ခွန် ဒီးယမ်
ဗမာတွေ သိက္ခာကျအောင် ပယ်ပယ်နယ်နယ် လုပ်ခဲ့တဲ့ မေဖြိုးဦး
====================================
၁။ ဒီဒေသက တကယ်လိုအပ်နေတာလား အရင်ဆုံးစဉ်းစားမယ်တဲ့
ဥပမာ မော်လမြိုင်မှာ မွန်ဘာသာစကား သင်ချင်တယ်လို့သာ ပြောနေတာ
သူတို့မှာရှိနေတဲ့ မွန်တွေရဲ့  သုံးပုံ နှစ်ပုံဟာ မြန်မာလိုမျိုးတွေပဲ တတ်နေကြ...
တယ် - မြန်မာလူမျိုးတွေလည်း ဖြစ်နေပြီဆိုရင် ဒါမလိုတော့ဘူး...
curriculum ထဲမပါလာသင့်ဘူးတဲ့၊၊

(မိခင်ဘာသာစကားဆိုတာ လိုအပ်မှ သင်ရတာမျိုးမဟုတ်ပါ၊၊ ထိန်းသိမ်းသင့်
တဲ့အမွေအနှစ်ဖြစ်ပါတယ်၊၊ မွန်သုံးပုံနှစ်ပုံဟာ ဗမာစကားတတ်လို့ ဗမာလူမျိုး
တွေလည်း ဖြစ်နေပြီ ဆိုတဲ့ စကားကတော့ ခေတ်ပညာတတ်ဗမာတစ်ယောက်
အနေနဲ့ ပြောတာဆိုရင် ဗမာသိက္ခာကျပါတယ်၊၊ ဗမာလူမျိုးတွေရဲ့  တိုင်းရင်းသား
တို့အပေါ်ရေဘူယျ ရှုမြင်ပုံ တစ်ကွက်လို့ ထောက်ပြချင်တယ်-တစ်နိုင်ငံလုံးကို
ဗမာမှုပြုနေတယ်ဆိုတာ သိသာစေတယ်)
၂။ စနစ်တစ်ခုအနေနဲ့ လုပ်တော့မယ်ဆိုရင် တစ်ယောက်တည်းကို ကြည့်လို့မရဘူး
ပေါ့နော်. ဘယ်လောက်အရေအတွက်က လိုအပ်နေတာလဲဆိုတာ ကြည့်ပြီးတော့မှ
လုပ်လို့ရမယ်လို့ ထင်တယ်တဲ့၊၊
(လူနည်းလို့ လုပ်ပေးဖို့မလိုဘူးဆိုတဲ့ အတွေးမျိုး ဒုတိယအကြိမ်ပြောပြန်ပါတယ်၊၊
တစ်ယောက်တည်း ဆိုတဲ့ စကားကို မသုံးသင့်ဘူးဗျ...လူမျိုးတစ်မျိုးကို စော်ကား
နေတယ်လို့မြင်တယ်- ဒီနိုင်ငံမှာ တိုင်းရင်းသားအားလုံးပေါင်းမှ ဗမာနဲ့ တန်းတူ
လောက်ပဲကျတာဆိုတော့ သူပြောတဲ့ အနည်းအများ သီအိုရီအရ ဘယ်တိုင်းရင်းသား
စာပေမှ မသင်ရဘူးဆိုတဲ့သဘော ဖြစ်နေပါတယ်၊ ဆိုးပါတယ်)
၃.နိုင်ငံတော် ဘတ်ဂျက်ကို တိုင်းရင်းသားဘာသာစကားအတွက် မသုံးသင့်ဘူး၊၊
အလိုလိုနေရင်းမှ ပညာရေးဘတ်ဂျက်နည်းနေရတဲ့ အထဲ “ဒါကြီးကိုပါ” ထည့်သုံး
ရင်အဆင်မပြေဘူးလို့ သူမထင်သတဲ့၊၊
(ပညာရေးဘတ်ဂျက်က တိုင်းရင်းသားတွေအတွက်မပါဘူးပုံစံ ဖြစ်နေတယ်
ဒီ့ထက်တွေးမယ်ဆိုရင် ဗမာဟာတိုင်းရင်းသား မဟုတ်ဘူး.... နိုင်ငံတော်ဟာ
လည်း တိုင်းရင်းသားတွေနဲ့ မဆိုင်ဘူးဆိုလိုရာရောက်သွားမယ်...)
<< ကျန်တဲ့ Panelist တွေပြောတာ ကောင်းပါတယ်၊ အပြည့်အစုံကို အောက်ပါလင့်ခ် မှာသွားကြည့်နိုင်ပါတယ်။ >>
https://www.facebook.com/photo.php?v=517397495000940

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။