မနေ့က A Mouse, A Chicken, A Pig,
A Cow ဆိုတဲ့ Moral Story စိတ်ခွန်အားဖြည့် စာစုလေး ဖတ်ဖြစ်ပါတယ်။ ရယ်မောရသလို သင်ခန်းစာလည်း တကယ်ကိုပေးပါတယ်။ ကျွန်တော်တို့တွေဟာ လူ့ဘဝမှာ ဂိုဏ်းဂန သင်းပင်း အစွဲတွေကိုယ်စီနဲ့ မညီညွတ်ကြခြင်းဟာ သို့ သူများပူပင်သောကကို မျှဝေမခံစားပေးတတ်ခြင်းဟာ နောင်တစ်ချိန်မှာ သူ့အပူ ကနေ ကိုယ့်အပူ ဖြစ်လာတတ်တယ် ဆိုတာ ကို သင်ခန်းစာပေးထားတာပါ။
~~~~ ကြွက်ထောင်ချောက်တစ်ခု ~~~~
တစ်ခါတုန်းက .....
ကြွက်တစ်ကောင်ဟာ လယ်သမား တစ်ယောက်ရဲ့ အိမ်နံရံစပ်ကြားအဟ ကနေချောင်းကြည့် လိုက်ချိန်မှာ လယ်သမားနဲ့ သူ့မိန်းမဟာ အထုပ်တစ်ထုပ်ဖြည်နေတာကို တွေ့ရပါတယ်။
အထုပ် ! ဘာစားစရာပါမလဲ ... ပါခဲ့ရင် ဘယ်နည်းနဲ့ စားရအောင်ကြံမလဲ မျှော်
လင့်ချက်နဲ့ စူးစမ်းလိုက်ချိန်မှာ သိလိုက်ရတာကမုန့်ဝေမှာ မဟုတ် ... နာစရာ ! ကြွက်ဆို မှ ကြွက် သီးသန့် အမျိုးဖြုတ်မယ့် ရည်ရွယ်ချက်နဲ့ မြို့ကမှာလိုက်တဲ့ ......
" ကြွက်ထောင်ချောက် "
အသွားခပ်မြမြ မောင်းတံအားကောင်းကောင်းနဲ့
ကနဲအသံနဲ့ သူသေဆုံးဖို့ ရည်ရွယ် ဝယ်လာတဲ့ ကြွက်ထောင်ချောက် ....
မဖြစ်ချေတော့ ... လယ်ထဲမှာ အတူတူ နေတဲ့ သူငယ်ချင်းတွေကို ဒီလူတွေရဲ့ ရက်စက်မှု ကို အသိပေးမှဖြစ်တော့မယ် ...
" အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီ အားလုံး သတိထားကြ "
" အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီ အားလုံး သတိထားကြ "
စိုးရိမ်သောကတွေနဲ့ သွေးပျက်စွာအော်နေတဲ့ ကြွက်ကလေးကို .....
အစာရှာရင်း မြေကြီးတွေယက်နေတဲ့ မကြက်မ က .... " အဖြစ်သည်းလိုက်တာ ကြွက်ကလေးရယ်။ အဲ ကြွက်ထောင်ချောက်ရောက်တာ ကြက်နဲ့ ဘာဆိုင်လို့
တုန်း သတိမထားနိုင်ပေါင် " လို့ တုံ့ပြန်ပါတယ်။
ဒါနဲ့ပဲ ဝက်ခြံဆီကိုပြေးရပြန်ရော ....
ဦးဝက်ကြီးကတော့ " ဖိုးရွှေကြွက် ! ဒီကိစ္စက ငါနဲ့ မဆိုင် ငါတတ်နိုင်တဲ့ ကိစ္စလည်း မဟုတ်ဘူး ... စိတ်တော့မကောင်းဘူးကွာ... ဘုရားရှိခိုးတိုင်း ထည့်ပြီး ဆုတောင်းပေးမယ် ဟုတ်ပလား " လို့ နှစ်သိမ့်ပါတယ်။
အားကိုးစရာမရှိတဲ့ ကြွက်ကလေး ခမျာ နောက်ဆုံး ကိုနွားကြီး ဆီကိုသာ အပြေးလာခဲ့ရရှာပါတယ်....
" ဘာ ... ကြွက်ထောင်ချောက်ဟုတ်လား ?
အေး စိုးရိမ်စရာပေါ့ ငါ့ခြေမ ညပ်သွားရင် ဘယ်လိုလုပ်မတုန်း ဟား ဟား .... "
လှောင်ရယ်နေတဲ့ ကိုနွားကြီးရဲ့ အသံမခံနိုင်တော့တဲ့အဆုံး ... ကြွက်ကလေးဟာ အိမ်ထဲကိုသာ ပြန်ဝင်လာခဲ့ပါတော့တယ်။
" အေးလေ ကြွက်ထောင်ခြောက်ဆိုမှတော့င
ခိုကိုးရာမဲ့တဲ့ ကြွက်ကလေးမှာ ဒီလိုပဲတွေးရရှာပါတော့တယ်။
ညအခါ .......... သန်းခေါင်ရံ .....
.........." ဂျိုင်း " ........
ကြွက်ထောင်ချောက် မောင်းပြုတ်တဲ့ အသံနက်ကြီးထွက်ပေါ်လာပါတယ်။
ဦးဝက်ကြီး ။ ။ ဖိုးရွှေကြွက်ကလေးတော့ သွားရှာပြီ... သနားပါတယ်။ ဒီလောက်မြန်မယ်ထင်မထားဘူး။
ကိုနွားကြီး ။ ။ အို စောစောသေသွားတော့လည်း အေးတာပေါ့ဗျာ။ အကြောက်သက်သာ သွားတာပေါ့။
အမျိုးမျိုးပြောနေချိန်မှာ လန့်နိုးလာတဲ့ အိမ်ထဲက ကြွက်ကလေး ကတော့
စဉ်းစားမိတယ်။ ငါမသေသေးပါလား ? ဒါဆို ဘာဖြစ်သွားတာလဲ ....?
ဒီအချိန်မှာ လယ်သမားကြီးရဲ့ မိန်းမဟာ
ဝမ်းသာစွာနဲ့ ကြွက်ထောင်ချောက်ကို
ကြည့်ဖို့ အပြင်ကို မီးအိမ်ခပ်မှိန်မှိန်နဲ့ ထွက်လာပါတယ်။
ထောင်ချောက်နား အရောက် ခြေထောက်ကို မီးနဲ့ ထိုးလိုက်သလို ပူကနဲဖြစ်ပြီး " အား " ဆိုတဲ့ အသံနက်ကြီးထွက်လာပါတယ်။
တကယ်တော့ ထောင်ချောက်မှာ မိနေတာ ကြွက်မဟုတ်ပါဘူး။ အစာနံ့ရလို့ အနားဖြတ်လာတဲ့ အဆိပ်ပြင်းမြွေတစ်ကောင်ပါ။ မြွေဟာ ဖြတ်သွားရင်း အမြီးပိုင်းကိုမိသွားတဲ့ အချိန် အနားရောက်လာတဲ့ လယ်သမား
မိန်းမကို ပေါက်ထည့်လိုက်တာပါ။
လယ်သမားလည်း အပြေးအလွှားရောက်လာပြီး အနားကတုတ်နဲ့ ထောင်ချောက်က မြွေကို ရိုက်သတ်လိုက်ပါတယ်။
အဆိပ်မိသွားတဲ့ မိန်းမကို အသက်ကယ်နိုင်ဖို့ ဆွေမျိုးတွေအကူအညီတောင်းပြီ
ဆေးဆရာလည်း နိုင်သရွေ့ ကယ်ရှာပါတယ်။ နောက်နေ့ မှာ အဆိပ်မိနေတဲ့ မိန်းမ ကို အာဟာရ ဖြစ်စေဖို့ မတတ်သာတော့ တဲ့ လယ်သမားကြီးဟာ ခြံထဲက ကြက်မ ကိုပဲ စွပ်ပြုတ်လုပ်တိုက်လိုက်ရပါ
ဆေးကုနေပေမယ့် သိပ်မထူးခြားတော့ဘဲ အဆိပ်က ပိုပိုဆိုးလာပါတယ်။ ဆေးဆရာပင့်ရတာရော လာပြုစုတဲ့ ဆွေမျိုးတွေကို ကျွေးရတာရော ဆိုတော့ စရိတ်မရှိရှာတော့တဲ့ လယ်သမားကြီးဟာ ခြံထဲက ဝက် ကိုပဲပေါ်ရောင်းပြီး ငွေရှာလိုက်ရပြန်ပါတယ်။
နောက်နေ့မှာ ... သူ့မိန်းမဆုံးပါတယ်။ အသုဘချ အလှုလုပ်ဖို့ လိုလာပြန်တဲ့ လယ်သမားဟာ နောက်ဆုံးလက်ကျန် နွား ကိုပဲပေါ်ပြီး ရက်လည်လိုက်ရပါတော့တယ်။
အစအဆုံးကိုမျက်ဝါးထင်ထင်မြင
ကျွန်တော်ကတော့ ဒီပုံပြင်ကိုဖတ်ပြီး ကြွက်မဟုတ်တော့ ကြွက်ထောင်ချောက်ကိုတော့ မကြောက်သွားပေမယ့် တစ်စုံတစ်ခုကိုတော့ အရမ်းကို ခံစားကြောက်ရွံ့ပြီး
သင်ခန်းစာရလိုက်မိပါတယ်။
မိတ်ဆွေတို့ရောဘာကိုခံစားမိ
မျိုးအိမ်ဇန် ( Archangel AK )
28.8.2013
( အတိအကျပြန်ဆိုခြင်း မဟုတ်ဘဲ
မူရင်းရသကိုသာ ယူ၍ ရေးသားခြင်းဖြစ်ပါသည်။မူရင်
A Mouse, A Chicken, A Pig and A Cow
A mouse looked through a crack in the wall to see the farmer and his wife opening a package; what food might it contain? He was aghast to discover that it was a mouse trap! Retreating to the farmyard, the mouse proclaimed the warning, "There is a mouse trap in the house, there is a mouse trap in the house."
The chicken clucked and scratched, raised her head and said, "Mr. Mouse, I can tell this is of grave concern to you, but it is of no consequence to me; I cannot be bothered by it."
The mouse turned to the pig and told him, "There is a mouse trap in the house."
"I am so very sorry Mr. Mouse," sympathized the pig, "but there is nothing I can do about it but pray; be assured that you are in my prayers."
The mouse turned to the cow, who replied, "Like wow, Mr. Mouse, a mouse trap; am I in grave danger, Duh?"
So the mouse returned to the house, head down and dejected to face the farmer's mouse trap alone.
That very night a sound was heard throughout the house, like the sound of a mouse trap catching its prey. The farmer's wife rushed to see what was caught. In the darkness, she did not see that it was a venomous snake whose tail the trap had caught.
The snake bit the farmer's wife. The farmer rushed her to the hospital. She returned home with a fever.
Now everyone knows you treat a fever with fresh chicken soup, so the farmer took his hatchet to the farmyard for the soup's main ingredient.
His wife's sickness continued, so friends and neighbors came to sit with her around the clock. To feed them, the farmer butchered the pig.
The farmer's wife did not get well. In fact, she died, and so many people came for her funeral, the farmer had the cow slaughtered to provide meat for all of them to eat.
So the next time you hear that someone is facing a problem and think that it does not concern you, remember that when the least of us is threatened, we are all at risk.
"First they went after the Communists, and I did not stand up, because I was not a Communist. Then they went after the homosexuals and infirm, and I did not stand up, because I was neither. Then they went after the Jews, and I did not stand up, because I was not a Jew. Then they went after the Catholics, and I did not stand up, because I was Protestant. Finally, they went after me, and there was no one left to stand up for me."
~~Martin Neimoller, Pastor (who spent seven years in a German concentration camp)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။