နှလုံးသားတံခါး အမြဲဖွင့်ထား
====================
တစ်ခါတုန်းကပေါ့…
သားအဖနှစ်ဦးရှိပါသတဲ့…အဖေတစ်ခုသားတစ်ခုဘဝဆိုတော့ ဖခင်ဖြစ်သူဟာ သားကို လောကရှိသမျှအရာအားလုံးထက်ကို ပိုလို့ချစ်ပါသတဲ့…။ တစ်နေ့ ဖခင်ဖြစ်သူ ခရီးသွားနေတုန်း သူ့ရွာကို ဓါးပြတွေဝင်မီးရှို့ ဖျက်ဆီးပြီး ကောင်လေးကို ဓါးစာခံဖြစ်ဖမ်းခေါ်သွားပါတော့တယ်…။

ဖခင်ဖြစ်သူပြန်လာချိန်မှာတော့ မီးလောင်ကျွမ်းနေတဲ့ အလောင်းတစ်လောင်းကို မြင်တော့ သူ့သားရဲ့ အလောင်းလို့ အထင်မှားသွားပါတော့တယ်…။ ဖခင်ဖြစ်သူဟာရင်ကွဲပက်လက်ဝမ်းနည်းပူဆွေးသွားတာပေါ့…။ သူ့သားအလောင်းလို့ ထင်ထားတဲ့အလောင်းကို မြေမြုပ်သဂြိုလ်ပြီးနောက်မှာတော့ သူ့လွယ်အိတ်ထဲကို ပုဆိန်တစ်လက်ကိုထည့်ပြီး သွားလေရာယူဆောင်သွားပါတော့တယ်…။ ဓါးပြတွေကို တွေ့ရာသင်္ချိုင်းဓါးမဆိုင်း လက်စားချေမယ်ပေါ့…။
ရက်အနည်းငယ်ကြာတဲ့အခါမတော့ သူ့သားငယ်လေးဟာ ဓါးပြတွေဆီကထွက်ပြေးလွတ်မြောက်လာပါတယ်။ သူ့အိမ်ပြန်ရောက်တော့ သူ့အဖေပြန်ဆောက်ထားတဲ့ အိမ်ကိုတွေ့ပါတယ်…။ တံခါးကိုခေါက်တဲ့အခါ အထဲကအဖေက ဘယ်သူလဲမေးတော့…ကောင်လေးက
“ အဖေ…သားပါ…တံခါးဖွင့်ပါဦး…”
လို့ပြောတာပေါ့..
ဖခင်ဖြစ်သူဟာ တစ်ခြားကလေးတွေသူ့ကိုလာနောက်နေတယ်လို့ထင်ပြီး
“ထွက်သွားစမ်းကွာ…”
အော်လွှတ်လိုက်ပါတယ်…။ အဲ့ဒီအချိန်ထိ သူ့လက်ထဲမှာပုဆိန်ကို ကိုင်ထားဆဲပါ။ ကောင်လေးဟာ တံခါးကို ဆက်ခေါက်ပြီး တောင်းတောင်းပန်ပန်ပြောပါသေးတယ်…။ ဖခင်ဖြစ်သူက သူ့သားသေသွားပြီလို့ ယုံကြည်ထားသူဆိုတော့ အော်ငေါက်လွှတ်လိုက်ပါသတဲ့..။
နောက်ဆုံးမှာတော့ ကောင်လေးဟာ ထွက်ခွာသွားပြီး ဘယ်တော့မှပြန်မလာတော့ပါဘူးတဲ့…။
ဒီပုံပြင်ထဲကဖခင်လိုပဲ… လူတစ်ယောက်ဟာ အယူအဆတစ်ခုကို ဒါဟာ အမှန်တရားပဲ ဘာမှပြောင်းလဲစရာမလိုတဲ့ အလုံးစုံအမှန်တရားပဲလို တရားသေစွဲကိုင်ထားခဲ့ရင် တကယ့်အမှန်တရားက တံခါးလာခေါက်တဲ့အခါ တံခါး ထဖွင့်နိုင်မှာမဟုတ်ပါဘူး…။
## ပိတ်ထားတဲ့ နှလုံးသားဟာ ပျော်ရွှင်မှုတွေ ၊ အခွင့်အလမ်းတွေ ၊ မိတ်ကောင်းဆွေကောင်းတွေ ရောက်လာဖို့မဖြစ်နိုင်ပါဘူး… ##
Nyein Chan Win ထင်ရာမြင်ရာဘာသာပြန်သည်...
Ref ; http://inspiringshortstories.org

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။