Nine Nine Sanay @ နိုင်းနိုင်းစနေ
သမီးကို အင်တာနေရှင်နယ် အလယ်တန်းကျောင်းသွားအပ်တော့ ကျောင်းရဲ့စည်းကမ်းက ၄ချက်ပဲရှိတယ်။
(၁) ကိုယ့်ကိုယ်ကို လေးစားပါ
(၂) သူတစ်ပါးကို လေးစားပါ
(၃) တာဝန်ယူစိတ် ရှိပါ
(၄) လူတွေအပေါ် ကောင်းပါ ဆိုတာပဲဖြစ်တယ်။ ဒီ ကျောင်းစည်းကမ်းက နားလည်လွယ်၊ မှတ်ရလွယ်ပြီး သုံးလို့ကောင်းတယ်။

Humanities ဘာသာရပ်ကိုသင်တော့ စစချင်းသင်ခန်းစာက ...
သင့်နာမည် ဖြစ်ပေါ်လာပုံကိုပြောပါ၊
သင့်အိမ် ဘယ်မှာလဲ၊
ဘယ်လို အရည်အချင်းမျိုးကို သင်ပိုင်ဆိုင်ချင်သလဲ၊
သင်နှစ်သက်တဲ့ဆောင်ပုဒ်က ဘာလဲ.. ဘာကြောင့် နှစ်သက်သလဲ ဆိုတာတွေဖြစ်တယ်။
သမီးက ကျွန်မကို "ဒီဘာသာရပ်က သမိုင်း၊ လူ့အဖွဲ့အစည်းအကြောင်း သင်မှာမဟုတ်ဘူးလား မေမေ၊ ဘာဖြစ်လို့ သမီးတို့အကြောင်း ပြောခိုင်းရတာလဲ"လို့ မေးတယ်။
လူ့လောကအကြောင်းကို သိဖို့၊ နားလည်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို အရင်သိ၊ အရင်နားလည်ရာက စရတယ် မဟုတ်ပါလား.. !
*** မူရင်းရေးသားသူ -- Yang Lan (楊瀾)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။