Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 5, 2016

ဘယ်လို အလုပ်မျိုး လုပ်ကြရင် ကောင်းမလဲ

ဘယ်လို အလုပ်မျိုး လုပ်ကြရင် ကောင်းမလဲ

လူတွေဟာ အသက်ရှင် ရပ်တည် ရှင်သန်ဖို့ တစ်ခု အတွက်နဲ့ ဝါသနာ လည်း မပါ၊ စိတ်ဝင်စား မှုလည်း မရှိ၊ လုပ်ကိုင်ချင် စိတ်တောင် မရှိတဲ့ အလုပ်တွေကို လုပ်ကိုင် နေကြတာ မြင်ရတော့ ကျွန်တော် တော်တော် အံ့သြမိ ပါတယ်။ ဘာလို့များ ကိုယ် မနှစ်သက်တဲ့ အရာတွေမှာ ကိုယ့်ဘဝကို နှစ်မြုတ် လုပ်ကိုင် နေရတာ ပါလဲ။ အသက်ရှင် ရပ်တည်ဖို့ရာ လိုအပ်ချက် အတွက် လုပ်ကိုင် နေရတာ ကိုတော့ ကျွန်တော် နားလည် ပါတယ်။
တကယ်တော့ ကျွန်တော်တို့ အားလုံးလည်း ဒီလိုတွေ ပါပဲ။ ကိုယ်မနှစ်သက်၊ စိတ်မဝင်စား၊ ဝါသနာတောင် မပါတဲ့ အလုပ် တွေမှာ ကျွန်တော် တို့ရဲ့ အချိန်တွေကို အတိုင်းအတာ တစ်ခုအထိ အပွန်းအပဲ့ ခံပြီးတော့ လုပ်ခဲ့ဖူး ကြတဲ့ သူတွေ ကြည့်ပါပဲ။ ဒါပေမယ့် ဒီလို ကိုယ် မနှစ်သက်တဲ့ လုပ်ငန်း မျိုးတွေမှာ ကျွန်တော်တို့ရဲ့ ဘဝတွေကို အနစ်မွန်း ခံပြီး လုပ်ကိုင်ဖို့ အထိတော့ မလိုအပ် ပါဘူး။
ဒါနဲ့ ပါတ်သက်ပြီး တစ်ခါက လူငယ်လေး တစ်ဦးဟာ Hotel ခပ်သေးသေး တစ်လုံးမှာ ပန်းကန်ဆေးတဲ့ အလုပ်ကို လုပ်ကိုင် ပါတယ်။ ဒီအလုပ် ကနေ ပြုတ်သွားတော့ နောက် Hotel ခပ်သေးသေး တစ်လုံးမှာပဲ ပန်းကန်ဆေးတဲ့ အလုပ်ပဲ ထပ်လုပ်ကိုင် ပါတယ်။ ဒီလိုနဲ့ အလုပ်ပြုတ် ပြန်တော့ ကားရေဆေး တဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ ပါတယ်။ ကားရေဆေးတဲ့ အလုပ်ကနေ ပြုတ်ပြန်တော့ ကြမ်းတိုက် တဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ ပါတယ်။
သူဘဝ တစ်လျှောက်လုံးမှာ ရေဆေးတဲ့ အလုပ်တွေ ကိုသာ အများဆုံး လုပ်ကိုင်ခဲ့ ရတော့ ( သူက ဒီအလုပ်ပဲ လုပ်တတ် ခဲ့တော့ ) နောင် အနာဂါတ် မှာလည်း ဒီလုပ်ငန်းနဲ့ပဲ လုပ်ကိုင် စားသောက် ရတော့မယ် လို့တောင် ထင်မှတ် ထားမိခဲ့ ပါတယ်။ တဖြည်းဖြည်းနဲ့ ဒီလို ရေဆေးတဲ့ အလုပ်တွေကို မနှစ်သက်မှန်း၊ မလုပ်ချင် လာမှန်း သိတော့ လုပ်ငန်း ပေါင်းစုံကို နိုင်ငံ ပေါင်းစုံမှာ လှည့်လည်ပြီး လုပ်ကိုင်ခဲ့ ပါသေးတယ်။ နောက်ဆုံး ကော်မရှင် အရောင်းသမား အလုပ်ကို ရွေးချယ် လုပ်ကိုင်ခဲ့ ပါတယ်။ ဒီအလုပ် စလုပ်ခါ စမှာလည်း သူ မအောင်မြင် ပြန်ပါဘူး။
ဒါပေမယ့် နောက်ပိုင်းမှာ သူဟာ ဒီအရောင်းသမား အလုပ်ကို စနစ်တကျ လေ့လာ သင်ယူပြီး လုပ်ဆောင် ခဲ့တဲ့ အခါမှာတော့ သူဟာ သူတို့ Company ရဲ့ ထိပ်တန်း အရောင်းသမား တစ်ယောက် ဖြစ်လာခဲ့ ပါတယ်။ အဲဒီနောက် သူဟာ ရာထူး အဆင့်ဆင့် တိုးတက် လာကာ သူရဲ့ ရောင်းချနည်း တွေကို ပြန်ပြီး ပို့ချရင်း၊ လူသိများ လာရင်း၊ ထပ်ပြီး ပို့ချရင်း၊ လူတွေ ပိုပြီး ထပ်သိ လာရင်းနဲ့ အခုတော့ သူဟာ ကမ္ဘာ့ နာမည်ကြီး Best Seller စာရေးဆရာ၊ ထိပ်တန်း Sale Speaker ၊ Trainer နဲ့ Consultant တစ်ယောက် ဖြစ်လာခဲ့ပြီး အရမ်း အောင်မြင် ကျော်ကြား လာကာ လူပေါင်း များစွာရဲ့ ဘဝတွေကိုပါ တိုးတက်ပြောင်းလဲ နိုင်အောင် လှုံ့ဆော်ပေး နိုင်သော Millionaire သူဌေးကြီး တစ်ယောက်လည်း ဖြစ်လာခဲ့ ပါတယ်။ သူဟာ Brian Tracy ပဲ ဖြစ်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့ တစ်တွေဟာ ကိုယ့်ရဲ့ သဘော ဆန္ဒနဲ့လည်း ကိုက်ညီတဲ့၊ ကိုယ် တကယ်လည်း ဒီအလုပ်မှာ စိတ်ပါ ဝင်စားမှု ရှိတဲ့ လုပ်ငန်းမျိုးကို ကျွန်တော်တို့ရဲ့ အသက်မွေး ဝမ်းကျောင်းမှု ပြုတဲ့ လုပ်ငန်းအဖြစ် ရွေးချယ် လုပ်ကိုင်သင့် ပါတယ်။
ကိုယ် ရှင်သန် နေထိုင်ဖို့ အတွက် လုပ်ကိုင် နေရတဲ့ အလုပ်ကို ကိုယ်တကယ် မနှစ်သက်ဖူး ဆိုရင် အချိန်ယူ စဉ်းစား ဆန်းစစ် ဖို့တော့ လိုပါတယ်။ ဆန်းစစ် ပြီးသွားလို့ လက်ရှိ လုပ်ကိုင် နေတဲ့ အလုပ်ကနေ ကိုယ်လုပ်ချင်တဲ့ အလုပ် တစ်ခုကို ပြောင်းပြီး လုပ်ကိုင်ဖို့ ဆိုတာ စွန့်စား လွန်းရာများ ကြနေ မလား။ စွန့်စား ပါဘိကော။ နောက်အလုပ် တစ်ခုဆိုတာ အဆင်ပြေချင်မှ ပြေမှာကိုး။ ပိုက်စံ ကလည်း အခု အလုပ်မှာ ရနေသလောက် ရပါမယ် လို့လည်း အာမ မခံနိုင် ဖူးလေ။
ဒါပေမယ့် လက်ရှိ အလုပ်မှာပဲ ပေကပ် လုပ်ကိုင် နေတာက ဘာစွန့်စားမှုမှ မရှိတော့ ဘူးလား ဆိုတော့လည်း ရှိပါ ပီကော။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိ အလုပ် ဆိုတာကလည်း အမြဲတမ်း အဆင် ပြေချင်မှ ပြေမှာပါ။ တစ်ခါတစ်လေ အလုပ်တောင် အထုပ်ခံချင် ခံရဦး မှာပါ။ ဒါမှ မဟုတ်လည်း တစ်နည်းနည်း နဲ့တော့ လစာ အဖြတ်ခံ ရချင်လည်း ခံရမှာပါ။ အဆိုးဆုံး ကတော့ ကိုယ့်မှာ ရှိတဲ့ အစွမ်းအစ တွေကို လည်း အပြည့်အဝ အသုံးချ ခွင့်လည်း မရ၊ ကိုယ်တကယ် လုပ်ကိုင် ချင်တဲ့ လုပ်ငန်းတွေ ကျတော့လည်း မလုပ်ဖြစ် ခဲ့တော့ အချိန်လွန် အရွယ်နှောင်း ဘဝရဲ့ နောက်ဆုံး အချိန်ကို ရောက်မှ နောင်တတွေ တသီကြီး ရတတ် ကြပါတယ်။
အဲဒီတော့ ဘယ်လို စွန့်စားမှု မျိုးကို ကျွန်တော်တို့ ရွေးချယ် သင့်တယ်လို့ ထင်ပါသလဲ...။ ကိုယ်မနှစ်သက်တဲ့ အလုပ်မှာပဲ ရတဲ့ လစာနဲ့ အေးအေး ဆေးဆေး နေပြီး အလုပ်ပြုတ်မယ့် အချိန်ကိုပဲ ထိုင်စောင့်နေ မလား ဒါမှမဟုတ် ကိုယ် စိတ်ဝင်တစား လုပ်ကိုင် ချင်တဲ့ လုပ်ငန်းမျိုးကို သတ္တိ ရှိရှိနဲ့ ပြောင်းပြီး စွန့်စား အောင်မြင်အောင် လုပ်ကိုင် မှာလား။ အဖြေက ကျွန်တော်တို့ တစ်တွေ မှာပဲ ရှိပါတယ်။
အဲဒီတာ့ ရဲရဲကြီးသာ ရွေးချယ် ဆုံးဖြတ်လိုက်ပါ။ ကျွန်တော်တို့ရဲ့ အနာဂါတ်ကို ကျွန်တော်တို့ တစ်တွေသာ ပိုင်ဆိုင် ပါတယ်။ ကိုယ့်ရဲ့ အနာဂါတ်ကို ကိုယ့်ဘာသာကိုယ် စိတ်ကြိုက် ထုစစ် တည်ဆောက်ပါ။
လက်ရှိ အလုပ်မှာ ပျော်သလား၊ လုပ်ကိုင်ရတာ စိတ်ပါ ဝင်စားမှု ရှိသလား၊ ရှိခဲ့ရင်လည်း ဘယ်အချက်၊ ဘယ်အချက် တွေကြောင့် အလုပ်မှာ လုပ်ရတာ အဆင်ပြေ ပါတယ်၊ ဘယ်အချက်တွေ ကတော့ ကျွန်တော်ရဲ့ စိတ်ဆန္ဒနဲ့ မကိုက်ပါဘူး စသည်ဖြင့် ဝေဖန် ဆန်းစစ်သင့် ပါတယ်။ ဒီလို ဆန်းစစ် သုံးသပ်ပြီးမှ အကောင်းဆုံး လုပ်သင့်တာ တစ်ခုကို ဒီကနေ့ပဲ ရွေးချယ် ဆုံးဖြတ်ပြီး စတင် လုပ်ကိုင်ကြ ပါစို့။

နောင်နောင် ( START OIL )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။