Golden Land Myanmar
ငွေစက္ကူ များ တွင် ဗိုလ်ချုပ် အောင်ဆန်း ပုံ ပြန်ရိုက် နှိပ်ပေး ရန် ဆန္ဒ လက်မှတ် စကောက်
မြန်မာနိုင်ငံ တွင် အသုံးပြု လျက် ရှိသော ငွေစက္ကူ များ တွင် ဗိုလ်ချုပ် အောင်ဆန်း ပုံ ပြန်ရိုက်နှိ ပ် ပေးရန် တောင်းဆိုမှု အတွက် ဆန္ဒ လက်မှတ်များ စတင် ကောက်ခံ လျက် ရှိကြောင်း အဆိုပါ လက်မှတ် ကောက်ခံမှု အတွက် တက်ကြွ လှုပ်ရှားသူ Blood Group သွေး ကူညီ ပေးရေး အဖွဲ့မှ ဦးညီညီ က The Voice သို့ ပြော ကြားသည်။
အဆိုပါ ဆန္ဒ လက်မှတ် ကေ...ာက်ခံမှု ကို စက်တင်ဘာ ၂၀ ရက်နေ့ မှ စတင် ပြုလုပ် လျက် ရှိပြီး ပြ ည်နယ် နှင့် တိုင်း ဒေသကြီး အားလုံး တွင် ကောက်ခံ သွားမည် ဖြစ် ကြောင်း ၎င်း က ဆက်လ က် ပြော ကြား သည်။ ယင်း ကောက်ခံ ရရှိသည့် ဆန္ဒ လက်မှတ် များ ကို နိုင်ငံတော် သမ္မတ နှင့် လွှတ်တော် နှစ်ရပ် ထံသို့ ပေးပို့ သွားမည် ဖြစ်ကြောင်း ၎င်း က ဆိုသည်။

“တိုးတက် တဲ့ နိုင်ငံတွေ ကို ကြည့်လိုက်မယ် ဆိုရင် ငွေစက္ကူ တွေ မှာ သူတို့ လေးစားတဲ့ နို င် ငံေ ခါင်းဆောင်တွေ ရဲ့ ပုံတွေကို ရိုက်နှိပ် အသုံးပြု တာ တွေ့ရတယ်။ ဗိုလ်ချုပ် အောင်ဆန်း ဟာ တစ် ချိန် က မြန်မာ မှာရော ကမ္ဘာမှာ ပါ အများ လေးစား ရတဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့ အတွက် သူ့ပုံ ကိုေ ငွစက္ကူ မှာ ရိုက်နှိပ် အသုံးပြု သင့်တယ်” ဟု ၎င်းက ထပ်လောင်း ပြောကြား သည်။
ငွေ စက္ကူများ တွင် ဗိုလ်ချုပ် အောင်ဆန်းပုံ ရိုက်နှိပ် ထုတ်ဝေရေး နှင့် ပတ်သက် ၍ ရန်ကုန် တိုင်းေ ဒ သကြီး လွှတ်တော် တွင် ဆွေးနွေး ရန် ယခုလ ၁၂ ရက် နေ့ တွင် အမျိုးသား ဒီမိုကရေစီ ပါတီ သစ် မှ တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော် က အဆို တင်သွင်း ခဲ့ပြီး အဆို ကိုေ ဆွးနွေးရန် သင့်၊ မသင့် မဲခွဲ ဆုံးဖြတ် ရာ တက်ရောက် လာသော လွှတ်တော် ကိုယ်စား လှယ် ၁၂၃ ဦး အနက် ၁၂၁ ဦးက ကန့်ကွက် ခဲ့သဖြင့် ၎င်း အဆို ရှုံးနိမ့်ခဲ့သည်။
နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက် ၁၉၉၄ ခုနှစ်မှ စတင် ကာေ ငွ စက္ကူ များ တွင် ဗိုလ်ချုပ် အောင်ဆန်း ပုံ ရိုက်နှိပ် အသုံးပြု မှု ရပ်ဆိုင်း ခဲ့ပြီး ခြင်္သေ့ပုံ၊ စောင်းကော က် ပုံ၊ ဆင်ပုံ နှင့် မန္တလေး နန်းမြို့ရိုး ပုံ အစရှိ သဖြင့် ယနေ့ထိ တိုင် ရိုက်နှိပ် အသုံးပြု လျက် ရှိ သည်။
The Voice Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။