Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 22, 2015

“ပုဆိန်သွေးချိန်ထားရှိပါ”


“ပုဆိန်သွေးချိန်ထားရှိပါ”

ယခုအခါမှာ တိုးတက်လာတဲ့ ခေတ်နဲ့အညီ ယှဉ်ပြိုင်မှုတွေလည်း ပိုလို့လာပါတယ်။ ကျွန်တော်တို့တွေဟာ တစ်နေ့ထက်တစ်နေ့ ကိုယ့်ကိုယ်ကို တိုးတက်အောင်၊ အခြားသူတွေနဲ့ အမီယှဉ်နိုင်အောင် ကြိုးစားရင်း အမြဲတစေ အားလပ်ချိန် မရှိလောက်အောင်ပဲ ဖြစ်နေကြရတယ်။ မိသားစုအတွက်၊ ကိုယ့်ဘ၀အတွက်၊ ကိုယ့်ပတ်ဝန်းကျင် အတွက် အချိန်မပေးနိုင်လောက်အောင် အလုပ်ပြီးအလုပ်နဲ့ သံသရာလည်နေကြတယ်။ လူတစ်ယောက်ရဲ့ လုပ်နိုင် စွမ်းဟာ အတိုင်းအတာ တစ်ခုအထိတော့ စွမ်းဆောင်နိုင်ပါတယ်။ သိပ်ကို ကျော်လွန်လာပြီဆိုရင်တော့ စွမ်းဆောင် ရည်ကို ထိခိုက်လာမှာပါပဲ။

အလုပ်ပြီးအလုပ်နဲ့ သံသရာလည်နေရင်း စွမ်းဆောင်ရည် ကျဆင်းလာတာနဲ့ ပတ်သက်ပြီး ဖတ်ဖူးထားတဲ့ စာတစ်ပုဒ်ကို ပြန်လည်မျှဝေ လိုပါတယ်။ တစ်ခါက သစ်ခုတ်သမား တစ်ဦးဟာ သစ်ကုန်သည် တစ်ဦးထံမှာ အလုပ်ရဖို့ တောင်းဆိုပါတယ်။ လစာလည်းကောင်း၊ လုပ်ငန်းခွင်လည်း သာယာတာမို့ သစ်ခုတ်သမားဟာ အကောင်းဆုံး အလုပ်လုပ်ဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။ သစ်ကုန်သည်က သစ်ခုတ်သမားကို ပုဆိန်တစ်လက် ပေးလိုက်ပြီး သစ်ပင်တွေကို ခုတ်ထွင်းရမယ့် နေရာကိုလည်း သတ်မှတ်ပေးလိုက်ပါတယ်။

ပထမနေ့မှာ သစ်ခုတ်သမားဟာ သစ်ပင်(၁၈)ပင်တိတိကို ခုတ်လှဲ ပစ်နိုင်ခဲ့ပါတယ်။ သစ်ခုတ်သမားဟာ သစ်ကုန် သည်ရဲ့ ချီးမွမ်းခြင်းကို ခံရပါတယ်။ ဒုတိယနေ့မှာတော့ သစ်ပင်(၁၅)ကိုသာ ခုတ်လှဲနိုင်ပါတယ်။ တတိယနေ့မှာတော့ သစ်ပင်(၁၀)ပင်ကိုသာ ခုတ်လှဲနိုင်ပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့တစ်ခြား သစ်ပင်ခုတ်လှဲနိုင်တဲ့ အရေအတွက်ဟာ လျော့သထက် လျော့လာပါတော့တယ်။ သစ်ခုတ်သမားဟာ စိတ်ဓာတ်တွေ ကျဆင်းလာပြီး သူ့အနေနဲ့ ကြိုးကြိုး စားစား လုပ်ဆောင်ပေမယ့် ဘာကြောင့်များ သူ့ရဲ့စွမ်းဆောင်ရည်ဟာ တစ်နေ့ထက်တစ်နေ့ ကျသထက်ကျလာသလဲ ဆိုတာကို သစ်ကုန်သည်ထံ သွားမေးပါတယ်။

အဲဒီအခါမှာ သစ်ကုန်သည်က “ခင်ဗျား ပုဆိန်သွေးခဲ့တဲ့ နောက်ဆုံး အချိန်ကို ပြောပြနိုင်မလား”လို့ ပြန်မေးလိုက် ပါတယ်။ သစ်ခုတ်သမားဟာ သစ်စခုတ်တဲ့နေ့ကစလို့ သူ့မှာ ပုဆိန်သွေးဖို့ အချိန်မရှိလောက်အောင် အလုပ်များပြား နေခဲ့တယ်လို့ ပြန်ဖြေပါတယ်။ တကယ်တော့ ဒီဥပမာထဲက သစ်ခုတ်သမားဟာ သူ့ကိုယ်သူ စွမ်းဆောင်ရည် ကျဆင်းသွားတယ်လို့ ထင်မြင်နေပါတယ်။ မဟုတ်ပါဘူး။ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ အချိန်မပေးမိတာပါ။ ဒါ့အပြင် စွမ်းဆောင်ရည် မြင့်မားအောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာကိုလည်း သတိမမူမိတာပါ။

လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည် အမြဲတစေ မြင့်တက်နေဖို့ဆိုတာ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်ဖို့ လိုပါတယ်။ အချိန်ကို တန်ဖိုးရှိရှိ အသုံးမချတတ်ဘဲ အလုပ်ပြီးအလုပ်နဲ့ မိသားစုအတွက်၊ ကိုယ်ရေးကိုယ်တာ ပျော်ရွှင်မှုအတွက်၊ စာဖတ်ဖို့အတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက် အချိန်မပေးဘဲ နေ့စဉ်ရက်ဆက်သာ အလုပ်ရဲ့ဖိအားဒဏ်တွေကို ခံနေ ရမယ်ဆိုရင် အဲဒီလူရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ တစ်နေ့ထက်တစ်နေ့ တိုးတက်လာမှ မဟုတ်ဘဲ ကျဆင်းသထက် ကျ ဆင်းလာမှာ အသေအချာပါပဲ။

တိုးတက်ခြင်းမှာ အပေါင်းလက္ခဏာချည်းပဲ မဟုတ်ဘဲ အနှုတ်လက္ခဏာပေါင်းများစွာလည်း ကပ်လျက်သား လိုက်ပါ လာတတ်ပါတယ်။ အလုပ်လုပ်ခြင်းဟာ ကောင်းပါတယ်။ အလုပ်ရဲ့ ဖိအားဒဏ်ကို ကောင်းမွန်စွာ မဖြေရှင်းနိုင်ခြင်းက တော့ ဘ၀အတွက် အနှုတ်လက္ခဏာတွေကိုသာ ယူဆောင်လာပါလိ့မ်မယ်။ အလုပ်တိုင်းကတော့ ဖိအားအနည်းနဲ့ အများ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဖြေရှင်းနိုင်စွမ်းပေါ် မူတည်ပြီး ဖိအားဆိုတာ ဖြစ်ပေါ်လာတာမို့ ကောင်းစွာ ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ အလုပ်ရဲ့ ဖိအားဒဏ်တွေကို ကောင်းစွာဖြေရှင်းနိုင်ဖို့ဆိုရင် ဦးနှောက်ကို အသေးအဖွဲ့ကိစ္စ တွေအတွက် ထည့်သွင်းစဉ်းစားခြင်း မပြုမိဖို့ လိုပါတယ်။ ကိုယ့်အတွက် အကျိုးမရှိတဲ့အရာနဲ့ အလုပ်ဖိအားဒဏ်ဟာ အချိန်ကြာလာနဲ့အမျှ ကိုယ့်အတွက်ပိုပြီး ၀န်ပိစေတတ်တာကို သတိပြုဖို့ လိုပါတယ်။

တစ်ခါက စိတ်ပညာရှင်တစ်ဦးဟာ ရေဖန်ခွက်တစ်ခွက်ကို စာသင်ခန်းထဲ ယူလာပြီး သူ့ရဲ့စာသင်သားတွေကို “ဒီဖန် ခွက်ရဲ့ အလေးချိန် ဘယ်လောက်ရှိသလဲ”လို့ မေးပါတယ်။ စာသင်သားတွေက ဖန်ခွက်ရဲ့ အလေးချိန်ကို သူတို့ရဲ့ ထင်မြင်ချက်အတိုင်း ကိုယ်စီကိုယ်စီ မှန်းဆဖြေကြတယ်။ အဲဒီအခါမှာ စိတ်ပညာရှင်က “တကယ်တော့ ဒီဖန်ခွက်ရဲ့ အလေးချိန်က အရေးကြီးကိစ္စ မဟုတ်ပါဘူး။ အရေးကြီးတာက ဒီဖန်ခွက်ကို ကိုင်တွယ်ထားခြင်းပါပဲ။ တစ်မိနစ် လောက် ကိုင်ထားရင်တော့ အရေးမကြီးပါဘူး။ တစ်နာရီလောက် ဆက်ကိုင်ထားမယ်ဆိုရင်တော့ ကိုင်ထားတဲ့လက် မှာ ကိုက်တာခဲတာ ဖြစ်လာမှာပါပဲ။ ဒီဖန်ခွက်ကို တစ်နေကုန်ဆက်တိုက် ကိုင်ထားမယ်ဆိုရင်တော့ လက်ကိုက်တာ အပြင် တစ်ကိုယ်လုံး ကိုက်ခဲလာမှုကို ခံစားရမှာ သေချာပါတယ်။ ရေဖန်ခွက်ကတော့ အလေးချိန် မပြောင်းလဲပါဘူး။ ပြောင်းလဲလာတာက ဒီရေဖန်ခွက် ကိုင်တွယ်ထားခြင်းအပေါ် ခံစားလာရတဲ့ ဝေဒနာပါ။ ပြင်းသထက် ပြင်းလာမှာ သေချာပါတယ်။ ဒီလိုပဲ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို မဖြေရှင်းဘဲ ကြာရှည်ကြာမြဲ ကိုင်တွယ်ထားမယ်ဆိုရင် အဲဒီအရာတွေဟာ လျော့လာမှာမဟုတ်ဘဲ မဖြေရှင်းဘဲ ထားရှိတဲ့သူမှာသာ အဲဒီဒဏ်တွေကို ပိုခံစားရမှာ ဖြစ်တယ်။”လို့ ပြောဆိုရင်း အချိန်ကြာကြာ ဦးနှောက်ထဲမှာ မထားဖို့ သတိပေးစကား ပြောပါတယ်။

စိတ်ပညာရှင်ရဲ့ ဥပမာဟာ လက်တွေ့ဘ၀အတွက် တကယ့်ကို အသုံးတည့်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ လူမှုဘ၀ ရဲ့ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရမယ့် စိတ်ဖိစီးမှုဒဏ်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ရှောင်လွဲဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင် ပါဘူး။ မဖြစ်မနေ ရင်ဆိုင်ရမယ့် အရာတွေမို့ အဲဒီအရာတွေနဲ့ ကြုံတွေ့ရတိုင်း စိတ်ပညာရှင်ရဲ့ ရေဖန်ခွက်ဥပမာလိုပဲ ဆင်ခြင်လိုက်နာ နိုင်ဖို့လိုပါတယ်။ အသေးအဖွဲ့ကိစ္စတွေကို အိပ်ယာဝင်ချိန်အထိ ဦးနှောက်ထဲထည့်ပြီး စဉ်းစားတာ၊ ကိုယ့်ရဲ့ မိသားစုနဲ့ အနားယူပျော်ရွှင်ချိန်မှာတောင် အလုပ်ကိစ္စကို ခေါင်းထဲထည့်ပြီး ဆက်တိုက်စဉ်းစားတာတွေဟာ ရေရှည်မှာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်။

တစ်ခါက ဖခင်တစ်ဦးဟာ မိသားစုအတွက် ပိုမိုလှပတဲ့ အိုးပိုင်အိမ်ပိုင်ရဖို့ ကြိုးစားရှာဖွေရင်း နောက်ဆုံးတော့ ကွန်ဒိုတစ်ခုမှာ အိမ်ဝယ်နိုင်ခဲ့ပါတယ်။ အဲဒီကွန်ဒိုအခန်းကို ၀ယ်နိုင်ဖို့ သူ့အနေနဲ့ မိသားစုနဲ့ ပျော်ရွှင်ချိန် မရှိလောက်အောင် အလုပ်ကို ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ခေါင်းထဲမှာ ရာထူးတက်ဖို့၊ လစာတိုးဖို့၊ လေ့လာသင်ယူဖို့နဲ့ချည်း အချိန်ပြည့် စဉ်းစားလုပ်ဆောင်နေရတာကြောင့် မိသားစုအတွက် အချိန်ပေးဖို့ လုံးဝမစဉ်းစားခဲ့ပါဘူး။ မိသားစုက သူတို့အတွက် အချိန်ပေးဖို့ တောင်းဆိုတဲ့အခါမှာလည်း မိသားစုနဲ့အချိန်ပေးနိုင်ဖို့ သူကြိုးစားနေတာ ဖြစ်ကြောင်း အမြဲတမ်း တုံ့ပြန်ခဲ့ပါတယ်။ နောက်ဆုံးတော့ သူ့အိပ်မက်အတိုင်း ကွန်ဒိုအခန်းကို ၀ယ်နိုင်ခဲ့ပြီး မိသားစုနဲ့ အချိန်ပြည့် နေမယ်လို့ ဆုံးဖြတ်ချက် ချလိုက်တဲ့ ညမှာပဲ သူသေဆုံးသွားခဲ့ပါတယ်။ စိတ်ဖိစီးမှု ဒဏ်ကြောင့် အသက်ပါ ဆုံးရှုံးသွားခဲ့ရတယ်။ ဒီဥပမာကလည်း သတိပြုမှတ်သားစရာပါပဲ။

ကျွန်တော်တို့ လူသားတွေအနေနဲ့ ကိုယ့်ရဲ့စွမ်းဆောင်ရည် အမြဲတမ်းပြည့်ဝ နေဖို့ဆိုတာ အချိန်ကိုကောင်း ကောင်း အသုံးချတတ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အစွမ်းအစကို ကိုယ်တိုင်က လျော့ကျအောင် မလုပ်မိဖို့ လိုပါတယ်။ ဘယ်လောက်ပဲ အလုပ်များနေပါစေ။ မိသားစုအတွက်အချိန်၊ ကိုယ်ပိုင်အချိန်၊ စာဖတ်ချိန်၊ တရားထိုင်ချိန်တွေ မဖြစ်မနေ ရှိသင့်ပါတယ်။ ကိုယ့်ရဲ့ ဦးနှောက်ပုဆိန်ကို အမြဲတမ်း အရောင်လက် နေနိုင်ဖို့ဆိုရင် အဲဒီပုဆိန်ကို သွေးဖို့အချိန်လည်း လိုပါတယ်။ ထက်မြက်တဲ့ ပုဆိန်မှ သစ်လုံးပေါင်းများစွာကို အချိန်တိုအတွင်း ခုတ်ထွင်းနိုင်မှာ ဖြစ်သလို ကြည်လင်ထက်မြက်တဲ့ ဦးနှောက်ဖြစ်မှသာ ခက်ခဲနက်နဲတဲ့ ပြဿနာတွေကို အချိန်တိုအတွင်း အောင်မြင် စွာဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပုဆိန်နဲ့တူတဲ့ ဦးနှောက်ကို အမြဲတမ်းအရောင်တင် သွေးနေဖို့ လိုပါတယ်။ ဒီတော့မှသာ အလုပ်နဲ့ဘ၀ကို အောင်မြင်စွာ ခွဲခြားတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
၁၈.၁၁.၂၀၁၅
Ref: http://academictips.org/blogs/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။