လူလွင့်
======
သူ့မှာ ပိုင်ဆိုင်မှုမရှိဘူး..
ဒီတော့ မပူပင်ရဘူး။
သူ့မှာ လိုချင်စိတ်မရှိဘူး။
ဒါကြောင့် သူမတပ်မက်ဘူး။
သူ့မှာ မာနမရှိဘူး။
ဒီတော့ လူတိုင်းကို ပြုံးပြနိုင်တယ်။
သူ့မှာ မျှော်လင့်ချက်မရှိဘူး။
တစ်နေ့တာကို ဘယ်လိုအကောင်းဆုံးဖြတ်သန်းရ မလဲ လို့သာတွေးတယ်။
သူ့မှာ ချစ်သူမရှိဘူး။
ဒါပေမဲ့ ခွေးတစ်ကောင်တော့ရှိတယ်။
သူ့မှာ ဘာသာတရားမရှိဘူး။
သူဟာ လွတ်လပ်တယ်။
သူ့မှာ အားကိုးစရာမရှိဘူး။
ဒါပေမဲ့ သူဟာ ဘုရားရှိကြောင်း လေးနက်စွာ ပြောတတ်တယ်။
ပြီးတော့''သူကိုးကွယ်နေတာ ဘာသာတရားမဟုတ်ဘူး'' လို့ဆိုတတ်တယ်။
ခင်ဗျားအတွက် သူဟာ အဆင့်အတန်းနိမ့်တယ် ဆိုချင်ဆိုမယ်။
ဒါပေမဲ့ သူ့အတွက် အားလုံးဟာ တသားထဲပဲ။
သို့ပေမဲ့...သေပြီးသွားရင်ေ တာ့ အဲဒါ ''မသက်ဆိုင်တော့သူ'' ဆိုတယ်။
သူ့မှာ ညစ်ပေနေတဲ့ အ၀တ်အစားတွေရှိတယ်။
သို့သော် ဖြူ စင်တဲ့ နှလုံးသားဟာ သူရင်ဘတ်မှာ ခုန်လို့။
သူ့မှာ လွယ်အိတ်တစ်လုံးရှိတယ်။
ပညာကို လွယ်ဖို့တဲ့။
သူ့ဟာ သူတောင်းစားမဟုတ်ဘူးလို့ ဆိုတယ်။
လူတွေရဲ့ ပေးကမ်းစွန့်ကြဲမှုကို စမ်းသပ်သူသာ ဖြစ်သတဲ့။
သူဟာ ခင်ဗျားပေးတိုင်းမယူဘူး။
လိုအပ်ချက်ကို လောဘနဲ့ မတိုင်းတာချင်သူ ဖြစ်တယ်။
သူ့ဟာ လမ်းပေါ်ကလူ ဖြစ်တယ်။
သေးငယ်တဲ့ခေါင်မိုးတစ်ခုကို တခြားသူတွေပိုင်ကြချိန်မှာ
ကောင်းကင်တစ်ခုလုံးကို သူပိုင်ဆိုင်တယ်။
ပြီးတော့ ကျောချစရာကမ္ဘာမြေကြီးရဲ့ ကျေးဇူးကို ခင်ဗျားထက်ပိုသိတတ်တယ်။
ခင်ဗျားမမြင်လိုက်တဲ့ ကြယ်ခင်းဟာ သူရဲ့ ညသိပ်ကဗျာ။
ပြီးတော့ လေပြည်နုတွေဟာ သူရဲ့ ညခြုံ စောင်။
မြက်ခင်းပြင်ဟာ ခင်ဗျားမှာ မရှိတဲ့ မွေ့ရာ။
သူဟာ အရပ်ရှစ်မျက်နှာကို မေတ္တာပို့ ပြီး သူရဲ့ တနေ့တာကို ဖြတ်သန်းတယ်။
ခင်ဗျားမသိလိုက်တဲ့ ဘ၀အကြောင်းသူ့ကို မေးကြည့်။
သာဓကတွေနဲ့ ရှင်းပြလိမ့်မယ်။
သူဟာ လူ့တွေရဲ့ ပါးစပ်ထဲက လေတွေကြောင့် လွင့်နေတဲ့သူ။
ဟုတ်တယ်။
ခင်ဗျားခေါ်သလို..
ခင်ဗျားရဲ့ အသိုင်းအ၀န်းက ခေါ်သလိုမျိုး...
သူ့ကို လူလွင့်လို့ ခေါ်လိုက်ပါတယ်။။
-------------------------- ----
မာန်(ချိုးလူ)
Title of the painting: Child begger
Artist :Romi Somi
======
သူ့မှာ ပိုင်ဆိုင်မှုမရှိဘူး..
ဒီတော့ မပူပင်ရဘူး။
သူ့မှာ လိုချင်စိတ်မရှိဘူး။
ဒါကြောင့် သူမတပ်မက်ဘူး။
သူ့မှာ မာနမရှိဘူး။
ဒီတော့ လူတိုင်းကို ပြုံးပြနိုင်တယ်။
သူ့မှာ မျှော်လင့်ချက်မရှိဘူး။
တစ်နေ့တာကို ဘယ်လိုအကောင်းဆုံးဖြတ်သန်းရ
သူ့မှာ ချစ်သူမရှိဘူး။
ဒါပေမဲ့ ခွေးတစ်ကောင်တော့ရှိတယ်။
သူ့မှာ ဘာသာတရားမရှိဘူး။
သူဟာ လွတ်လပ်တယ်။
သူ့မှာ အားကိုးစရာမရှိဘူး။
ဒါပေမဲ့ သူဟာ ဘုရားရှိကြောင်း လေးနက်စွာ ပြောတတ်တယ်။
ပြီးတော့''သူကိုးကွယ်နေတာ ဘာသာတရားမဟုတ်ဘူး'' လို့ဆိုတတ်တယ်။
ခင်ဗျားအတွက် သူဟာ အဆင့်အတန်းနိမ့်တယ် ဆိုချင်ဆိုမယ်။
ဒါပေမဲ့ သူ့အတွက် အားလုံးဟာ တသားထဲပဲ။
သို့ပေမဲ့...သေပြီးသွားရင်ေ
သူ့မှာ ညစ်ပေနေတဲ့ အ၀တ်အစားတွေရှိတယ်။
သို့သော် ဖြူ စင်တဲ့ နှလုံးသားဟာ သူရင်ဘတ်မှာ ခုန်လို့။
သူ့မှာ လွယ်အိတ်တစ်လုံးရှိတယ်။
ပညာကို လွယ်ဖို့တဲ့။
သူ့ဟာ သူတောင်းစားမဟုတ်ဘူးလို့ ဆိုတယ်။
လူတွေရဲ့ ပေးကမ်းစွန့်ကြဲမှုကို စမ်းသပ်သူသာ ဖြစ်သတဲ့။
သူဟာ ခင်ဗျားပေးတိုင်းမယူဘူး။
လိုအပ်ချက်ကို လောဘနဲ့ မတိုင်းတာချင်သူ ဖြစ်တယ်။
သူ့ဟာ လမ်းပေါ်ကလူ ဖြစ်တယ်။
သေးငယ်တဲ့ခေါင်မိုးတစ်ခုကိ
ကောင်းကင်တစ်ခုလုံးကို သူပိုင်ဆိုင်တယ်။
ပြီးတော့ ကျောချစရာကမ္ဘာမြေကြီးရဲ့ ကျေးဇူးကို ခင်ဗျားထက်ပိုသိတတ်တယ်။
ခင်ဗျားမမြင်လိုက်တဲ့ ကြယ်ခင်းဟာ သူရဲ့ ညသိပ်ကဗျာ။
ပြီးတော့ လေပြည်နုတွေဟာ သူရဲ့ ညခြုံ စောင်။
မြက်ခင်းပြင်ဟာ ခင်ဗျားမှာ မရှိတဲ့ မွေ့ရာ။
သူဟာ အရပ်ရှစ်မျက်နှာကို မေတ္တာပို့ ပြီး သူရဲ့ တနေ့တာကို ဖြတ်သန်းတယ်။
ခင်ဗျားမသိလိုက်တဲ့ ဘ၀အကြောင်းသူ့ကို မေးကြည့်။
သာဓကတွေနဲ့ ရှင်းပြလိမ့်မယ်။
သူဟာ လူ့တွေရဲ့ ပါးစပ်ထဲက လေတွေကြောင့် လွင့်နေတဲ့သူ။
ဟုတ်တယ်။
ခင်ဗျားခေါ်သလို..
ခင်ဗျားရဲ့ အသိုင်းအ၀န်းက ခေါ်သလိုမျိုး...
သူ့ကို လူလွင့်လို့ ခေါ်လိုက်ပါတယ်။။
--------------------------
မာန်(ချိုးလူ)
Title of the painting: Child begger
Artist :Romi Somi

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။