Thanlay Ko
"မျိုးရိုး"
မူလတန်းအရွယ် ကျောင်းသူလေးက သူ့အမေကိုမေးတယ်...
"မေမေ လူတွေက ဘယ်ကဖြစ်လာတာလဲဟင်"...
"ဘုရားသခင်က ပထမဦးဆုံး လူသားနှစ်ယောက်ဖြစ်တဲ့ အာဒမ်နဲ့ ဧဝကို ဖန်ဆင်းလိုက်တယ်၊ သူတို့ကနေ ကလေးတွေမွေးပြီး လူတွေ ဖြစ်လာတာ"

ကလေးမလေးက သူ့အဖေကိုလည်း သွားမေးတယ်...
"ဖေဖေ လူတွေက ဘယ်ကဖြစ်လာတာလဲဟင်"
"ဟိုးရှေးနှစ်ပေါင်းများစွာတုန်းက မျောက်ကြီးတွေကနေ အဆင့်ဆင့်ပုံစံပြောင်းပြီး လူတွေဖြစ်လာတာ"
အမေကတမျိုး အဖေကတမျိုး ပြောတော့ ကလေးမ ဇဝေဇဝါဖြစ်သွားတယ်
ဒါနဲ့ သူ့အမေကို သွားပြန်မေးတယ်...
"မေမေပြောတော့ ဘုရားက ဖန်ဆင်းတာ၊ ဖေဖေပြောတော့ မျောက်ကဖြစ်လာတာ၊ ဘယ်သူမှန်လဲ"
"နှစ်ယောက်လုံး မှန်တယ် သမီး၊ မေမေက မေမေ့ အမျိုးတွေ ဖြစ်လာတာကို ပြောတာ၊ ဖေဖေက သူ့အမျိုးတွေဖြစ်လာတာကို ပြောတာ"
သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။