Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 27, 2013

တရုတ်ဖြူရန် ခုခံချေမှုန်း အင်အားသုံး

 

တရုတ်ဖြူရန် ခုခံချေမှုန်း အင်အားသုံး

Written by - နီငြိမ်း (အညာတက္ကသိုလ်)

အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် စပ်လျဉ်းပြီး ဆောင်းပါးတို တစ်ပုဒ်ရေးရန် သတင်းစာဟောင်းများကို ပြန်ဖတ်ရာ ၁၉၅၁/၅၃ ခုနှစ်လောက်က ကူမင်တန် (KMT) ခေါ် တရုတ်ဖြူတပ်များ မြန်မာနိုင်ငံအတွင်း ကျူးကျော် ၀င်ရောက်လာပုံကို ရှာတွေ့ခဲ့သည်။ ၁၉၅၉ ခု ဖေဖော်ဝါရီ ၉ ရက်ထုတ် အထောက်တော် သတင်းစာတွင် မြန်မာနိုင်ငံ၌ ရောင်စုံသောင်းကျန်းသူ ရှစ်ထောင်ေ...ကျာ်ရှိကြောင်း ရေးသားထားသည်။
ယင်းတို့မှာ- KNDO ကေအင်န်ဒီအို ၃၆၀၀၊ အလံဖြူ ကွန်မြူနစ် ၂၃၀၀၊ အလံနီ ကွန်မြူနစ် ၇၀၀၊ ကူမင်တန် တရုတ်ဖြူ ၁၃၀၀ ဖြစ်သည်။

တရုတ်ဖြူများ၊ ထိုင်ဝမ် ထောက်လှမ်းရေးတပ်များ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာခြင်းမှာ စီအိုင်အေများနှင့် ပေါင်း၍ ဘိန်းကုန်ကူးရန်ပင်ဖြစ်၏။ အထက်ပါ ကူမင်တန် ၁၃၀၀ ကျော်မှ အင်အား ၇၀၀ သည် ၅၂ ခု အောက်တိုဘာလတွင် KNDO များနှင့် ပေါင်း၍ မော်ချီး၊ ဖာပွန်၊ လှိုင်းဘွဲတစ်ဝိုက် လှုပ်ရှားနေကြသည်။

ကျန်အဖွဲ့များကမူ သံလွင်မြစ်ကို ဖြတ်ကျော်ပြီး လင်းခေး၊ မိုင်းပန်ဒေသအတွင်း ခိုအောင်းနေသဖြင့် မိမိအမှတ်(၂) ဗျူဟာ က KMT များကို စတင် တိုက်ထုတ်ပါသည်။ တပ်မတော်သည် တစ်ဖက်မှ ပြည်တွင်း သူပုန်များကို ရှာဖွေတိုက်ထုတ်ရင်း အခြားတစ်ဖက်မှလည်း ပြည်ပကျူးကျော်သူ၏ ရန်ကို ရင်ဆိုင်နေခဲ့ရသည်။

သို့နှင့် ၁၉၅၃ ခု မတ်လ ၂၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီး စ၀်ခွန်ချိုသည် ကုလသမဂ္ဂဌာနချုပ်သို့ KMT များ မြန်မာနိုင်ငံတွင်း ၀င်လာကြောင်း တိုင်တန်းခဲ့သည်။ သို့အတွက် UN က တရုတ်တပ်များ မြန်မာနိုင်ငံမှ ထွက်ခွာသွားရန် အထူးအစည်းအဝေးတစ်ခုကို ၂၂-၅-၁၉၅၃ ရက်တွင် ဘန်ကောက်၌ ပြုလုပ်ခဲ့ရာ အောက်ပါအဖွဲ့နှင့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

တရုတ်ဖြူခေါင်းဆောင် ဂျင်နရယ်လီမီ၊ ထိုင်ဝမ်နိုင်ငံ အကြီးအကဲ၊ ဗိုလ်မှူးကြီး အောင်ကြီး (ဗမာ့တပ်မတော်)၊ ဒုတိယဗိုလ်မှူးကြီး ထွန်းစိန်(မပခ)၊ ဒုမှူးကြီး မျိုးမြင့် (မြန်မာပြည်ဆိုင်ရာ ထိုင်းစစ်သံမှူး) ထိုနှစ် ဇူလိုင်လအတွင်း မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယန်း၊ မိုင်းယောင်းနယ်မြေရှိ ကူမင်တန်တပ်များ ထွက်ခွာသွားရာ တပ်မတော်က စခန်းအားလုံးကို ပြန်သိမ်းခဲ့ပါသည်။ သို့သော် ကူမင်တန်တို့သည် မိုင်းပုအွန်စခန်းမှ ထွက်မပေးကြသဖြင့် ဗမာ့တပ်က မကျေမနပ်ဖြစ်ကာ ၁၉-၉-၅၃ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက် အစည်းအဝေးမှ ထွက်လာခဲ့၏။

ဗမာ့တပ်မတော်အနေဖြင့် ကူမင်တန်များ အေးအေးဆေးဆေးဖြင့် ထွက်ပေးမည့် ပုံမပေါ်၍ နဂါးနိုင်၊ ကျော်ထွန်းအောင်လမ်း၊ ကလူ၊ ကန်တော်ကြီး၊ သမိန်၊ ချယ်ရီစစ်ဆင်ရေးများဖြင့် ရှင်းလင်း တိုက်ထုတ်ခဲ့သည်။ ပြည်တွင်း သောင်းကျန်းသူများကိုလည်း နဂါးနီ၊ သိလ္လာ၊ ဂဠုန်၊ သူရိန်၊ စစ်ဆင်ရေးများဖြင့် တိုက်စစ် ဆင်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် တပ်မဟာ ၇ ကို မြစ်ကြီးနားတွင် လည်းကောင်း၊ အထူးတပ်ဖွဲ့ ၁၀၈ ကို မန္တလေး၌ လည်းကောင်း နေရာပေးထားခဲ့သည်။ (၁၉၅၄ ခု ဖေဖော်ဝါရီ လအတွင်းက ပါလီမံ ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေးပွဲ၌လည်း တရုတ်ဖြူ နှိမ်နင်းရေးများ ဆွေးနွေးခဲ့သည်။)

တရုတ်ဖြူတပ်များကို ဘုရင့်နောင်၊ နဂါးနိုင် စစ်ဆင်ရေးများဖြင့် ချေမှုန်းခဲ့သည်။ မှတ်တမ်းများအရ ၁၉၅၄ ခု မတ်လ ၂ ရက် တွင် မိုင်းဆတ်ရှိ ကူမင်တန်ဌာနချုပ်၊ မိုင်းတုံ၊ မိုင်းဟံ၊ ပုံပါကျင်းမိုင်ပုအွန်ရှိ ရန်သူ့တပ်များကို ထိုးစစ်ဆင်ရာ KMT များ အထိနာသွားသည်။ သို့နှင့် ကူမင်တန် ၃၅၀၀ ကျော်သည် လက်နက် ၁၀၀၀ ခန့် သယ်ယူကာ မြန်မာပြည်ဘက်မှ ထိုင်းနိုင်ငံထိ ဆုတ်ခွာပေးသည်။

တစ်ချိန်တည်းတွင် ကော့ကရိတ်၊ မြ၀တီတစ်ဝိုက်တွင် ဆင်ဖြူရှင် စစ်ဆင်ရေးဖြင့် ရန်သူ့တပ်များကို မောင်းထုတ်ခဲ့သည်။ သို့အတွက် KNDO များနှင့် ပေါင်းနေသော တရုတ်ဖြူ ၁၇၀၀ ကျော် ထိုင်းနိုင်ငံအတွင်း ၀င်သွားကြသည်။

၁၉၅၅ ခု ဧပြီလ ၁၉ ရက်

ကူမင်တန် ဆင်ဦးခေါင်းစခန်းကို တပ်မတော်က ၀ိုင်းချေမှုန်းသည်။ ၂၂ ရက်တွင် လွယ်ဆန်ဆုံ၊ ၂၅ ရက်နေ့ မုံးယောင်းတို့ကို တိုက်ခဲ့သည်။ မေလ ၁၇ ရက်တွင် တာချီလိတ်ကုန်းကို လေတပ်နှင့် ပေါင်း၍ စစ်ဆင်ခဲ့ပါသည်။

မိမိတပ်မတော်က မေ ၇ ရက်တွင် အိုကီနာဝါခံတပ်ကို သိမ်းသည်။ မေ ၁၁ ရက်တွင် ဆင်တောင်ကို တိုက်သည်။ မေလ ဒုတိယပတ်တွင် လွယ်တုံးကြီးနှင့် မိုင်းကွမ်းကို အထူးတပ်ဖွဲ့များဖြင့် တိုက်ရာ KMT များ အထိနာသွားသည်။

မိမိတပ်မတော်ဘက်မှ ၄၄ ဦးကျဆုံး၍ ၁၁၂ ဦး ဒဏ်ရာရသည်။ တရုတ်ဖြူများစွာကျ ဆုံးသဖြင့် ၁၅၀၀ကျော် လက်နက်ချပြီး ထိုင်း နိုင်ငံတွင်း ၀င်သွားသည်။ (၁၅-၂-၁၉၆၁)

တရုတ်ဖြူအရေးအခင်းများမှာ တော် တော်နှင့် ပြီးစီးမသွားပါ။ ကုလသမဂ္ဂကလည်း တရားသဖြင့် ဖြစ်အောင်ကူညီခဲ့သည်။ တရုတ်ဖြူတို့၏ လေသံမှာ ပြည်သူ့ တရုတ်နီတပ်များ သတင်းရယူရန် ဗမာပြည်တွင်းဝင်ခဲ့သည်ဟု ဆိုသော်လည်း KMT များသည် စီအိုင်အေထွန်းလူအဖွဲ့၊ ရှမ်းအဖွဲ့၊ KND အဖွဲ့များနှင့် ပေါင်း၍ ဘိန်းစိုက်ခြင်း၊ ဘိန်းကုန်ကူးခြင်း လုပ်ကိုင်ခဲ့သည်။

နောင်အခါမိုင်းဆတ်၊ မိုင်းကွမ်း၊ တာချီလိတ်နယ်မြေ၌ ဘိန်းချက်စခန်းများ တရုတ်ဖြူကြောင့် ပေါ်လာခဲ့ပါသည်။ ၁၉၆၀-၆၁ ခုနှစ်အထိ ကေအင်မ်တီ တရုတ်ဖြူကိစ္စ ရှိနေဆဲပင်ဖြစ်၏။ တပ်မတော်က လေတပ်၊ ကြည်းတပ်ပေါင်း၍ စစ်ဆင်ခဲ့သည်။ ပါလျိုး၊ ကျိုင်းလတ် နယ်မြေတွင် အခြေစိုက်နေသော KMT များကို အင်အားသုံး၍ မောင်းထုတ်ခဲ့သည်။ ၁၉၆၀-၆၁ ခုနှစ် နယ်စပ်တိုက်ပွဲများတွင် မိမိလေတပ်မတော်မှ ဆီးဖြူရီ B 466 သည် ရန်သူ့လေယာဉ် နှင့် ထိပ်တိုက်တွေ့၍ တိုက်ခိုက်ရာ၊ သူရဲကောင်း ဗိုလ်ပီတာ ကျဆုံးခဲ့သည်။

ဗိုလ်ပီတာ၏ ရုပ်အလောင်းကို မြန်မာပြည်သယ်လာပြီး (၅၀၁) လေတပ်က စစ်စခန်းနားတွင် သင်္ဂြိုဟ်ပေးခဲ့ကြောင်း၊ မှတ်တမ်းဓာတ်ပုံများ၌ တွေ့ပါသည်။ သို့အတွက် အချုပ်အခြာတည်တံ့ခိုင်မြဲရေးမှာ လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့် နက်လှသည်။ ထို့ပြင် တပ်မတော်သားတို့ အနေဖြင့် အသက်သွေးချွေး စတေး၍ တိုက်ပွဲဝင်ခဲ့ကြောင်း သမိုင်းဟောင်းများကို တင်ပြလိုက်ရပါသည်။

ကျမ်းကိုး

- ပြည်တွင်းပြည်ပ တိုက်ခိုက်ရေးမှတ်တမ်းများ၊

- သမိုင်းတင် မှတ်တမ်းပုံရိပ်များ (ဦးသန့်)

လွယ်တုံးကြီး၊ မိုင်းကွမ်းကို တိုက်ကြစဉ် (၁၉၅၅ ခု မေလ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။