ကျွန်မအနေနဲ့ကတော့ ခေါင်းငုံ့ခံတာကို မကြိုက်တဲ့သူပါ။
ပရိယာယ်နဲ့ ရှောင်တိမ်းတဲ့ နည်းလမ်းကို ကောင်းတယ်လို့ ဆိုနိုင်ပေမဲ့ အမြဲတမ်း ရှောင်တိမ်းနေဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။
တကယ်လို့ ရှောင်တိမ်းလို့မရခဲ့ရင်လည်
ကျွန်မအနေနဲ့ကတော့ အနိုင်ကျင့်ခံရပြီိဆိုရင် ကိုယ်ဘယ်လို ခံစားနေရသလဲ ဆိုတာကို တစ်ဖက်လူကို သိအောင် ပြောတာမျိုး ပြုလုပ်သင့်တယ်လို့ ယူဆပါတယ်။ ပြန်တိုက်ဖို့ဆိုတာထက် သူရဲ့ အနိုင်ကျင့်မှုကို လက်မခံဘူး၊ ဒါပေမဲ့ သူနဲ့ကိုယ်ရဲ့ ဆက်ဆံရေးကိုလည်း မပျက်ဆီးစေချင်တဲ့ သဘောတရားမျိုးပါ။
အဲလိုမှ မဟုတ်ဘဲနဲ့ သူနိုင်ထက်စီးနင်းပြောတာကို
တစ်ဖက်လူရဲ့ လုပ်ရပ်က ကိုယ့်ကို ထိခိုက်စေတယ်ဆိုတာကို တစ်နည်းနည်းနဲကတော့ သူ့ကို သိအောင် ပြောမယ်၊ ဒေါသနဲ့ တုန့်ပြန်တာမျိုး မဖြစ်စေဘဲနဲ့...ဒီလိုပြန်လည
တစ်ယောက်ယောက်က ဘယ်နေရာမှာမဆို ဟိန်းဟောက်ခြိမ်းခြောက်တာမျ
အဲလိုကြုံရပြီဆိုရင်တော့ ကိုယ့်ဘက်ကလည်း သူ့ရဲ့ ဟိန်းဟောက်မှုကို လက်မခံနိုင်ဘူးဆိုတာကို ယဉ်ကျေးစွာ သိစေနိုင်မဲ့ နည်းလမ်းမျိုးကို သုံးသင့်ပါတယ်။ ဥပမာ `စိတ်မတိုပါနဲ့ ကျွန်မစကားကို ရှင်ကောင်းကောင်း မကြားလိုက်ဘူးထင်တယ်၊ ကျွန်မတို့ ဘာတွေလုပ်နိုင်မလဲ ဆိုတာ စဉ်းစားရအောင်`လို့ တည်ငြိမ်ယဉ်ကျေးစွာပြောပါ။ ဒါဟာ ကိုယ်က ငုံ့ခံမှာ မဟုတ်ကြောင်း ပြသရာရောက်သလို ကိုယ့်စကားကလည်း သူနဲ့ကိုယ်ရဲ့ အငြင်းပွားမှုတွေကို လျော့နည်းသွားစေနိုင်ပါတယ်။
ကိုယ်က အနိုင်ကျင့်တာမျိုးကို လက်မခံနိုင်တဲ့ သူဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း သူများကို ဘာကြောင့်မှ နိုင်ထက်စီးနင်းပြောဆိုတာ၊ ဗိုလ်ကျတာ အနိုင်ကျင့်မှု ဆန်တဲ့ အပြုအမူအပြောအဆိုမမျိုးက မပြုလုပ်မိဖို့ အရေးကြီးပါတယ်။
ကျွန်မအနေနဲ့ တိုက်တွန်းချင်တာကတော့ ဘယ်သူရဲ့ အနိုင်ကျင့်မှုကိုမှ မခံပါနဲ့။ အနိုင်ကျင့်တတ်တဲ့ သူက သူတို့အနိုင်ကျင့်လို့ရတဲ့ သူတွေကို အမြဲတမ်း အနိုင်ကျင့်တတ်ပါတယ်။ အဲဒါကြောင့် ဘယ်သူ့ရဲ့ သားကောင်မှ အဖြစ်မခံဖို့ အကြံပြုလိုပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)
https://www.facebook.com/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။