MM Social Sky
စိုးရိမ်ရေမှတ်ရောက်ရှိနေပြီး ဖြစ်တဲ့ အမေရိကန်နိင်ငံရဲ့အ၀လွန်မှုရောဂါ
Great Plains မြေပြန့်ဒေသရဲ့ အနောက်ဖက်ဆုံးအပိုင်းမှာ တည်ရှိတဲ့
အမေရိကန်နိင်ငံရဲ့ကော်လိုရာဒိုပြည်နယ်ဟာ နိင်ငံတွင်းက
အ၀လွန်မူနူန်းနဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း အနည်းဆုံးပြည်နယ်
တစ်ခု ဖြစ်တယ်လို့ သိရှိရပါတယ်။
အမေရိကန်မှာတော့ အ၀လွန်ခြင်းကို ရောဂါတစ်ခုအဖြစ်သတ်မှတ်ထားပြီး
သူတို့လူမျိုးတွေဟာ ပုံမှန်ထက်ကို ၀ဖီးနေတတ်ပါတယ်။
အမေရိကန်ရဲ့အ၀လွန်မူနှုန်း ဟာမြင့်မားတဲ့မှတ်တမ်း
တစ်ခုအဖြစ်ရောက်ရှိနေကာ ဆယ်ကျော်သက်များရဲ့ ၂၈.၉ ရာခိုင်နှုန်းဟာ
ဆရာဝန်များရဲ့ညွှန်ကြားချက်တွေ နှင့် အ၀လွန်မူရောဂါကို
ကုသနေရပါတယ်။ ဒါဟာလွန်ခဲ့တဲ့ဆယ်စုနှစ်များနှင့်စာလျှင် တစ်ဝက်ခန့်
မြင့်တက်ခဲ့တာဖြစ်ပြီး ၁၉.၄ ရခိုင်နှုန်းဟာ အသက်အန္တာရယ် စိုးရိမ်ရတဲ့
အခြေအနေ မှာရှိနေပါတယ်။ ဒီလိုမြင့်တက်လာတဲ့ အ၀လွန်မူအန္တာရယ်ကို
ထိန်းချုပ် နိင်ဖို့အတွက် အမေရိကန်သမ္မတကတော် မီရှယ်အိုးဘားမား
ကိုယ်တိုင်ကိုယ်ကျပါဝင်ကာကျန်းမာစေတဲ့စားသောက်မူပုံစံတွေနှင့်
ထိန်းချုပ်နိင်ဖို့ အားပေးခဲ့ပါတယ်။
သို့ပေမဲ့ အမေရိကန်လူမျိုးတွေဟာ
သူတို့ရဲ့နေထိုင်မူပုံစံကိုပြောင်းဖို့ထက်
စားသောက်မူဖက်ကိုပဲ အားသန်လျက်ရှိကာ ဘယ်အရာပဲဖြစ်ဖြစ်
လူကိုယ်တိုင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ခြင်းသာ
ထိရောက်စေတာမို့ …. ဆရာဝန်တွေရဲ့ကုသမူတွေဟာ
အချည်းအနှီးသာဖြစ်ဖို့ရှိပါတော့တယ်။
ကျန်းမာရွှင်လန်းကြပါစေ။
Aung Heine (MM Social Sky)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။