Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 12, 2016

ကျွန်တော်နဲ့အောင်မြင်သော ပြောင်းလဲမှုစီမံခြင်း

ကျွန်တော်နဲ့အောင်မြင်သော ပြောင်းလဲမှုစီမံခြင်း
======================
ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

ကျွန်တော်ဟာပြောင်းလဲမှုစီမံခန့်ခွဲမှုကိုဘာသာရပ်တစ်ရပ်အနေဖြင့် လေ့လာခဲ့ပါတယ်။ အခုလို အခွင့်အရေးရခဲ့တာဟာလည်းကုလသမဂ္ဂ၀န်ထမ်းကောလိပ်မှာ တာဝန်ယူခဲ့စဉ်က ဖြစ်ပါတယ်။ ဒီတုန်းက အထွေထွေအတွင်းရေးမှူးချုပ်ကိုဖီအာနန်စတင်ဆောင်ရွက်ခဲ့တဲ့ကုလသမဂ္ဂအဖွဲ့အစည်းပြုပြင်ပြောင်းလဲမှုကိုအထောက်အကူဖြစ်စေဖို့သင်ရိုးညွှန်းတမ်းတွေရေးဆွဲပြီး သင်တန်းတွေပို့ချခဲ့ရပါတယ်။ အခုလို လေ့လာရင်း “ငါ့ရဲ့ ဒိန်ခဲကို ဘယ်သူ့ရွှေ့သလဲ”ဆိုတဲ့ စာအုပ်ကိုဖတ်ခဲ့တယ်။ဒီစာအုပ်ကတိုတိုလေးပေမယ့် အတော်အဓိပ္ပာယ်ရှိတာ။ ၀င်္ကပါထဲမှာ ကြွက်နှစ်ကောင်နဲ့ လူနှစ်ဦး...။ ထူးဆန်းတာက ဒီလူနှစ်ဦးဟာ
ကြွက်အရွယ်လောက်သာရှိတယ်တဲ့။ ကြွက်နှစ်ကောင်နဲ့လူနှစ်ဦးဟာ ၀င်္ကပါထဲသွားရင်း ဒိန်ခဲတွေကို ရှာဖွေတဲ့ပုံပြင်လေးတစ်ခုဖြစ်တယ်။ ၀င်္ကပါဆိုတာဟာ လူ့ဘ၀ကိုရည်ညွှန်းပြီး ဒိန်ခဲကတော့လူတိုင်းတမ်းတကြတဲ့အောင်မြင်မှုဖြစ်ပါတယ်။ဒီပုံပြင်ကလေးကိုအသေးစိတ်မတင်ပြတော့ဘဲ သင်ခန်းစာ(၇) ရပ်ကိုသာ အကျဉ်းချုံးပြီး တင်ပြချင်ပါတယ်။

၁။ ပြောင်းလဲမှုဟာအစဉ်ဖြစ်နေမှာဖြစ်တယ်။
၂။ ဒါကြောင့်ပြောင်းလဲမှုကို အမြဲကြိုတင်ပြီးခန့်မှန်းထားရမယ်။
၃။ ပြောင်းလဲမှုကိုလည်း မျက်ခြည်မပြတ်အောင် ဆန်းစစ်နေရမယ်။
၎။ ဖြစ်ပေါ်လာတဲ့ပြောင်းလဲမှုကို အဆင်ပြေ လိုက်လျောညီထွေစွာရင်ဆိုင်နိုင်ရမယ်။
၅။ ပြောင်းလဲမှုကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ရမယ်။
၆။ ပြောင်းလဲမှုကို ကျေနပ်စွာပျော်စရာတစ်ခုအနေနဲ့ လက်ခံရမယ်။
၇။ အမြဲတမ်းပြောင်းလဲမှုကို ရင်ဆိုင်နိုင်အောင်ပြင်ဆင်ထားရမယ်။ ဒီသင်ခန်းစာတွေဟာ

အခုလိုပြောင်းလဲမှုအကြီးအကျယ်ရင်ဆိုင်နေကြ ရတဲ့အချိန်မှာစဉ်းစားစရာတွေသာ ဖြစ်ပါတယ်။

သတင်းစာဂျာနယ်တွေမှာဝန်ကြီးဌာနတွေအနေနဲ့ ပြောင်းလဲမှုနဲ့ ပတ် သက်ပြီး ရက်(၁၀၀)စီမံချက်တွေဖော်ထုတ်နေကြတာကို ဖတ်ရတယ်။ အားရ စရာပါပဲ။ ဒါပေမယ့် ပြောင်းလဲမှုဟာ ဖြစ်စဉ်တစ်ရပ်ဖြစ်ပြီး ဖြစ်ရပ်မဟုတ်ဘူး ဆိုတာ သတိပြုရမှာဖြစ်တယ်။ ဥပမာအားဖြင့် အင်မတန်လှပတဲ့ လိပ်ပြာ တစ်ကောင်ဟာ အလွန်အကျည်းတန်တဲ့ ပိုးတုံးလုံးကတစ်ဆင့်ချက်ချင်းပြောင်းလဲလာတာမဟုတ်ဘဲ တစ်ဆင့်ပြီးတစ်ဆင့် တရွေ့ရွေ့ပြောင်းလဲ လာခဲ့  တာဖြစ် တယ် ။ပြောင်းလဲ မှု ကို ဖြစ် စဉ် တစ် ရပ် လို သဘောထားလိုက်ရင် အဆင့်သုံးဆင့်ရှိကြောင်းတွေ့ရပါတယ်။ ဒါတွေကတော့ လက်ရှိအခြေအနေရယ်၊ ပြောင်းလဲတဲ့အနေအထားရယ်၊ အနာဂတ်မျှော်လင့်ချက်ရယ် ဖြစ်ပါတယ်။
လက်ရှိအခြေအနေဟာမျက်မှောက်ခေတ်ရဲ့လှုပ်ရှားမှုတွေဖြစ်တယ်။ အလုပ်တွေ လုပ်ကြတဲ့အခါ ကျင့်သုံးတဲ့ အစဉ်တရားတွေ၊ အပြုအမူတွေ၊ နည်းပညာတွေ၊ အဖွဲ့အစည်းတွေဖြစ်တယ်။ ပကတိ အနေအထားဟာ အကောင်းဆုံး မဟုတ်ပေမယ့် ဒီအခြေအနေကို ရင်းနှီးမှုရှိတယ်။ နားလည် သဘောပေါက်တယ်။ ဒုတိယအဆင့်က ပြောင်းလဲတဲ့အနေအထား မရေရာမှု တွေများတယ်။ မသေချာမှုတွေရှိတယ်။ စိုးရိမ်စိတ်တွေ၊ ပူပန်မှုတွေများတယ်။ ဒါပေမယ့် ဒီအဆင့်ကိုဖြတ်ကျော်မှမိမိလိုချင်တဲ့ တတိယအဆင့်ကို ကူးပြောင်း
နိုင်မှာဖြစ်ပါတယ် ။ အနာဂတ်အဆင့် ဟာ လက် ရှိအခြေအနေထက် သာရမယ်။ ပြောင်းလဲမှုကို စဉ်းစားရာမှာ ပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ပတ်သက်သလို အဖွဲ့ အစည်းအဆင့် မှာလည်းလို အပ် ပါတယ် ။ ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့  လက်ရှိအခြေအနေက မိမိတမ်းတ မျှော်လင့်တဲ့အနာဂတ်အဆင့်ရောက်ဖို့ အခြေခံငါးရပ်ကို စဉ်းစားရမှာဖြစ်တယ်။ ပထမအခြေခံ လူပုဂ္ဂိုလ်တစ်ဦးချင်း ပြောင်းလဲမှုလိုအပ်တာကို သိရမှာဖြစ်တယ်။ ဒုတိယအခြေခံကသိရုံသက်သက်မဟုတ်ဘဲပြောင်းလဲမှုမှာပါဝင်ပြီး ကူညီပံ့ပိုးဖို့လိုအပ်တယ်။ တတိယ အခြေခံကတော့ ပြောင်းလဲမှုနဲ့ပတ်သက်ပြီး လိုအပ်တဲ့အသိပညာတွေစုဆောင်းထားဖို့လိုအပ်ပါတယ် ။ စတုတ္ထ အခြေခံကတော့ ပြောင်းလဲမှုကိုအကောင် အထည်ဖော်ဖို့ လိုအပ် တဲ့  ကျွမ်းကျင် မှု တွေ ၊ အပြုမူ အသစ် တွေ စုဆောင်းကျင့်သုံးရမယ်။ နောက်ဆုံးအခြေခံက ပြောင်းလဲမှုတည်တံ့ခိုင်မြဲစေရန် အစဉ်အားဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ဒီအခြေခံတွေအပေါ် အောင်မြင်တဲ့ ပြုပြင်ပြောင်းလဲမှုကို တည်ဆောက်သွားရမှာသာ ဖြစ်ပါတယ်။ တစ်ခုတော့ သတိပြုရမှာဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦးပြောင်းလဲမှုကို လက်ခံပုံချင်း မတူညီ ကြပါ။ တချို့ကအလွယ်တကူလက်ခံနိုင်သလို ချို့ကတော့ လက်ခံဖို့ ခက်ခဲကြမှာသာဖြစ်တယ်။
အဖွဲ့အစည်းအဆင့်မှာ အကောင်အထည်ဖော်တဲ့ ပြုပြင်ပြောင်းလဲမှုကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ အဆင့်သုံးဆင့်ကို ဖြတ်ကျော်ရမှာဖြစ်ပါတယ်။ ပထမအဆင့်ကတော့ ပြုပြင်ပြောင်းလဲမှုအတွက် မိမိအဖွဲ့အစည်းကို အဆင်သင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခြင်း၊ ဒုတိယအဆင့်မှာတော့ ဒီပြုပြင်ပြောင်းလဲမှုကို ထိရောက်စွာ စီမံခန့်ခွဲခြင်းနဲ့ တတိယအဆင့်မှာတော့ ပြုပြင်ပြောင်းလဲမှုအဓွန့်ရှည်ရန် အားပေးအားမြှောက် ခြင်းတွေသာ ဖြစ်ပါတယ်။ ပြောင်းလဲမှုကို ပြောပြောချင်း တွဲဖက်ပါလာတဲ့ စကားလုံးကဆန့်ကျင်မှုပဲဖြစ်တယ် ။ ပြောင်းလဲမှုကိုလူတိုင်းလက်ခံကြမှာ မဟုတ်ပါဘူး။ မကျေနပ်တာသက်သက်ကျေနပ်တာသက်သက်မဟုတ်ဘဲ ဆန့်ကျင်ရတဲ့အကြောင်းရင်းတွေ ရှိနိုင်ပါတယ် ။ ဒီအကြောင်းအချက်တွေသိနိုင်အောင် ကြိုးစားရမှာသာ ဖြစ်တယ်။ ဒီလိုဆောင်ရွက်နိုင်မှသာ အောင်မြင်တဲ့ ပြုပြင်ပြောင်းလဲမှု ရနိုင်မှာ ဖြစ်ပါတယ်။ ပြောင်းလဲမှု လိုအပ်ချက် မသိတာလို့ ဆန့်ကျင်မှုရှိနိုင်ပါတယ်။ ပြောင်းလဲမှုကြောင့် လက်ရှိအနေ အထား ထိခိုက်မှာစိုးလို့လည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ဘက်က မှန်တယ်ဆိုတာ တစ်ခုတည်းနဲ့ ကျေနပ်နေလို့ မဖြစ်ပါဘူး။ ပြောင်းလဲမှုကို အောင်မြင်ဖို့အတွက် ပါဝင်ပတ်သက်သူတွေအားလုံးရဲ့ လက်ခံမှု၊ သဘောတူ မှုရဖို့လိုအပ်ပါတယ်။
ဒါကြောင့်လည်း အောင်မြင်တဲ့ပြောင်းလဲမှုရဖို့ ပြောင်းလဲမှုစီမံခန့်ခွဲ ပညာကို သဘောပေါက်နားလည်ဖို့လိုအပ်ပါတယ်။ အမှန်တော့ အောင်မြင်တဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်နိုင်ဖို့ အဆင့်ရှစ်ဆင့်ကို ဖြတ်ကျော်ရမှာဖြစ်တယ် ။ ဒီအဆင့် ရှစ်ဆင့်ကိုအပိုင်းနှစ်ပိုင်းခွဲခြားပြီးသတ်မှတ်နိုင်မှာ
ဖြစ်တယ် ။ ပထမအဆင့်လေးဆင့်က ပြောင်းလဲမှု ဖြစ်ပေါ်စေဖို့ လိုအပ်တဲ့  အခြေခံတွေ ဖန်တီးခြင်းဖြစ်တယ်။ ပထမအဆင့်ကတော့ ပြောင်းလဲမှုလိုအပ်တယ် ။ ပြောင်းလဲမှု ဟာအရေးကြီးသလို အရေးပေါ်တစ် ရပ် ဖြစ် တာကိုသိအောင် လုပ်ရမှာဖြစ်ပါတယ် ။ ဥပမာအားဖြင့်ဆေးလိပ်ဖြတ်ချင်တဲ့ သူ ဆေးလိပ်တွေ ဆက်သောက်ရင် အဆုတ်ရောဂါဝေဒနာခံစားရမှာ မုချသိပြီး မပြတ်ရင် ရင်ဆိုင်ရမယ့် အန္တရာယ်ကို စိုးရိမ်ပြီး ဆေးလိပ်ဖြတ်တာဖြစ်ပါတယ်။ ဒုတိယ အဆင့်ကအောင်မြင်တဲ့ ပြုပြင်ပြောင်းလဲမှုရရှိအောင် တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ဖန်တီးလို့ မရပါဘူး။ မဟာမိတ်တွေဖွဲ့ရမယ်။ မိမိနဲ့စိတ်တူ၊ သဘောတူရှိသူတွေကို စည်းရုံးပြီးအောင်မြင်အောင်လုပ်ရမှာဖြစ်တယ်။ တတိယအဆင့်ကတော့ ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်လို့ ပေါ်ပေါက်လာမယ့် အနာဂတ်အခြေအနေနဲ့ ပတ်သက်ပြီး ကြည်လင်ပြတ်သားတဲ့ ရူပါရုံဖော်ထုတ်ရမှာဖြစ်တယ်။ ပြောင်းလဲမှုနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်တွေကို ဖော်ထုတ်သတ်မှတ်ရမှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ကတော့ ဒီရူပါရုံကို ပါဝင်ပတ်သက်သူတွေ အားလုံးသိရှိအောင် ဆက်သွယ်ဆက်ဆံဖို့ လိုအပ်ပါတယ်။ ရရှိနိုင်မယ့် အနာဂတ်အနေအထားကို ကြားသိအောင် ကြိုးစားရမှာသာဖြစ်ပါတယ်။
အခုလို အဆင့်လေးဆင့်ကျော်ဖြတ်ပြီးချိန်မှာ ပြုပြင်ပြောင်းလဲမှုနဲ့ပတ် သက်ပြီး အလေ့အကျင့်အသစ်တွေကို စတင်ကျင့်သုံးရမှာဖြစ်တယ်။ ဒါကြောင့် အဆင့်ငါးဆင့်အနေနဲ့ ပြောင်းလဲမှုတွေ အကောင်အထည်ဖော်နိုင်ဖို့ လုပ်ပိုင်ခွင့်တွေပေးရမှာဖြစ်တယ် ။ အဆင့်ခြောက်ကတော့ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မပျက်စေဖို့ Quick Wins လို့ခေါ်တဲ့ လွယ်လွယ်ရနိုင်တဲ့ အောင်မြင်မှုတွေ ကို ဖော်ထုတ်ပေးဖို့ လိုအပ်ပါတယ်။ အသီးတွေကို ခူးတဲ့နေရာမှာ လက်လှမ်းမီတဲ့ အသီးတွေကို ခူးတဲ့သဘောဖြစ်ပါတယ်။ နောက်ဆုံးကတော့ရလာတဲ့ ပြောင်းလဲမှုအရှိန်ကို မလျော့ကျစေဖို့ ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အဆင့်ခုနစ်မှာ စိတ်မလျှော့ဖို့၊ စိတ်ဓာတ်မကျဖို့ အရေးကြီး ပါတယ်။ ပြောင်းလဲမှုကိုဆောင်ရွက်ရင်း အခက်အခဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာ မုချမလွဲပါ။ ဒါပေမယ့် ဇွဲရှိဖို့အရေးကြီးတယ်။ မဖြစ်မနေဇောက်ချလုပ်နိုင်ဖို့ လိုအပ်ပါတယ် ။ နောက်ဆုံးအဆင့်ရှစ် ကတော့ ပြောင်းလဲ မှုကို ရေရှည်တည်တံ့ခိုင်မြဲအောင် ကြိုးစားရမှာသာ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ယနေ့ကြုံတွေ့နေရတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အင်မတန်မှ သိမ်မွေ့ပါတယ်။ လေးနက်ပါတယ်။ အောင်မြင်တဲ့ပြုပြင်ပြောင်းလဲမှုရစေဖို့ အတိတ်ကဖြစ်ရပ် အာရုံစိုက်မယ့်အစား အနာဂတ်ကို ဖန်တီးပေး ဖို့အရေးကြီးလှပါတယ်။ ကျွန်တော်တို့နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့ အပြောင်းအလဲ ဟာအရေးကြီးလှပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ အရေးအကြီးဆုံးကတော့ စိတ်ထားတွေပြောင်းလဲဖို့ ဖြစ်ပါတယ်။ လူတိုင်းပြောနေတဲ့ (Minset Change)စိတ်ထားစိတ်ဓာတ်တွေ ပြောင်းဖို့ပဲဖြစ်တယ်။
ပြောင်းလဲမှုကို အောင်မြင်စေဖို့ စိတ်ထားတွေဟာ ဖွင့်ထားဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ရဲ့စိတ်ဟာ လေထီးနဲ့ တူပါတယ်။ လေထီးဟာ ဖွင့်မှအလုပ်လုပ်သလို လူရဲ့စိတ်ကလည်း အမြဲတမ်းဖွင့်ထားရမယ်။ ဆိုလိုတာက သင်ယူခံယူချင်စိတ်ရှိတဲ့ ပညာဆည်းပူးမှုပဲဖြစ်ပါတယ်။ ပညာကိုအခြေခံပြီး ကျွန်တော်က ရွှေ့ရတော့မှာဖြစ်တယ်။ အနာဂတ်ကာလဟာ နည်းပညာကို အခြေခံ တဲ့  ၊ ပညာကို အခြေခံ တဲ့  အနေအထားဖြစ်ပါတယ် ။ ဒါကြောင့်ပညာရေးဟာ ပဓာနကျပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရအသစ်ဟာ ပညာရေး ပြုပြင်ပြောင်းလဲမှုကို အာရုံပြုရလိမ့်မယ်လို့ယုံကြည်မိပါတယ်။ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ထုတ်ရာမှာ အတိတ်ကာလမှာ ဖြတ်သန်းခဲ့တဲ့  အတွေ့အကြုံတွေ ကို သင်ခန်းစာယူဖို့ လိုအပ်တယ် ။ လွတ်လပ်ရေးရပြီး ချိန်ကာလမှာ ကျွန်တော်တို့နိုင်ငံ ရဲ့  ပညာရေးအဆင့် အတန်းဟာအာရှ တစ်ခွင်မှာတင့်တယ်ခဲ့တယ် ။ ရန်ကုန်တက္ကသိုလ် ဟာ ထင်ရှားခဲ့တဲ့ ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ခဲ့တယ်။ စင်ကာပူ ခေါင်းဆောင်က ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ချင်တဲ့ ဆန္ဒမပြည့်ဝခဲ့ဘူးလို့ သိခဲ့ရတယ် ။ နောက်ပိုင်းမှာတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း၊ နိုင်ငံရေးချဉ်းကပ်မှု နဲ့  မဖြေရှင်းဘဲ ပညာရေးအဖြေတွေ ထုတ်ခဲ့တယ် ။ ပညာရေးကျဆင်းလာတာက တစ်ချိန်က နာမည်ကြီးလှတဲ့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ မော်လမြိုင်တက္ကသိုလ်ကို အစားထိုးပြီး အင်္ဂလိပ် အခေါ်အဝေါ် Institute တွေနဲ့  အစားထိုးခဲ့တယ် ။ ဒါကတော့ ဆိုရှယ်လစ်ပုံစံ အဖွဲ့အစည်းတွေ။ နောက်ပိုင်းမှာတော့ အမေရိကန် ပြည်ထောင်စု မှာရှိတဲ့ ပုံစံယူပြီး ဒေသကောလိပ်တွေ ထောင်ပြန်တယ်။ အဆိုးဆုံးကတော့ တက္ကသိုလ်ကြီးတွေကို ပိတ်ပြီး ဝေးလံခေါင်းပါးလှတဲ့နေရာတွေမှာ တက္ကသိုလ် လို့ အမည်တပ်ပြီး အဖွဲ့အစည်းတွေ တည်ထောင်ခဲ့ခြင်းဖြစ်တယ်။ ဒီလုပ်ရပ် တွေအားလုံးဟာ နိုင်ငံရေးပြဿနာတွေကိုပေးတဲ့ ပညာရေးဆောင်ရွက် ချက်တွေဖြစ်တယ်။ ဒီအထဲမှာ အဝေးသင်ပညာရေးကို ဖော်ထုတ်ခဲ့ပြန်တယ်။ အမှန်တော့ နိုင်ငံတကာမှာ အဝေးသင်ပညာရေး စနစ်တွေရှိကြပါတယ်။ နာမည်အကြီးဆုံးက ဗြိတိန်နိုင်ငံက Open University ဖြစ်တယ်။ ဒါပေမယ့် ဒီအဝေးသင်တွေက ပညာရေးဦးတည်ချက်ရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ တည်ထောင်ခဲ့တဲ့ အဝေးသင်က ကျောင်းသားတွေစုမှာ စိုးရိမ်လို တစ်နှစ် မှာ ၁၀ရက် အနီးကပ်သင်တန်းတွေ ပေးပြီး စာမေးပွဲ စစ်တဲ့ စနစ် ကိုတီထွင် ခဲ့ပြန်တယ် ။ ဘွဲ့လက်မှတ် တွေကိုစိတ် ကြိုက်ထုတ် ပေးခဲ့သလို ဖြစ်ခဲ့ပြန်တယ်။ ပညာရေးပြုပြင် ပြောင်းလဲမှုတွေ ကိုလုပ် ဖို့ ကြိုးစားခဲ့ပေမယ့်  အခြေခံစေတနာတွေ ကြောင့်  ကျောင်းသားထု နဲ့  အခင်းပွားခဲ့  တယ် ။
ပညာရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လာရင် ကျောင်းသားသမဂ္ဂနဲ့ပတ်သက်လာရင် အပြင်အယူအဆက အစွန်းရောက်ခဲ့ပါတယ်။ သမဂ္ဂဆိုတဲ့ အသုံးအနှုန်းကို မနှစ်သက်ကြတာတွေ့ရတယ်။ သမဂ္ဂဖွဲ့စည်းမှုဟာ နိုင်ငံတော်အစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ကြတယ်။ ကျောင်းသားတွေ နိုင်ငံရေး မလုပ်ရဘူးဆိုတဲ့ အတွေးအခေါ်တွေက လွှမ်းမိုးခဲ့တယ်။ ဒီလိုတွေးမြင်ကြတာက ကိုယ့်နိုင်ငံရဲ့ သမိုင်းကို မေ့ဖျောက်တာဖြစ်တယ်။ နိုင်ငံရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတွေကို ကျောင်းသားတွေက ဦးစီးခဲ့ပြီး ကျောင်း သားသမဂ္ဂတွေက အဓိကကျတဲ့အခန်းမှာ ပါဝင်ခဲ့ကြတယ်။ နိုင်ငံ့ခေါင်း ဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ကျောင်းသားသမဂ္ဂဘ၀က စတင်ခဲ့တာကို မေ့နေကြတယ်ထင်ပါရဲ့ ကျွန်တော်က လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ သဘာပတိအနေနဲ့ ဒေါက်တာကျော်သူနဲ့အတူ တွဲဖက်ပြီး တာဝန်ယူခဲ့ပါတယ်။ ရှုထောင့်က အမျိုးမျိုးနဲ့ တင်ပြခဲ့ကြတာတွေကို ကြားသိခဲ့ရပါတယ်။ လူကြီးတွေရဲ့စိုးရိမ်မှုကို နားလည် သလို ကလေးတွေရဲ့ဆန္ဒတွေကိုလည်း သဘောပေါက်ပါတယ်။ အတတ်နိုင်ဆုံး (win win) အခြေအနေရအောင် ကြိုးစားခဲ့ပါတယ်။ အားလုံးသဘော တူညီမှုရပြီး လက်မှတ် ရေးထိုးမှု တွေကိုမြင် တွေ့ခဲ့ရပါတယ် ။ ဒါပေမယ့်  နောက်ဆုံးမှာတော့ ၀မ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တွေ နဲ့  ကြုံတွေ့ခဲ့ရပါတယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လာရင် စောစောက ကျွန် တော် တင်ပြခဲ့တဲ့ အဆင့်ရှစ်ဆင့်ကို ပြန်ပြီးသတိ ပေးချင်ပါတယ် ။ ပညာရေးစနစ်ကို မပြောင်းလို့မဖြစ်ဘူး။ အရေးကြီးသလို အရေးပေါ်တစ်ရပ် အနေနဲ့ စဉ်းစားအလေးပေးရမှာဖြစ်တယ်။ ပညာရေးစနစ်ကို မပြောင်းလို့ မဖြစ်တော့ဘူးလို့ လက်ခံဖို့လိုအပ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့တော့ ပြုပြင်ပြောင်းလဲတဲ့အခါ ပညာရေးဝန်ကြီးဌာန တစ်ခုတည်းမဟုတ်။ ပညာရေးစနစ်တစ်ခုလုံးနဲ့ ပါဝင်ပတ်သက်နေသူတွေကို စည်းရုံးဖို့ လိုအပ်ပါတယ်။ ပညာရေးဝန်ထမ်းတွေသာမက ကျောင်းသားမိဘတွေကိုလည်း ပါဝင်စေဖို့လိုအပ်ပါတယ်။ အလုပ်ရှင်များကိုလည်း စည်းရုံးရမှာဖြစ်တယ်။ အထူးသဖြင့် အလေးထားရမယ့်  သူကတော့ ကျောင်းသား ကျောင်းသူ တွေဖြစ်တယ်။ သူတို့ရဲ့ တမ်းတမှုတွေ၊ သူတို့ရဲ့ လိုအပ်ချက်တွေကို သိနားလည် အောင် ကြိုးစားစေချင်ပါတယ်။ တတိယအဆင့်မှာတော့ ပညာရေးစနစ်နဲ့ ပတ်သက်တဲ့ ရူပါရုံကို ဖော်ထုတ်ဖို့ အရေးကြီးပါတယ်။
ကျွန်တော်တို နိုင်ငံရဲ့ ပညာရေးအဆင့်အတန်းကို ဘယ်လိုမျှော်မှန်း သလဲ၊ ၅ နှစ် ၁၀ နှစ်အတွင်း ဘယ်ပုံစံမျိုးနဲ့ တိုးတက်ဖွံ့ဖြိုးစေသလဲဆိုတာကို ဖော်ထုတ်သွားရမှာဖြစ်တယ်။ ဒေသအဆင့် ကမ္ဘာ့အဆင့်မီအောင် မျှော်မှန်း ရမှာဖြစ်တယ်။ အဆင့်အတန်းမီ၊ မမီဆိုတာက သတ်မှတ်ချက်ပေတံတွေ ရှိနေပြီမို့ ဒီပေတံတွေအတိုင်း မီနိုင်အောင် ကြိုးစားရုံပဲဖြစ်ပါတယ်။ ပညာရေး စနစ် ရဲ့  ရူပါရုံကို လူတိုင်းသိ နားလည်အောင် ဆက်သွယ် ဆက်ဆံရမှာ ဖြစ်ပါတယ်။ အခုလိုလုပ်နိုင်မှ အများရဲ့ပါဝင်ပတ်သက်မှုကို ရနိုင်မှာသာဖြစ်ပါတယ်။ အဆင့်ငါးမှာတော့ ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေလုပ်ကိုင်ခွင့်ပေးရမှာဖြစ်တယ်။ တစ်ချိန်တုန်းက နိုင်ငံခြားပညာသင်လွှတ်မှုနဲ့ပတ်သက်ပြီး ပါမောက္ခဌာနမှူးက ဆုံးဖြတ်ခွင့်ရှိခဲ့တယ်။ နောက်ပိုင်း ဒီရွေးချယ်မှုကို ၀န်ကြီးလုပ်တဲ့သူကိုယ်တိုင် ၀င်ရောက်လုပ်ခဲ့တယ်။ အမှန်တော့ အဆင့်ဆင့်တာဝန်ပေးပြီး တာဝန်ခံစေသင့်တယ်။ ဗဟိုချုပ်ကိုင်မှုတွေ ဖြေလျှော့ပြီး အဆင့်ဆင့် ၀န်ခွဲဝေပေးစေချင်ပါတယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုကိုဆောင်ရွက်ရာမှာ ချက်ချင်းရနိုင်မယ့် ရလဒ်တွေ ရအောင် ဖန်တီးသင့်ပါတယ်။ ရက် ၁၀၀ အတွင်း ပညာရေးစနစ်ကြီးအခြေခံက စပြင်နိုင်အောင်လုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုဟာ မလွယ်ကူလှပါဘူး။ ခေတ်အဆက်ဆက် ပျက်စီးယိုယွင်းခဲ့တာကို နေ့ချင်းညချင်းပြင်ဖို့ မလွယ်လှပါဘူး။ ဒါပေမယ့် စေတနာ မှန်မှန်နဲ့သာဆောင်ရွက်ရင် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့်နိုင်ငံရေး ပြဿနာကိုနိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းပြီး ပညာအဖြေတွေကို မသုံးသင့် ပါဘူး။ အခက်အခဲ တွေကိုကျော်လွှားနိုင်တဲ့  ခိုင်မြဲတဲ့ဇွဲသတ္တိရှိ ဖို့လိုအပ်ပါတယ်။

ကျောင်းသားတွေကို ရန်သူအဖြစ်သဘောမထားဘဲ သူတို့နဲ့အတူအဖြေရှာသင့်ပါတယ်။ နောက်ဆုံးအဆင့်ကတော့ပညာရေးပြုပြင်ပြောင်းလဲမှု အမြစ်စွဲအောင် အားထုတ်ရမှာဖြစ်ပါတယ်။
မျက်မှောက်ခေတ်ကာလမှာ ပညာရေးဟာ စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ် တာကို အသိမှတ်ပြုရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ပုဂ္ဂလိကတက္ကသိုလ် ပညာရေး ဥပဒေဟာလည်း အလွန် အရေးကြီးလှပါတယ် ။ တက္ကသိုလ် ကောလိပ်တွေ နဲ့  ပတ်သက်လာရင် လွတ်လပ်တဲ့ အဖွဲ့အစည်းများအဖြစ် အသွင် ပြောင်းဖို့လိုအပ်ပါတယ်။ ပါမောက္ခချုပ်တွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးပြီး အုပ်ချုပ်ရေးတာဝန်တွေလျှော့ပြီး ပညာရေး တာဝန်တွေ ကို အာရုံစိုက်စေချင်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ အရေးကြီးတဲ့ တာဝန်တစ်ရပ်က ပညာရေး
အဖွဲ့အစည်းတွေရဲ့ အရည်အသွေးထိန်းချုပ်မှုဖြစ်ပါတယ်။ အခုဆိုရင် စီးပွား ရေးကို အခြေခံပြီး လုပ်စားတဲ့ပညာရေးအဖွဲ့အစည်းတွေ အမြောက်အမြား ပေါ်ပေါက်နေတာတွေ့ရပါတယ်။ သူတို့ပေးတဲ့ ဘွဲ့ဒီဂရီ တွေဟာဘယ်အထိ ယုံကြည်ရသလဲ ၊ စိတ်ချရသလဲ ဆို တာကို စီစဉ်ပေးဖို့လို အပ်ပါတယ် ။ ကြိုက်သလို ကြော်ငြာပြီးဘွဲ့အတုတွေကိုရောင်းစားနေကြတဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေရဲ့ အန္တရာယ်ကိုလည်း သတိပြုရမှာဖြစ်ပါတယ်။ ပညာစနစ် ရဲ့ အခြေခံ ဟာ သိ က္ခာသမာဓိ ပဲ ဖြစ် ပါတယ် ။ စစ် မှ န် တဲ့  တန်ဖိုးရှိတဲ့ ပညာရေးအရည်အသွေးတွေကိုဖော်ထုတ်ပေးဖို့သာဖြစ်တယ်။ တစ်ချိန်က ကျွန် တော်တို့နိုင်ငံမှာရှိခဲ့တဲ့ အခြေခံ အလယ်တန်း၊ အထက်တန်းနဲ့တက္ကသိုလ်ပညာရေး အဆင့်အတန်းတွေကို ပြန်လည်ဖော်ထုတ်သွား ရမှာဖြစ်ပါတယ်။ လုပ်နိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။

(၁၁.၄.၂၀၁၆ နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါး)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။