Myawady News
မေမေ သားအရမ်းပဲသတိရတယ်
ဖြစ်ချင်တဲ့ဆန္ဒနဲ့ ဖြစ်နေသမျ တွေဟာ
ဘာဆိုဘာမှ မဆိုင်လို့  ဘ၀တွေလဲ ယိမ်းယိုင်နေပြီ
ဘာဆိုဘာမှ မဆိုင်လို့  ဘ၀တွေလဲ ယိမ်းယိုင်နေပြီ
ပြန့် လွင့် နေတဲ့စိတ်ကိုလည်းစုစည်းမရ
ကြမ်းတမ်းတဲ့ ဘ၀ကလည်းမလွတ်မြောက်သေး
ဖြစ်နေသမျတွေကို တွေးရင်း မျက်ရည်တွေလဲဆွေးကုန်ပြီ
မေမေ့  ထံ ပါးအပြေးလာချင်ပေမဲ့
သားအပြန်လမ်းကို ပိတ်ဆို့ နေတယ်
လှေတက်မရှိ ဘ၀ဆိုတဲ့ပင်လယ်ပြင်ကြီးထဲမှာ
လက်ပြစ်ကူးရင်းစဉ်းစား မိတာက
ပင်လယ်ရဲ့တစ်ဖက်မှာ သားအတွက် ကမ်းရော ရှိသေးရဲ့လား
စိတ္တဇနေ့ ရက်တွေနဲ့ အိပ်မရတဲညတွေမှာ
ဘ၀ဆိုတာကြီးကို ခဏထား မေမေ့ အိမ်ကိုသာလွမ်းပြီး
အတွေးပင်လယ်ထဲမှာ မြောနေခဲချိန်
လှိုင်းကထန် လေကကြမ်းနဲ့ 
စိတ်ကူးထဲတောင် ဆိုးလိုက်တဲ့ဘဝ
ရက်စက်လိုက်တာများ အနာဂတ်ကိုတောင်မတွေးရဲတော့ပါလား
ဒီလိုပဲ...ရေးရင်း......ရေးရင်း
လေပြေတစ်ချက်တိုက်လိုက်ချိန် အေးခနဲ ဖြစ်သွားတော့
ပါးပြင်ကို စမ်းကြည့်တယ် ...ရေတွေ ပါလား
မျက်လုံးထဲက ကျလာတဲ့ မျက်ရည်တွေ
ဘာလို့ များစီးဆင်းလာသလဲမျက်ရည်မိုးရယ်
(ကျွန်တော် အားရ ပါးရ ငိုချလိုက်သည်)
ဖေလေး

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။