ads.com.mm
မရီရရင် ကြိုက်သလိုပြော
"ဆွေတော်မျိုးတော်လူတော်"
အုပ်ချုပ်ရေးမှူးရာထူးအတွက် မောင်သူရိန်တစ်ယောက် အင်တာဗျူးလာဖြေနေပါတယ်...
မောင်သူရိန်က လူကြီးတစ်ယောက်နဲ့ အမျိုးတော်တာကို သိနေတော့ အင်တာဗျူးဆရာကလည်း မေးခွန်းကို လွယ်တာလေးတွေပဲ မေးတယ်

"ကဲ...မင်းရဲ့ အသက် ပြောပါအုံး"
... ဆိုတော့ မောင်သူရိန် လက်ချိုးပြီး ရေတယ်၊
လက်ဆယ်ခြောင်း ကုန်သွားတော့ စီးလာတဲ့ရှုးဖိနပ်ကို ချွတ်လိုက်တယ်၊
ခြေအိတ်ကိုချွတ်လိုက်တယ်
ပြီးတော့ ခြေခြောင်းတွေကို ဆက်ရေတယ်
ပါးစပ်က ပွစိပွစိနဲ့ ဆက်ပေါင်းနေတယ်
ခဏနေတော့မှ မျက်နှာကပြုံးလားပြီး ပြောတယ်... ...
"ကျနော့်အသက် ၂၃နှစ်"
အင်တာဗျူးဆရာ နည်းနည်း စိတ်ညစ်သွားတာပေါ့
ဒါနဲ့ နောက်မေးခွန်းတခု ထပ်မေးတယ်... ...
"မင်းရဲ့ အရပ်အမြင့်ကို ပြောပါအုံး"
မောင်သူရိန် သူ့လွယ်အိတ်ကို ဖွင့်လိုက်တယ်၊
အထဲက ပေးကြိုးကို ထုတ်လိုက်တယ်၊
ပြီးတော့ ပေကြိုးအဖျားကို ခြေမနဲ့ဖိပြီး သူ့ခေါင်းထိပ်ထိ ဆွဲတိုင်းလိုက်တယ်
ပြီးတော့ အဖြေပေးမယ်... ...
"ကျနော့်အရပ် ငါးပေလေးလက်မ"
အင်တာဗျူးဆရာ စိတ်ပျက်လက်ပျက် ဖြစ်သွားတယ်
လူကြီးရဲ့အမျိုးဆိုတော့ ဘာမှ သိပ်မပြောရဲဘူး
ဒါနဲ့ ဒီတခါ အလွယ်ဆုံးမေးခွန်းကို မေးလိုက်တယ်... ...
"နောက်ဆုံးမေးခွန်းကွာ၊ မင်းရဲ့ နာမည်လေး ပြောပါ"
ချက်ခြင်းမဖြေနိုင်သေးပဲ ကျီးကြည့်ကြောင်ကြည့် လုပ်နေတော့ အင်တာဗျူးဆရာက ပြောတော့တာပေါ့...
"မင်းရဲ့ အသက်နဲ့ အရပ်အမြင့်ကို မေ့တာကတော့ ထားပါတော့၊ နာမည်ကိုတော့ မမေ့သင့်ဘူးလို့ ထင်ပါတယ်ကွာ"
"ခဏလေးပါ ဦးလေး"
... ဆိုပြီး စာပွဲခုံကို လက်နဲ့ခေါက်လို့ သီချင်းစဆိုတယ်... ...
♫ ဟက်ပီဘတ်ဒေး တူယူ ♪ ဟက်ပီဘတ်ဒေး တူးယူ ♫ ဟက်ပီဘတ်ဒေး ဟက်ပီးဘတ်ဒေး ♪ ဟက်ပီးဘတ်ဒေး သူရိန် ♫
"အဲ အဲ မှတ်မိပြီ၊ ကျနော့်နာမည် သူရိန်"
"ငါသာ သေလိုက်ပါတော့ကွာ"
သန်၎ကို-ဘာသာပြန်သည်
www.ads.com.mm
www.facebook.com/ads.com.mm

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။