Diamond MonkeyMonkey at Baho Road
ကျနော်နဲ့ဖရဲသီး
မနက်က အာရှတော်ဝင်မှာ ဆေးရုံတက်နေတဲ့ အဖေဆီကို ကားနဲ့ အလာ၊ အလုံလမ်း မီးပွိုင့်ကနေ ဗဟိုလမ်း အဆင်းမှာ ပုံထဲက အတိုင်း ကလေးမလေးတစ်ယောက် ဖရဲသီးဗန်းမှောက်ကျနေတာ ကားမောင်းရင်းလှမ်း တွေ့လိုက်ပါတယ်။
ခေါင်းထဲမှာ ဘာလုပ်သင့်လဲ မြန်မြန် စဉ်းစားရတယ်၊ ကိုယ့်ဖာသာ ဆက်မောင်းသွားရမလား၊ ကားရပ်ပြီး တစ်ခုခု ကူညီရမလားပေါ့ဗျာ။ “ကူလိုက်ပါမယ်လေ” ဆို တွေးပြီး ကားကို လမ်းဘေးအသာရပ်၊ ဖရဲသီးသည် ကလေးဆီ နောက်ပြန်ဆ...ုတ် အနားရောက်တော့ ကားပေါ်ကဆင်းပြီး “ကလေး ဘာဖြစ်တာလဲ” လို့ မေးလိုက်တယ်။ “မှောက်ကျသွားတာ” လို့ကျွန်တော့်ကိုဖြေရင်း လမ်းမပေါ်က ကောင်းသေးတဲ့ ဖရဲသီးစိတ်ကို လိုက်ကောက်ပြီး ဖရဲသီးစိတ်မှာကပ်နေတဲ့ သဲတွေ ဖုန်တွေ ကို ပါလာတဲ့ ဒါးနဲ့ ခြစ်ထုတ်ပစ်နေတယ်။ ဒါနဲ့ ကဲ ဆက်ကောက်မနေနဲ့ ဦးပိုက်ဆံပေးမယ် လမ်းပေါ်က ဖရဲသီးစိတ်တွေ ကောက်ပြီး လမ်းဘေးပစ်လိုက်လို့ ပြောလိုက်တယ်။ အသက်ဘယ်လောက်ရှိပြီလဲမေးတော့ ကလေးမလေးက “၁၁ နှစ်” လို့ ပြောတယ်၊ ဘယ်နားနေလဲ ဆိုတော့ ဟုမ်းလမ်းဘူတာ မှာဆိုပဲ။
ဖရဲသီးစိတ်တွေလဲ လမ်းဘေးလွှတ်ပစ်ပြီးသွားတော့ ကျနော် ပိုက်ဆံ ငါးထောင် ထုတ်ပေးလိုက်တယ်။ ကားနဲ့ လိုက်ခဲ့မလား ပို့ပေးမယ်ပြောတော့ “သမီးဖာသမီး လမ်းလျောက်ပြန်မယ်” ဆိုပြီး လမ်းဘေးကပ် ပြီး ကုန်းဆင်းအတိုင်း လျောက်သွားလေရဲ့။
အေးလေ သူဖာသာ ပြန်မယ်ဆိုလဲ ပြီးတာပဲဆိုလဲ ပြီးတာဘဲမလား၊ ဗန်းမှောက်တဲ့ နေရာနဲ့ ဟုမ်းလမ်းဘူတာက ဝေးတာမှ မဟုတ်တာ။
ကျနော်လဲ ကားပေါ်ပြန်တက် ကိုယ်ခရီးကိုယ်ဆက်၊ ကလေးမလေးလဲ သူ့ဖာသာ ဗန်းလေးပိုက်ပြီး လမ်းလျောက်သွား၊ ဇတ်လမ်းက အဲ့ဒီမှာတင် ဆုံးရမယ် ဆုံးသင့်တယ် မဟုတ်လားဗျာ။
ကျွန်တော် ကားစက်နှိုးမလို့ လုပ်တုန်းရှိသေးတယ် ကျွန်တော့ကားရှေ့ မှာ ကားတစ်စီး ထိုးရပ်ပြီး ကျွန်တော်တို့နဲ့ အသက် မတိမ်းမယိမ်းလောက်ရှိမဲ့ သားသားနားနား သပ်သပ်ရပ်ရပ် အမျိုးသမီးတစ်ယောက် ကားပေါ်က ဆင်းလာပြီး ကျွန်တော့်ဆီ လမ်းလျောက်လာပါတယ်။
အနားရောက်လာတော့ ကျွန်တော်က ကလေးမလေး ဖရဲသီးဗန်း မှောက်ကျနေတာ တွေ့လို့ ကူညီတာပါ။ ကလေးမို့ သနားလို့ လို့ နှုတ်ဆက်ပြောလေးနဲ့ ဇတ်လမ်းအတိုချုပ်ပြောရင်း နှုတ်ဆက်ပါတယ်။ အဲ့ဒီ အမျိုးသမီးက ကျွန်တော့်ကို ဘာပြောသလဲ ဆိုတော့ ဒီကလေးမလေး ဒီနားမှာ ဖရဲသီးဗန်းမှောက်တာ သုံးရက်ဆက်တိုက်ရှိပြီ အမှန်အကန်မဟုတ်ဘူး အကြံအဖန်လို့ စေတနာနဲ့ သတိပေးစကား ပြောပါတယ်။ ကျွန်တော် အလိမ်ခံရမှာ စိုးလို့ စေတနာနဲ့ သတိပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်လဲ “ကလေးမို့ သနားလို့ ကူညီတာပါ” လို့ဘဲ ထပ်ပြောမိပါတယ်။ အဲ့ဒီ အမျိုးသမီးကလဲ ကျမ မြင်လို့ တမင်လာပြောတာ၊ ကျွန်မလဲ အရင်နေ့က ကူညီဖူး တယ်၊ တွေ့လား ကျွန်မကို တွေ့တော့ မျက်နှာပျက်သွားတယ်၊ ဒီလိုဘဲ အကြံအဖန်လုပ်နေတာ လို့ ပြောပါတယ်။

ကျွန်တော်လဲ ကျေးဇူးတင်ပါတယ် ပြောပြီး ကိုယ့်ခရီးကိုယ်ဆက်ခဲ့ပါတယ်။ ခေါင်းထဲမှာတော့ တွေးစရာတွေ အများကြီးဘဲဗျာ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။