Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 26, 2013

သားသမီးကိုဘယ်လိုအုပ်ထိန်းမှာလဲ

Shwe Eaim Si was tagged in a photo.ကင်ဆာရောဂါ နှင့် ကျန်းမားရေးဆောင်းပါးများ
Actor/Director · 4,163 Likes
 
သားသမီးကိုဘယ်လိုအုပ်ထိန်းမှာလဲ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မိဘများသည် မိမိမိသားစုအား ပျော်ရွှင်ချမ်းမြေ့သာယာသော အိမ်ထောင်မိသားစုတစ်ခုဖြစ်အောင် တည်ထောင်ချင်ကြပေမည်။ မိဘများအနေနှင့် စားဝတ်နေရေးအတွက် နေ့စဉ်လုံးပမ်းနေရသလို သားသမီးများရှေ့ရေးအတွက်လည်း ပူပင်နေကြရမည်ပင်။ သားသမီးများကလိမ္မာယာဉ်ကျေးလေးများဖြစ်လျှင် တော်သေးသည်။ ဖခင်အလုပ်မှပြန်ရောက်သည်နှင့် မိခင်က “ ရှင့်သားကတော့ ကျောင်ကပြန်လာကတည်းက ဒီဂိမ်းပဲဆော့နေတာ ပြောလို့ကိုမရဘူး “ ဟုဆီးပြောလာလျှင် ဖခင်မည်သို့ပြော ရမည်နည်း။ မိဘတိုင်းသည် မိမိမိသားစုကို စောင့်ရှောက်သူ၊ မိသားစု၏လိုအပ်ရာနှင့် အခြေအနေများအပေါ်မူတည်ပြီး စားဝတ်နေရေးကိုတာဝန်ယူသူ၊ အကြံဥာဏ်ပေးသူ၊ ဆုံးဖြတ်သူ၊ ဖြန်ဖြေစေ့စပ်သူ၊ ကာကွယ်သူနှင့် သွန်သင်သူဖြစ်သကဲ့သို့ မိမိတို့ရဲ့သားသမီးများကိုလည်း ကောင်းစွာအုပ်ထိမ်းနိုင်သူဖြစ်ဖို့ရန် အလွန်လိုအပ်ပါသည်။
အကြံဥာဏ်ကောင်းများရယူပါ။ ။ မွေးကင်းစကလေးကို မိဘများပထမဆုံးအကြိမ်ပွေ့ချီထားချိန်တွင် ခံစားချက်များမှာ အမျိုးမျိုးပြောင်းလဲနေပေမည်။ အရမ်းဝမ်းသာနေမည်။ အံ့သြနေမည်။ တာဝန်ယူရတော့မည်ဆိုသော အသိနှင့် ဖခင်တစ်ယောက် မိခင်တစ်ယောက်ဖြစ်ဖို့ အဆင်သင့်ဖြစ်မဖြစ်ဆိုသောစိတ်ဖိစီးမှုများ ဒီကလေးကိုဘယ်လိုပြုစုစောင့်ရှောက်ရမလဲ တာဝန်သိတတ် တဲ့လူကောင်းလူတော်လေးဖြစ်အောင် ဘယ်လိုလေ့ကျင့်သွန်သင်ပေးရမလဲ ဆိုတာတွေကို စဉ်းသားနေမိကြပါလိမ့်မည်။
အဆိုပါမိဘများ၏ရွှင်လန်းမှုနှင့် စိုးရိမ်ပူပန်မှုများကို စာနာပေးသင့်ပေသည်။ ကလေးငယ်တစ်ဦးအားပြုစုပျိုးထောင် ပေးခြင်းသည် လူသားတို့ကြိုးပမ်းအားထုတ်နိုင်သမျှတာဝန်များတွင် အပင်ပန်းဆုံး အခက်ခဲဆုံးဖြစ်သော်လည်း စိတ်ကြည်နူးဖွယ် ကောင်းမွန်လှပေသည်။ ကလေးဘ၀သည် တစ်ကြိမ်သာရှိသော်လည်းမိဘများပြုမိနိုင်သော အမှားများကြောင့် သူတို့ဘ၀တစ်လျှောက်လုံး ထိခိုက်သွားစေနိုင်ပါသည်။ မိဘများသည် မိမိတို့သားသမီးများ၏ ကျန်းမာရေးနှင့် ပျော်ရွှင်ရေးအပေါ် အလွန်သြဇာညောင်းသည်ဖြစ်ရာ ပိုမိုကောင်းမွန်သော မိဘများဖြစ်စေရန် ယုံကြည်စိတ်ချရသော အကြံဥာဏ်ကောင်းများရရှိဖို့ အလွန်လိုအပ်ပါသည်။ သားသမီးပြုစုပျိုးထောင်ခြင်းနှင့်ပက်သက်၍ လူတိုင်းတွင်အကြံဥာဏ်ရှိကြဟန်တူသည်။ မိဘဖြစ်ခါစသူများသည် မိမိတို့မိဘများ၏ပုံနမူနာကို အတုယူနိုင်ကြသည်။ မိမိတို့၏ဘာသာရေးယုံကြည်ချက်များအပေါ် အခြေခံ၍ သားသမီးများကိုလမ်းညွှန်နိုင်ကြသည်။ မိဘအုပ်ထိန်းမှုဆိုင်ရာ ကျွန်းကျင်ပညာရှင်များထံမှ အကြံဥာဏ်များရယူနိုင် ကြသည်။ အတွေ့အကြုံများသောသူ နှင့် ပညာရှင်များရေးသားထားသော စာအုပ်စာပေများမှလည်း အကြံဥာဏ်အကူအညီများ ရယူနိုင်ကြပါသည်။
မေတ္တာရိပ်မြုံဖြစ်စေပါ။ ။ သားသမီးများသည်မေတ္တာလိုအပ်ပြီး ယင်းမေတ္တာမရလျှင်မရှင်သန်နိုင်ကြချေ။ “ လူသားတစ်ဦးဖွံ့ဖြိုး ကြီးထွားရန် အလိုအပ်ဆုံးအရာမှာ မေတ္တာဖြင့်ကျွေးမွေးပြုစုခံရခြင်းဖြစ်သည်။ လူသားအားလုံး၏ကျန်းမာရေးသည် မေတ္တာခံစားရခြင်းတွင် အရင်းခံ၏။ အထူးသဖြင့်ဘ၀အစပိုင်းခြောက်နှစ်အတွင်းတွင်ဖြစ်သည်။ “ ဟုမနုသာဗေဒပညာရှင် အက်ရှ် လေမွန်တဂူ ကရေးသားခဲ့ဖူးသည်။ မိသားစုလိုက်မှန်မှန်တွေ့ဆုံနိုင်ရန် အစီအစဉ်ဆွဲပါ။ သင့်အိမ်ထောင်တွင် တစ်ဦးကိုတစ်ဦး ချစ်ခင်တွယ်တာကြောင်း စကားအားဖြင့်ဖြစ်စေ အထူးသဖြင့်အမူအရာအားဖြင့်ဖြစ်စေ မှန်မှန်ဖော်ပြပါ။ ပန်းကလေးများ အနွေးဓာတ်နှင့် နေရောင်ခြည်ဓာတ်ရရှိရန် နေဘက်သို့လှည့်ပေးရသကဲ့သို့ သားသမီးများသည်လည်း အဖိုးထိုက်သော မိသားစုဝင်များဖြစ်သည် ဆိုသည်ကိုယုံကြည်စိတ်ချမှုရှိရန် မိဘများထံမှ မေတ္တာရရှိရန် မျှော်လင့်ကြပေသည်။
စနစ်ကျကျပြောဆိုဆုံးမပါ။ ။ မိမိတို့၏သားသမီးများကို ကိုယ်ကျင့်တရားနှင့်စိတ်လှုပ်ရှားမှုအပိုင်းတွင် ကူညီထောက်မပေး သော်လည်း ခိုင်မာပြတ်သားသောကန့်သတ်ချက်များကို ထိန်းသိမ်းကြသည့် မေတ္တာနှင့်ပြည့်ဝ၍ပြောဆိုဆုံးမတတ်သော မိဘအုပ်ထိန်းမှုအောက်တွင်ကြီးပြင်းစေပါ။ မိမိပြောဆိုဆုံးမလိုက်လျှင် ကလေးများစိမ်းကားသွားမည် သို့မဟုတ် သူတို့စိတ်ဓာတ် ကျသွားမည်ကို မစိုးရိမ်ပါနှင့်။ မိမိအားကြောက်ရွံ့ထိတ်လန့်၍မဟုတ်ပဲ ချစ်မြတ်နိုး၍သာ မိမိ၏စကားကိုနားထောင်ကြောင်း ဖြစ်စေပါ။ ထိုကဲ့သို့သောသားသမီးများသည် ပညာရေးတွင်ထူးချွန်ကြပြီး လူမှုပေါင်းသင်းဆက်ဆံရေး ပိုကောင်းသည့်အပြင် ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုရှိပြီး ပိုပျော်ရွှင်နိုင်ကြပေမည်။
မိသားစုစည်းကမ်းများချမှတ်ကာလိုက်နာစေပါ။ ။ရှင်းလင်းတိကျသောစည်းကမ်းချက်များနှင့် ပြတ်သားသောပစ်ဒဏ်များ ချမှတ်ပေးပါ။ ယင်းအရာများမရှိလျှင် ကလေးသူငယ်များသည် ကိုယ့်အတွက်သာသိသော တစ်ကိုယ်ကောင်းဆန်သော မပျော်ရွှင် သောကလေးများဖြစ်လာနိုင်သည်။ သားသမီးများ၏အပြုအမူနှင့်ပက်သက်၍ အကျိုးသင့်အကြောင်းသင့်ရှိသော စည်းကမ်းချက် များချမှတ်ကာ လိုက်နာစေရန်အချိန် အားစိုက်မှုနှင့် ဇွဲလုံ့လတို့လိုအပ်သည်။ ကလေးများတွင် ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ဆန္ဒများ ရှိကြပြီး သူတို့တွင်အပြစ်ပြုလိုသောဥာဉ်များရှိကြသည်။ ထို့ကြောင့်ပင်သားသမီးများသည် စည်းကမ်းကိုချိုးဖောက်ကြည့်လိုသည့် ပင်ကိုယ်စိတ်သဘောလည်းရှိကြဟန်တူသည်။ ထို့ကြောင့်ကလေးများလိုက်နာရမည်ဟုသင်ယူဆသော အိမ်စည်းကမ်းများကို ဖော်ပြပေးရမည်။ ကောင်းစွာရွေးချယ်ထားသောစည်းကမ်းအနည်းငယ်သည် လိုက်နာရန်ပိုလွယ်ကူစေသကဲ့သို့ မှတ်မိရန်လည်းပိုလွယ်ကူစေပါသည်။ စည်းကမ်းများနှင့်အတူ စည်းကမ်းချိုးဖောက်ခြင်းကြောင့် ခံရမည့်အပြစ်ဒဏ်များကိုလည်း ရေးချထားရမည်။ ပြစ်ဒဏ်များသည်အကျိုးသင့်အကြောင်းသင့်ဖြစ်ကာ ယင်းအတိုင်းအမှန်လုပ်မည်ဖြစ်ကြောင်း သေချာစေပါ။ မိခင်ဘခင်အပါအ၀င် အိမ်သားအားလုံး စည်းကမ်းချက်များကိုမှန်မှန်ပြန်လည်သုံးသပ်ပြီး ကလေးများထံမှ အဘယ်အရာမျှော်လင့် ကြောင်း တိတိကျကျသိရှိစေပါ။ စည်းကမ်းများနှင့်ပက်သက်၍အပေးအယူမလုပ်ပါနှင့်။ သို့ပြုလျှင် စည်းကမ်းများကို အလေးအနက်ထားစရာမလိုဟု ကလေးများယူဆသွားနိုင်သည်။ စည်းကမ်းများချမှတ်ကာ စနစ်တကျ စီစဉ် ထားခြင်းသည် သားသမီးများကိုဘေးကင်းလုံခြုံသည်ဟု ခံစားရစေပြီး စိတ်ချုပ်တည်းရန် ကိုယ့်အားကိုယ်ကိုးရန် သွန်သင်ပေးသည်။
လုပ်ရိုးလုပ်စဉ်များကိုသက်မှတ်ကာလုပ်ဆောင်စေပါ။ ။ လုပ်ရိုးလုပ်စဉ်များသည် လူကြီးဘ၀၏အစိတ်အပိုင်းဖြစ်သည်။ အလုပ် ကိုးကွယ်ဝတ်ပြုမှုနှင့် အားလပ်ရက်အပန်းဖြေမှုတို့သည်ပင် အများအားဖြင့်လုပ်ရိုးလုပ်စဉ်များဖြစ်ကြသည်။ မိဘများသည် သားသမီးများအား ၎င်းတို့၏အချိန်ကိုစနစ်တကျစီစဉ်တတ်ရန် ဇယားအတိုင်းလိုက်နာတတ်ရန် သွန်သင်ပေးရမည်။ သားသမီးများအလွန်သေးငယ်သော်လည်း ပုံမှန်အိပ်ယာဝင်ချိန်ကို သက်မှတ်ပေးပြီး နှစ်လိုဖွယ်ဖြစ်စေသင့်သည်။ ကလေးများအိပ်ယာဝင်သောအခါ သူတို့ကိုကြင်နာစွာပွတ်သပ်ပြီး သူတို့ကျောင်းသွားနေချိန်မှာ မိဘတွေဘာတွေလုပ်ခဲ့တယ် အဲဒီအချိန်မှာသူတို့လုပ်ခဲ့တဲ့အရာတွေကိုပြန်ပြောပြနိုင်မလားဆိုပြီး မေးခြင်းအားဖြင့် သူတို့၏ခံစားချက်များ တွေ့ကြုံမှုများကို ရင်ဖွင့်ပြောပြနိုင်ပါသည်။ သားသမီးများကို အိပ်ယာဝင်ပုံပြင်များဖတ်ပြပေးခြင်းအားဖြင့်လည်း လုပ်ရိုးလုပ်စဉ်ကဲ့သို့ သက်မှတ် လုပ်ဆောင်နိုင်ပါသည်။ တစ်နေ့လျှင်တစ်ကြိမ်အနည်းဆုံး မိသားစုနှင့်အတူတကွ စားသောက်သောအလေ့အထကိုပြုလုပ်ပေးပါ။ တစ်နေ့တာလုပ်ငန်းဆောင်တာများကို ထိုအချိန်မှာပြောဆိုဆွေးနွေးနိုင်ပါသည်။ ပြဿနာများကိုပြောပြနိုင်သည်။ အတူတူရယ်မောနိုင်ကြသည်။ ထိုလုပ်ရိုးလုပ်စဉ်မျိုးသည် မိသားစုဘ၀ကိုပိုမိုပျော်ရွှင်စေနိုင်ပါသည်။
သင့်ကလေး၏ခံစားချက်များကိုဂရုပြုပါ။ ။ ကလေးများသည် ၎င်းတို့၏ဘ၀တွင်အရေးပါဆုံးပုဂ္ဂိုလ်များဖြစ်သည့် မိဘများအား မိမိတို့မည်သို့ခံစားနေရသည်ကို သိစေလိုကြပြီး ထိုသို့သိဖို့လည်းလိုအပ်ကြသည်။ မိဘများသည်သားသမီးများပြောဆိုရာကို လက်မခံတတ်သည့်အလေ့အထရှိမည်ဆိုလျှင် သားသမီးများသည်မိဘများနှင့် ပွင့်ပွင့်လင်းလင်းစကားပြောဆိုကြတော့မည် မဟုတ်ပဲ မိမိတို့တွင်ခံစားတွေးတောနိုင်စွမ်းရှိသည်ကိုပင် သံသယ၀င်လာပေလိမ့်မည်။
ပုံသက်သေဖြင့်သင်ပေးပါ။ ။ “ အတုမြင်အတတ်သင် “ ဆိုသောမြန်မာစကားပုံတစ်ခုရှိသည်။ မိဘများကမိမိတို့သားသမီး များအားရိုသေလေးစားမှုရှိရန် အမှန်ကိုပြောရန်သွန်သင်တတ်ကြသည်။ သို့သော်၎င်းမိဘများကိုယ်တိုင်က အချင်းချင်းကိုဖြစ်စေ သားသမီးများကိုဖြစ်စေ အော်ဟစ်ငေါက်ငေါ်နေမည် အဆင်မပြေမှုများအတွက်ဆင်ခြေပေးရန် လိမ်ညာပြောဆိုနေမည်ဆိုလျှင် လူကြီးများဤသို့ပြုမူသင့်သည်ဟူ၍ သားသမီးများကိုသင်ပေးရာရောက်မည်။ မိဘများကိုအတုယူခြင်းသည် ကလေးများသင်ယူနိုင်သည့် အစွမ်းထက်ဆုံးနည်းတစ်နည်းဖြစ်သည်။ “ လက်ဦးဆရာမည်ထိုက်စွာပုပ္ပါစရိယမိနှင့်ဘ “ ဆိုသော စကားအတိုင်းဖြစ်သည်။ မိမိမှားခဲ့သည့်အမှားများကို အသုံးပြု၍အပြုသဘောဆောင်သော သင်ခန်းစာပေးပါ။ ကလေးတွေကြောင့်ဒေါသထွက်သောအခါ သူတို့ကိုထိခိုက်စေသောဆုံးဖြတ်ချက်များ ချမိသောအခါ အမှားကိုဝန်ခံပြီးတောင်းပန် လိုက်ခြင်းအားဖြင့် မိဘများလည်းအမှားပြုမိတတ်သလို အမူအကျင့်ပိုင်းမှာ ကောင်းမွန်အောင်ကြိုးစားအားထုတ်ဖို့ လိုအပ်ကြောင်းသင်ပေးရာရောက်ပါသည်။ ထို့အပြင် သူတို့အမှားလုပ်မိတဲ့အခါ တောင်းပန်ရမယ်ဆိုတာကို သိသွားစေပါသည်။ သားသမီးရှိသောမိဘတိုင်းမိမိတို့သားသမီးများကို မှန်ကန်သောနည်းလမ်းများဖြင့် အုပ်ထိန်းစောင့်ရှောက်နိုင်ကြပါစေ။

( ပိုချိုမြ )
နိုဝင်ဘာ-၂၀၁၂( ဂျူနီယာ မဂ္ဂဇင်း )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။