Burmese Treasure
အဆိုတော် ဆိုတေးနှင့် နန်းစုရတီစိုးတို့ စကားစမြည်
ယာဉ်မတော်တဆမှုကြောင့်မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော အဆိုတော် ဆိုတေးရဲ့ ကျန်းမာရေး အခြေအနေမှာ တိုးတက် ကောင်းမွန် လာပြီ ဖြစ်ပြီး စကားလည်း ပြန်လည်ပြော ဆိုနေပြီ လို့ သိရပါတယ်။ အနုပညာ မောင်နှမတွေ ဖြစ်တဲ့ နန်းဆုရတီစိုး ကဆိုတေး နဲ့ ဖုန်းပြောဖြစ်ကြောင်း ကို
...
“နန်းဆု စီးရီးခွေ စာနယ်ဇင်းပွဲ လုပ်ပြီး ၃ ရက်လောက်နေတော့ ဆိုတေး အဒေါ်က ဖုန်းဆက်တယ်။ဆိုတေးက ဖုန်းပြောချင်လို့တဲ့ လို့ပြောလိုက်တော့ ဟဲလို..ဟဲလို ဆိုတော့ ဟဲလိုတဲ့၊ ဆိုတေးရယ် နင်က စိတ်ပူအောင် တော်တော် လုပ်တာပဲ နင်နော် မသေကောင်း မပျောက် ကောင်း၊ နင်တော်တော် ကံကောင်းတာပဲ။ ငါ့ကိုမှတ်မိလား။ ငါ နန်းဆုလေ ဆိုတော့ ဆိုတေးက သိသားပဲတဲ့။ နင်နဲ့ ငါ နဲ့ ဆိုထားတဲ့ အခွေ ထွက်နေပြီ ငါ နင့် အတွက် အခွေလည်း ပို့ပေးမယ်လို့ ပြောတော့ သိတယ်။ ပို့ပေးတဲ့၊ ဝမ်းသာတယ်တဲ့။ ပရိသတ်တွေက နင့်အတွက် တအား စိတ်ပူနေကြတယ်။ အခုတော့ နင့်အတွက် အားလုံး ဝမ်းသာ ကြတော့မယ် ထင်တယ်လို့ နန်းဆုက ဆက်တိုက် ပြောတာပဲ ။အေးပါ ၊ကျေးဇူး တင်ပါတယ်လို့ ပြန်ပြောတယ်။ သူက ဖြည်းဖြည်းချင်းပဲ အားယူပြီးတော့ ပြောရတယ်။ နဂို ပုံစံ အတိုင်းတော့ သွက်သွက် လက်လက် မပြောနိုင်ဘူး။ တစ်လုံးချင်း စီ ပြောနေရတယ်။ နန်းဆု မွေးနေ့မှာ လည်း ဖုန်း နဲ့မွေးနေ့ဆုတောင်း ပေးသေးတယ်။” လို့ ပြောပါတယ်။
ယခုအချိန်တွင် အဆိုတော် ဆိုတေးမှာ ကျန်းမာရေးကောင်းမွန်လာလျှက်ရှိရာ ဆိုတေး၏ပရိသတ် များမှလည်း ဝမ်းသာလျှက်ရှိကြောင်းသိရသည်။
populer
ယခုအချိန်တွင် အဆိုတော် ဆိုတေးမှာ ကျန်းမာရေးကောင်းမွန်လာလျှက်ရှိရာ ဆိုတေး၏ပရိသတ် များမှလည်း ဝမ်းသာလျှက်ရှိကြောင်းသိရသည်။
populer
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။