Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 27, 2013

Laptop ပြုပြင်ထိန်းသိမ်းရေး

နှိုင်းရင့်နွေ
Laptop ပြုပြင်ထိန်းသိမ်းရေး
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
ဒီကနေ့ခေတ်မှာ Laptop တွေ... Notebook တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြပါပြီ... ဘာကြောင့်လဲဆိုတော့ အရင်ခေတ်ကာလနဲ့နှိုင်းယှဉ်ရင် laptop နဲ့ notebook တွေရဲ့ ဈေးနှုန်းဟာ သိသိသာသာ ကျဆင်းလာလို့ပါပဲ... အရင်က တူညီတဲ့ ဈေးနှုန်းတန်ဖိုးတစ်ခုမှာ desktop တစ်လုံးနဲ့ laptop တစ်လုံးယှဉ်လိုက်ရင် desktop ရဲ့စွမ်းဆောင်ရည်က အများကြီးမြင့်မားနေပါလိမ့်မယ်... အခုနောက်ပိုင်းမှာတော့ ကိုယ်တတ်နိုင်တဲ့ဈေးနှုန်းအတွင်းမှာ laptop နဲ့ desktop ရဲ့ စွမ်းဆောင်ရည်ချင်း ယှဉ်ကြည့်လိုက်တဲ့အခါ သိပ်မကွာတော့ပါဘူး... ဒါကြောင့် သယ်ယူရွှေ့ပြောင်းရပိုမိုလွယ်ကူတဲ့ Laptop တွေကို ပိုပြီးလူသုံးများလာကြပါတယ်... ဒါ့အပြင် laptop တွေဟာ နေရာသိပ်မယူသလို အားသွင်းထားပြီး အချိန်တော်တော်ကြာကြာအသုံးပြုလို့ရပါတယ်... laptop တွေရဲ့ အဓိကပြဿနာကတော့ ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာဖြစ်ပါတယ်.. အခုဖော်ပြပေးမှာကတော့ laptop တွေကို ထိရောက်ကောင်းမွန်စွာ ပြုပြင်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေဖြစ်ပါတယ်...

အဓိကအားဖြင့် ပြဿနာတွေ့ရှိရတတ်တဲ့ အပိုင်းလေးတွေရှိပါတယ်... အဲ့ဒီအချက်တွေပေါ်မူတည်ပြီး laptop တစ်လုံးကို ပြုပြင်ထိန်းသိမ်းမယ်ဆိုရင် အမျိုးအစားနှစ်မျိုးခွဲခြားနိုင်ပါတယ်... အဲ့ဒါတွေကတော့ အပြင်ပိုင်းပြုပြင်ထိန်းသိမ်းမှုနဲ့ အတွင်းပိုင်းပြုပြင်ထိန်းသိမ်းမှုတို့ပဲဖြစ်ပါတယ်...

အပြင်ပိုင်းပြုပြင်ထိန်းသိမ်းမှု
----------------------------------------------------------------
၁) အားသွင်းခြင်း
၂) အပူ
၃) Hardware အသစ်
၎) သန့်ရှင်းရေး
၅) အသုံးပြုပုံ
၆) သောက်စရာများ
၇) Screen Gurad

► အားသွင်းခြင်း
အားသွင်းခြင်းဟာ laptop တစ်လုံးကိုပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ ပထမဆုံးနဲ့ အဓိက လုပ်ဆောင်ရမယ့်အချက်ဖြစ်ပါတယ်... ဘာကြောင့်လဲဆိုတော့ laptop စနစ်တစ်ခုလုံးအား ရရှိတဲ့ လျှပ်စစ်ဓာတ်အားပေါ်မှာ အလုပ်လုပ်ရလို့ပါပဲ... laptop ကို အားသွင်းတဲ့အခါမှာ ဂရုတစိုက်သွင်းဖို့လိုပါတယ်.. laptop ကို သုံးတိုင်း battery level ဘယ်လောက်ရှိလဲဆိုတာကို အရင်ဆုံးကြည့်ပါ... အကယ်လို့ ၁၀% အောက်ရောက်နေပြီဆိုရင် charger ကိုတပ်လိုက်ပါ.... ၁၀% အထက်မှာဆိုရင်တော့ charger တပ်ဖို့မလိုပါဘူး... တစ်ချို့လူတွေက laptop ကို charger နဲ့ အမြဲချိတ်ပြီးသုံးတတ်ကြပါတယ်... ဒါက နည်းလမ်းအမှန် မဟုတ်ပါဘူး... အဲ့ဒီအတိုင်းသင်ဆက်လုပ်သွားမယ်ဆိုရင် တစ်လနှစ်လလောက်အတွင်း battery ရဲ့ စွမ်းဆောင်ရည်ကျဆင်းလာပါလိမ့်မယ်... နောက်ပိုင်းမှာ သင့် laptop ဟာ plug ချိတ်ပြီးမှ သုံးလို့ရမယ့် အနေအထားမျိုးဖြစ်သွားနိုင်ပါတယ်... battery လုံးဝအလုပ်မလုပ်တော့တဲ့ အခြေအနေမျိုးဖြစ်သွားပါလိမ့်မယ်... အကောင်းဆုံးကတော့ သင့် laptop battery ကို သုံးရက်တစ်ခါလောက် အားကုန်တဲ့အထိသုံးပေးတာပါပဲ... နောက်တစ်ချက်ကတော့ အားသွင်းတဲ့အခါမှာ ground ချထားတဲ့ socket မျိုးကို သုံးဖို့ဖြစ်ပါတယ်.. ဒါမှသာ လျှပ်စီးကြောင့် သင့် laptop အစိတ်အပိုင်းတွေ ပျက်စီးခြင်းမဖြစ်အောင်ကာကွယ်နိုင်ပါလိမ့်မယ်...

► အပူ
အပူဟာ laptop တွေအတွက် အန္တရာယ်ပေးနိုင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်... အပူကြောင့် စနစ်အစိတ်အပိုင်းတွေပျက်စီးစေပါတယ်.. အပူလွန်ကဲတဲ့အခါ တစ်ချို့ circuit တွေလောင်ကျွမ်းပျက်စီးတာမျိုးအထိ ဖြစ်နိုင်ပါတယ်... ဒါကြောင့် အပူလွန်ကဲမှုမရှိအောင် laptop တွေ အမြဲအေးမြနေအောင် သတိပြုလုပ်ဆောင်သင့်ပါတယ်... ဒီအတွက် သင်လိုမှာက cooler pad လိုမျိုး အအေးပေးစနစ်တစ်မျိုးမျိုးဖြစ်ပါတယ်... နောက်တစ်ချက်ကတော့ တစ်ချိန်ထဲမှာ application အများအပြားကို တစ်ပြိုင်နက်မသုံးဖို့ပါပဲ... ဒီအချက်ကလည်း laptop ကို အပူလွန်ကဲစေပါတယ်... ဈေးသက်သာပြီး ပုံတူကူးလုပ်ထားတဲ့ cooling pad တွေကိုလည်း သိပ်အားမကိုးပါနဲ့.. ဒါတွေကိုသုံးလို့ သင့် laptop ပျက်သွားရင် ကုန်ကျစရိတ်ပိုများသွားပါလိမ့်မယ်... ဒါကြောင့် အရည်အသွေးမြင့်ပြီး အာမခံချက်ရှိတဲ့ cooler pad တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်...

► Hardware အသစ်
keyboard တွေ၊ scanner တွေ၊ mouse တွေနဲ့ printer တွေလိုမျိုး hardware အသစ်တွေကို အသုံးပြုတဲ့အခါ တစ်ချို့ hardware တွေဟာ laptop တွေကနေ support မလုပ်တာတွေ... တွဲသုံးလို့အဆင်မပြေတာတွေ စတဲ့ ပြဿနာတွေနဲ့ရင်ဆိုင်ရစေနိုင်ပါတယ်... ပထမဆုံးအကြိမ်တပ်သုံးလိုက်တုန်းကတော့ အလုပ်ပုံမှန်လုပ်နေတယ်... ဒါပေမဲ့ နောက်ပိုင်းကျတော့ အလုပ်ကောင်းကောင်းမလုပ်တာတွေ blue screen တက်လာတာတွေမျိုး ကြုံရတတ်ပါတယ်... ဒီလိုဖြစ်တာမျိုးဟာ သင့် laptop အတွက် အန္တရာယ်များပါတယ်... external device တွေကို မသုံးခင် အဲ့ဒီ device ရဲ့ specification တွေကို အရင်ဆုံးသေချာဖတ်ပါ... သင့် laptop ရဲ့ model နဲ့ laptop မှာတင်ထားတဲ့ OS တို့မှာ အလုပ်လုပ်နိုင်မလုပ်နိုင်ဆိုတာကို စစ်ပါ... ဒီအချက်အလက်အားလုံးကို hardware manual စာအုပ်မှာ ဖော်ပြထားပါလိမ့်မယ်... ဒါကြောင့် hardware အသစ်တွေကို တွဲဆက်ပေါင်းစပ်ပြီးမသုံးခင် သေချာစွာစစ်ဆေးလေ့လာပြီးမှ သုံးသင့်ပါတယ်....

► သန့်ရှင်းရေး
သင့်အနေနဲ့ သင့် laptop ကို အမြဲသန့်ရှင်းတောက်ပြောင်နေအောင်လည်း ဂရုစိုက်သင့်ပါတယ်... ပထမဆုံးအနေနဲ့ပြောရရင် ဖုန်တွေဟာ သင့် laptop ရဲ့ အဓိကရန်သူဖြစ်ပါတယ်... ဖုန်အများဆုံးတက်တာကတော့ keyboard နေရာမှာဖြစ်ပြီး ခလုတ်တွေရဲ့ကြားထဲကနေ အထဲကိုဝင်လာပါလိမ့်မယ်... ရက်တွေကြာလာတာနဲ့အမျှ ခလုတ်တွေရဲ့အောက်မှာ ဖုန်တွေစုလာပြီး ခလုတ်တွေကြောင်လာတတ်ပါတယ်... ဒီလိုမဖြစ်အောင် ဖုန်သုတ် brush တွေ.. အဝတ်စတွေနဲ့ သန့်ရှင်းရေးလုပ်တဲ့ ဆေးရည်တွေကို သုံးနိုင်ပါတယ်... keyborad ကို သန့်ရှင်းရေးလုပ်ဖို့ brush ကိုသုံးပါ... ဖုန်တွေကို လက်နဲ့ သုတ်ချဖို့မကြိုးစားပါနဲ့ ခလုတ်တွေပျက်နိုင်ပါတယ်.... ဒါကြောင့် cleaning kit လေးတွေကို ဝယ်ယူအသုံးပြုသင့်ပါတယ်... screen ကို သန့်ရှင်းရေးလုပ်ဖို့အတွက်တော့ ဆေးရည်နဲ့ အဝတ်စတွေကိုသုံးပါ...

► အသုံးပြုပုံ
laptop ကို မှန်ကန်တဲ့အနေအထားမှာ ထားသုံးဖို့လည်း လိုပါတယ်... မညီညာတဲ့ မျက်နှာပြင်မှာတင်မသုံးပါနဲ့... မညီညာတဲ့မျက်နှာပြင်မှာတင်သုံးရင်လည်း ချက်ချင်းကျိုးပဲ့ ထိခိုက်သွားတာမျိုးတော့ ကြုံရမှာမဟုတ်ပါဘူး... ဒါပေမဲ့ အစိတ်အပိုင်းတွေ တဖြည်းဖြည်းနဲ့ ထိခိုက်ပျက်စီးလာတာကို ကြုံရပါလိမ့်မယ်... အကောင်းဆုံးမျက်နှာပြင်တွေကတော့ စားပွဲတွေ... cooler pad တွေလိုမျိုး ပြင်ညီမျက်နှာပြင်တွေဖြစ်ပါတယ်... cooler pad တွေကို အပူကိုစုပ်ယူစွန့်ထုတ်နိုင်စေရုံသာမက ပြင်ညီမျက်နှာပြင်မျိုးဖြစ်အောင် ဒီဇိုင်းထုတ်ထားတာကို သတိပြုမိပါလိမ့်မယ်...

► သောက်စရာများ
အအေးတွေ... လက်ဘက်ရည်... ကော်ဖီ... ရေ စတဲ့ သောက်စရာတွေကို laptop သုံးရင်းသောက်တာလည်း သိပ်ကောင်းတဲ့အချက်မဟုတ်ပါဘူး... ဘာကြောင့်လဲဆိုတော့ အဲ့ဒီအရည်တွေဖိတ်စင်သွားခဲ့ရင် keyboard ကနေတစ်ဆင့် laptop အတွင်းပိုင်းကို စိမ့်ဝင်သွားနိုင်ပါတယ်... ဒီလိုဖြစ်ခဲ့ရင် တစ်ချို့အစိတ်အပိုင်းတွေ ပုံမှန်အလုပ်မလုပ်တော့တာမျိုး ကြုံရနိုင်ပါတယ်.. ဒါကြောင့် laptop သုံးရင်း တစ်ခုခုသောက်တာမျိုး ကိုရှောင်သင့်ပါတယ်...

► Screen Guard
Screen ပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် ခြစ်မိတာမျိုးမကြုံရအောင် screen guard တွေကို သုံးသင့်ပါတယ်... screen guard တွေဟာ screen ထိခိုက်မှုကို အပြည့်အဝတော့ မကာကွယ်ပေးနိုင်ပေမဲ့ ခြစ်ရာတွေထင်မှာနဲ့ screen ပေါ်ကို ဖုန်တက်မှာတွေကိုတော့ ကာကွယ်ပေးနိုင်ပါတယ်...

အတွင်းပိုင်းပြုပြင်ထိန်းသိမ်းမှု
----------------------------------------------------------------
၁) Antivirus
၂) System restore points
၃) backup

► Antivirus
သင့်စက်က antivirus ကို အမြဲတမ်း update လုပ်ထားဖို့လည်းအရေးကြီးပါတယ်... ဒီနေ့ခေတ်မှာ update မဖြစ်တဲ့ antivirus ကိုသုံးတာ အလုပ်မဖြစ်တော့ပါဘူး... အထူးသဖြင့် အင်တာနက်နဲ့ ချိတ်ဆက်သုံးစွဲတဲ့အခါ virus အမျိုးမျိုးဝင်လာနိုင်ပါတယ်... ပြီးတော့ memory stick တွေနဲ့ တခြား နေရာတွေအများကြီးကနေလည်း ဝင်လာနိုင်ပါတယ်... Virus အားလုံးလိုလို သင့်စနစ်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းအောင်လုပ်ဆောင်နိုင်ပါတယ်... တစ်ချို့ virus တွေကတော့ သင့်ကိုယ်ရေးအချက်အလက်တွေကို ခိုးယူပါလိမ့်မယ်... ဒါကြောင့် ကောင်းမွန်တဲ့ antivirus ကိုသုံးဖို့လိုသလို နေ့စဉ် ဒါမှမဟုတ် ၃ ရက်တစ်ခါလောက်တော့ update လုပ်ပေးသင့်ပါတယ်... လိုင်စင်မရှိတဲ့ software တွေကိုလည်း မသုံးပါနဲ့... အဲ့ဒါကလည်း virus တွေ တိုက်ခိုက်ဖို့ ပစ်မှတ်တွေဖြစ်နေတတ်ပါတယ်... တရားဝင်မဟုတ်တဲ့ antivirus software တွေကိုလည်း အလွန်အကျွံအားမကိုးပါနဲ့.... စိတ်ချယုံကြည်ရတဲ့ တရားဝင် site တွေကပဲ ရယူအသုံးပြုပါ...

► System Restore Points
အကယ်လို့ antivirus တွေ အလုပ်ကောင်းကောင်းမလုပ်တာတို့ window မတက်တာတို့ကြုံလာရင် သင့်အနေနဲ့ ဘာလုပ်လို့ရမလဲ... ဖြေရှင်းနည်းကတော့ restore points တွေ ပြုလုပ်ထားခြင်းပဲ ဖြစ်ပါတယ်... Restore Points တွေဟာ တကယ်အသုံးဝင်ပါတယ်... system က crash ဖြစ်ပြီး OS ကို load မလုပ်နိုင်တော့ဘူးဆိုရင် restore point ကို ပြန်သွားပြီး သုံးလိုက်ရုံပါပဲ... System ကောင်းကောင်းလုပ်နေတုန်းမှာ restore point တစ်ခုလောက်ကို အရင်ဆုံးဖန်တီးထားရပါမယ်... သင်လိုအပ်ရင်လိုအပ်သလို restore point တွေ တစ်ခုထက်မက ထပ်ဖန်တီးလို့ရပါတယ်...

► Backup
သင့် laptop မှာ အရေးကြီးအချက်အလက်တွေရှိနေမယ်ဆိုရင် CD-ROM ဒါမှမဟုတ် တခြားတစ်ခုခုထဲကို backup လုပ်ထားတာက ပိုကောင်းပါတယ်... ဘာကြောင့်လဲဆိုတော့ bad sectors တွေကြောင့် သင့်ရဲ့ hard disk ဟာ ဘယ်အချိန်မှာ damage ဖြစ်သွားမယ်ဆိုတာကို မသိနိုင်လို့ပါပဲ... bad sector တွေကို ရှင်းလင်းဖို့အတွက်ကတော့ သင့် hard disk ကို defrag လုပ်ရပါမယ်... ဒါပေမဲ့ ဘယ်လောက်ပဲ defrag လုပ်လုပ် backup လုပ်ထားတာလောက်တော့ စိတ်ချလို့မရပါဘူး... သင့်စက်ထဲက အချက်အလက်တွေ အချိန်မရွေးပျက်စီးသွားနိုင်တယ်ဆိုတာကို သတိပြုသုံးစွဲရပါမယ်...
----------------------------------------------------------------
Ref: All Tech Manuals

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။