Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 27, 2013

ဘုရားသခင် လွှတ်လိုက်တဲ့လူ

Nine Nine Sanay @ နိုင်းနိုင်းစနေ
ဘုရားသခင် လွှတ်လိုက်တဲ့လူ
_____________________
ငါတို့ရဲ့အိမ်ထောင်သက်(၃)နှစ်အတွင်းမှာ ငါတို့ရန်ဘယ်နှခါဖြစ်ခဲ့မှန်း ငါမမှတ်မိတော့ဘူး။ ငါဟာ မှတ်ဉာဏ် သိပ်မကောင်းတဲ့မိန်းမမှန်း နင်သိပါတယ်။ ဒါပေမဲ့ နင်နဲ့ရန်ဖြစ်ခဲ့သမျှကိုတော့ ငါ့နှလုံးသားထဲ မှတ်ကျောက်တင်ထားတယ်။
တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ နင်ကနင့်ကိုယ်လုံးနဲ့ အိမ်တံခါးဝကို တင်းတင်းပိတ်ထားတယ်။ ညနက်သန်းခေါင်မှာ ဒီခေါင်းမာတဲ့မိန်းမ အိမ်ကနေ ထွက်သွားမှာစိုးလို့ဖြစ်တယ်။
တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ အိမ်တံခါးကိုဆောင့်ပိတ်ပြီး နင်ထွက်သွားခဲ့တယ်။ ငါအမီလိုက်ပြီးရှာခဲ့ပေမယ့် နင့်ကိုမတွေ့ခဲ့ဘူး။ တိတ်ဆိတ်သွားတဲ့အိမ်ထဲမှာ ငါ့တစ်ယောက်တည်း အသံကုန်အော်ငိုမိတယ်။ အဲဒီမှာ တခြားအခန်းထဲကနေ နင်အမြန်ထွက်လာပြီး ငါ့ကိုပွေ့ဖက်တယ်။ အဲဒီနောက် ငါတို့ရန်ဖြစ်တိုင်း နင့်ကို ငါရှာတွေ့နိုင်မယ့်နေရာမှာပဲ နင်ပုန်းတော့တယ်။
တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ တစ်ပတ်လောက် ငါတို့စကားမပြောခဲ့ကြဘူး။ အဲဒီနေ့က အိမ်ပြန်ရောက်တော့ အခန်းတံခါးကို ငါဘယ်လိုဖွင့်ဖွင့် ဖွင့်မရခဲ့လို့ နင့်ဆီဖုန်းမဆက်ချင်ဘဲ ဆက်လိုက်ရတယ်။ ငါ့ဖုန်းရတော့ နင်အိမ်အမြန်ပြန်ခဲ့တယ်။ နောက်မှသိရတာက တံခါးဖွင့်မရအောင် နင်လုပ်ခဲ့တယ်တဲ့။ အဲဒီတုန်းက ငါစိတ်လည်းတိုသလို ခံလည်းခံစားခဲ့ရတယ်။
တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ အမေ့အိမ်ပြန်မလို့ ငါအဝတ်အစားတွေသိမ်းတယ်။ အဲဒီမှာနင်က ငါ့ကိုတင်းတင်းလေးဖက်ပြီး ဆို့ဆို့နင့်နင့်နဲ့ "နင်ဒီအတိုင်း ဆင်းမသွားပါနဲ့။ ငါက နင်ရဲ့ အရေးအကြီးဆုံးပစ္စည်းပါ။ ငါ့ကိုလည်း နင်နဲ့တပါးတည်းယူသွားပါ" လို့ဆိုတယ်။ နောက်ဆုံးတော့ ငါတို့ အပျော်ခရီးထွက်ဖြစ်ခဲ့ကြတယ်။
တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ ငါစိတ်တိုပြီး နင်နဲ့အတူ တွဲရိုက်ထားတဲ့ဓာတ်ပုံကို ဆွဲဖြဲပစ်လိုက်တယ်။ အဲဒီဓာတ်ပုံကို တစ်ညလုံး နင်ပြန်ကပ်နေခဲ့တယ်။
တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ နင်နဲ့ကွာရှင်းဖို့ ကွာရှင်းစာချုပ်ကို ငါလိုက်ရှာခဲ့တယ်။ နောက်မှသိရတာက အဲဒီကွာရှင်းစာချုပ်ကို ငါရှာမတွေ့အောင် နင်ဖွက်ထားခဲ့တာတယ်။
ငါဟာ နင်နဲ့ရန်ဖြစ်ဖို့ ဘုရားသခင်စေလွှတ်လိုက်တဲ့လူလို့ နင်ပြောတယ်။ နင်နဲ့ရန်ဖြစ်ရတာ ဘယ်လောက်ထိ နားလည်မှုရှိလိုက်သလဲ၊ ဘယ်လိုအချိန်မျိုးမှာ အော်ငေါက်ရမယ်ဆိုတာကို သိတယ်၊ ဘယ်လိုအချိန်မျိုးမှာ မျက်ရည်ကျရမယ်ဆိုတာကို သိတယ်၊ ဘယ်လိုအချိန်မျိုးမှာ ပစ္စည်းပစ်ပေါက်ရမယ်ဆိုတာကို သိတယ်၊ ဘယ်လိုအချိန်မျိုးမှာ ပြန်ခေါ်ရမယ်ဆိုတာကို သိတယ်.....
ဟုတ်ပါတယ်.. ငါတို့ရဲ့အိမ်ထောင်ရေးဟာ ရန်ဖြစ်တဲ့အိမ်ထောင်ရေးပါ....
အခုလည်း ငါတို့မကြာခဏ ရန်ဖြစ်ကြတာပါပဲ။ ဒါပေမဲ့ အိမ်တံခါးကို နင့်ကိုယ်လုံးနဲ့ ပိတ်မထားတော့ဘူး။ ကွာရှင်းစာချုပ်ကို နင်ဖွက်မထားတော့ဘူး။ နင့်ကိုငါ ခွဲမသွားဘူးဆိုတာကို နင်သိထားလို့ဖြစ်တယ်။ ဟုတ်ပါတယ်.. နင်ကိုခွဲသွားရင် ငါငိုလိမ့်မယ်။
ရန်မဖြစ်တဲ့အိမ်ထောင်ရေး၊ မျက်ရည်မကျတဲ့အိမ်ထောင်ရေး၊ နင်နဲ့ပြန်မခေါ်တဲ့ အိမ်ထောင်ရေး၊ မပြုံးမရယ်တဲ့ အိမ်ထောင်ရေးမျိုး ငါမလိုချင်ဘူး။ ရန်ဖြစ်တဲ့၊ မျက်ရည်ကျတဲ့၊ ပြုံးရယ်တဲ့အိမ်ထောင်ရေးမျိုးမှာ နင်နဲ့အတူ ငါတဖြည်းဖြည်း အိုမင်းသွားချင်တယ်။ ငါ အကြိမ်ကြိမ်ပစ်ပေါက်ခဲ့လည်း မပျက်မစီးဘဲကျန်နေတဲ့ ငါတို့ရဲ့အိမ်ထောင်ဦးထမင်းအိုးက ငါတို့ရဲ့အိမ်ထောင်ရေးလို ကြံ့ခိုင်၊ ကျန်းမာပြီး ငါတို့အတွက် ထမင်းတွေချက်ပေးနေတုန်းပဲ။
နင့်ကိုငါချစ်လား မချစ်ဘူးလားဆိုတာကို ငါမသိဘူး။ ငါသိတာကတော့ နင့်ကိုခွဲသွားရင် ငါငိုမိလိမ့်မယ်။ ငါဟာ နင်နဲ့ရန်ဖြစ်ဖို့ ဘုရားသခင်လွှတ်လိုက်တဲ့လူဖြစ်တယ်။
မူရင်း-- http://www.duwenzhang.com/wenzhang/aiqingwenzhang/20110330/176884.html
နိုင်းနိုင်းစနေ (Wednesday, May 18, 2011)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။