Wedding
Wedding ဆိုတာက ဘာမှ သွေးမတော် သားမစပ်တဲ့ လူနှစ်ယောက် ပေါင်းစပ်တဲ့ပွဲပါ။ လူနှစ်ယောက် ပေါင်းစပ်ကြတယ် ဆိုတာမှာလည်း အမျိုးမျိုး ရှိတယ်။ တချို့က လည်း အချင်းချင်း ချစ်မြတ်နိုးလို့ တချို့က ကျတော့လည်း မိဘ ကပေးစားလို့ပေါ့လေ။ ဘယ်လိုပဲ ပေါင်းစပ်ကြ ပေါင်းစပ်ကြ အဓိက ကတော့ အဲဒီလူ နှစ်ဦးလုံးမှာ အပြန် အလှန် သံယောဇဉ် ဆိုတာ ရှိထားရမယ်။ တစ်ယောက်ကို တစ်ယောက် ကလည်း တာဝန် ယူမှု ဆိုတာပါ ထားရမယ်။ အခြေအနေ အရပ်ရပ် ပေါ် မူတည်ပြီး wedding ဆိုတာ ဖြစ်လာရတာ ပါ။ ဒါပေမဲ့ ကိုယ်တကယ် ချစ်ပြီး ကိုယ်တကယ် မြတ်နိုးရတဲ့ သူနဲ့ လက်ထပ်ရတဲ့ wedding မျိုးက တော့ ပိုပြီး ကြည်နူး ရတာပေါ့။ အမှန် ကတော့ wedding ဆိုတာ လူနှစ်ယောက် ပေါင်းပြီး ဘဝ တစ်ခု စဖို့ လုပ်တဲ့ Celebration လေးတစ်ခုပါ ပဲ။ ချမ်းချမ်း အတွက် ကတော့ wedding က ပျော် စရာကောင်းတဲ့ အရာပါပဲ။ ငယ်ငယ်တုန်းက တော့ ကိုယ့်ရဲ့ စိတ်ကူးယဉ် မင်္ဂလာပွဲက ကမ်းခြေ မှာ လုပ်တဲ့ ပွဲမျိုးလေးပေါ့။ ဒါကငယ်ငယ်တုန်း က စိတ်ကူးယဉ်မှု သက် သက် ပါပဲ။ တကယ့် လက်တွေ့ Wedding ကလည်း Church တို့ ဘုန်းကြီးကျောင်း တို့မှာ လုပ်ခဲ့တော့ ပျော်စရာ ကောင်းပြီး ကုသိုလ် လည်း ရပါတယ်။ relaxing လည်း ပြီး ဘယ်သူ မဆို သက်သောင့် သက်သာနဲ့ လာနိုင်တဲ့ wedding ပွဲလေးဖြစ်တာကြောင့် ကျေနပ်ပါတယ်။ အလှူ လည်း လုပ်တော့ ကုသိုလ်တွေ လည်း အများကြီး ရ တယ်။ ကမ်းခြေမှာ လုပ်ချင်တဲ့ စိတ်ကူးက ကလေး ဘဝက ကလေး အတွေးနဲ့ တွေးမိခဲ့တာ ပါ။
Wish
Wish ကတော့ ဆုတောင်းမှု ပြုတာပေါ့။ လူတွေ အားလုံးက ဆုတောင်း တာတော့ လုပ်ကြ မယ်လို့ ချမ်းချမ်း ထင်တယ်။ ချမ်းချမ်း ဆို ကိုယ်က သီချင်း ဆိုတဲ့သူ ဆိုတော့ ဘုရားမှာ ဆုတောင်းရင် ကိုယ့်အသံ ကြားတာနဲ့ ချစ်ခင် ကြပါစေလို့ ဆုတောင်းတယ်။ ဒီလို အလုပ်တွေ မလုပ်ခင် ငယ်ငယ် ကလေးဘဝ တုန်းကလည်း အလှူ တစ်ခု လုပ်ပြီးရင် ကိုယ့်ကို လူအများက ချစ်ခင်ပါစေ ဆိုပြီး ဆုတောင်းတတ်တယ်။ ကိုယ့်ကြောင့် သူများ စိတ်မဆင်းရဲပါစေနဲ့။ ကိုယ့်ကြောင့် ကိုယ့်မိသားစု စိတ် မဆင်းရဲ ပါစေနဲ့။ အမြဲ ဆုတောင်းတယ်။ အခု ဒီဆုတောင်းတွေ တကယ် ပြည့်လာပြီ လို့ပြောရမယ်။ ပြီးတော့ ချမ်းချမ်းက ဆုတောင်းရင်လည်း ကိုယ်လိုချင်တဲ့ အရာထက် ဘုရား ကပေးမယ့် အရာကို ပိုပြီး တောင်းခံတယ်။ ဥပမာ ဒီလိုအိမ် လေး နဲ့နေပါစေပေါ့။ ဒါပေမဲ့ သခင် အလိုရှိမှ ပေးပါ။ သခင် အလိုမရှိရင် လည်း သခင်အလိုရှိ တဲ့ နေရာ မှာ နေပါ့မယ် ဆိုပြီး ဆုတောင်းတယ်။ ဒါက ချမ်းချမ်းတို့ ဘာသာအရ ဆုတောင်းပေါ့လေ။ ချမ်းချမ်း သဘောအရ ကတော့ ဘယ်အရာ မဆို ဘုရား ပေးတာက အကောင်းဆုံး လို့ပဲ ယူဆထား တယ်။ ပြီးတော့ ကိုယ်လိုချင်တဲ့ အရာက သူများကို ထိခိုက်စေမယ် ဆိုရင် ဘယ်လောက်ပဲ လိုချင်ချင် စွန့်လွှတ် တတ်တယ်။ အခု ကျတော့ ချမ်းချမ်း ကနှစ်ယောက် ဘဝဖြစ်သွားပြီ။ ဒီတော့ ဆုတောင်း တွေမှာလည်း သူ့အတွက် ပါရပြီပေါ့။ သူ့အလုပ် တွေ အဆင်ပြေပါစေ။ သူ့ကိုလူတွေ ချစ်ခင်ပါစေ စသဖြင့် ဆုတောင်းတွေ ထပ်တိုး သွားတာပေါ့။ ပြီးတော့ အခုဆိုရင် ကရင်ပြည်နယ် ဘက်မှာ ရေ တွေကြီးတယ်။ တနင်္သာရီ ဘက်မှာလည်း ရေတွေ ကြီးတယ်။ အဲဒီက လူတွေ ဘေး အန္တရာယ် ကင်းဖို့ နဲ့ စစ်ဖြစ်တဲ့ နေရာတွေ လည်း အန္တရာယ် ကင်းကြဖို့ ဆုတောင်းတယ်။ ဒါက ဗုဒ္ဓဘာသာ အရ ဆိုရင် မေတ္တာ ပို့တာပါ။ ဒီ လိုမေတ္တာလေးတွေ က ထိ ရောက်ပါတယ်။ တစ်ယောက်ချင်း စီ ရဲ့ ဆုတောင်း တွေကို စုပြီး အဲဒီ လူတွေ တစ်ယောက်ချင်း စီကို ထိရောက်မှုတွေ ရှိသွားမှာပါ။ ချမ်းချမ်း ကတော့ ယုံကြည် တယ်။
Wealth
လူတော်တော် များများကတော့ Wealth ဆိုတာ ငွေကြေးဥစ္စာ ဓနကြွယ်ဝ ချမ်းသာမှုလို့ ပြောကြမှာပေါ့။ ဒါပေမဲ့ စီးပွားရေး အောင်မြင်မှု တွေ လူမှုရေး အောင်မြင်မှုတွေ၊ အနုပညာ အောင် မြင်မှုတွေ၊ ငွေကြေး ချမ်းသာမှုတွေ ဒါတွေ အားလုံး ရဲ့ အခြေခံက ကျန်းမာရေး ပါပဲ။ ကျန်းမာ ခြင်းက လာဘ် တစ်ပါး ဆိုပြီး ရှိတာလေ။ အဲဒီ ကျန်းမာခြင်း ချမ်းသာကို ရတဲ့ သူက အရမ်း ကံကောင်းတာပါပဲ။ ငွေကြေး ဘယ်လောက်ပဲ ကြွယ်ဝ ကြွယ်ဝ ကျန်းမာခြင်း ချမ်းသာခြင်း မရှိ ရင် ကိုယ် သွားချင်တာ၊ ကိုယ် လုပ်ချင်တာတွေ ဘာမှ လုပ်လို့မရဘူး။ ပြီးတော့ စိတ်ချမ်းသာမှု ပေါ့။ စိတ်ချမ်းသာမှု က လုပ်ယူလို့ မရဘူး။ ငွေနဲ့ ပေးဝယ်လို့ မရဘူး။ ချမ်းချမ်း ကတော့ ငွေနဲ့ ဝယ် လို့ မရတဲ့ အရာတွေရဲ့ ချမ်းသာမှုကိုပဲ တကယ့် Wealth အစစ်လို့ ခံယူတယ်။ အလှူဒါန မှာဖြစ်တဲ့ ပီတိမျိုးတို့ သတ္တဝါတွေ အားလုံး အပေါ် ထားတဲ့ မေတ္တာ တရားမျိုး၊ ဒါမျိုးတွေပေါ့။ ဒီလို အရာတွေ ချမ်းသာတဲ့ သူတွေကို ချမ်းချမ်း အားကျတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။