Tun Wai
ပြတ်သားလွန်းတဲ့  ဒေါ်အောင်ဆန်းစုကြည်၏ အမေးအဖြေ
မေး။ ။ မင်္ဂလာပါအန်တီ။ နေ့စဉ်သတင်းစာကပါ။ ဂျာနယ်လစ်ပါ။ အမျိုးစောင့် ဥပဒေနဲ့ ပတ်သက်ပြီး အပြင်မှာ အန်တီကို ကောလဟာလတွေ အများကြီးထွက်နေပါတယ်။ အဲ့ဒီအတွက် အန်တီဘယ်လို ရှင်းချင်ပါသလဲ။
ဖြေ ။ ။ ဘာကောလဟာလလဲ။ ကောလဟာလဆို ဖြေစရာ အကြောင်းမရှိဘူး။ အန်တီ အစထဲက ပြောပြီးပြီ။ ပြောစရာရှိလို့ရှိရင် တိတိကျကျ ကိုယ့်နာမည်ခံပြီးပြောကြ။ ကောလဟာလကို အန်တီတို့ နားထောင်နေလို့ မဖြစ်ဘူး။
မေး။ ။ အမျိုးစောင့်ဥပဒေကို အန်တီကလက်မခံဘူးပြောပါတယ်။
ဖြေ။ ။ အန်တီအနေနဲ့ တိုင်းပြည်ကို အကျိုးပြုတဲ့ ကိစ္စဆိုလက်ခံမယ်။ အကျိုးမပြုတဲ့ ကိစ္စဆို လက်မခံဘူး။ ပေါ်ပြူလာဖြစ်အောင် နိုင်ငံရေး လုပ်နေတာမဟုတ်ဘူး။ ရွေးကောက်ပွဲမှာ မဲရအောင် နိုင်ငံရေး လုပ်နေတာမဟုတ်ဘူး။ အန်တီအနေနဲ့ ဒီနိုင်ငံအတွက်၊ ဒီတိုင်းပြည်အတွက်၊ ဒီပြည်ထောင်စု အတွက် အကောင်းဆုံးလမ်းကိုပဲ အန်တီလျောက်မယ်။ အဲ့ဒီလမ်းကို အန်တီလျောက်လို့ အန်တီကို ထောက်ခံလို့ရှိရင် ကျေးဇူးတင်တယ်။ မထောက်ခံဘူးဆိုလို့ ရှိရင်လည်း ဒါကတော့ အန်တီမူအရ အန်တီလုပ်ရမဲ့ ကိစ္စပဲ။
NLD (၂၅) နှစ်ပြည့် အခမ်းအနား သတင်းစာရှင်းလင်းပွဲမှ
ပြန်လည်မျှဝေပေးပါတယ်။
28.9.2013

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။