သူကိုသိစေချင်ပါတယ်
<><><><><><>
.
ငါ စိတ်ပူတယ် သိလား ၊
ညဘက် Game တွေအရမ်းမဆော့နဲ့
နင့်မျက်လုံးတွေထိခိုက်ကုန် လိမ့်မယ် ။
.
ငါ စိတ်ပူတယ် သိလား ၊
အရက်တွေ ဘီယာတွေ သိပ်မသောက်နဲ့
အစာအိမ်မကောင်းတဲ့နင်
ကျန်းမာရေးထိခိုက်ကုန်လိမ့် မယ် ။
.
ငါ စိတ်ပူတယ် သိလား ၊
အိမ်ကို ပြန်တဲ့အခါ ဆိုင်ကယ်ဖြေးဖြေးမောင်း
နင် accident ဖြစ်သွားမှာ ငါစိုးရိမ်တယ် ။
.
ငါ စိတ်ပူတယ် သိလား ၊
အလုပ်ထဲမှာ စိတ်ပါလက်ပါနေ
တခြားသူတွေက နင့်ကိုအပျင်းထူလိုက်တာ လို့
ပြောတဲ့အခါ နင့်ဘက်ကနေ
ငါ နာပေးနေလို့မရတော့ဘူး
နင်နဲ့ငါက ဆိုင်မှ မဆိုင်တော့တာ
.
ငါ စိတ်ပူတယ် သိလား ၊
အစစ အရာရာ ဂရုစိုက်နေ
ရည်းစားထားတဲ့အခါ သေချာထား
နင့်အနားမှာ အရိပ်တကြည့်ကြည့်
ရှိနေတတ်တဲ့ငါ
နင့်အနားမရှိနိုင်တော့ခဲ့ရင်
နင် အခက်အခဲတွေနဲ့ကြုံ တိုင်း
စိတ်ဓါတ်ကျသွားမှာ ငါ စိုးတယ် ။
.
တကယ်ပါ - - - - -
( နင်နဲ့ငါ မဆိုင်တော့ပေမယ့် )
အခုချိန်ထိ ငါ နင့်ကို သိပ်လွမ်းနေသေးတယ် !
.
Poe Thinzar
.
.
Heart Canteen
<><><><><><>
.
ငါ စိတ်ပူတယ် သိလား ၊
ညဘက် Game တွေအရမ်းမဆော့နဲ့
နင့်မျက်လုံးတွေထိခိုက်ကုန်
.
ငါ စိတ်ပူတယ် သိလား ၊
အရက်တွေ ဘီယာတွေ သိပ်မသောက်နဲ့
အစာအိမ်မကောင်းတဲ့နင်
ကျန်းမာရေးထိခိုက်ကုန်လိမ့်
.
ငါ စိတ်ပူတယ် သိလား ၊
အိမ်ကို ပြန်တဲ့အခါ ဆိုင်ကယ်ဖြေးဖြေးမောင်း
နင် accident ဖြစ်သွားမှာ ငါစိုးရိမ်တယ် ။
.
ငါ စိတ်ပူတယ် သိလား ၊
အလုပ်ထဲမှာ စိတ်ပါလက်ပါနေ
တခြားသူတွေက နင့်ကိုအပျင်းထူလိုက်တာ လို့
ပြောတဲ့အခါ နင့်ဘက်ကနေ
ငါ နာပေးနေလို့မရတော့ဘူး
နင်နဲ့ငါက ဆိုင်မှ မဆိုင်တော့တာ
.
ငါ စိတ်ပူတယ် သိလား ၊
အစစ အရာရာ ဂရုစိုက်နေ
ရည်းစားထားတဲ့အခါ သေချာထား
နင့်အနားမှာ အရိပ်တကြည့်ကြည့်
ရှိနေတတ်တဲ့ငါ
နင့်အနားမရှိနိုင်တော့ခဲ့ရင
နင် အခက်အခဲတွေနဲ့ကြုံ တိုင်း
စိတ်ဓါတ်ကျသွားမှာ ငါ စိုးတယ် ။
.
တကယ်ပါ - - - - -
( နင်နဲ့ငါ မဆိုင်တော့ပေမယ့် )
အခုချိန်ထိ ငါ နင့်ကို သိပ်လွမ်းနေသေးတယ် !
.
Poe Thinzar
.
.
Heart Canteen
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။