1. မေမေ့သား
===========
“မေမေ… ဒီနေ့ကျောင်းမှာ စာမေးပွဲဖြေတာ သား အမှတ် ၁၀၀ ရတယ်”
“ဟယ်… ဒါမှ မေမေ့သား၊ ဒါနဲ့ ဘယ် ဘာသာမှာ ရတာလဲ သားလေး”
===========
“မေမေ… ဒီနေ့ကျောင်းမှာ စာမေးပွဲဖြေတာ သား အမှတ် ၁၀၀ ရတယ်”
“ဟယ်… ဒါမှ မေမေ့သား၊ ဒါနဲ့ ဘယ် ဘာသာမှာ ရတာလဲ သားလေး”
“သင်္ချာ 15၊ မြန်မာစာ 20၊ အင်္ဂလိပ်စာ 30၊ သိပ္ပံ ပံ ပံ…”
“အင့်ဟယ်… ဒေါင်”
“အား…”
.
.
2. ပိုချစ်မယ်
========
“ဖိုးသန်…”
“ပြော… မိအိမ်”
“ငါတို့ သူငယ်ချင်းတွေလို ချစ်လာကြတာ ကြာပြီဟာ၊ ဒီထက် နည်းနည်းပိုတဲ့အချစ်နဲ့ ပြောင်းပြီးချစ်ကြရအောင်…”
“အောာ… နင်က မောင်နှမတွေလို ချစ်ချင်တာပေါ့လေ၊ ရပ့ါ”
“ငင်…”
.
.
3. မဖြစ်နိုင်
=======
ဆေးဆိုင်ကို လူတစ်ယောက် ဆေးလာဝယ်တယ်။
သူက အရောင်းစာရေးကို စာရွက်တစ်ရွက်လှမ်းပေးရင်း ပြောတယ်… …
“ဒီဆေး ပေးပါ”
စာရေးက ယူကြည့်ပြီး ပြောတယ်… …
“ဒီဆေးက ဆရာဝန့်ထောက်ခံချက်ပါမှ ရောင်းလို့ရတာ”
“ဆရာဝန်ရေးပေးလိုက်တာပဲလေ”
“ဒါ ဆရာဝန်ရေးပေးလိုက်တာ မဖြစ်နိုင်ဘူး”
“မင်း ဘာလို့ အဲလိုတပ်အပ်ပြောနိုင်တာလဲ”
ဆိုတော့… စာရေးက ပြန်ပြောတယ်… …
“လက်ရေးလှနေလို့”
“ငင့်…”
.
.
4. မြင်ပါများတော့
============
“ငါ့ ကောင်မလေးဆီကို အချစ်ကဗျာလေးတွေရေးပြီး တစ်ပတ်ကို အနည်းဆုံး စာသုံးစောင်ပို့တယ်”
“ခု အခြေအနေ ဘယ်လိုရှိလဲ”
“သူ နဲ့ စာပို့သမား ညားသွားတယ်”
“ဟမ့်…”
.
.
5. အတွေ့အကြုံ
===========
အင်တာဗျူးတစ်ခုမှာ… …
“ငါတို့အလုပ်က ခေါင်းဆောင်မှုအတွေ့အကြုံရှိမှ ဖြစ်မှာ၊ မင်းမှာရှိလား”
“ရှိပါတယ်…”
“ပြောပါအုံး… ဘယ်နေရာတွေမှာ ခေါင်းဆောင်အဖြစ် လုပ်ခဲ့လဲဆိုတာ”
“ဖေ့စဘုတ် ဂရုနှစ်ခုမှာ အက်ဒမင် နဲ့ COC T4K ကလန်မှာ ကျနော်က အဖွဲ့ခေါင်းဆောင်”
“ငင့်…”
.
.
Source - Internet
.
သန်၎ကို - ရမ်းဘာသာပြန်သည်။ https://www.facebook.com/thanlayko

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။