We Love Music
အချစ်နဲ့ အိမ်ထောင်ပြုခြင်းဟာ ကျွန်တော့် အတွက်ကတော့ အတူတူပါပဲ ဆိုတဲ့ ဇော်ပိုင် ( by 8 Days )
လူရယ်လို့ ဖြစ်လာရင် အချစ် ဆိုတာကို မခံစားတတ်သူ မရှိသ လောက်ရှားမယ် ထင်ပါတယ်။ တချို့ ကတော့လည်း ပိုင်ဆိုင်ရမှ အချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ် အနစ်နာခံ တာကိုလည်း အချစ်လို့ ဆိုပြန်ပါ တယ်။ အချစ်ဒဿန ဆရာတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆို ကြသလိုချစ်ခြင်းနဲ့ အိမ်ထောင်ပြု ခြင်းကြားမှာ ဘယ်လို ဆက်နွယ်မှု တွေရှိနေလဲ အနုပညာရှင်တွေကို တီးခေါက်ကြည့်တဲ့ အခါ...
အချစ်ဆိုတာကို အဓိပ္ပါယ် ဖွင့်ဆိုရမယ်ဆိုရင်ပေါ့
_________________________________
ကျွန်တော် ကိုယ်ပိုင် ခံစားချက်နဲ့ ပြောရမယ် ဆိုရင်တော့ အချစ်ဆိုတာက ကိုယ်တိုင်ကလည်း မေတ္တာ ရှိတယ်။ ချစ်မြတ်နိုးတယ်။ ကိုယ်နဲ့ အိမ်ထောင်ဖက်လိုရော သူငယ်ချင်း တွေလိုရော ဆက်ဆံလို့ရတယ်။ တိုင်ပင်ဆွေးနွေးလို့ရတယ်။ ပြီးတော့ ကိုယ်နဲ့စိတ်သဘောထားချင်း တော် တော်များများ တိုက်ဆိုင်တဲ့ အမျိုး သမီးကိုကျွန်တော်လက်ထပ်ထား တာပါ။ အဲဒီတော့ကျွန်တော့်အ တွက်ချစ်ခြင်းက တည်ငြိမ် အေးချမ်း ပြီးနွေးထွေးမှု ရှိတယ်ဆိုတာ မျိုးကို အချစ်လို့တင်စား ချင်ပါတယ်။
မြင်မြင်ချင်း ချစ်ခဲ့ရပါတယ်
____________________
မြင်မြင်ချင်း ချစ်တယ် ဆိုတာမျိုး ကရှိပါတယ်။ ကျွန်တော့်ရဲ့အတွေ့ အကြုံကို ပြောရမယ်ဆိုရင် ကျွန် တော် အရမ်းချစ်ရတဲ့ အမျိုးသမီး၊ အိမ်ထောင်ဖက်ဖြစ်လာမည့် သူကို ပေါ့။ သူ့ကို ကျွန်တော့်ရဲ့ Stage Show တစ်ခုမှာ တွေ့ဆုံခဲ့တယ်။ မြင်မြင်ချင်းတော့ မဟုတ်ပေမယ့် ဖုန်းတွေပြောကြရင်းနဲ့ တစ်လကျော် ကျော်လောက်မှာ ချစ်သူတွေ ဖြစ် သွားကြပါတယ်။ ဒါကြောင့် မြင်မြင် ချင်းချစ်တယ်ဆိုတဲ့စကားကို ကျွန် တော်ငယ်ငယ်ကတည်းကကြားဖူး ပါတယ်။
အချစ်မှာ ရယူခြင်းရော၊ ပေးဆပ်ခြင်းရော နှစ်ခုလုံး ပါဝင်ပါတယ်
____________________________________________
အချစ်ဆိုတာကို ရယူခြင်း၊ ပေး ဆပ်ခြင်းတို့ပြောကြတာကို ကြားဖူး ပါတယ်။ အဲဒီစကားလုံးလေးတွေ ထွက်ပေါ်လာတာကလည်းပေးဆပ် တဲ့သူကလည်း သူပေးဆပ်လိုက်ရလို့ ပေးဆပ် အချစ်လို့ပြောကြ တယ်။ ရ ယူတဲ့ သူကလည်း ရယူလိုတဲ့ စိတ်ရှိတာကြောင့် ရယူခြင်းက အချစ် လို့ဆိုကြပြန်ရောပေါ့။ ပုံစံအမျိုးမျိုး အမြင် အမျိုးမျိုးတော့ ရှိကြတယ်။ ကျွန်တော် ကိုယ်တိုင်ကတော့ အား လုံးမျှခြေတစ်ခုပါပဲလို့ ပြောချင်ပါ တယ်။
အချစ်နဲ့ အိမ်ထောင် ပြုခြင်းက မတူတာတွေ ရှိတယ်
_____________________________________
အချစ်နဲ့ အိမ်ထောင်ပြုခြင်းဟာ ကျွန်တော့် အတွက်တော့ အတူတူပါ ပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့ကချစ်လို့ လက်ထပ်ခဲ့ကြတာကိုး။ အဲဒီတော့ ဘာမှမကွာခြား ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် သံ ယောဇဉ်တွေနဲ့ ရစ်ပတ်ချည်နှောင် ပြီး နားလည်မှုတွေ ရှိဖို့လိုအပ်ပါ တယ်။ အိမ်ထောင်တစ်ခုမှာ ချစ်ခြင်း ထက်စာရင် မေတ္တာတရား နားလည် ခွင့်လွှတ်မှုတွေက တကယ်အိမ် ထောင်သက်ရင့်လာလေ ပိုပြီးအရေး ကြီးလာလေပဲ။ ဒါကြောင့် ပရိသတ် တွေအားလုံး အနေနဲ့ ချစ်ခြင်းမေတ္တာ တွေနဲ့အဆင်ပြေကြ ပါစေ။
@YN10

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။