Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 24, 2013

" ရုပ်ရှင်ရုံက ရုပ်ရှင်ဇာတ်ကားနဲ့ ၅ဝ ရာခိုင်နှုန်းစီ ပါဝင်ပတ်သက်နေတယ်လို့ ခင်ဇာခြည်ကျော်ပြော "

 
၁၅ နှစ်ကျော်မှာအနုပညာ လောကထဲဝင်လာပြီး၂၇နှစ်အရွယ် မှာ ငါသူတစ်ပါးယောက်ျား မိန်းမဇာတ်ကားနဲ့ အကယ်ဒမီ ရရှိသွားတဲ့ သရုပ်ဆောင် ခင်ဇာခြည်ကျော်က ဘဝနဲ့ အနုပညာ ပုံရိပ်ထပ်တူ ကျခဲ့ပုံကို ရင်ဖွင့် လာပါတယ်။ အကယ်ဒမီသာ မပိုင်ဆိုင်ခဲ့ရရင် ဒီအနုပညာ လောကမှာ လုပ်လာခဲ့တဲ့ အချိန်တွေကို ကျေနပ်နိုင်မှာလား လို့ မေးကြည့်တော့ ” ငါသူတစ်ပါး ယောက်ျား မိန်းမဇာတ်ကားနဲ့ အကယ်ဒမီရတဲ့အချိန်မှာ အစ်မကိုယ်အစ်မကျေနပ်သလို ခံစားရတယ်။ ဒီဇာတ်ကားမှာ အစ်မကိုအားပေးတဲ့ ပရိသတ်တွေ အတွက် တကယ့်လူမှုရေး၊ ဘာသာရေးနဲ့ ဆိုင်တာတွေ ပရိသတ်ကို ပေး နိုင် ခဲ့ တယ်။ ဒီနေ့ အချိန် ထိ ပရိသတ် တွေကြားမှာ ခင်ဇာခြည် ကျော် ရယ်လို့ မှတ်တိုင်တစ်ခု ကျန်ခဲ့ တယ်။ အကယ်ဒမီရတဲ့ အခန်း ဆိုလည်း ပြောရင် ပရိသတ် ယုံမှာမဟုတ်ဘူး။ ရိုက်ကွင်း ပေါ်မှာ ဒိုင်ယာလော့ခ်ပဲ အာရုံ စိုက်နေတာကို ဦးစိုးမိုးက ပြော တယ်။ ဒီအခန်းက တစ်ကား လုံး အသက်ပဲ။ နင်ဒီအခန်းကို မပီပြင်ရင်ကြိုးစား သမျှအားလုံး အလကားပဲလို့ပြောပြီး သူကိုယ် တိုင်ပဲ အစ်မကိုစောင်နဲ့ ပတ်ခြုံ တယ်။ ရိုက်ကွင်းပေါ်က မီးတွေ နဲ့ ဝိုင်းထိုးတော့ တအားပူတာ ချွေးတွေလည်းထွက်ပြီး စိတ် ထဲမှာ ငါသာဒီရောဂါကို ခံစား ရခဲ့ရင်ဆိုတဲ့ စိတ်နှစ်ပြီး လုပ် ခဲ့တဲ့ အခါမှာ လူကမြော့မြော့ လေးပဲ ကျန်တယ်။ အဲဒီနောက် ဆုံး ဆင်းန်လည်းရိုက်လို့ပြီးရော လူလည်း မူးလဲသွားတယ်။ ဒီလောက်ထိ ပေးဆပ်လိုက်လို့ အကယ်ဒမီကို ထိုက်ထိုက်တန် တန်ရတယ်လို့ ယုံပြီး အစ်မ ဘဝမှာ ဒါမှတ်တိုင်ပါပဲ” လို့ ပြောပြခဲ့ပါတယ်။ အနုပညာရှင် တစ်ယောက်က အောင်မြင်မှု ရဖို့လွယ်ပြီး ထိန်းသိမ်းဖို့ ခက်ခဲတယ်လို့ ပြောရင်ရမလား လို့ ခင်ဇာခြည်ကျော်ကို မေးကြည့်တော့ ” အောင် မြင်တာ လွယ်ပေမယ့် အောင်မြင်နေတဲ့ ခင်ဇာ ခြည်ကျော်ဆိုတဲ့ နာမည် တစ်လုံးကို ထိန်း သိမ်းဖို့ ဆိုတာ မလွယ်ဘူး။ အစ်မအနေနဲ့ ရ လာတဲ့ ဒီနာမည် တစ်လုံးကို ခုချိန်ထိ ထိန်း ထားတယ်။ ခုချိန်က ကိုယ့် အချိန် မဟုတ်တော့ပေမယ့် ခင်ဇာခြည်ကျော် ရယ်လို့ ပရိသတ်က လက်ခံနေတာကို သိနေတဲ့အတွက် အစ်မပင်ပန်း ခဲ့သမျှ ဖြေသာပါတယ်။ ဆုံးရှုံး ခဲ့သမျှ လူမှုရေးတွေကို လည်း နားလည်ပေးနိုင်ခဲ့တယ်။ အကယ်ဒမီဆိုတာ လွယ်လွယ် နဲ့ရတဲ့ အရာမဟုတ်ပါဘူး။ တကယ့် ထူးချွန်မှသာ ရတာပါ” လို့ ပြောပြခဲ့ပါတယ်။
၁၅ နှစ်သမီး အရွယ် ကတည်းက ရုပ်ရှင်နဲ့ရင်းနှီးနေ တဲ့အတွက် အရင်ရုံတင်ကား တွေက လေးနက်တယ် ပြောရင် ရမလားလို့ မေးကြည့်တော့ ” အရင်က ရုပ်ရှင်ဇာတ် ကား တွေက လေးနက်တယ်။ အရမ်း ပဲများတယ်။အခုမှသာ ကောမစ် တွေပေါ်လာတာလေ။ ဒရာမာ မင်းသမီးတွေဆိုရင်လည်း ပေါ့ ပေါ့ပါးပါး ဇာတ်ကား ဆိုရင် မရိုက်ချင်ကြတော့ဘူး။အစ်မ လည်း ခုချိန်ထိကောမစ်တစ်ခါမှ မရိုက်ဖူးသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလိုအိုက်တင်က လည်း ကိုယ်မကျွမ်း ကျင် ဘူး။ ကော မစ်အိုက်တင်လည်း ပညာ တစ်ခုပဲ။အစ်မတို့က ဒရာမာ မင်းသမီးတွေဆိုတော့ ဇာတ်ကား လာအပ်ရင် ဇာတ်ကိုအရင်ကြေ ညက်အောင် ဖတ်ပြီး အဝတ် အစားပြင် ဆင်သလို ပတ်ဝန်း ကျင်နဲ့ဆင်တူတဲ့ ကားထဲက ကာရိုက်တာ ကိုလေ့လာတယ်။ အရင် ခေတ်က ဇာတ်ကားတွေ လေးနက်သလို ရုပ်ရှင်ရုံလည်း များတယ်လေ။ ခုက ရုံတွေ များလာဖို့ လိုအပ်တယ်။ ဒါမှ ထုတ်လုပ်ရေးတွေ ကိုက်မှာပေါ့။ အစ်မတို့အနုပညာရှင်တွေက စီးပွားရေးလည်း ဟုတ်တယ်။ အနုပညာဝါသနာပါတာ လည်း ဟုတ်တယ်။ နှစ်ခုကိုယှဉ်တွဲ လုပ်တာ။ထုတ်လုပ်ရေးကျတော့ စီးပွားရေးသီးသန့်ဆို တော့ သူတို့အနေနဲ့ ငွေကုန် ကြေးကျ ခံပြီး မျှော်မှန်းထားတဲ့ အတိုင်း ပြန်မရရင် ဘယ်ထုတ်လုပ် တော့မှာလဲ။ အရင်းအနှီးကြီး တဲ့အခါကျတော့ ရုပ်ရှင်ရုံတွေ တိုးပွားလာမှသာ ပိုပြီး တိုးတက် လာမှာပါ။ ရုပ်ရှင်ရုံက ရုပ်ရှင် ဇာတ်ကားနဲ့ ၅ဝရာခိုင်နှုန်းစီ ပါဝင်ပတ်သက်နေတယ်” လို့ ပြောပြခဲ့ပါတယ်။ ခင်ဇာခြည် ကျော်က အနု ပညာအလုပ်ကို ၁၅နှစ်က စပြီးလုပ်ခဲ့ တာမို့ အသက်သေသွားတဲ့အထိ ဒီအနုပညာ အလုပ်ကိုပဲ လုပ် သွားမယ်လို့ ဆုံးဖြတ် ထားပါ သလားဆိုတာ မေးကြည့်တော့ ” အစ်မ အနုပညာသက်တမ်း ခုဆို ၂၃နှစ်ထဲမှာပါ။ နောက်ထပ် ၁ဝနှစ်လောက် တော့လုပ်နိုင်ဦးမယ် ထင်တယ်။ အသက် ၄၇ နောက်ပိုင်း ကျရင်တော့ တစ်မျိုးစဉ်းစား ရမယ်။ ဒီနေ့ဒီအချိန်ထိ ကောင်းတာရော ဆိုးတာရော ဝေဖန် အားပေးကြတဲ့ ပရိ သတ်တွေ ကို ကျေးဇူး တင် တယ်။ အခါအခွင့်သင့်ရင် လည်းထပ်ပြီး အနုပညာကျန်ခဲ့ မယ့်ကားမျိုး ရိုက်ပါဦးမယ်” လို့ ပြောပါတယ်။
ထူးထူး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။