ဆုဂျေ
**သားသားသို့ **
သားသားရေ
ဖြစ်နိုင်မယ်ဆိုရင်လေ
အားငယ်မှုတွေကို ကန်ထုတ်...
ဖိနပ်လုပ်လို့  စီးပစ်လိုက်စမ်းပါ
တကယ်ဆို
မင်းဟာယောကျာ်း
အကြောက်တရားဆိုတာကို
ညဥ့်ငှက်ရွံသလို မင်းရွံရမှာကွဲ့ ။
ဖြစ်နိုင်မယ်ဆိုရင်လေ
အားငယ်မှုတွေကို ကန်ထုတ်...
ဖိနပ်လုပ်လို့  စီးပစ်လိုက်စမ်းပါ
တကယ်ဆို
မင်းဟာယောကျာ်း
အကြောက်တရားဆိုတာကို
ညဥ့်ငှက်ရွံသလို မင်းရွံရမှာကွဲ့ ။
သားသားရေ
ကြောက်တတ်ရင် နှစ်ခါသေရတယ်တဲ့
မင်းမှတ်ထား
အားငယ်လာရင် အခါခါသေရတတ်တယ်ကွဲ့ 
ကလောင်ကိုင်တဲ့လက်ဆိုတာ
မသေဆေးငုံထားတဲ့ အာခံတွင်းပဲ
ဖောင်တိန်တစ်ချောင်း၊ စာတစ်ရွက်ရှိရုံနဲ့ 
ကမ္ဘာကြီးကို ပုခက်လုပ်၊ ယီးလေးစီးပစ်နိုင်စွမ်း
မင်းမှာအပြည့်ရှိတယ်ဆိုတာ
မင်း ဘယ်တော့မှ မမေ့လေနဲ့ ။
သားသားရေ
ဘ၀ဆိုတာ ပီကေတစ်ခုလို
အချိုဓာတ်ကုန်သွားတာနဲ့ 
ထွေးထုတ်ပစ်လို့ ရတဲ့အရာမှမဟုတ်တာကွာ
ဒီတော့ ၊“ငါ့ဘ၀က ခါးလိုက်တာကွာ” လို့ လည်း
ကိုယ့်ကိုကိုယ်လက်သိပ်ထိုး သစ္စာဖောက်ချင်မနေနဲ့ 
ယုံကြည်လိုက်စမ်း
မျှော်လင့်ချက်ကိုခဲချည်ပြီး ရေထဲနစ်ပစ်လိုက်ရင်တောင်
ကလောင်လက်နဲ့ ရုပ်ကြွင်းထွင်းပစ်နိုင်ရမယ်လို့ ။
သားသားရေ
ရံဖန်ရံခါမှာ မင်းလေးစားသူတစ်ချို့ က
မင်းလက်ကိုရိုက်ချိုးဖို့ အသင့်ရှိနေခဲ့ရင်တောင်
မင်းသွေးကြောမထဲ စီးဆင်းနေတဲ့
စာပေချစ်တဲ့သွေးကို
ချိန်ကိုက်ဗုံးတစ်လုံးလို
အချိန်အခါမရွေး ထပေါက်ကွဲဖို့ 
အဆင်သင့်ဖြစ်နေရမယ်ကွဲ့ ။
သားသားရေ
ကတိဆိုတာ ပိုးထိုးခံထားရတဲ့သစ်သီးတစ်လုံးလို
သစ္စာတရားဆိုတဲ့အရာကလည်း
ခေါင်းရွက်သည်ဗန်းထဲက ဟင်းရွက်ကန်စွန်းရွက်လို
မေတ္တာတရားဆိုတာ
အိတ်ဖောင်းတာနဲ့ စိတ်ပြောင်းတတ်တဲ့
ခေတ်ရဲ့သမီးပျိုတွေ စုန်ဆန်ကူးနေတဲ့
ဟောဒီ တတိယလှိုင်းကြီးထဲမှာ
ဟိရိသြတ္တပ္ပဆိုတာ
မင်းမြဲမြဲချည်ထားရမယ့် ခါးစည်းဝတ်လဲပဲကွ။
သားသားရေ
သား…သား…ရေ
ဟော ဒီ မှာ
မင်း
အ
တွက်
အိပ်
မက်
အ
ပြင်း
စား
တွေ။
(မောင်ငယ်လေး နွေလ အတွက် ကျွန်မရဲ့ အမှတ်တရလက်ဆောင်လေးပါ)
ချစ်ခင်လေးစားလျက်
ဆုဂျေ
24.9.2013

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။